PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 37
Psal | BurCBCM | 37:1 | ဆိုးယုတ်သော သူတို့ကြောင့် စိတ်ပူပန်ခြင်းမရှိကြနှင့်။ မကောင်းမှုကိုပြုသော သူတို့ကို မငြူစူကြနှင့်။- | |
Psal | BurCBCM | 37:2 | အကြောင်းမူကား သူတို့သည် မြက်ပင်ကဲ့သို့ လျင်မြန်စွာ ခြောက်သွေ့၍ စိမ်းလန်းသော အပင်ငယ် ညှိုးနွမ်းသွားသကဲ့သို့ ညှိုးနွမ်းသွားကြလိမ့်မည်။ | |
Psal | BurCBCM | 37:3 | ထာ၀ရဘုရားသခင်ကို ယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုကြလော့။ သင်သည် ပြည်တော်တွင် နေထိုင်ရ၍ လုံခြုံစိတ်ချစွာ အသက်ရှင်ရလိမ့်မည်။- | |
Psal | BurCBCM | 37:4 | ထာ၀ရဘုရားသခင်၌ မွေ့လျော်ခြင်းရှိလော့။ ကိုယ်တော်သည် သင့်စိတ်နှလုံး၏အလိုဆန္ဒများကို ပေးသနားတော် မူလိမ့်မည်။ | |
Psal | BurCBCM | 37:5 | သင်၏ဘ၀လမ်းစဉ်ကို ထာ၀ရဘုရားသခင်ထံသို့ အပ်နှံလော့။ ကိုယ်တော့်အပေါ် ယုံကြည်ကိုးစားလော့။ ထိုအခါ ကိုယ်တော်သည် တာဝန်ယူ ဆောင်ရွက်တော်မူလိမ့်မည်။- | |
Psal | BurCBCM | 37:6 | ကိုယ်တော်သည် သင်၏ဖြောင့်မတ်ခြင်းကို အလင်းကဲ့သို့လည်းကောင်း၊ သင်၏တရားမျှတစွာ ပြုမူခြင်းကို မွန်းတည့်နေရောင်ခြည် ကဲ့သို့လည်းကောင်း ထွန်းလင်းတောက်ပစေလိမ့်မည်။ | |
Psal | BurCBCM | 37:7 | ထာ၀ရဘုရားသခင်၏ ရှေ့တော်၌ ဆိတ်ငြိမ်စွာနေ၍ စိတ်ရှည်စွာ စောင့်ငံ့နေလော့။ မကောင်းသော နည်းလမ်း အကြံအစည်များကို အသုံးပြု၍ ဆောင်ရွက်လေသမျှတို့၌ ကြီးပွားအောင်မြင်သူတို့ကြောင့် ပူပန်သောကမရောက်စေနှင့်။ | |
Psal | BurCBCM | 37:8 | အမျက်ဒေါသမထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပစ်လော့။ ပူပန်သောကမရှိနှင့်။ ပူပန်သောကသည် ဆိုးကျိုးကိုသာ ပေးတတ်၏။- | |
Psal | BurCBCM | 37:9 | ဒုစရိုက်ကို ပြုသောသူတို့သည် ပယ်ရှင်းဖြတ်တောက်ခြင်းကို ခံရလိမ့်မည်။ ထာ၀ရဘုရားသခင်ကို မျှော်လင့်ကိုးစားသော သူတို့မူကား ပြည်တော်ကို အမွေခံကြရလိမ့်မည်။ | |
Psal | BurCBCM | 37:10 | တစ်ခဏတာအချိန်အတွင်း၌ ဆိုးယုတ်သောသူတို့သည် ပျောက်ကွယ်သွားကြလိမ့်မည်။ သင်သည် သူတို့ကို စေ့စေ့ရှာသော်လည်း တွေ့လိမ့်မည်မဟုတ်။- | |
Psal | BurCBCM | 37:11 | စိတ်နှိမ့်ချသော သူတို့မူကား ပြည်တော်ကို အမွေခံရ၍ ကြွယ်၀ချမ်းသာခြင်း၌ မွေ့လျော်ကြလိမ့်မည်။ | |
Psal | BurCBCM | 37:13 | သို့သော် ထာ၀ရဘုရားသခင်သည် သူ့ကိုကြည့်၍ ပြုံးရယ်တော်မူ၏။ အကြောင်းမူကား သူတို့၏နေ့ရက်သည် ကျရောက်တော့မည် ဖြစ်ကြောင်းကို ကိုယ်တော် သိမြင်တော်မူသောကြောင့်တည်း။ | |
Psal | BurCBCM | 37:14 | ဆိုးယုတ်သောသူသည် ဆင်းရဲနွမ်းပါးသောသူတို့အား ပြိုလဲပျက်စီးစေရန်လည်းကောင်း၊ ဖြောင့်မတ်စွာ လျှောက်လှမ်းသော သူတို့အား သတ်ဖြတ်ရန်လည်းကောင်း ဓားများကိုထုတ်၍ လေးများကိုတင်ကြ၏။- | |
Psal | BurCBCM | 37:15 | သူတို့၏ဓားများသည် သူတို့၏နှလုံးကိုသာလျှင် ထိုးဖောက်၍ သူတို့၏ လေးမြားတို့သည်လည်း ကျိုးပဲ့ကြလိမ့်မည်။ | |
Psal | BurCBCM | 37:16 | ဖြောင့်မတ်သော သူ၏ဥစ္စာပစ္စည်းအနည်းငယ်သည် ဆိုးယုတ်သောသူတို့၏ ကြွယ်၀သော ပစ္စည်းဥစ္စာထက် ပို၍ တန်ဖိုးရှိ၏။- | |
Psal | BurCBCM | 37:17 | အဘယ်ကြောင့်ဆိုသော် ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သောသူတို့၏ ခွန်အားကို ချိုးဖျက်၍ ဖြောင့်မတ်သော သူတို့အား ကူညီမစတော်မူသောကြောင့်တည်း။ | |
Psal | BurCBCM | 37:18 | ထာ၀ရဘုရားသခင်သည် အပြစ်တင်ခွင့်ကင်းသူ တို့၏နေ့ရက်များကို သိတော်မူ၍ ထိုသူတို့၏ အမွေအနှစ်သည်လည်း ကာလအစဉ်အဆက် တည်လေ၏။- | |
Psal | BurCBCM | 37:19 | သူတို့သည် ဘေးအန္တရာယ်နှင့် ကြုံရသည့်အခါ၌ အရှက်တကွဲ ဖြစ်ကြလိမ့်မည်မဟုတ်။ အစာငတ်မွတ်ခေါင်းပါးသော အချိန်ကာလ၌ သူတို့တွင် အစာရေစာ ပေါများကြလိမ့်မည်။ | |
Psal | BurCBCM | 37:20 | သို့ရာတွင် ဆိုးယုတ်သောသူတို့မူကား ပျက်စီးခြင်းသို့ ရောက်ကြရမည်။ ထာ၀ရဘုရားသခင်၏ ရန်သူတို့မှာမူ ကွင်းပြင်၌ရှိသော မြက်စိမ်းပင်များကဲ့သို့ ခြောက်သွေ့ကာ မီးခိုးအဖြစ် ပျောက်ကွယ်သွားကြလိမ့်မည်။ | |
Psal | BurCBCM | 37:21 | ဆိုးယုတ်သောသူတို့သည် ချေးငှားပြီး နောက်ပြန်၍ မပေးဆပ်တတ်။ ဖြောင့်မတ်သော သူတို့မူကား ရက်ရောသောစိတ်ရှိ၍ အစဉ်အမြဲပေးကမ်းတတ်လေ၏။- | |
Psal | BurCBCM | 37:22 | ထာ၀ရဘုရားသခင်၏ ကောင်းချီးတော်ကို ခံရသောသူတို့သည် ပြည်တော်ကို အမွေခံရလိမ့်မည်။ ကိုယ်တော်၏ ကျိန်ဆိုတော်မူခြင်းကို ခံရသော သူတို့မူကား ဖယ်ရှားဖြတ်တောက်ခြင်း ခံကြရလိမ့်မည်။ | |
Psal | BurCBCM | 37:23 | ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်သောသူ၏ ခြေလှမ်းများကို ခိုင်မြဲစေတော်မူ၏။ ကိုယ်တော်သည် ထိုသူတို့ကို မိမိမြတ်နိုးတော်မူသော လမ်းစဉ်၌ ခိုင်မြဲစေတော်မူ၏။- | |
Psal | BurCBCM | 37:24 | ထာ၀ရဘုရားသခင်သည် သူ့အား လက်တော်ဖြင့် ကူညီမစတော်မူသောကြောင့် သူသည် ခြေချော်သော်လည်း လဲကျ လိမ့်မည်မဟုတ်။ | |
Psal | BurCBCM | 37:25 | ငါသည် ငယ်ရွယ်သောသူဖြစ်ခဲ့ပြီး ယခုအခါ၌မူ အသက်ကြီးရင့်လေပြီ။ သို့သော် ဖြောင့်မတ်သောသူသည် ထာ၀ရ ဘုရားသခင်၏ စွန့်ပစ်ခြင်းခံရသည်ကို လည်းကောင်း၊ သူ၏သားမြေးတို့သည် တောင်းရမ်းစားသောက်ကြရသည်ကို လည်းကောင်း မတွေ့မမြင်ဖူးခဲ့ပေ။- | |
Psal | BurCBCM | 37:26 | သူသည် အစဉ်ရက်ရောစွာ ပေးကမ်းချေးငှား၏။ သူ၏သားမြေးတို့သည်လည်း ကောင်းချီးမင်္ဂလာဖြစ်ကြ၏။ | |
Psal | BurCBCM | 37:27 | မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုများကို ပြုကျင့်လော့။ ဤသို့ပြုကျင့်လျှင် သင်သည် အစဉ်အမြဲ တည်နေလိမ့်မည်။- | |
Psal | BurCBCM | 37:28 | အကြောင်းမူကား ထာ၀ရဘုရားသခင်သည် တရားမျှတမှုကို နှစ်သက်မြတ်နိုးတော်မူ၏။ ကိုယ်တော်သည် မိမိအပေါ် သစ္စာရှိသူတို့အား စွန့်ပစ်ထားတော်မမူ။ ဖြောင့်မတ်သော သူတို့သည် ဘေးရန်ကင်းစွာ စောင့်ရှောက်ခြင်း ခံကြရလိမ့်မည်။ ဆိုးယုတ်သောသူ၏ သားမြေးတို့သည်ကား ပယ်ရှင်းပစ်ခြင်း ခံကြရလိမ့်မည်။- | |
Psal | BurCBCM | 37:29 | ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေခံကြရ၍ ပြည်တော်၌ အစဉ်အမြဲနေထိုင်ကြရလိမ့်မည်။ | |
Psal | BurCBCM | 37:30 | ဖြောင့်မတ်သော သူ၏နှုတ်သည် ပညာအမြော်အမြင်ရှိသော စကားကို ရေရွတ်တတ်၏။ သူ၏လျှာသည်လည်း တရားမျှတသော စကားကိုသာ ပြောဆိုလေ၏။- | |
Psal | BurCBCM | 37:31 | ထာ၀ရဘုရားသခင်၏ ပညတ်တရားတော်သည် သူ၏စိတ်နှလုံးထဲ၌ရှိ၍ သူ၏ခြေလှမ်းများသည် မည်သည့်အခါမျှ ချော်၍သွားလိမ့်မည်မဟုတ်။ | |
Psal | BurCBCM | 37:33 | သို့ရာတွင် ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်သူအား ရန်သူ၏ အာဏာအောက်၌ ထားတော်မူမည်မဟုတ်။ သူသည် တရားရုံး၌ စစ်ဆေးခံရသောအခါ အပြစ်ဒဏ်ခံရလိမ့်မည်မဟုတ်။ | |
Psal | BurCBCM | 37:34 | ထာ၀ရဘုရားသခင်ကို မျှော်လင့်ကိုးစား၍ ကိုယ်တော်၏ တရားလမ်းကို ထိန်းသိမ်းစောင့်ရှောက်လော့။ ကိုယ်တော်သည် သင့်အား ပြည်တော်ကို ပိုင်ဆိုင်သောအခွင့်သို့ ချီးမြှင့်တော်မူလိမ့်မည်။ ဆိုးယုတ်သောသူတို့၏ ပျက်စီးခြင်းကို သင်မြင်ရ လိမ့်မည်။ | |
Psal | BurCBCM | 37:35 | ဆိုးယုတ်သောသူသည် လေဘနွန်၌ပေါက်သော ထင်းရှူးမွှေးပင်ကဲ့သို့ ကြီးထွားလျက်ရှိသည်ကို ငါမြင်ရ၏။- | |
Psal | BurCBCM | 37:36 | သို့သော် နောက်တစ်ကြိမ် ငါဖြတ်သွားသောအခါ ထိုအရပ်တွင် သူမရှိတော့ပေ။ သူ့ကိုရှာသော်လည်း မတွေ့နိုင်တော့ပေ။ | |
Psal | BurCBCM | 37:37 | အပြစ်တင်ခွင့်ကင်းသောသူကို ထောက်ရှုလော့။ ဖြောင့်မတ်သောသူကို ကြည့်ရှုဆင်ခြင်လော့။ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းသာယာခြင်းကို လိုလားသူတို့တွင် အမျိုးအနွယ်ထွန်းကား၏။- | |
Psal | BurCBCM | 37:38 | အပြစ်ကျူးလွန်သော သူတို့မူကား တစ်ယောက်မကျန် ဖျက်ဆီးခြင်းခံရလိမ့်မည်။ သူတို့၏ အမျိုးအနွယ်တို့သည်လည်း ပယ်ရှင်းခြင်း ခံရလိမ့်မည်။ | |
Psal | BurCBCM | 37:39 | ဖြောင့်မတ်သောသူ၏ ကယ်တင်ခြင်းသည် ထာ၀ရဘုရားသခင်ထံတော်မှလာ၍ ဘေးဒုက္ခရောက်ချိန်တွင် ကိုယ်တော်သည် သူတို့၏ခိုလှုံရာ ဖြစ်တော်မူ၏။- | |