Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 24
Psal BurCBCM 24:1  ထာ၀ရဘုရားသခင်သည် မြေကြီးနှင့်မြေကြီးပေါ်ရှိ လူသတ္တဝါတို့ကိုလည်းကောင်း၊ လောကနှင့် လောကတွင်ရှိသော အရာတို့ကိုလည်းကောင်း စိုးပိုင်တော်မူ၏။-
Psal BurCBCM 24:2  အကြောင်းမူကား ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ပင်လယ်များပေါ်တွင် အုတ်မြစ်ချ၍ မြစ်များပေါ်တွင် ၎င်းကို တည်ဆောက်တော်မူ၏။
Psal BurCBCM 24:3  ထာ၀ရဘုရားသခင်၏ တောင်တော်ပေါ်သို့ မည်သူတက်ရလိမ့်မည်နည်း။ ကိုယ်တော်၏ သန့်ရှင်းရာဌာနတွင် မည်သူ နေရလိမ့်မည်နည်း။-
Psal BurCBCM 24:4  အပြစ်ကင်းစင်သော လက်များနှင့် စင်ကြယ်သော နှလုံးသားရှိသူ၊ မှားယွင်းသည့် အရာများကို မိမိ၏ဝိညာဉ်ဖြင့် မဆည်းကပ်သူနှင့် ကောက်ကျစ်စဉ်းလဲစွာ ကျိန်ဆိုခြင်း မပြုသူပင်ဖြစ်၏။-
Psal BurCBCM 24:5  ထိုသူသည် ထာ၀ရဘုရားသခင်ထံတော်မှ ကောင်းချီးမင်္ဂလာနှင့် ကယ်တင်တော်မူသော ဘုရားသခင်အထံတော်မှ အပြစ်ကင်းစင်ကြောင်း အာမခံချက်တို့ကို ရရှိလိမ့်မည်။-
Psal BurCBCM 24:6  ထိုသို့သောလူမျိုးသည် ဘုရားသခင်ကို ရှာဖွေသောသူ၊ ယာကုပ်၏ ဘုရားသခင်မျက်နှာတော်ကို ရှာဖွေသောသူပင်ဖြစ်၏။
Psal BurCBCM 24:7  အချင်းတံခါးတို့၊ သင်တို့၏ တံခါးမုခ်များကို ကြွလိုက်ကြလော့။ ရှေးဟောင်းတံခါးတို့၊ ဘုန်းကြီးတော်မူသောဘုရင် ကြွဝင်နိုင်ရန် ဖွင့်ပေးကြလော့။-
Psal BurCBCM 24:8  ဘုန်းကြီးတော်မူသော ဘုရင်ကား မည်သူနည်း။ ထိုအရှင်ကား ခွန်အားတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာ၀ရဘုရားသခင်၊ စစ်တိုက်ခြင်း၌ တန်ခိုးကြီးတော်မူသော ထာ၀ရဘုရားသခင်ပင် ဖြစ်တော်မူ၏။-
Psal BurCBCM 24:9  အချင်းတံခါးတို့၊ သင်တို့၏တံခါးမုခ်များကို ကြွလိုက်ကြလော့။ ရှေးဟောင်းတံခါးတို့၊ ဘုန်းကြီးတော်မူသောဘုရင် ကြွဝင်နိုင်ရန် ဖွင့်ပေးကြလော့။-
Psal BurCBCM 24:10  ဘုန်းကြီးတော်မူသော ဘုရင်ကား မည်သူနည်း။ ထိုအရှင်ကား ကောင်းကင်ဗိုလ်ခြေတို့၏အရှင် ထာ၀ရဘုရားသခင်ပင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ဘုန်းကြီးတော်မူသော ဘုရင်ဖြစ်တော်မူ၏။