PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 102
Psal | BurCBCM | 102:1 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကူညီမစတော်မူပါရန် တောင်းလျှောက်သော အကျွန်ုပ်၏ ငိုကြွေးသံသည် ကိုယ်တော်၏အထံတော်သို့ ရောက်ပါစေ။- | |
Psal | BurCBCM | 102:2 | အကျွန်ုပ် ဒုက္ခရောက်ချိန်၌ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ် ထံမှ လွှဲဖယ်တော်မမူပါနှင့်။ ကိုယ်တော်၏ရွှေနားတော် ကို အကျွန်ုပ်ဆီသို့လှည့်တော်မူပါ။ အကျွန်ုပ်ခေါ်တသော အခါ အလျင်အမြန်ထူးတော်မူပါ။ | |
Psal | BurCBCM | 102:3 | အကြောင်းမူကား အကျွန်ုပ်၏နေ့ရက်များသည် မီးခိုးကဲ့သို့ လွင့်ပျောက်သွားပြီး အကျွန်ုပ်၏အရိုးများသည်လည်း ရဲရဲတောက်နေသော မီးကျီးခဲများကဲ့သို့ တောက်လောင်ကြပါ၏။- | |
Psal | BurCBCM | 102:4 | အကျွန်ုပ်၏နှလုံးသည် ညှိုးနွမ်း၍ မြက်ပင်ကဲ့သို့ခြောက်သွေ့နေပါ၏။ အကျွန်ုပ်သည် အစာစားရန်ပင် မေ့လျော့လျက်ရှိပါ၏။- | |
Psal | BurCBCM | 102:6 | အကျွန်ုပ်သည် ကန္တာရငှက်ကဲ့သို့လည်းကောင်း၊ အပျက်အစီးများအလယ်ရှိ ဇီးကွက်ကဲ့သို့လည်းကောင်းဖြစ်ပါ၏။- | |
Psal | BurCBCM | 102:7 | အကျွန်ုပ်သည် အိပ်မပျော်ဘဲ နိုးကြားနေ၍ အိမ်ခေါင်မိုးပေါ်ရှိ အထီးကျန်သောငှက်ကဲ့သို့ ဖြစ်နေပါ၏။- | |
Psal | BurCBCM | 102:8 | အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကို တစ်နေ့လုံး ကဲ့ရဲ့စော်ကားကြပါ၏။ အကျွန်ုပ်ကို ဆဲရေးတိုင်းထွာသူတို့သည် အကျွန်ုပ်၏အမည်ကိုသုံး၍ ကျိန်ဆိုကြပါ၏။- | |
Psal | BurCBCM | 102:9 | အကြောင်းမူကား အကျွန်ုပ်သည် ပြာကိုပေါင်မုန့်အဖြစ် စားရပါ၏။ အကျွန်ုပ်၏သောက်စရာကိုလည်း မျက်ရည်များဖြင့် ရောစပ်ရပါ၏။- | |
Psal | BurCBCM | 102:10 | ကိုယ်တော်၏ ပြင်းထန်သော အမျက်တော်ကြောင့် ဤသို့ဖြစ်ရပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ ဘေးသို့ပစ်ချခဲ့လေပြီ။- | |
Psal | BurCBCM | 102:11 | အကျွန်ုပ်၏နေ့ရက်များသည် ညနေ၏မှောင်ရိပ်ကဲ့သို့ဖြစ်၍ အကျွန်ုပ်သည် မြက်ပင်ကဲ့သို့ ညှိုးခြောက်သွားပါ၏။ | |
Psal | BurCBCM | 102:12 | သို့သော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ရာဇပလ္လင်ပေါ်တွင် ထာ၀စဉ်စံမြန်းတော်မူပါ၏။ လူမျိုးအဆက်ဆက် တို့တွင် ကိုယ်တော်၏နာမတော်သည် တည်မြဲတော်မူပါ၏။- | |
Psal | BurCBCM | 102:13 | ကိုယ်တော်သည် ကြွလာ၍ ဇီအွန်မြို့ပေါ်တွင် ကရုဏာသက်တော်မူလိမ့်မည်။ သူမကို ကျေးဇူးပြုရန် အချိန်တန်ပေပြီ။ သတ်မှတ်ထားသောအချိန် ဆိုက်ရောက်လာလေပြီ။- | |
Psal | BurCBCM | 102:14 | အကြောင်းမူကား ကိုယ်တော်၏အစေခံများသည် ထိုမြို့၏ကျောက်တုံးများကို မြတ်နိုးကြလျက် ထိုမြို့၏မြေမှုန့်များကိုပင် သနားကြင်နာစိတ်ဖြစ်ကြပါ၏။- | |
Psal | BurCBCM | 102:15 | လူမျိုးအပေါင်းတို့သည် ထာ၀ရဘုရားသခင်၏ နာမတော်ကို ကြောက်ရွံ့ရိုသေကြလိမ့်မည်။ မြေကြီးပေါ်ရှိ ဘုရင်အပေါင်း တို့သည်လည်း ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ကြည်ညိုလေးစားကြလိမ့်မည်။- | |
Psal | BurCBCM | 102:16 | အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဇီအွန်မြို့ကို တည်ဆောက်၍ မိမိ၏ဘုန်းဂုဏ်တော်နှင့် ထွက်ပေါ်လာ တော်မူလိမ့်မည်။- | |
Psal | BurCBCM | 102:17 | ကိုယ်တော်သည် ခိုကိုးရာမဲ့သူတို့၏ ဆုတောင်းသံကို တုံ့ပြန်တော်မူလိမ့်မည်။ ကိုယ်တော်သည် သူတို့၏ အသနားခံ တောင်းလျှောက်ချက်ကို ငြင်းပယ်တော်မူလိမ့်မည်မဟုတ်။ | |
Psal | BurCBCM | 102:18 | ဤအကြောင်းအရာကို နောင်လာမည့်လူမျိုးဆက်အတွက် ရေးသားမှတ်တမ်းတင်ထားပါစေ။ သို့မှသာ မွေးဖွားခြင်း မခံရသေးသော သူတို့သည် ထာ၀ရဘုရားသခင်ကို ချီးမွမ်းကြပေလိမ့်မည်။- | |
Psal | BurCBCM | 102:19 | ထာ၀ရဘုရားသခင်သည် မြင့်သောအရပ်ရှိ မိမိ၏သန့်ရှင်းရာဌာနမှ အောက်သို့ငုံ့ကြည့်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှ ကမ္ဘာမြေကြီးကို ရှုမြင်သုံးသပ်တော်မူ၏။- | |
Psal | BurCBCM | 102:20 | ကိုယ်တော်သည် အကျဉ်းသားတို့၏ ညည်းတွားသံကိုကြားရန်နှင့် သေဒဏ်စီရင်ခြင်းခံရသောသူတို့ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန်အတွက်ဖြစ်၏။- | |
Psal | BurCBCM | 102:21 | ဤသို့ဖြင့် လူတို့သည် ဇီအွန်မြို့တွင် ထာ၀ရဘုရားသခင်၏နာမတော်ကို ကြေညာကြ၍ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြု ကြလိမ့်မည်။- | |
Psal | BurCBCM | 102:22 | လူမျိုးတကာတို့နှင့် တိုင်းနိုင်ငံအပေါင်းတို့သည် ထာ၀ရဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် စုရုံးကြလိမ့်မည်။ | |
Psal | BurCBCM | 102:23 | အကျွန်ုပ်၏ အသက်တာလမ်းခရီးတွင် ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားလျော့နည်းစေပြီး အကျွန်ုပ်၏နေ့ရက်များကို တိုတောင်းစေတော်မူခဲ့ပြီ။- | |
Psal | BurCBCM | 102:24 | သို့ဖြစ်၍ ငါဆိုသည်မှာ အိုအကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို ဘ၀လမ်းခရီးတစ်ဝက်မှ ခေါ်သွားတော်မမူပါနှင့်။ ကိုယ်တော်၏နှစ်ကာလများသည်ကား လူမျိုးအဆက်ဆက်တို့တွင် အစဉ်တည်ရှိတော်မူပါ၏။ | |
Psal | BurCBCM | 102:25 | ရှေးအခါက ကိုယ်တော်သည် ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်ကို ချတော်မူခဲ့ပါ၏။ ကောင်းကင်တို့သည်လည်း ကိုယ်တော်၏ လက်ရာတော်များ ဖြစ်ကြပါ၏။- | |
Psal | BurCBCM | 102:26 | ထိုအရာတို့သည် ပျက်စီးကြပါလိမ့်မည်။ ကိုယ်တော်မူကား တည်မြဲတော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းသွားကြပါလိမ့်မည်။ ကိုယ်တော်သည် ဝတ်ရုံကိုလဲသကဲ့သို့ ထိုအရာတို့ကို ပြောင်းလဲစေတော်မူသဖြင့် ယင်းတို့သည် ပျောက်ကွယ်သွားကြရ၏။- | |
Psal | BurCBCM | 102:27 | ကိုယ်တော်မူကား ပြောင်းလဲတော်မမူချေ။ ကိုယ်တော်၏ နှစ်ကာလများသည်လည်း မည်သည့်အခါ မျှကုန်ဆုံးလိမ့်မည် မဟုတ်။- | |