Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 50
Psal BurCBCM 50:1  တန်ခိုးကြီးသောအရှင် ထာ၀ရဘုရားသခင်သည် အမိန့်တော်ရှိ၍ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ကမ္ဘာတစ်ဝန်းလုံးကို ဆင့်ခေါ်တော်မူ၏။-
Psal BurCBCM 50:2  ဘုရားသခင်၏ ရောင်ခြည်တော်သည် တင့်တယ်သော အသရေနှင့်ပြည့်စုံသည့် ဇီအွန်တောင်ပေါ်မှ ထွန်းတောက်လေ၏။
Psal BurCBCM 50:3  ငါတို့၏ ဘုရားသခင်သည် ကြွလာပြီး တိတ်ဆိတ်စွာ နေတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်၏ ရှေ့တော်တွင် မီးပြင်းထန်စွာ လောင်ကျွမ်းလျက်ရှိပြီး ကိုယ်တော့်ထံတော်ပါး၌လည်း မုန်တိုင်းထန်လျက်ရှိ၏။-
Psal BurCBCM 50:4  ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို တရားစီရင်ရန် အထက်ကောင်းကင်ယံတို့နှင့် ကမ္ဘာမြေကြီးကို ဆင့်ခေါ်တော်မူ သည်မှာ၊-
Psal BurCBCM 50:5  ယဇ်ပူဇော်ခြင်းအားဖြင့် ငါနှင့်ပဋိညာဉ်ပြုပြီး ဆက်ကပ်ထားသော သူတို့ကို ငါ့ထံသို့ စုရုံးစေကြလော့ ဟူ၍ဖြစ်၏။-
Psal BurCBCM 50:6  ကောင်းကင်တို့သည်လည်း ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းကို ကြွေးကြော်ကြ၏။ အကြောင်းမူကား ဘုရားသခင် ကိုယ်တော်တိုင် တရားသူကြီး ဖြစ်တော်မူသောကြောင့်တည်း။
Psal BurCBCM 50:7  ကိုယ်တော်က ငါ၏လူမျိုးတော်တို့၊ နားထောင်ကြလော့။ ငါသည် မိန့်မြွက်တော်မူမည်။ အိုအစ္စရာအဲလ် အမျိုးသားတို့၊ ငါသည် သင်တို့ကို စွဲချက်တင်မည်။ ငါသည် ဘုရားသခင်ဖြစ်တော်မူ၏။ သင်တို့၏ ဘုရားသခင်လည်း ဖြစ်တော်မူ၏။-
Psal BurCBCM 50:8  သင်တို့၏ ပူဇော်သကာများအတွက် ငါသည် သင်တို့ကို အပြစ်မတင်ပေ။ သင်တို့၏ မီးရှို့ပူဇော်ရာများသည်လည်း ငါ၏မျက်မှောက်တွင် အစဉ်မပြတ်ရှိကြ၏။-
Psal BurCBCM 50:9  ငါသည် သင်တို့၏ခြံထဲမှ နွားကိုလည်းကောင်း၊ သင်တို့၏ဆိတ်အုပ်ထဲမှ ဆိတ်တို့ကိုလည်းကောင်း အလိုမရှိပေ။-
Psal BurCBCM 50:10  တောတိရစ္ဆာန်တိုင်းနှင့် ထောင်ပေါင်းများစွာသော တောင်ကုန်းများပေါ်ရှိ နွားအုပ်များသည် ငါပိုင်ဆိုင်သော အရာများဖြစ်၏။-
Psal BurCBCM 50:11  တောင်တန်းများရှိ ကျေးငှက်အပေါင်းကို ငါသိ၏။ လယ်ကွင်းပြင်ရှိ ဖန်ဆင်းခံသတ္တဝါများသည်လည်း ငါပိုင်ဆိုင်သော အရာများဖြစ်ကြ၏။
Psal BurCBCM 50:12  အကယ်၍ ငါသည် ဆာမွတ်ခဲ့ပါလျှင် သင်တို့ကို ပြောလိမ့်မည်မဟုတ်။ အကြောင်းမူကား ကမ္ဘာမြေကြီးနှင့် ၎င်းအပေါ်တွင် ရှိသမျှတို့သည် ငါ၏ပိုင်ဆိုင်ရာများသာ ဖြစ်သောကြောင့်တည်း။-
Psal BurCBCM 50:13  ငါသည် နွားတို့၏အသားကို စားသလော။ သို့တည်းမဟုတ် ဆိတ်တို့၏အသွေးကို သောက်သုံးသလော။-
Psal BurCBCM 50:14  ကျေးဇူးတင်ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အား ပူဇော်လော့။ အမြင့်ဆုံးသော အရှင်ထံ သင်တို့ပြုထားသည့် ကတိသစ္စာ တို့ကို ဖြည့်ဆည်းကြလော့။-
Psal BurCBCM 50:15  ဒုက္ခရောက်ချိန်၌ ငါ့အားတမ်းတကြလော့။ ငါသည် သင်တို့ကို ကယ်တင်မည်။ သင်တို့သည်လည်း ငါ၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြလိမ့်မည်။
Psal BurCBCM 50:16  သို့ရာတွင် သူယုတ်မာတို့အား ထာ၀ရဘုရားသခင် မိန့်တော်မူသည်မှာ ငါ၏ပညတ်များကို ရွတ်ဆိုရန်၊ သို့မဟုတ် ငါ၏ပဋိညာဉ်တော်ကို သင်တို့၏ နှုတ်ဖျားတွင်ရှိစေရန် သင်တို့၌ မည်သို့အခွင့်ရှိသနည်း။-
Psal BurCBCM 50:17  အကြောင်းမူကား သင်တို့သည် ငါ၏သွန်သင်ဆုံးမမှုကို မုန်းတီးကြပြီး ငါ၏စကားများကို ကျောခိုင်းကြ၏။-
Psal BurCBCM 50:18  သင်တို့သည် တွေ့သမျှသော သူခိုးတိုင်းနှင့် မိတ်ဖွဲ့ကြပြီး အိမ်ထောင်ရေး ဖောက်ပြန်သူများနှင့် အပေါင်းအသင်းပြုကြသော ကြောင့်ဖြစ်၏။
Psal BurCBCM 50:19  သင်သည် သင်၏နှုတ်ကို မကောင်းပြောရန် အသုံးပြုပြီး သင်၏လျှာကိုလည်း လိမ်လည်လှည့်စားရန် အသင့်ပြင်ဆင် ထား၏။-
Psal BurCBCM 50:20  သင်သည် ထိုင်လျက် မိမိ၏ညီအစ်ကိုကို ဆန့်ကျင်ပြောဆိုတတ်၏။ သင်သည် သင့်မိခင်၏သားကို အသရေဖျက်၏။-
Psal BurCBCM 50:21  သင်သည် ဤအမှုတို့ကို ပြုမူပြီးနောက် ငါသည် တိတ်ဆိတ်စွာနေရမည်လော။ ငါ့အား သင်ကဲ့သို့သော လူတစ်ဦးဟူ၍ သင်ထင်မှတ်သလော။ သို့ရာတွင် ယခုငါသည် သင့်အား ပြစ်တင်ဆုံးမ၍ သင်၏ အပြစ်ကို စွဲချက်တင်မည်။
Psal BurCBCM 50:22  ဘုရားသခင်ကို မေ့လျော့သော အသင်တို့၊ ဤအချက်ကို ဆင်ခြင်ကြလော့။ ထိုသို့မဟုတ်လျှင် ငါသည် သင်တို့ကို အစိတ်စိတ်အမြွှာမြွှာ ပျက်စီးစေမည်။ သင်တို့ကို ကယ်တင်မည့်သူ တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်။-
Psal BurCBCM 50:23  ကျေးဇူးတင်ချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူတို့သည် ငါ့ကိုရိုသေဂုဏ်ပြုကြ၏။ ထာ၀ရဘုရားသခင်၏ ကယ်တင် တော်မူခြင်း ကျေးဇူးကို သူတို့အား ငါပြသမည်။