PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 21
| Psal | BurCBCM | 21:1 | အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ခွန်အားတော်၌ ဘုရင်မင်းမြတ်သည် ဝမ်းမြောက်ရွှင်လန်းပါ၏။ ကိုယ်တော်၏ စောင်မတော်မူခြင်း၌ သူသည် လွန်စွာအားရရွှင်လန်းလျက်ရှိပါ၏။- | |
| Psal | BurCBCM | 21:2 | ကိုယ်တော်သည် သူ့နှလုံးသား၏ လိုအင်ဆန္ဒများကို ပေးသနားတော်မူပြီ။ သူ့နှုတ်ခမ်းများ၏ တောင်းဆိုချက်များကိုလည်း ငြင်းပယ်တော်မမူပေ။- | |
| Psal | BurCBCM | 21:3 | အကြောင်းမူကား ကိုယ်တော်သည် သူ့အား ကြွယ်၀သော ကောင်းချီးမင်္ဂလာများနှင့် ထိုက်တန်စေတော်မူပြီ။ ကိုယ်တော်သည် သူ၏ဦးခေါင်းပေါ်တွင် သန့်စင်သောရွှေဖြင့် ပြုလုပ်ထားသည့်သရဖူကို တင်တော်မူလေပြီ။- | |
| Psal | BurCBCM | 21:4 | သူသည် ကိုယ်တော့်ထံမှ အသက်ကိုတောင်း၍ ကိုယ်တော်သည် သူ့အား ထိုအသက်ကို ပေးသနားပြီး ရှည်လျားသော နေ့ရက်များကိုလည်း ကာလအဆက်ဆက် ပေးတော်မူလေပြီ။- | |
| Psal | BurCBCM | 21:5 | ကိုယ်တော်၏ ကူညီစောင်မတော်မူခြင်းကြောင့် သူ၏ဘုန်းတန်ခိုးသည် ကြီးမားလေ၏။ ကိုယ်တော်သည် သူ့အား ဂုဏ်ကျက်သရေနှင့် ခန့်ညားတင့်တယ်ခြင်းကို ပေးသနားတော်မူ၏။- | |
| Psal | BurCBCM | 21:6 | ကိုယ်တော်သည် သူ့အား ကောင်းချီးမင်္ဂလာကို ကာလအဆက်ဆက် ပေးသနားတော်မူ၏။ ကိုယ်တော်၏မျက်မှောက်တော်၌ တည်ရှိစေခြင်းဖြင့် ကိုယ်တော်သည် သူ့ကို ပျော်ရွှင်ဝမ်းမြောက်စေတော်မူ၏။- | |
| Psal | BurCBCM | 21:7 | အကြောင်းမူကား ဘုရင်မင်းမြတ်သည် ထာ၀ရဘုရားသခင်၌ ယုံကြည်ကိုးစားသောကြောင့်ဖြစ်၏။ အမြင့်ဆုံးသော အရှင် သခင်၏ တည်မြဲသော မေတ္တာတော်အားဖြင့် သူသည် ကြောက်ရွံ့တုန်လှုပ်လိမ့်မည်မဟုတ်။ | |
| Psal | BurCBCM | 21:8 | ကိုယ်တော်၏လက်တော်သည် ကိုယ်တော်၏ ရန်သူရှိသမျှတို့ကို ရှာဖွေတော်မူလိမ့်မည်။ ကိုယ်တော်၏ လက်ယာလက်သည် ကိုယ်တော့်အား မုန်းတီးသူတို့ကို ရှာဖွေလိမ့်မည်။- | |
| Psal | BurCBCM | 21:9 | ကိုယ်တော်ရှင် ကြွလာတော်မူသောအခါ သူတို့အား တောက်လောင်နေသော မီးဖိုထဲသို့ ပစ်ချတော်မူလိမ့်မည်။ ထာ၀ရဘုရားသခင်သည် အမျက်တော်၌ သူတို့ကို ဝါးမျိုတော်မူ၍ မီးတောက်တို့သည် သူတို့အား လောင်ကျွမ်းကြလိမ့်မည်။- | |
| Psal | BurCBCM | 21:10 | ကိုယ်တော်သည် သူတို့၏အမျိုးအနွယ်တို့ကို ကမ္ဘာမြေပေါ်မှလည်းကောင်း၊ သူတို့၏သားမြေးများကို လူသားတို့ အလယ်မှလည်းကောင်း သုတ်သင်ဖယ်ရှားတော်မူလိမ့်မည်။- | |
| Psal | BurCBCM | 21:11 | သူတို့သည် ကိုယ်တော့်အပေါ် မကောင်းကြံ၍ ထိခိုက်နစ်နာစေရန် ပြုလုပ်ကြပါလျှင်လည်း အောင်မြင်ကြလိမ့်မည် မဟုတ်။- | |
| Psal | BurCBCM | 21:12 | အကြောင်းမူကား ကိုယ်တော်သည် သူတို့ကို ထွက်ပြေးစေတော်မူလိမ့်မည်။ ကိုယ်တော်သည် သူတို့၏ မျက်နှာများကို ကိုယ်တော်၏ လေးမြားဖြင့် ချိန်ရွယ်တော်မူလိမ့်မည်။ | |