PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 147
Psal | BurCBCM | 147:1 | ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ ငါတို့၏ဘုရားသခင်ထံသို့ ချီးမွမ်းထောမနာသီချင်းကို သီဆိုခြင်းသည် ကောင်းမြတ်လှပေ၏။ ကိုယ်တော်သည် ကျေးဇူးပြုသောကြောင့် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုခြင်းသည် လျော်ကန် သင့်မြတ်လှပေ၏။- | |
Psal | BurCBCM | 147:2 | ထာ၀ရဘုရားသခင်သည် ဂျေရုဆလင်မြို့ကို ပြန်လည်တည်ဆောက်၍ ရပ်ဝေးတွင် တကွဲတပြားဖြစ်နေသော အစ္စရာအဲလ်လူမျိုးတို့ကို ပြန်လည်စုရုံးတော်မူ၏။- | |
Psal | BurCBCM | 147:3 | ကိုယ်တော်သည် စိတ်နှလုံးကြေကွဲသောသူတို့ကို သက်သာပျောက်ကင်းစေတော်မူ၍ သူတို့၏ဒဏ်ရာဒဏ်ချက်များကို စည်းနှောင်ပေးတော်မူ၏။- | |
Psal | BurCBCM | 147:4 | ကိုယ်တော်သည် ကြယ်တာရာများ၏အရေအတွက်ကို သတ်မှတ်ပေး၍ ကြယ်အားလုံးကို အမည်ပေးတော်မူ၏။- | |
Psal | BurCBCM | 147:5 | ငါတို့၏ ထာ၀ရဘုရားသခင်သည် ကြီးမြတ်၍ တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်၏ ဉာဏ်ပညာတော်သည် တိုင်းတာ၍ မရနိုင်ချေ။- | |
Psal | BurCBCM | 147:6 | ထာ၀ရဘုရားသခင်သည် နိမ့်ကျသောသူတို့ကို ထူမ၍ ဆိုးယုတ်သောသူတို့ကို မြေပေါ်သို့ ပစ်ချတော်မူ၏။ | |
Psal | BurCBCM | 147:7 | ကျေးဇူးတော်ကိုချီးမွမ်းလျက် ထာ၀ရဘုရားသခင်အား သီဆိုကျူးအေးကြလော့။ စောင်းကိုတီးလျက် ငါတို့၏ ဘုရားသခင်အား သီချင်းသီဆိုကြလော့။- | |
Psal | BurCBCM | 147:8 | ကိုယ်တော်သည် ကောင်းကင်ကို မိုးတိမ်များဖြင့် ဖုံးလွှမ်း၍ ကမ္ဘာမြေကြီးအတွက် မိုးရွာစေရန် ပြင်ဆင်တော်မူ၏။ ကိုယ်တော်သည် တောင်ကုန်းများပေါ်၌ မြက်ကိုပေါက်စေတော်မူ၏။- | |
Psal | BurCBCM | 147:9 | ကိုယ်တော်သည် တိရစ္ဆာန်များနှင့် အော်မြည်တတ်သော ကျီးကန်းငယ်တို့အား အစာရေစာကို ပေးတော်မူ၏။- | |
Psal | BurCBCM | 147:10 | ကိုယ်တော်သည် မြင်း၏ခွန်အားနှင့် လူ၏လျင်မြန်သောခြေတို့၌ အားရနှစ်သက်တော်မူခြင်း မရှိချေ။- | |
Psal | BurCBCM | 147:11 | သို့သော် ကိုယ်တော်သည် မိမိကိုကြောက်ရွံ့ရိုသေသောသူများနှင့် မိမိ၏ခိုင်မြဲသော မေတ္တာတော်၌ မျှော်လင့်ကိုးစားသော သူများကို နှစ်သက်တော်မူ၏။ | |
Psal | BurCBCM | 147:12 | အိုဂျေရုဆလင်၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုလော့။ အိုဇီအွန်၊ သင်၏ဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုလော့။- | |
Psal | BurCBCM | 147:13 | အကြောင်းမူကား ကိုယ်တော်သည် သင်၏တံခါးဘောင်များကို ခိုင်ခန့်စေ၍ သင်၏သားသမီးတို့ကို ကောင်းချီးပေး တော်မူ၏။- | |
Psal | BurCBCM | 147:14 | ကိုယ်တော်သည် သင်၏နယ်နိမိတ်အတွင်း၌ ငြိမ်းချမ်းသာယာစေ၍ သင့်ကို အကောင်းဆုံးသော ဂျုံစပါးနှင့်ပြည့်၀စေ တော်မူ၏။- | |
Psal | BurCBCM | 147:15 | ကိုယ်တော်သည် ကမ္ဘာမြေပေါ်သို့ မိမိ၏အမိန့်တော်ကို စေလွှတ်တော်မူ၏။ ကိုယ်တော်၏ အမိန့်စကားတို့သည် အလျင်အမြန်ပျံ့နှံ့လေ၏။- | |
Psal | BurCBCM | 147:16 | ကိုယ်တော်သည် ဆီးနှင်းကို သိုးမွေးကဲ့သို့ ပျံ့နှံ့စေတော်မူ၍ နှင်းခဲများကို ပြာမှုန့်ကဲ့သို့ကြဲချတော်မူ၏။- | |
Psal | BurCBCM | 147:17 | ကိုယ်တော်သည် မိုးသီးများကို မုန့်အကျိုးအပဲ့များကဲ့သို့ ကျစေတော်မူ၏။ ကိုယ်တော်စေလွှတ်သော အအေးဒဏ်ကို မည်သူခံနိုင်မည်နည်း။- | |
Psal | BurCBCM | 147:18 | ကိုယ်တော်သည် အမိန့်တော်ကို စေလွှတ်သောအခါ ယင်းတို့ကို အရည်ပျော်ကျစေတော်မူ၏။ ကိုယ်တော်သည် လေကိုတိုက်စေတော်မူ၍ ရေကိုစီးဆင်းစေတော်မူ၏။- | |
Psal | BurCBCM | 147:19 | ကိုယ်တော်သည် မိမိ၏ကတိတော်ကို ယာကုပ်အား ကြေညာတော်မူ၍ မိမိ၏ပညတ်ဥပဒေနှင့် သွန်သင်ချက်များကို အစ္စရာအဲလ်လူမျိုးအား အသိပေးတော်မူ၏။- | |