PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 73
Psal | BurCBCM | 73:1 | ဘုရားသခင်သည် စိတ်နှလုံးဖြူစင်သော အစ္စရာအဲလ်လူမျိုးတို့အပေါ်တွင် အမှန်တကယ်ပင် ကောင်းမြတ်တော်မူပေ၏။- | |
Psal | BurCBCM | 73:2 | ငါ့အတွက်မူကား ငါ၏ခြေများသည် ခလုတ်တိုက်လုမတတ်ဖြစ်ကြ၍ ငါ၏ခြေလှမ်းများသည် ချော်လဲလုနီးနီးရှိလေပြီ။- | |
Psal | BurCBCM | 73:3 | အကြောင်းမူကား မတရားသော သူတို့ကောင်းစားသည်ကို ငါမြင်ရသောအခါ သူတို့၏မောက်မာမှုကို ငါမရှုစိမ့်နိုင်သော ကြောင့်တည်း။ | |
Psal | BurCBCM | 73:4 | ထိုသူတို့သည် သေသည့်တိုင်အောင် နာကျင်ခြင်းဝေဒနာ မခံစားကြရပေ။ သူတို့၏ကိုယ်ခန္ဓာသည် ကျန်းမာသန်စွမ်း လျက်ရှိ၏။- | |
Psal | BurCBCM | 73:5 | သူတို့သည် အခြားလူများကဲ့သို့ ဒုက္ခမရောက်ကြပေ။ သူတို့သည် အခြားသူများနည်းတူ ကပ်ဆိုက်ခြင်းကိုလည်း မကြုံကြရပေ။- | |
Psal | BurCBCM | 73:6 | သို့ဖြစ်၍ မာနထောင်လွှားခြင်းသည် သူတို့၏လည်ဆွဲတန်ဆာဖြစ်ပြီး အကြမ်းဖက်ခြင်းသည် သူတို့ကို ဝတ်ရုံပမာ လွှမ်းခြုံထား၏။- | |
Psal | BurCBCM | 73:7 | သူတို့၏မျက်စိများသည် ဆူ၀၍မို့မောက်လျက်ရှိ၏။ သူတို့၏စိတ်နှလုံးများတွင် ကောက်ကျစ်သော အကြံအစည်များ ပြည့်လျှံလျက်ရှိ၏။- | |
Psal | BurCBCM | 73:8 | သူတို့သည် ဆိုးညစ်သောစကားများကို ပြောဆိုလျက် ပြက်ရယ်ပြုကြ၏။ သူတို့သည် အထက်မှနေ၍ ဖိနှိပ်ရန် ခြိမ်းခြောက်ကြ၏။- | |
Psal | BurCBCM | 73:9 | သူတို့သည် သူတို့၏နှုတ်ကို ကောင်းကင်နှင့် ဆန့်ကျင်ဘက်ပြုစေပြီး သူတို့၏လျှာသည်လည်း မြေကြီးတစ်ခွင်၌ လှည့်လည်လေ၏။ | |
Psal | BurCBCM | 73:10 | ထို့ကြောင့် လူတို့သည် သူတို့ဘက်သို့လှည့်၍ ချီးမွမ်းကြပြီး ထိုသူတို့၌အပြစ်မမြင်နိုင်ကြချေ။- | |
Psal | BurCBCM | 73:11 | သူတို့ကလည်း ဘုရားသခင်သည် မည်ကဲ့သို့သိနိုင်ပါသနည်း။ အမြင့်ဆုံးသောဘုရား၌ အသိပညာရှိပါသလောဟုဆို ကြ၏။- | |
Psal | BurCBCM | 73:12 | ဆိုးယုတ်သောသူတို့သည်ကား ဤကဲ့သို့ဖြစ်ကြ၏။ သူတို့သည် အစဉ်ကောင်းစား၍ စည်းစိမ်ဥစ္စာများတိုးပွားကြ၏။- | |
Psal | BurCBCM | 73:13 | ငါ၏နှလုံးသားကို သန့်စင်စွာထားခြင်းနှင့် ငါ၏လက်များကို အပြစ်ကင်းစင်မှုဖြင့် ဆေးကြောခြင်းသည် အချည်းနှီးသာဖြစ်၏။- | |
Psal | BurCBCM | 73:14 | အကြောင်းမူကား ငါသည် တစ်နေ့လုံး စိတ်အနှောင့်အယှက်ဖြစ်ရပြီး နံနက်တိုင်း အပြစ်တင်ဆုံးမခြင်းကို ခံရလေပြီ။ | |
Psal | BurCBCM | 73:15 | အကျွန်ုပ်သည် ဤသို့ပြောဆိုပါမည်ဟု အကျွန်ုပ်ဆိုခဲ့လျှင် ကိုယ်တော်၏သားစဉ်မြေးဆက်အပေါ် သစ္စာဖောက်ရာ ရောက်ပေလိမ့်မည်။- | |
Psal | BurCBCM | 73:17 | အကျွန်ုပ်သည် ကိုယ်တော်၏ သန့်ရှင်းရာဌာနတော်ထဲသို့ ရောက်သည့်အချိန်ကျမှသာလျှင် သူတို့၏ ဘ၀နိဂုံး မည်သို့ ချုပ်ရမည်ကို နားလည်လာပါ၏။- | |
Psal | BurCBCM | 73:18 | အမှန်စင်စစ် ကိုယ်တော်သည် သူတို့အား ခြေချော်ကျနိုင်သော နေရာတို့တွင် ချထား၍ ပျက်စီးခြင်းသို့ ကျရောက်စေခဲ့ပြီ။- | |
Psal | BurCBCM | 73:19 | သူတို့သည် တစ်ခဏချင်းတွင် လျင်မြန်စွာ ဖျက်ဆီးခြင်းခံကြရပြီး ကြောက်မက်ဖွယ်အရာများအားဖြင့် လုံး၀ပျောက်ကွယ် သွားကြရပါသည်တကား။- | |
Psal | BurCBCM | 73:20 | သူတို့သည် နိုးလာချိန်တွင် ပျောက်ကွယ်သွားတတ်သော အိပ်မက်ကဲ့သို့ဖြစ်၍ ကိုယ်တော်ကြွလာတော်မူချိန်တွင်လည်း ကိုယ်တော်သည် သူတို့၏ရုပ်ပုံလွှာကို စွန့်ပယ်တော်မူလိမ့်မည်။ | |
Psal | BurCBCM | 73:22 | အကျွန်ုပ်သည် မိုက်မဲ၍ ပညာမဲ့သောသူဖြစ်ပြီး ရှေ့တော်၌ သားရဲတိရစ္ဆာန်ကဲ့သို့ဖြစ်ပါ၏။- | |
Psal | BurCBCM | 73:23 | သို့ပင်သော်လည်း အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အစဉ်ရှိ၍ ကိုယ်တော်သည် အကျွန်ုပ်၏ လက်ယာလက်ကို ဆွဲကိုင်ထားတော်မူ၏။- | |
Psal | BurCBCM | 73:24 | ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏အကြံဉာဏ်ဖြင့် လမ်းညွန်တော်မူပြီးနောက် ဘုန်းဂုဏ်တော်၌ လက်ခံတော်မူလိမ့်မည်။- | |
Psal | BurCBCM | 73:25 | ကောင်းကင်တွင် ကိုယ်တော်မှတစ်ပါး အကျွန်ုပ်၌ မည်သူရှိပါသနည်း။ မြေကြီးပေါ်တွင်လည်း ကိုယ်တော်နှင့်အတူရှိပါလျှင် အကျွန်ုပ်သည် မည်သည့်အရာကိုမျှ မလိုလားတော့ပါ။- | |
Psal | BurCBCM | 73:26 | အကျွန်ုပ်၏ စိတ်နှလုံးသည် အင်အားချည့်နဲ့၍လာသော်လည်း ကိုယ်တော်သည် အကျွန်ုပ်စိတ်နှလုံး၏ ခွန်အားဖြစ်ပြီး ကာလအဆက်ဆက် အကျွန်ုပ်၏ အမွေအနှစ်ဖြစ်တော်မူ၏။ | |
Psal | BurCBCM | 73:27 | ကိုယ်တော်နှင့်ဝေးကွာလျက် ရှိသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ကိုယ်တော့်ကို သစ္စာ ဖောက်သော သူတို့အားလည်း ကိုယ်တော်သည် အဆုံးစီရင်တော်မူလိမ့်မည်။- | |