PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 17
Psal | BurCBCM | 17:1 | အိုထာ၀ရဘုရားသခင်၊ တရားသောဘက်မှရပ်တည်၍ အကျွန်ုပ်၏အော်ဟစ်သံကို နားညောင်းတော်မူပါ။ လှည့်စားခြင်းနှင့် ကင်းသော အကျွန်ုပ်၏နှုတ်မှ ဆုတောင်းပတ္ထနာကို ကြားနာတော်မူပါ။- | |
Psal | BurCBCM | 17:2 | အကျွန်ုပ်အတွက် တရားစီရင်ချက်သည် ကိုယ်တော့်ထံမှ လာပါစေသော်။ ဖြောင့်မှန်ရာကို ကိုယ်တော်တိုင်မျက်စိဖြင့် ကြည့်တော်မူပါ။ | |
Psal | BurCBCM | 17:3 | ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို စစ်ဆေးခြင်းသော်လည်းကောင်း၊ ညအချိန်၌ အကျွန်ုပ်ထံသို့ အကြည့်အရှု ကြွလာခြင်းသော်လည်းကောင်း၊ အကျွန်ုပ်အား စမ်းသပ်ခြင်းသော်လည်းကောင်း ပြုလုပ်ပါလျှင် အကျွန်ုပ်၌ မည်သည့် မကောင်းမှုကိုမျှ တွေ့ရမည်မဟုတ်ပါ။ အကျွန်ုပ်၏နှုတ်သည် ပြစ်မှုကျူးလွန်ခြင်းမရှိပါ။- | |
Psal | BurCBCM | 17:4 | လူတို့ပြုမူတတ်သော အမှုများနှင့် စပ်လျဉ်း၍ဆိုရလျှင် ကိုယ်တော်၏ နှုတ်တော်ထွက်စကားအားဖြင့် အကြမ်းဖက်သူတို့၏ နည်းလမ်းများကို အကျွန်ုပ်ရှောင်ရှားခဲ့လေပြီ။- | |
Psal | BurCBCM | 17:5 | အကျွန်ုပ်၏ ခြေလှမ်းများသည် ကိုယ်တော်၏ လမ်းစဉ်အတိုင်း မြဲမြံစွာ လျှောက်လှမ်းပါ၏။ အကျွန်ုပ်သည် ခြေမချော်ခဲ့ပါ။ | |
Psal | BurCBCM | 17:6 | အိုဘုရားသခင်၊ ကိုယ်တော်နားညောင်းတော်မူမည်ဖြစ်သောကြောင့် အကျွန်ုပ်သည် ကိုယ်တော့်ကို ခေါ်တပါ၏။ ကိုယ်တော်၏ ရွှေနားတော်ကို စွင့်တော်မူ၍ အကျွန်ုပ်၏စကားများကို နားညောင်းတော်မူပါ။- | |
Psal | BurCBCM | 17:7 | ကိုယ်တော်၏ လက်ယာလက်တော်၌ ခိုလှုံအားကိုးသောသူတို့အား သူတို့၏ရန်သူများလက်မှ ကယ်တင်တော်မူသောအရှင်၊ ကိုယ်တော်၏ခိုင်မြဲသော သနားကရုဏာတော်ကို အံ့ဖွယ်ကောင်းလောက်အောင် ပြတော်မူပါ။ | |
Psal | BurCBCM | 17:8 | အကျွန်ုပ်အား ဝန်းရံ၍ လုယူသတ်ဖြတ်လိုသော သူယုတ်မာတို့၏ ရှေ့မျက်မှောက်တွင် အကျွန်ုပ်ကို ကိုယ်တော်၏ မျက်ဆံတော်ကဲ့သို့ စောင့်ရှောက်တော်မူပါ။ ကိုယ်တော်၏အတောင်တော်များအရိပ်အောက်တွင် အကျွန်ုပ်ကို ဝှက်ကွယ်ထား တော်မူပါ။- | |
Psal | BurCBCM | 17:9 | အကျွန်ုပ်အား ဖိနှိပ်သောသူတို့၏ လက်မှလည်းကောင်း၊ အကျွန်ုပ်ကို ဝိုင်းရံထားကြသည့် အကျွန်ုပ်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသော ရန်သူတို့၏လက်မှလည်းကောင်း အကျွန်ုပ်ကို ကယ်တော်မူပါ။ | |
Psal | BurCBCM | 17:10 | သူတို့၏စိတ်နှလုံးသည် သနားကြင်နာခြင်းကင်းမဲ့လျက် သူတို့၏နှုတ်သည် မောက်မာစွာ ပြောဆိုကြပါ၏။- | |
Psal | BurCBCM | 17:11 | သူတို့သည် အကျွန်ုပ်ကို နောက်ယောင်ခံလိုက်လာကြပြီး ယခုအကျွန်ုပ်ကို ဝန်းရံထားကြပါပြီ။ သူတို့သည် အကျွန်ုပ်ကို မြေပေါ်သို့အလဲထိုးနိုင်ရန် အခွင့်ကောင်းကို စောင့်နေကြပါ၏။- | |
Psal | BurCBCM | 17:12 | သူတို့သည် သားကောင်ကို ကိုက်ဖြတ်လိုသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ချောင်းမြောင်း စောင့်ဆိုင်းနေသော ခြင်္သေ့ပျို ကဲ့သို့လည်းကောင်း ဖြစ်ကြပါ၏။ | |
Psal | BurCBCM | 17:13 | အိုထာ၀ရဘုရားသခင်၊ ကြွလာတော်မူပါ။ သူတို့ကို ရင်ဆိုင်၍ တွန်းလှန်နှိမ်နင်းတော်မူပါ။ ကိုယ်တော်၏ ဓားဖြင့် အကျွန်ုပ်၏အသက်ကို သူယုတ်မာတို့၏လက်မှ ကယ်တင်တော်မူပါ။- | |
Psal | BurCBCM | 17:14 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်အား ဤလောက၏ အမွေကိုသာ ခံစားကြသော ထိုသူတို့၏လက်မှ ကိုယ်တော်၏ လက်တော်ဖြင့် ကယ်တော်မူပါ။ သူတို့အတွက် ကိုယ်တော်စုဆောင်း ပေးသနားတော်မူသော ကောင်းမြတ်သည့် လောကီအရာ များဖြင့် သူတို့၏ဝမ်းကို ပြည့်၀စေတော်မူပါ။ သူတို့၏ သားသမီးတို့သည်လည်း လိုအပ်သည်ထက် ပိုလျှံစွာ ပြည့်စုံကြွယ်၀ ကြလျက် မိမိတို့၏ ရင်သွေးငယ်များအတွက်လည်း ချန်ထားနိုင်ကြပါစေ။ | |