PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 136
Psal | BurCBCM | 136:1 | ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:2 | ဘုရားအပေါင်းတို့၊ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာ တော်သည် အစဉ်ထာ၀ရတည်မြဲတော်မူ၏။- | |
Psal | BurCBCM | 136:3 | အရှင်သခင်တို့၏ အရှင်သခင်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။ | |
Psal | BurCBCM | 136:4 | ကိုယ်တော်တစ်ပါးတည်းသာလျှင် ကြီးကျယ်သောအံ့ဖွယ်အမှုတို့ကို ပြုလုပ်တော်မူပါ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:5 | ကိုယ်တော်သည် ဉာဏ်ပညာတော်အားဖြင့် ကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရု ဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်တော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:6 | ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ရေပြင်ပေါ်၌ ဖြန့်ထားတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရတည် မြဲတော်မူသောကြောင့် ဖြစ်၏။- | |
Psal | BurCBCM | 136:7 | ကိုယ်တော်သည် ကြီးမားသောအလင်းတို့ကို ဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရ တည်တော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:8 | ကိုယ်တော်သည် နေ့ကို အုပ်စိုးစေရန် နေကိုဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:9 | ကိုယ်တော်သည် ညကိုအုပ်စိုးစေရန် လနှင့်ကြယ်များကို ဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။ | |
Psal | BurCBCM | 136:10 | ကိုယ်တော်သည် အီဂျစ်လူမျိုးများ၏သားဦးတို့ကို သုတ်သင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:11 | ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးကို အီဂျစ်လူမျိုးတို့၏လက်ထဲမှ ခေါ်ဆောင်လာတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:12 | ကိုယ်တော်သည် ခွန်အားကြီးသော လက်တော်နှင့် လက်ရုံးတော်ကိုဆန့်တန်း၍ ခေါ်ဆောင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:13 | ကိုယ်တော်သည် ပင်လယ်နီကို နှစ်ပိုင်းကွဲစေတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:14 | ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးအား ထိုပင်လယ်ကို ဖြတ်လျှောက်စေလျက် ခေါ်ဆောင်သွားတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:15 | သို့သော် ကိုယ်တော်သည် ဖာရောဘုရင်နှင့် သူ၏တပ်ကို ပင်လယ်နီတွင် နစ်မြုပ်စေတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:16 | ကိုယ်တော်သည် မိမိ၏လူမျိုးတော်အား တောကန္တာရကိုဖြတ်သန်းစေလျက် လမ်းပြခေါ်ဆောင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:17 | ကိုယ်တော်သည် အင်အားကြီးသောဘုရင်များကို သုတ်သင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:18 | ကိုယ်တော်သည် ထင်ရှားကျော်စောသော ဘုရင်များကို ကွပ်မျက်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:19 | ကိုယ်တော်သည် အာမောလူမျိုးတို့၏ဘုရင် ဆီဟွန်ကို သုတ်သင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရတည် မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:20 | ကိုယ်တော်သည် ဘာရှန်ဘုရင်ဩဂကိုလည်း သုတ်သင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:21 | ကိုယ်တော်သည် ထိုသူတို့၏နယ်မြေများကို မိမိ၏လူမျိုးတော်အား အမွေတော်အဖြစ် ပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:22 | ကိုယ်တော်သည် မိမိ၏အစေခံ အစ္စရာအဲလ်အား အမွေတော်အဖြစ် ပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။ | |
Psal | BurCBCM | 136:23 | ကိုယ်တော်သည် နိမ့်ကျ၍ဆင်းရဲဒုက္ခရောက်နေသော ငါတို့ကို သတိရအောက်မေ့တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာတော်သည် အစဉ်ထာ၀ရ တည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:24 | ကိုယ်တော်သည် ငါတို့ကို ရန်သူများ၏လက်မှ လွတ်မြောက်စေတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ကရုဏာမေတ္တာ တော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 136:25 | ကိုယ်တော်သည် သတ္တဝါအပေါင်းတို့အား စားစရာကို ပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏ ကရုဏာ မေတ္တာတော်သည် အစဉ်ထာ၀ရတည်မြဲတော်မူသောကြောင့်ဖြစ်၏။ | |