PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 9
Psal | BurCBCM | 9:1 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်အား စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းပါမည်။ အကျွန်ုပ်သည် ကိုယ်တော် လုပ်ဆောင်တော်မူသော အံ့ဖွယ်ရာ အမှုအရာတို့၏အကြောင်းကို ပြောဆိုပါမည်။- | |
Psal | BurCBCM | 9:2 | အကျွန်ုပ်သည် ဝမ်းမြောက်ရွှင်လန်း၍ ကိုယ်တော်၌ ချီးမွမ်းပါမည်။ အကျွန်ုပ်တို့၏ အမြင့်ဆုံးသော ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ နာမတော်ကို သီဆိုချီးမွမ်းပါမည်။ | |
Psal | BurCBCM | 9:3 | အကျွန်ုပ်၏ရန်သူများ ပြန်လှည့်လာကြသောအခါ သူတို့သည် ကိုယ်တော်၏ ရှေ့မျက်မှောက်တော်၌ လဲကျ၍ သေဆုံးကြ လေပြီ။- | |
Psal | BurCBCM | 9:4 | အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ဘက်မှရပ်တည်၍ တရားစီရင်တော်မူ လေပြီ။ ကိုယ်တော်သည် ပလ္လင်တော်ပေါ်တွင် ထိုင်လျက် ဖြောင့်မတ်စွာ တရားစီရင်တော်မူ၏။ | |
Psal | BurCBCM | 9:5 | ကိုယ်တော်သည် ဘုရားတရားမဲ့သော လူမျိုးတို့ကို ပြစ်တင်ရှုတ်ချတော်မူ၍ ဆိုးယုတ်သောသူတို့ကို ဖျက်ဆီးတော်မူခဲ့ပြီ။ ကိုယ်တော်သည် သူတို့၏အမည်များကို အစဉ်ထာ၀ရ ပယ်ဖျက်တော်မူလေပြီ။- | |
Psal | BurCBCM | 9:6 | ရန်သူတို့သည် အဆုံးမသတ်နိုင်သော ပျက်စီးခြင်း၌ ကွယ်ပျောက်သွားကြလေပြီ။ ကိုယ်တော်သည် သူတို့၏မြို့ကြီးများကို ဖြိုဖျက်တော်မူ၍ ၎င်းတို့ကို မည်သူကမျ ှအောက်မေ့သတိရတော့မည် မဟုတ်ပေ။ | |
Psal | BurCBCM | 9:7 | သို့သော်လည်း ထာ၀ရဘုရားသခင်သည် ကာလအဆက်ဆက် စိုးစံတော်မူ၏။ ကိုယ်တော်သည် တရားစီရင်ရန် ပလ္လင်တော်ကို တည်တော်မူလေပြီ။- | |
Psal | BurCBCM | 9:8 | ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မှန်စွာစီရင်တော်မူ၍ လူမျိုးအပေါင်းတို့ကို တရားမျှတစွာ စီရင်တော်မူလေပြီ။ | |
Psal | BurCBCM | 9:9 | ကိုယ်တော်သည် ဖိနှိပ်ချုပ်ချယ်ခြင်း ခံရသူတို့၏ ခိုလှုံရာ၊ ဆင်းရဲဒုက္ခရောက်သော အချိန်များ၌ ဘေးကင်းလုံခြုံရာလည်း ဖြစ်တော်မူ၏။- | |
Psal | BurCBCM | 9:10 | ကိုယ်တော်၏နာမတော်ကို သိရှိသောသူတို့သည် ကိုယ်တော်၌ ယုံကြည်အားကိုးကြလိမ့်မည်။ အကြောင်းမူကား အိုထာ၀ရ ဘုရားသခင်၊ ကိုယ်တော်သည် မိမိကိုရှာဖွေသောသူတို့အား စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။ | |
Psal | BurCBCM | 9:11 | ဇီအွန်မြို့တွင် စိုးစံတော်မူသေ ာထာ၀ရဘုရားသခင်အား သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်ပြုတော်မူသော အမှုအရာ တို့အား လူမျိုးတကာတို့အလယ်တွင် ဟောပြောကြလော့။- | |
Psal | BurCBCM | 9:12 | အကြောင်းမူကား သွေးအတွက် လက်စားချေသော ကိုယ်တော်သည် ထိုသူတို့ကို အောက်မေ့တော်မူ၏။ ကိုယ်တော်သည် ညှဉ်းပန်းနှိပ်စက်ခံရသော သူတို့၏ငိုကြွးသံကိုလည်း လျစ်လျူရှုတော်မမူပေ။ | |
Psal | BurCBCM | 9:13 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ ရန်သူများသည် အကျွန်ုပ်အား မည်မျှညှဉ်းဆဲသည်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်ကို သေခြင်းတံခါးမှ ကယ်တင်တော်မူသော အိုအရှင်ဘုရား၊- | |
Psal | BurCBCM | 9:14 | ဤသို့ဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ ဘုန်းဂုဏ်တော်အပေါင်းတို့ကို ချီးမွမ်းဖော်ပြနိုင်၍ ကိုယ်တော် ပေးသနားတော်မူသော ကယ်တင်ခြင်း အတွက်ကြောင့် အကျွန်ုပ်သည် ဇီအွန်သမီး၏ တံခါးများ၌ ရွှင်လန်းဝမ်းမြောက်နိုင်ပါလိမ့်မည်။ | |
Psal | BurCBCM | 9:15 | လူမျိုးခြားတို့သည် မိမိတို့တူးထားသော ကျင်းထဲသို့ ကျကြလိမ့်မည်။ သူတို့၏ ခြေများသည်လည်း သူတို့ ထောင်ထားသော ကျော့ကွင်း၌ ပြန်၍မိကြလိမ့်မည်။- | |
Psal | BurCBCM | 9:16 | ထာ၀ရဘုရားသခင်သည် ဖြောင့်မှန်စွာတရားစီရင်ခြင်းအားဖြင့် မိမိကိုယ်ကို ထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သော သူတို့သည် မိမိတို့ပြုလုပ်ထားသော ကျော့ကွင်း၌ ပြန်၍မိကြလေပြီ။ | |
Psal | BurCBCM | 9:17 | ဆိုးယုတ်သောသူတို့နှင့် ဘုရားသခင်ကို မေ့လျော့သော လူမျိုးအပေါင်းတို့သည် မရဏနိုင်ငံသို့ သွားကြရလိမ့်မည်။ | |
Psal | BurCBCM | 9:18 | အကြောင်းမူကား ချို့တဲ့နွမ်းပါးသော သူတို့သည် အစဉ်ထာ၀ရ မေ့လျော့ခြင်းကို ခံကြရလိမ့်မည်မဟုတ်။ ဆင်းရဲသားတို့၏ မျှော်လင့်ချက်သည်လည်း အစဉ်ထာ ၀ရပျောက်ဆုံးသွားလိမ့်မည်မဟုတ်။ | |
Psal | BurCBCM | 9:19 | အိုထာ၀ရဘုရားသခင်၊ ကြွလာတော်မူပါ။ လူတို့အား အနိုင်မယူပါစေနှင့်။ လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ရှေ့တော်၌ တရားစီရင်ခြင်းခံကြရပါစေ။- | |