Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 101
Psal BurCBCM 101:1  အကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာတော်နှင့် တရားမျှတမှုတို့ကို သီဆိုကျူးအေးပါမည်။ အို ထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်အား ချီးမွမ်းဧကျူးပါမည်။-
Psal BurCBCM 101:2  အကျွန်ုပ်သည် အပြစ်တင်ခွင့်ကင်းသောဘ၀ကို လျှောက်လှမ်းရန် ဂရုစိုက်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ မည်သည့် အချိန်တွင် ကြွမြန်းတော်မူမည်နည်း။ အကျွန်ုပ်သည် အပြစ်တင်ခွင့်ကင်းသောနှလုံးနှင့် မိမိ၏အိမ်အတွင်း၌ လျှောက်လှမ်း ပါမည်။-
Psal BurCBCM 101:3  ငါ၏မျက်မှောက်တွင် မည်သည့်ဒုစရိုက်အမှုကိုမျှ လက်ခံလိမ့်မည် မဟုတ်ပေ။ သစ္စာမဲ့သောသူတို့၏ လုပ်ဆောင်ချက်များကို ငါမုန်းတီး၏။ ထိုအမှုအရာတို့တွင် ငါပါဝင်လိမ့်မည်မဟုတ်။-
Psal BurCBCM 101:4  ဖောက်ပြန်သော နှလုံးသားရှိသူတို့သည် ငါ့ထံမှဝေးကွာစွာနေကြရလိမ့်မည်။ ငါသည် မကောင်းမှုနှင့် စိုးစဉ်းမျှ ပတ်သက် လိမ့်မည်မဟုတ်။
Psal BurCBCM 101:5  မိမိနှင့်နီးစပ်သူကို လျှို့ဝှက်စွာ အသရေဖျက်သူမှန်သမျှကို ငါဖျက်ဆီးပစ်မည်။ မောက်မာခက်ထန်သော မျက်စိများနှင့် မာနထောင်လွှားသောနှလုံး ရှိသူမှန်သမျှ ကို ငါသည်းခံလိမ့်မည်မဟုတ်။
Psal BurCBCM 101:6  နိုင်ငံအတွင်းမှ သစ္စာရှိသောသူတို့သည် ငါနှင့်အတူနေကြစေရန် သူတို့ကို ငါကြည့်ရှုမည်။ အပြစ်တင်ခွင့်ကင်းသော လမ်း၌ လျှောက်လှမ်းသော သူသာလျှင် ငါ၏ အမှုတော်ကို ဆောင်ရွက်ရလိမ့်မည်။
Psal BurCBCM 101:7  လိမ်လည်လှည့်ဖြားသော သူတစ်ဦးတစ်ယောက်မျှ ငါ၏အိမ်တော်တွင် နေထိုင်ရလိမ့်မည်မဟုတ်။ မုသားပြောဆိုသူ တစ်ဦးတစ်ယောက်မျှလည်း ငါ၏ရှေ့တော်တွင် ရပ်တည်ရလိမ့်မည်မဟုတ်ပေ။
Psal BurCBCM 101:8  ငါသည် နိုင်ငံအတွင်း၌ရှိသမျှသော ဆိုးယုတ်သူအပေါင်းတို့ကို နံနက်တိုင်းဖျက်ဆီးမည်။ မကောင်းမှုဒုစရိုက်ပြုသူ အပေါင်းတို့ကိုလည်း ထာ၀ရဘုရားသခင်၏ မြို့တော်မှ နှင်ထုတ်ပစ်လိမ့်မည်။