PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 105
Psal | BurCBCM | 105:1 | ထာ၀ရဘုရားသခင်အား ကျေးဇူးဆပ်တင်၍ နာမတော်ကို ခေါ်တကြလော့။ ကိုယ်တော်ပြုလုပ်တော်မူခဲ့သော အမှုတော် တို့ကို လူမျိုးတကာတို့အလယ်တွင် ထင်ရှားစေကြလော့။- | |
Psal | BurCBCM | 105:2 | ကိုယ်တော့်ထံသို့ သီဆိုကျူးအေးကြလော့။ ကိုယ်တော့်ထံသို့ ချီးမွမ်းဧကျူးကြလော့။ ကိုယ်တော်၏ အံ့ဖွယ်သောအမှုတော် အပေါင်းတို့ကို ပြောကြားကြလော့။- | |
Psal | BurCBCM | 105:3 | ကိုယ်တော်၏ သန့်ရှင်းသောနာမတော်၌ ဂုဏ်ယူကြလော့။ ထာ၀ရဘုရားသခင်ကို ရှာသောသူတို့၏ စိတ်နှလုံးများသည် ရွှင်လန်းကြပါစေ။- | |
Psal | BurCBCM | 105:4 | ထာ၀ရဘုရားသခင်နှင့် ကိုယ်တော်၏ ခွန်အားတန်ခိုးတော်ကို မျှော်ကိုးကြလော့။ ကိုယ်တော်၏ ရွှေမျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။- | |
Psal | BurCBCM | 105:5 | ကိုယ်တော်ပြုလုပ်တော်မူခဲ့သော အံ့ဖွယ်ရာတို့ကိုလည်းကောင်း၊ ကိုယ်တော်၏ တန်ခိုးလက္ခဏာများနှင့် ကိုယ်တော်ချမှတ် တော်မူသော တရားစီရင်ချက်များကိုလည်းကောင်း အောက်မေ့သတိရကြလော့။- | |
Psal | BurCBCM | 105:6 | ကိုယ်တော်၏အစေခံ အာဘရာဟံ၏ သားစဉ်မျိုးဆက်တို့၊ ကိုယ်တော်ရွေးချယ်တော်မူခဲ့သော ယာကုပ်၏သားများတို့၊ ထိုအရာများကို အောက်မေ့သတိရကြလော့။ | |
Psal | BurCBCM | 105:7 | ကိုယ်တော်သည် ငါတို့၏အရှင် ထာ၀ရဘုရားသခင်ဖြစ်တော်မူ၍ ကိုယ်တော်၏ တရားစီရင်ချက်တို့သည် ကမ္ဘာတစ်ဝန်းတွင် တည်၏။- | |
Psal | BurCBCM | 105:8 | ကိုယ်တော်သည် မိမိ၏ပဋိညာဉ်တော်ကို အစဉ်အမြဲအောက်မေ့တော်မူ၍ ကိုယ်တော်မိန့်တော်မူခဲ့သည့် စကားကို လူမျိုးဆက်တစ်ထောင်တိုင်အောင် သတိရတော်မူ၏။- | |
Psal | BurCBCM | 105:9 | ကိုယ်တော်သည် အာဘရာဟံနှင့်ပြုခဲ့သော ပဋိညာဉ်တော်ကိုလည်းကောင်း၊ အီဇတ်အား ကျိန်ဆိုတော်မူခဲ့သော ကတိတော် ကိုလည်းကောင်း တည်စေတော်မူ၏။- | |
Psal | BurCBCM | 105:10 | ကိုယ်တော်သည် ထိုကတိတော်ကို ယာကုပ်အတွက် ပညတ်တရားအဖြစ် အခိုင်အမာပြုလုပ်ခဲ့ပြီး အစ္စရာအဲလ် လူမျိုးအတွက် ထာ၀စဉ်တည်မည့် ပဋိညာဉ်ဖြစ်စေရန် မိန့်တော်မူသည်ကား၊- | |
Psal | BurCBCM | 105:12 | သူတို့သည် အရေအတွက်အားဖြင့် အလွန်နည်းလှပြီး ထိုနိုင်ငံ၌ သူစိမ်းဧည့်သည်များ ဖြစ်နေချိန်တွင်၊- | |
Psal | BurCBCM | 105:13 | တိုင်းပြည်တစ်ခုမှ တစ်ခုသို့လည်းကောင်း၊ နိုင်ငံတစ်ခုမှ အခြားတစ်ခုသို့လည်းကောင်း လှည့်လည်သွားလာခဲ့ကြရ၏။- | |
Psal | BurCBCM | 105:14 | သူတို့ကို ဖိနှိပ်ရန် ကိုယ်တော်သည် မည်သူ့ကိုမျှ အခွင့်ပြုတော်မမူခဲ့ပေ။ သူတို့အတွက်ကြောင့် ကိုယ်တော်သည် ဘုရင်များကို ဆုံးမပြစ်တင်၍ မိန့်တော်မူသည်ကား၊- | |
Psal | BurCBCM | 105:15 | ငါဘိသိက်ပေးထားသော သူများကို မထိကြနှင့်။ ငါ၏ပရောဖက်များကို အန္တရာယ်မပြုကြနှင့် ဟူ၍ဖြစ်သတည်း။ | |
Psal | BurCBCM | 105:16 | ကိုယ်တော်သည် သူတို့၏ပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်စေပြီး စားနပ်ရိက္ခာများကို ဖြတ်တောက်လေ၏။- | |
Psal | BurCBCM | 105:17 | ထိုအခါ ကိုယ်တော်သည် ကျွန်အဖြစ်ရောင်းစားခြင်းခံခဲ့ရသော ဂျိုးဇက်ကို သူတို့ရှေ့မှ ကြိုတင်၍ စေလွှတ်တော်မူခဲ့၏။- | |
Psal | BurCBCM | 105:18 | ဂျိုးဇက်၏ခြေတို့သည် သံခြေချင်းအခတ်ခံရ၍ သူ၏လည်ပင်းတွင်လည်း သံလည်ပတ်အတပ်ခံခဲ့ရသည်မှာ၊- | |
Psal | BurCBCM | 105:19 | သူကြိုတင်ဟောထားသည့်အရာများ ဖြစ်ပျက်လာသည့်တိုင်အောင်ပင်တည်း။ ထို့ကြောင့် ထာ၀ရဘုရားသခင်၏ ဗျာဒိတ်တော်သည် သူ့အားဖြင့် မှန်ကန်ကြောင်း သက်သေပြခဲ့၏။- | |
Psal | BurCBCM | 105:20 | ဘုရင်သည်လည်း သူ့ကို အကျဉ်းခံရာမှ လွှတ်လေ၏။ လူတို့ကို အစိုးရသောအရှင်သည် သူ့ကို လွတ်မြောက်စေခဲ့၏။- | |
Psal | BurCBCM | 105:21 | ဘုရင်သည် သူ့ကို မိမိ၏အိမ်တော်တွင် အုပ်ချုပ်ကွပ်ကဲသူဖြစ်စေပြီး မိမိပိုင်ဆိုင်သမျှကို စီမံခန့်ခွဲသူအဖြစ် ခန့်ထားခဲ့၏။- | |
Psal | BurCBCM | 105:22 | သူသည် မင်းညီမင်းသားတို့ကို မိမိနှစ်သက်သကဲ့သို့ သွန်သင်ရန်နှင့် သက်ကြီးဝါကြီးတို့အား ဉာဏ်ပညာကို သင်ကြား ပေးရန် စေခိုင်းခြင်းခံခဲ့ရ၏။ | |
Psal | BurCBCM | 105:23 | ဤသို့ဖြင့် အစ္စရာအဲလ်လူတို့သည် အီဂျစ်ပြည်သို့ ရောက်လာခဲ့ပြီး ယာကုပ်သည် ဟမ်၏တိုင်းပြည်တွင် ဧည့်သည်အဖြစ် နေထိုင်ခဲ့လေ၏။- | |
Psal | BurCBCM | 105:24 | ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်အား တိုးပွားများပြားစေ၍ သူတို့၏ရန်သူများထက် ပို၍အင်အားကြီးမား စေတော်မူ၏။- | |
Psal | BurCBCM | 105:25 | ကိုယ်တော်သည် ရန်သူတို့၏စိတ်နှလုံးကို ပြောင်းလဲစေတော်မူသဖြင့် သူတို့သည် ကိုယ်တော်၏လူမျိုးတော်ကို မုန်းတီး၍ ကိုယ်တော်၏အစေခံတို့ကို ကောက်ကျစ်စွာ ဆက်ဆံကြ၏။ | |
Psal | BurCBCM | 105:26 | ကိုယ်တော်သည် မိမိရွေးကောက်တော်မူသော မိမိ၏အစေခံမိုးဇက်နှင့် အာရွန်တို့ကို စေလွှတ်တော်မူခဲ့၏။- | |
Psal | BurCBCM | 105:27 | သူတို့သည် ကိုယ်တော်၏ နိမိတ်လက္ခဏာများကို ထိုသူတို့အလယ်တွင်ပြကြ၍ ဟမ်၏တိုင်းပြည်၌ ကိုယ်တော်၏ အံ့ဖွယ်တန်ခိုးများကို ဖြစ်ပေါ်စေကြ၏။- | |
Psal | BurCBCM | 105:28 | ကိုယ်တော်သည် အမှောင်ထုကို စေလွှတ်၍ မြေပြင်ကို မှောင်အတိဖြစ်စေတော်မူခဲ့၏။ သို့ရာတွင် သူတို့သည် ကိုယ်တော်၏ အမိန့်တော်ကို ဖီဆန်ခဲ့ကြပါ၏။- | |
Psal | BurCBCM | 105:29 | ကိုယ်တော်သည် သူတို့၏ရေများကို သွေးအဖြစ် ပြောင်းလဲစေခဲ့ခြင်းဖြင့် သူတို့၏ငါးများကို သေကြေပျက်စီး စေတော်မူခဲ့၏။- | |
Psal | BurCBCM | 105:30 | သူတို့၏တိုင်းပြည်ကို ဖားများဖြင့် ပြည့်နှက်စေခဲ့ပြီး သူတို့ဘုရင်များ၏ အခန်းများထဲသို့ပင် ဝင်ရောက်စေခဲ့၏။- | |
Psal | BurCBCM | 105:31 | ကိုယ်တော်အမိန့်တော်ရှိသောအခါ ယင်ရိုင်းအုပ်ကြီးများနှင့်ခြင်တို့သည် သူတို့၏တိုင်းပြည်တစ်ဝန်းလုံးကို ဖုံးလွှမ်းခဲ့ကြ၏။- | |
Psal | BurCBCM | 105:32 | ကိုယ်တော်သည် ရေအစား မိုးသီးကိုပေးတော်မူပြီး နိုင်ငံတစ်ဝန်းလုံး လျှပ်စီးလျှပ်နွယ်များဖြင့် ဝင်းလက်စေတော်မူခဲ့၏။- | |
Psal | BurCBCM | 105:33 | ကိုယ်တော်သည် သူတို့၏စပျစ်ပင်များနှင့် သဖန်းပင်များကို ပြိုလဲစေတော်မူခဲ့ပြီး သူတို့၏တိုင်းပြည်ရှိ သစ်ပင်များကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေတော်မူခဲ့၏။- | |
Psal | BurCBCM | 105:34 | ကိုယ်တော်မိန့်တော်မူသောအခါ မရေမတွက်နိုင်သော ကျိုင်းကောင်များနှင့် နှံကောင်များရောက်လာကြ၍၊- | |
Psal | BurCBCM | 105:35 | သူတို့၏တိုင်းပြည်ရှိ ဟင်းသီးဟင်းရွက်ပင်များကို ကိုက်ဖြတ်စားသောက်ကြပြီး သူတို့၏မြေပေါ်မှ အသီးအပွင့်တို့ကို ဝါးမျိုကြပါ၏။- | |
Psal | BurCBCM | 105:36 | ကိုယ်တော်သည် သူတို့၏အင်အားအလုံးစုံ၏ အထွတ်အထိပ်ဖြစ်သော သူတို့၏သားဦးများကို သုတ်သင်တော်မူ၏။ | |
Psal | BurCBCM | 105:37 | ထို့နောက် ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးကို ရွှေ၊ ငွေတို့နှင့်တကွ ခေါ်ဆောင်တော်မူခဲ့ရာ ကိုယ်တော်၏ လူမျိုးတော်အလယ်တွင် နှောင့်နှေးတွန့်ဆုတ်သောသူ တစ်ယောက်မျှမရှိခဲ့ချေ။- | |
Psal | BurCBCM | 105:38 | အီဂျစ်ပြည်သည်လည်း သူတို့ထွက်ခွာသွားကြသောအခါ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြ၏။ အကြောင်းမူကား သူတို့ကို ကြောက်ရွံ့သောစိတ်သည် အီဂျစ်ပြည်ကို လွှမ်းမိုးခဲ့သောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 105:39 | ကိုယ်တော်သည် သူတို့အပေါ်၌ မိုးတိမ်ကိုဖြန့်၍ ကာကွယ်ပေးပြီး ညအချိန်တွင် အလင်းကိုရစေရန် မီးကိုပေးတော်မူ၏။- | |
Psal | BurCBCM | 105:40 | သူတို့တောင်းခံကြသောအခါ ကိုယ်တော်သည် ငုံးများကိုယူဆောင်ခဲ့ပြီး ကောင်းကင်မှမုန့်ကို လုံလောက်စွာ ပေးသနားတော်မူခဲ့၏။- | |
Psal | BurCBCM | 105:41 | ကိုယ်တော်သည် ကျောက်ဆောင်ကို ပွင့်စေတော်မူသဖြင့် ရေသည်ထွက်လာပြီးလျှင် ခြောက်သွေ့သောသဲကန္တာရ၌ မြစ်သဖွယ် စီးဆင်းလေ၏။- | |
Psal | BurCBCM | 105:42 | အကြောင်းမူကား ကိုယ်တော်သည် မိမိ၏အစေခံ အာဘရာဟံအား ပေးတော်မူခဲ့သည့် ကိုယ်တော်၏ သန့်ရှင်းသော ကတိတော်ကို သတိရတော်မူသောကြောင့်တည်း။ | |
Psal | BurCBCM | 105:43 | ဤသို့ဖြင့် ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ဝမ်းမြောက်ရွှင်လန်းခြင်းဖြင့်လည်းကောင်း၊ မိမိရွေးကောက် တော်မူသော သူတို့ကို သီဆိုကျူးအေးခြင်းဖြင့်လည်းကောင်း ခေါ်ဆောင်တော်မူခဲ့၏။- | |
Psal | BurCBCM | 105:44 | ကိုယ်တော်သည် သူတို့အား လူမျိုးတကာတို့၏ တိုင်းပြည်များကို ပေးတော်မူ၍ သူတို့သည်လည်း အခြားလူမျိုးတို့ကြိုးစား လုပ်ဆောင်ခဲ့သော အရာတို့၏ အသီးအပွင့်များကို ရယူပိုင်ဆိုင်ခဲ့ကြ၏။- | |