PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 72
Psal | BurCBCM | 72:1 | အိုဘုရားသခင်၊ ဘုရင်မင်းမြတ်အား ကိုယ်တော်၏ တရားမျှတမှုကိုလည်းကောင်း၊ ဘုရင်မင်းမြတ်၏သားတော်အား ကိုယ်တော်၏ ဖြောင့်မတ်မှန်ကန်မှုကိုလည်းကောင်း ပေးတော်မူပါ။- | |
Psal | BurCBCM | 72:2 | သူသည် ကိုယ်တော်၏လူမျိုးတော်ကို ဖြောင့်မတ်မှန်ကန်ခြင်းဖြင့်လည်းကောင်း၊ ဆင်းရဲသောသူတို့ကို တရားမျှတမှုဖြင့်လည်းကောင်း စီရင်မှုပြုနိုင်ပါစေ။- | |
Psal | BurCBCM | 72:3 | တောင်တန်းတို့သည် ကိုယ်တော်၏လူမျိုးတော်အတွက် ကြွယ်၀ချမ်းသာခြင်းကိုလည်းကောင်း၊ တောင်ငယ်တို့သည် ဖြောင့်မတ်မှန်ကန်မှုကိုလည်းကောင်း ဖြစ်ထွန်းကြပါစေ။- | |
Psal | BurCBCM | 72:4 | ထိုမင်းသည် ကိုယ်တော်၏ လူမျိုးတော်တွင် ဆင်းရဲသောသူတို့ဘက်၌ ကာကွယ်မှုပေးပြီး ချို့တဲ့နွမ်းပါးသောသူတို့ကို ကယ်တင်လျက် ဖိနှိပ်သူတို့ကို ချေမှုန်းတော်မူပါစေ။ | |
Psal | BurCBCM | 72:5 | နေသည် ထွန်းလင်း၍ လသည် အလင်းရောင်ပေးသမျှ ကာလပတ်လုံး သူသည် အစဉ်အဆက် အသက်ရှင်ပါစေသော်။- | |
Psal | BurCBCM | 72:6 | သူသည် ရိတ်ထားသောမြက်ခင်းပေါ်သို့ ကျရောက်သော မိုးပေါက်များကဲ့သို့လည်းကောင်း၊ ကမ္ဘာမြေပေါ်တွင် ရွာသွန်းသော မိုးကဲ့သို့လည်းကောင်းဖြစ်ပါစေ။- | |
Psal | BurCBCM | 72:7 | သူ၏လက်ထက်တော်၌ ဖြောင့်မတ်မှန်ကန်ခြင်းတရား ထွန်းကားပါစေ။ လ၏အလင်း ကုန်ဆုံးသွားသည့်တိုင်အောင် ငြိမ်းချမ်းသာယာခြင်းသည် ကျယ်ပြန့်စွာ စိုးမိုးပါစေ။ | |
Psal | BurCBCM | 72:8 | သူသည် ပင်လယ်တစ်ခုမှ တစ်ခုသို့လည်းကောင်း၊ မြစ်တစ်စင်းမှ ကမ္ဘာမြေကြီးစွန်းတိုင်အောင်လည်းကောင်း စိုးမိုးအုပ်ချုပ်လိမ့်မည်။- | |
Psal | BurCBCM | 72:9 | တောကန္တာရတွင်ရှိသော လူမျိုးအပေါင်းတို့သည် မင်းကြီး၏ရှေ့တော်၌ ဦးညွတ်ကြလိမ့်မည်။ သူ၏ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြရလိမ့်မည်။- | |
Psal | BurCBCM | 72:10 | တာရှစ်မင်းတို့နှင့် ကျွန်းများမှဘုရင်တို့သည် သူ့အား အခွန်ဆက်သကြလိမ့်မည်။ ရှီဘမင်းနှင့် ဆေဘမင်းတို့သည်လည်း လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြလိမ့်မည်။- | |
Psal | BurCBCM | 72:11 | ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် သူ၏ရှေ့တော်တွင် ပျပ်ဝပ်ကြလိမ့်မည်။ ခပ်သိမ်းသော လူမျိုးတို့သည်လည်း သူ့ကို အစေခံကြလိမ့်မည်။ | |
Psal | BurCBCM | 72:12 | အကြောင်းမူကား မင်းကြီးသည် မိမိအား ဟစ်အော်တမ်းတသော ငတ်မွတ်သူတို့အားလည်းကောင်း၊ ခိုကိုးရာမဲ့ ဆင်းရဲသားတို့အားလည်းကောင်း ကယ်တင်တော်မူလေ၏။- | |
Psal | BurCBCM | 72:13 | သူသည် အားနည်းနုံချာသည့် ဆင်းရဲသောသူတို့နှင့် နွမ်းပါးသောသူတို့ကို သနား၍ငတ်မွတ်သော သူတို့၏အသက်ကိုလည်း ကယ်တင်တော်မူ၏။- | |
Psal | BurCBCM | 72:14 | သူသည် ဖိနှိပ်ချုပ်ချယ်မှုနှင့် အကြမ်းဖက်မှုထဲမှ ထိုသူတို့ကို ရွေးနုတ်ကယ်တင်တော်မူလိမ့်မည်။ အကြောင်းမူကား သူတို့၏သွေးသည် သူ၏ရှေ့မျက်မှောက်တွင် အဖိုးထိုက်တန်လှပေ၏။ | |
Psal | BurCBCM | 72:15 | သူသည် သက်တော်ရှည်ပါစေသော်။ သူသည် ရှီဘပြည်မှရွှေများကို လက်ဆောင်ပဏ္ဏာအဖြစ် ရရှိပါစေသော်။ လူတို့သည် သူ့အတွက် ဆုတောင်းပတ္ထနာများကို နေ့စဉ်မပြတ်ပြုကြပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို နေ့စဉ်နေ့တိုင်း ခံစားရစေရန် တောင်းလျှောက်ကြပါစေ။- | |
Psal | BurCBCM | 72:16 | မြေပေါ်၌ ကောက်ပဲသီးနှံကြွယ်၀ပါစေ။ တောင်ထိပ်များပေါ်မှာ သီးနှံများယိမ်းနွဲ့လျက်ရှိပါစေ။ အသီးအပွင့်တို့သည်လည်း လေဘနွန်တောကဲ့သို့ဖြစ်ပါစေ။ လယ်ကွင်းပြင်ရှိ မြက်များကဲ့သို့ လူတို့သည် မြို့ကြီးများတွင် ဝေဆာတိုးပွားကြပါစေ။- | |
Psal | BurCBCM | 72:17 | သူ၏နာမသည် အစဉ်အမြဲတည်ပါစေသော်။ သူ၏ဂုဏ်သတင်းသည်လည်း နေမင်းကြီးတည်သရွေ့ ဆက်လက်တည်တံ့ ပါစေ။ လူအပေါင်းတို့သည် သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံကြရပါစေ။ လူမျိုးအပေါင်းတို့သည် သူ့ကို မင်္ဂလာရှိသူဟုခေါ်ဝေါ် ကြပါစေ။ | |
Psal | BurCBCM | 72:18 | အစ္စရာအဲလ်လူမျိုး၏ ဘုရားဖြစ်တော်မူသော ထာ၀ရဘုရားသခင်သည် မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင် အံ့ဖွယ်အမှုတို့ကို ပြုလုပ်တော်မူ၏။- | |
Psal | BurCBCM | 72:19 | ကိုယ်တော်၏ ဘုန်းတန်ခိုးကြီးတော်မူသောနာမတော်သည် ကာလအဆက်ဆက်မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည် မြေတစ်ပြင်လုံး၌ ပြည့်နှက်လျက်ရှိ၏။ အာမင်၊ အာမင်။ | |