PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 119
Psal | BurCBCM | 119:1 | ထာ၀ရဘုရားသခင်၏ တရားတော်နှင့်အညီ လျှောက်လှမ်းရာတွင် အပြစ်တင်ဖွယ်မရှိသော လမ်းစဉ်ကိုလိုက်သော သူတို့သည် မင်္ဂလာရှိကြ၏။- | |
Psal | BurCBCM | 119:2 | ကိုယ်တော်၏ သွန်သင်ချက်များကို လိုက်နာထိန်းသိမ်း၍ စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော့်ကို ရှာဖွေသောသူတို့သည် မင်္ဂလာရှိကြ၏။- | |
Psal | BurCBCM | 119:3 | ထိုသူတို့သည် မကောင်းမှုတစ်စုံတစ်ခုကိုမျှ မပြုကြဘဲ ကိုယ်တော်၏တရားလမ်းအတိုင်း လျှောက်လှမ်းကြ၏။- | |
Psal | BurCBCM | 119:5 | ကိုယ်တော်၏ ပညတ်ဥပဒေတို့ကို လိုက်နာရာ၌ အကျွန်ုပ်သည် တည်ကြည်မြဲမြံစွာ လျှောက်လှမ်းနိုင်ပါစေ။- | |
Psal | BurCBCM | 119:6 | အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော်အလုံးစုံတို့အပေါ် အာရုံပြုပါလျှင် အရှက်တကွဲဖြစ်ရလိမ့်မည်မဟုတ်ပါ။- | |
Psal | BurCBCM | 119:7 | အကျွန်ုပ်သည် ကိုယ်တော်၏ဖြောင့်မှန်သော စီရင်တော်မူချက်များကို သင်ယူမှတ်သားလျက် မှန်ကန်သောနှလုံးသားဖြင့် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါမည်။- | |
Psal | BurCBCM | 119:8 | အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများကို လိုက်နာကျင့်ကြံပါမည်။ အကျွန်ုပ်ကို လုံးလုံးလျားလျား စွန့်ပစ်ထား တော်မမူပါနှင့်။ | |
Psal | BurCBCM | 119:9 | လူငယ်တစ်ဦးသည် မိမိ၏ဘ၀ခရီးလမ်းကို အပြစ်ကင်းစင်စွာ မည်ကဲ့သို့လျှောက်လှမ်းနိုင်မည်နည်း။ ကိုယ်တော်၏ နှုတ်တော်ထွက်စကားအတိုင်း လိုက်နာစောင့်ထိန်းခြင်းအားဖြင့်သာ လျှောက်လှမ်းနိုင်ပါ၏။- | |
Psal | BurCBCM | 119:10 | အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော့်ကို ရှာဖွေပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များမှ လမ်းလွဲ၍ မသွားရပါစေနှင့်။- | |
Psal | BurCBCM | 119:11 | ကိုယ်တော့်ကို ထိခိုက်ပြစ်မှားခြင်း အပြစ်မကျူးလွန်မိစေရန် ကိုယ်တော်၏နှုတ်တော်ထွက်စကားကို အကျွန်ုပ်၏ စိတ်နှလုံးထဲတွင် သိမ်းပိုက်ထားပါပြီ။- | |
Psal | BurCBCM | 119:12 | အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် မင်္ဂလာရှိတော်မူပါ၏။ အကျွန်ုပ်အား ကိုယ်တော်၏ ပညတ်ဥပဒေများကို သင်ကြားပေးတော်မူပါ။- | |
Psal | BurCBCM | 119:13 | ကိုယ်တော်၏နှုတ်တော်မှထွက်သော စီရင်ချက်များကို အကျွန်ုပ်၏နှုတ်ဖြင့် ကြေညာဟောပြောပါ၏။- | |
Psal | BurCBCM | 119:14 | အကျွန်ုပ်သည် စည်းစိမ်ဥစ္စာ ကြွယ်၀ခြင်းကိုရထားသကဲ့သို့ ကိုယ်တော်၏သွန်သင်ချက်များကို နှစ်သက်ပါ၏။- | |
Psal | BurCBCM | 119:15 | ကိုယ်တော်၏ဥပဒေတော်များကို အကျွန်ုပ်အောက်မေ့လျက် ကိုယ်တော်၏တရားလမ်းများကို အစဉ်အာရုံစူးစိုက်ပါမည်။- | |
Psal | BurCBCM | 119:16 | ကိုယ်တော်၏ ပညတ်ဥပဒေများကို အကျွန်ုပ်နှစ်သက်မြတ်နိုးပါမည်။ ကိုယ်တော်၏ နှုတ်တော်ထွက်စကားကို အကျွန်ုပ် မေ့လျော့လိမ့်မည်မဟုတ်ပါ။ | |
Psal | BurCBCM | 119:17 | အကျွန်ုပ်သည် အသက်ရှင်၍ ကိုယ်တော်၏နှုတ်တော်ထွက်စကားကို လိုက်နာစောင့်ထိန်းနိုင်ရန် ကိုယ်တော်၏အစေခံကို ကျေးဇူးပြုတော်မူပါ။- | |
Psal | BurCBCM | 119:18 | ကိုယ်တော်၏ပညတ်တရားများမှ အံ့ဖွယ်ရာတို့ကိုတွေ့မြင်နိုင်ရန် အကျွန်ုပ်၏မျက်စိများကိုဖွင့်တော်မူပါ။- | |
Psal | BurCBCM | 119:19 | အကျွန်ုပ်သည် ကမ္ဘာပေါ်တွင် ဧည့်သည်မျှသာဖြစ်ပါ၍ ကိုယ်တော်၏ပညတ်တော်များကို အကျွန်ုပ်ထံမှ ဝှက်ကွယ်ထား တော်မမူပါနှင့်။- | |
Psal | BurCBCM | 119:20 | အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၏ စီရင်တော်မူချက်များကို အမြဲမပြတ် လိုလားတောင့်တလျက်ရှိပါ၏။- | |
Psal | BurCBCM | 119:21 | ကိုယ်တော်သည် မောက်မာထောင်လွှားသူများနှင့် ကိုယ်တော်၏ပညတ်တော်များမှ လမ်းလွဲသွားသောကြောင့် ပြစ်တင်ကျိန်ဆိုခြင်း ခံရသူများကို ဆုံးမတော်မူ၏။- | |
Psal | BurCBCM | 119:22 | ထိုသူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းများမှ အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏သွန်သင်ချက်များကို လိုက်နာစောင့်ထိန်းခဲ့ပါပြီ။- | |
Psal | BurCBCM | 119:23 | မင်းညီမင်းသားတို့သည် အကျွန်ုပ်ကို ဆန့်ကျင်ဘက်ပြုရန် ဝိုင်းဝန်းကြံစည်ကြသော်လည်း ကိုယ်တော်၏အစေခံသည် ပညတ်ဥပဒေများကိုသာ ဆင်ခြင်အောက်မေ့ပါမည်။- | |
Psal | BurCBCM | 119:24 | ကိုယ်တော်၏ သွန်သင်ချက်များသည် အကျွန်ုပ်ကိုနှစ်သက်ရွှင်လန်းစေပါ၏။ ယင်းတို့သည် အကျွန်ုပ်ကို အကြံပေးလမ်းညွန် ကြပါ၏။ | |
Psal | BurCBCM | 119:25 | အကျွန်ုပ်၏ဝိညာဉ်သည် မြေမှုန့်၌ တွယ်ကပ်လျက်ရှိပါ၏။ ကိုယ်တော်၏ နှုတ်တော်ထွက်စကားအားဖြင့် အကျွန်ုပ်ကို အသက်သွင်းပေးတော်မူပါ။- | |
Psal | BurCBCM | 119:26 | အကျွန်ုပ်၏လမ်းစဉ်များကို ကိုယ်တော်အား ဖော်ပြသောကြောင့် ကိုယ်တော်သည် အကျွန်ုပ်၏ဆုတောင်းခြင်းကို နားညောင်းတော်မူ၏။ ကိုယ်တော်၏ပညတ်ဥပဒေများကို အကျွန်ုပ်အား သွန်သင်တော်မူပါ။- | |
Psal | BurCBCM | 119:27 | အကျွန်ုပ်အား ကိုယ်တော်၏ပညတ်တော်တို့ကို သိရှိနားလည်စေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုအရာတို့ကို ဆင်ခြင်အောက်မေ့ပါမည်။- | |
Psal | BurCBCM | 119:28 | အကျွန်ုပ်၏ဝိညာဉ်သည် ဝမ်းနည်းကြေကွဲခြင်းကြောင့် အရည်ပျော်လျက်ရှိပါ၏။ ကိုယ်တော်၏ နှုတ်တော်ထွက်စကား အားဖြင့် အကျွန်ုပ်ကို ခွန်အားဖြည့်ပေးတော်မူပါ။- | |
Psal | BurCBCM | 119:29 | မှားယွင်းသောလမ်းကြောင်းများမှ အကျွန်ုပ်ကို ဝေးကွာစေတော်မူပါ။ ကိုယ်တော်၏ပညတ်တရားကို အကျွန်ုပ်အား ကရုဏာဖြင့် သွန်သင်ပေးတော်မူပါ။- | |
Psal | BurCBCM | 119:30 | အကျွန်ုပ်သည် သစ္စာရှိသောလမ်းကို ရွေးချယ်ပါပြီ။ ကိုယ်တော်၏ စီရင်တော်မူချက်များကို အကျွန်ုပ်ရှေ့၌ထားပါပြီ။- | |
Psal | BurCBCM | 119:31 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏သွန်သင်ချက်များကို လက်ကိုင်ထားပါ၏။ အကျွန်ုပ်ကို အရှက်တကွဲ မဖြစ်ပါစေနှင့်။- | |
Psal | BurCBCM | 119:32 | ကိုယ်တော်သည် အကျွန်ုပ်၏အသိဉာဏ်ကို ပိုမိုပွင့်လင်းစေတော်မူသောအခါ အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော် လမ်းအတိုင်း စိတ်အားထက်သန်စွာ လိုက်နာကျင့်ကြံပါမည်။ | |
Psal | BurCBCM | 119:33 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်အား ကိုယ်တော်၏ပညတ်တော်များနှင့် ဆိုင်သောလမ်းကို သွန်သင်တော်မူပါ။ အကျွန်ုပ်သည် သက်ဆုံးတိုင်အောင် လိုက်နာကျင့်ကြံပါမည်။- | |
Psal | BurCBCM | 119:34 | ကိုယ်တော်၏ပညတ်တော်ကို စောင့်ထိန်းနိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ကို ပေးသနားတော်မူပါ။ အကျွန်ုပ်သည် ထိုပညတ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာစောင့်ထိန်းပါမည်။- | |
Psal | BurCBCM | 119:35 | အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို နှစ်သက်မြတ်နိုးသောကြောင့် ပညတ်တော်တို့၏လမ်း၌ အကျွန်ုပ်ကို ဦးဆောင်တော်မူပါ။- | |
Psal | BurCBCM | 119:36 | မတရားမှုဖြင့်ရရှိသော အကျိုးအမြတ်ဘက်သို့ အကျွန်ုပ်၏စိတ်နှလုံးကို မပါစေဘဲ ကိုယ်တော်၏သွန်သင်ချက်များဘက်သို့ ဆွဲဆောင်တော်မူပါ။- | |
Psal | BurCBCM | 119:37 | အကျိုးမဲ့သောအရာများကို မျက်ကွယ်ပြုစေရန် အကျွန်ုပ်၏မျက်စိများကို လွှဲဖယ်ပေးတော်မူပါ။ ကိုယ်တော်၏လမ်းတော်၌ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။- | |
Psal | BurCBCM | 119:38 | ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသော သူတို့အပေါ်၌ ကိုယ်တော်ထားတော်မူသော ကတိတော်ကို ကိုယ်တော်၏အစေခံ ဖြစ်သောအကျွန်ုပ်အပေါ်၌ တည်မြဲစေတော်မူပါ။- | |
Psal | BurCBCM | 119:39 | အကျွန်ုပ် ကြောက်ရွံ့သောပြစ်တင်ကဲ့ရဲ့ခြင်းကို ဖယ်ရှားတော်မူပါ။ အကြောင်းမူကား ကိုယ်တော်၏ စီရင်တော်မူချက် တို့သည် ကောင်းမြတ်လှပေ၏။- | |
Psal | BurCBCM | 119:40 | အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို တောင့်တပါ၏။ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်း၌ အကျွန်ုပ်ကို အသစ်တစ်ဖန် ပြုပြင်တော်မူပါ။ | |
Psal | BurCBCM | 119:41 | အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် ကိုယ်တော် ကတိထားတော်မူသော ကယ်တင်ခြင်း တို့သည် အကျွန်ုပ်ထံသို့ သက်ရောက်ပါစေ။- | |
Psal | BurCBCM | 119:42 | သို့မှသာလျှင် အကျွန်ုပ်သည် ကဲ့ရဲ့စော်ကားသူတို့ကို ပြန်လည်ပြောဆိုနိုင်ပါလိမ့်မည်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ နှုတ်တော်ထွက်စကားကို ယုံကြည်ကိုးစားသောကြောင့်ဖြစ်ပါ၏။- | |
Psal | BurCBCM | 119:43 | ကိုယ်တော်၏ စီရင်တော်မူချက်များ၌ အကျွန်ုပ်မျှော်လင့်အားထားသောကြောင့် သစ္စာသမ္မာတရားနှင့်ဆိုင်သော စကားတို့ကို အကျွန်ုပ်၏နှုတ်မှ လုံးလုံးလျားလျား ရုပ်သိမ်းတော်မမူပါနှင့်။- | |
Psal | BurCBCM | 119:44 | အကျွန်ုပ်သည် ထာ၀ရအဆက်ဆက် ကိုယ်တော်၏ ပညတ်တရားကို အဆက်မပြတ်လိုက်နာစောင့်ထိန်းပါမည်။- | |
Psal | BurCBCM | 119:45 | အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေများကို ရှာဖွေဆည်းပူးသောကြောင့် လွတ်လပ်စွာ သွားလာနေထိုင်ရပါလိမ့်မည်။- | |
Psal | BurCBCM | 119:46 | အကျွန်ုပ်သည် ကိုယ်တော်၏သွန်သင်ချက်များကို ဘုရင်တို့၏ရှေ့တွင်လည်း ဖော်ထုတ်ပြောဆိုပါမည်။ အကျွန်ုပ်သည် အရှက်တကွဲဖြစ်ရလိမ့်မည်မဟုတ်။- | |
Psal | BurCBCM | 119:47 | အကြောင်းမူကား အကျွန်ုပ်သည် အကျွန်ုပ်ချစ်မြတ်နိုးသော ကိုယ်တော်၏ပညတ်တော်များ၌ နှစ်သက်မွေ့လျော်ပါ၏။- | |
Psal | BurCBCM | 119:48 | အကျွန်ုပ်ချစ်မြတ်နိုးသော ပညတ်တော်များကို ရိုသေလေးစားပါ၏။ ကိုယ်တော်၏ပညတ်များကို အကျွန်ုပ် ဆင်ခြင်အောက်မေ့ပါမည်။ | |
Psal | BurCBCM | 119:49 | ကိုယ်တော်၏အစေခံအပေါ် ထားတော်မူသော ကိုယ်တော်၏ကတိတော်ကို သတိရတော်မူပါ။ ယင်းကတိတော်၌ ကိုယ်တော်သည် အကျွန်ုပ်အား မျှော်လင့်ခြင်းကို ပေးတော်မူ၏။- | |
Psal | BurCBCM | 119:50 | ကိုယ်တော်၏ကတိတော်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူသောကြောင့် ဆင်းရဲဒုက္ခရောက်သောအချိန်၌ အကျွန်ုပ်အတွက် အားပေးနှစ်သိမ့်ဖွယ်ရာဖြစ်ပါ၏။- | |
Psal | BurCBCM | 119:51 | ဘုရားတရားကင်းမဲ့သူတို့သည် အကျွန်ုပ်ကို ကဲ့ရဲ့လှောင်ပြောင်ကြသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တရားမှ ရှောင်ဖယ်သွားမည်မဟုတ်ပါ။- | |
Psal | BurCBCM | 119:52 | အိုထာ၀ရဘုရားသခင်၊ ရှေးကာလက ကိုယ်တော်သွန်သင်တော်မူခဲ့သော စီရင်ချက်များကို အကျွန်ုပ်အောက်မေ့ သတိရသောအခါ အကျွန်ုပ်သည် စိတ်သက်သာနှစ်သိမ့်မှုကိုရပါ၏။- | |
Psal | BurCBCM | 119:53 | ကိုယ်တော်၏တရားတော်ကို စွန့်ပယ်သော ဆိုးမိုက်သူများကြောင့် အကျွန်ုပ်သည် ပြင်းစွာအမျက်ထွက်မိပါ၏။- | |
Psal | BurCBCM | 119:54 | အကျွန်ုပ်သည် ဧည့်သည်အဖြစ် ခေတ္တနေရသောအိမ်တွင် ကိုယ်တော်၏ပညတ်ဥပဒေတို့သည် အကျွန်ုပ်သီဆိုရာသီချင်းများ ဖြစ်ပါ၏။- | |
Psal | BurCBCM | 119:55 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ညအချိန်၌ ကိုယ်တော်၏နာမတော်ကို အောက်မေ့သတိရလျက် ကိုယ်တော်၏ ပညတ်တော်တို့ကို စောင့်ထိန်းပါ၏။- | |
Psal | BurCBCM | 119:56 | ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းရသော ကောင်းချီးမင်္ဂလာတော်သည် အကျွန်ုပ်အပေါ်သို့ သက်ရောက်ပါ၏။ | |
Psal | BurCBCM | 119:57 | ထာ၀ရဘုရားသခင်သည် အကျွန်ုပ်၏ပိုင်ဆိုင်ရာဖြစ်ပါ၏။ ကိုယ်တော်၏နှုတ်တော်ထွက်စကားတို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ကတိပေးပါ၏။- | |
Psal | BurCBCM | 119:58 | ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်အား သနားတော်မူပါရန် အကျွန်ုပ်သည် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းလျှောက်ပါ၏။- | |
Psal | BurCBCM | 119:59 | အကျွန်ုပ်သည် မိမိ၏ဘ၀လမ်းခရီးကို ဆင်ခြင်သုံးသပ်သောအခါ ကိုယ်တော်၏သွန်သင်ချက်များသို့ ဦးတည်လျှောက်လှမ်း ပါ၏။- | |
Psal | BurCBCM | 119:60 | အကျွန်ုပ်သည် နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲလျက် ကိုယ်တော်၏ပညတ်တော်တို့ကို မဆိုင်းမတွလိုက်နာစောင့်ထိန်း ပါမည်။- | |
Psal | BurCBCM | 119:61 | ဆိုးမိုက်သူတို့၏ ကျော့ကွင်းများသည် အကျွန်ုပ်ကို ဝိုင်းရံထားသော်လည်း ကိုယ်တော်၏တရားတော်ကို အကျွန်ုပ် မေ့လျော့လိမ့်မည်မဟုတ်ပါ။- | |
Psal | BurCBCM | 119:62 | ကိုယ်တော်၏ ဖြောင့်မတ်သော စီရင်တော်မူချက်များကြောင့် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုရန် အကျွန်ုပ်သည် ညသန်းခေါင်ယံတွင် အိပ်ရာမှ နိုးထပါ၏။- | |
Psal | BurCBCM | 119:63 | အကျွန်ုပ်သည် ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူများနှင့် ပညတ်တရားတော်တို့ကို စောင့်ထိန်းလိုက်နာသူ ရှိသမျှတို့၏ အပေါင်းအဖော်ဖြစ်ပါ၏။- | |
Psal | BurCBCM | 119:64 | အိုထာ၀ရဘုရားသခင်၊ ကမ္ဘာမြေကြီးသည် ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ဖြင့် ပြည့်လျက်ရှိပါ၏။ အကျွန်ုပ်အား ကိုယ်တော်၏ပညတ်ဥပဒေတို့ကို သွန်သင်တော်မူပါ။ | |
Psal | BurCBCM | 119:65 | အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ကတိတော်အတိုင်း ကိုယ်တော်၏အစေခံအပေါ်၌ ကျေးဇူးပြုတော်မူပါ၏။- | |
Psal | BurCBCM | 119:66 | အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို ယုံကြည်ကိုးစားသောကြောင့် အကျွန်ုပ်အား ကောင်းစွာ စီရင်ဆုံးဖြတ်နိုင်ခြင်းနှင့် အသိဉာဏ်ကို သင်ကြားပေးတော်မူပါ။- | |
Psal | BurCBCM | 119:67 | အကျွန်ုပ်သည် ဘေးဒုက္ခသို့ မကျရောက်မီ လမ်းမှားသို့ရောက်ခဲ့ပါ၏။ ယခုမူကား အကျွန်ုပ်သည် ကိုယ်တော်၏ နှုတ်တော်ထွက်စကားအတိုင်း လိုက်နာစောင့်ထိန်းပါ၏။- | |
Psal | BurCBCM | 119:68 | ကိုယ်တော်သည် ကောင်းမြတ်၍ ကောင်းသောအရာတို့ကို ပြုလုပ်တော်မူပါ၏။ အကျွန်ုပ်အား ကိုယ်တော်၏ ပညတ်ဥပဒေတို့ကို သွန်သင်တော်မူပါ။- | |
Psal | BurCBCM | 119:69 | မောက်မာသူတို့သည် အကျွန်ုပ်ကို လိမ်လည်လှည့်ဖြားခြင်းများနှင့် ပေကျံစေကြပါ၏။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေများကို စိတ်အားရှိသမျှ လိုက်နာစောင့်ထိန်းပါ၏။- | |
Psal | BurCBCM | 119:70 | သူတို့၏နှလုံးသားများသည် အဆီခဲကဲ့သို့ ပိတ်ဆို့နေကြသော်လည်း အကျွန်ုပ်မူကား ကိုယ်တော်၏ပညတ်တရားကို နှစ်သက်မြတ်နိုးပါ၏။- | |
Psal | BurCBCM | 119:71 | အကျွန်ုပ်ဘေးဒုက္ခခံရခြင်းသည် ကောင်းလှပေ၏။ ဤသို့ဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများကို လေ့လာသင်ယူနိုင်ပါ၏။- | |
Psal | BurCBCM | 119:72 | ကိုယ်တော်၏ နှုတ်တော်ထွက်ပညတ်တရားတော်သည် အကျွန်ုပ်အတွက် ထောင်သောင်းမကသောရွှေ၊ ငွေတို့ထက် ပို၍ကောင်းလှပါ၏။ | |
Psal | BurCBCM | 119:73 | ကိုယ်တော်သည် ရွှေလက်တော်ဖြင့် အကျွန်ုပ်ကိုဖန်ဆင်း၍ ပုံသွင်းပြုပြင်ပေးတော်မူ၏။ ကိုယ်တော်၏ ပညတ်တော်များကို လေ့လာသင်ကြားနိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ကိုပေးသနားတော်မူပါ။- | |
Psal | BurCBCM | 119:74 | အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်ထွက်စကား၌ မျှော်လင့်အားကိုးသောကြောင့် ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသော သူတို့သည် အကျွန်ုပ်ကိုမြင်ကြသောအခါ ဝမ်းမြောက်ကြပါလိမ့်မည်။- | |
Psal | BurCBCM | 119:75 | အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ စီရင်ချက်များသည် ဖြောင့်မှန်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်ကို ဘေးဒုက္ခရောက်စေသော်လည်း ကိုယ်တော်သည် သစ္စာရှိစွာပြုတော်မူကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။- | |
Psal | BurCBCM | 119:76 | ကိုယ်တော်၏အစေခံအပေါ်၌ ထားတော်မူသောကတိတော်အတိုင်း ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် အကျွန်ုပ်ကို အားပေးနှစ်သိမ့်ပါစေ။- | |
Psal | BurCBCM | 119:77 | ကိုယ်တော်၏ပညတ်တရားသည် အကျွန်ုပ်နှစ်သက်မြတ်နိုးရာဖြစ်သောကြောင့် အကျွန်ုပ်အသက်ရှင်နိုင်ရန် အကျွန်ုပ် အပေါ်တွင် ကိုယ်တော်၏ သနားကရုဏာတော်ကို သက်ရောက်စေတော်မူပါ။- | |
Psal | BurCBCM | 119:78 | အကျွန်ုပ်ကို မတရားစွပ်စွဲ၍ အပြစ်ရှာကြသော ဘုရားတရားမဲ့သူတို့သည် အရှက်တကွဲဖြစ်ကြပါစေသော်။ အကျွန်ုပ်မူကား ကိုယ်တော်၏ပညတ်တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။- | |
Psal | BurCBCM | 119:79 | ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူတို့သည် ကိုယ်တော်၏သွန်သင်ချက်များကို သိနိုင်ရန် အကျွန်ုပ်ဘက်သို့ လှည့်ကြပါစေ။- | |
Psal | BurCBCM | 119:80 | အကျွန်ုပ်သည် အရှက်တကွဲမဖြစ်ရစေရန် ကိုယ်တော်၏ပညတ်ဥပဒေတို့ကို လိုက်နာစောင့်ထိန်းရာ၌ အကျွန်ုပ်၏ စိတ်နှလုံးကို အပြစ်တင်ခွင့်ကင်းစေတော်မူပါ။ | |
Psal | BurCBCM | 119:81 | အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော့်ထံမှကယ်တင်ခြင်းကို တောင့်တခြင်းကြောင့် အားလျော့ပင်ပန်းလျက်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်ထွက်စကားကို မျှော်လင့်အားထားပါ၏။- | |
Psal | BurCBCM | 119:82 | အကျွန်ုပ်၏မျက်စိများသည် ကိုယ်တော်၏ကတိတော်ကို စောင့်မျှော်ခြင်းအားဖြင့် အားယုတ်လာကြသောကြောင့် မည်သည့်အချိန်တွင် ကိုယ်တော်သည် အကျွန်ုပ်ကို အားပေးနှစ်သိမ့်တော်မူမည်နည်းဟု အကျွန်ုပ်မေးလျှောက်ပါ၏။- | |
Psal | BurCBCM | 119:83 | အကျွန်ုပ်သည် မီးလောင်ကျွမ်းထားသော စပျစ်ရည်ဘူးကဲ့သို့ ဖြစ်သော်လည်း ကိုယ်တော်၏ ပညတ်ဥပဒေများကို အကျွန်ုပ်မေ့လျော့ခြင်းမရှိပါ။- | |
Psal | BurCBCM | 119:84 | အချိန်မည်မျှကြာအောင် ကိုယ်တော်၏အစေခံသည် စောင့်ဆိုင်းရပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်သောသူတို့ကို မည်သည့်အချိန်တွင် ကိုယ်တော်စီရင်တော်မူမည်နည်း။- | |
Psal | BurCBCM | 119:85 | ဘုရားတရားမဲ့၍ ကိုယ်တော်၏တရားတော်ကို မလိုက်နာသောသူတို့သည် အကျွန်ုပ်အတွက် ထောင်ချောက်တွင်းများကို တူးထားကြပါပြီ။- | |
Psal | BurCBCM | 119:86 | ကိုယ်တော်၏ပညတ်တော်အားလုံးသည် ယုံကြည်စိတ်ချရပါ၏။ သူတို့သည် အကျွန်ုပ်ကို မတရားနှိပ်စက်ညှဉ်းပန်း ကြပါ၏။ အကျွန်ုပ်ကို ကူညီတော်မူပါ။- | |
Psal | BurCBCM | 119:87 | သူတို့သည် အကျွန်ုပ်ကို ကမ္ဘာမြေပေါ်မှ သုတ်သင်ရှင်းလင်းပစ်ရန် အောင်မြင်လုနီးပါးရှိပါပြီ။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများကို မစွန့်ပယ်ပါ။- | |
Psal | BurCBCM | 119:88 | အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်မှလာသော သွန်သင်ချက်များကို လိုက်နာစောင့်ထိန်းနိုင်ရန် ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်၌ အကျွန်ုပ်၏အသက်ကို ချမ်းသာပေးတော်မူပါ။ | |
Psal | BurCBCM | 119:89 | အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏နှုတ်တော်ထွက်စကားသည် ကောင်းကင်ဘုံ၌ အစဉ်ထာ၀ရတည်ရှိတော်မူပါ၏။- | |
Psal | BurCBCM | 119:90 | ကိုယ်တော်၏သစ္စာတော်သည် လူမျိုးအဆက်ဆက် တည်မြဲလျက်ရှိတော်မူပါ၏။ ကိုယ်တော်သည် ကမ္ဘာမြေကြီးကို တည်တော်မူခဲ့၍ ၎င်းသည် ဆက်လက်ရပ်တည်လျက်ရှိပါ၏။- | |
Psal | BurCBCM | 119:91 | အရာခပ်သိမ်းတို့သည် ကိုယ်တော်၏အစေခံများဖြစ်ကြသောကြောင့် ယင်းတို့ သည် ကိုယ်တော်စီရင်တော်မူသည့်အတိုင်း ယနေ့တိုင် ရပ်တည်နေကြ၏။- | |
Psal | BurCBCM | 119:92 | ကိုယ်တော်၏ပညတ်တရားသည် အကျွန်ုပ်အတွက် နှစ်သက်မြတ်နိုးဖွယ်ရာ မဖြစ်ခဲ့ပါလျှင် အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲ၌ ပျက်စီးခဲ့ပြီးဖြစ်ပါလိမ့်မည်။- | |
Psal | BurCBCM | 119:93 | အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို မည်သည့်အခါမျှမမေ့လျော့နိုင်ပါ။ အကြောင်းမူကား ကိုယ်တော်သည် ထိုပညတ်တော်များအားဖြင့် အကျွန်ုပ်ကို အသက်ရှင်ခွင့် ပေးတော်မူသောကြောင့်ဖြစ်ပါ၏။- | |
Psal | BurCBCM | 119:94 | ကိုယ်တော်သည် အကျွန်ုပ်ကို ပိုင်ဆိုင်တော်မူပါ၏။ အကျွန်ုပ်ကို ကယ်ဆယ်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော်များကို ရှာဖွေဆည်းပူးခဲ့ပါပြီ။- | |
Psal | BurCBCM | 119:95 | ဆိုးယုတ်သူတို့သည် အကျွန်ုပ်ကိုသုတ်သင်ဖျက်ဆီးရန် ချောင်းမြောင်းနေကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော်များကို စဉ်းစားဆင်ခြင်ပါ၏။- | |
Psal | BurCBCM | 119:96 | ပြည့်စုံသောအရာရှိသမျှတို့သည် အတိုင်းအတာတစ်ခုအထိသာ ပြည့်စုံကြကြောင်းကို အကျွန်ုပ်သိမြင်ခဲ့ပါ၏။ ကိုယ်တော်၏ ပညတ်တော်မူကား အတိုင်းအတာမရှိ ကျယ်ပြန့်ပြည့်စုံတော်မူပါ၏။ | |
Psal | BurCBCM | 119:97 | အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားကို အလွန်နှစ်သက်မြတ်နိုးပါ၏။ ကိုယ်တော်၏ပညတ်တရားကို အကျွန်ုပ်တစ်နေ့လုံး ဆင်ခြင်လျက် စိတ်အာရုံပြုပါ၏။- | |
Psal | BurCBCM | 119:98 | ကိုယ်တော်၏ပညတ်တော်သည် အကျွန်ုပ်ကို ရန်သူများထက် ပို၍ပညာရှိစေပါ၏။ အကြောင်းမူကား ထိုပညတ်တော်သည် အကျွန်ုပ်နှင့်အစဉ်ရှိသောကြောင့်တည်း။- | |
Psal | BurCBCM | 119:99 | အကျွန်ုပ်သည် အကျွန်ုပ်၏ဆရာအားလုံးတို့ထက် သိနားလည်ခွင့်ပိုမိုရရှိပါ၏။အကြောင်းမူကား ကိုယ်တော်၏ သွန်သင်ချက်များကို အကျွန်ုပ်ဆင်ခြင်၍ အာရုံပြုသောကြောင့်တည်း။- | |
Psal | BurCBCM | 119:100 | အကျွန်ုပ်သည် အသက်ကြီးသူများထက် ဉာဏ်ပညာကိုပို၍ရရှိပါ၏။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်ဥပဒေများကို လိုက်နာစောင့်ထိန်းသောကြောင့်ဖြစ်ပါ၏။- | |
Psal | BurCBCM | 119:101 | ကိုယ်တော်၏နှုတ်တော်ထွက်စကားကို လိုက်နာရန်အလို့ငှာ အကျွန်ုပ်သည် မကောင်းသောလမ်းရှိသမျှကို ရှောင်ရှား ပါ၏။- | |
Psal | BurCBCM | 119:102 | အကျွန်ုပ်သည် ကိုယ်တော်၏စီရင်တော်မူချက်များမှ သွေဖည်၍မသွားပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သွန်သင်တော်မူသောကြောင့်တည်း။- | |
Psal | BurCBCM | 119:103 | ကိုယ်တော်မိန့်မှာတော်မူသော စကားတို့သည် အကျွန်ုပ်၏လျှာပေါ်၌ အလွန်ချိုမြလှပါ၏။ ၎င်းတို့သည် အကျွန်ုပ်၏ ခံတွင်း၌ ပျားရည်ထက်ပင် ချိုမြပါ၏။- | |
Psal | BurCBCM | 119:104 | အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်ဖြင့် သိမြင်နားလည်ခြင်းကို ခံယူရရှိပါသောကြောင့် မကောင်းသော အကျင့်ဟူသမျှကို အကျွန်ုပ်မုန်းတီးပါ၏။ | |
Psal | BurCBCM | 119:105 | ကိုယ်တော်၏နှုတ်တော်ထွက်စကားသည် အကျွန်ုပ်၏ခြေတို့အတွက် မီးခွက်ဖြစ်၍ အကျွန်ုပ်သွားရာလမ်းကို အလင်းပေးပါ၏။- | |
Psal | BurCBCM | 119:106 | ကိုယ်တော်၏ဖြောင့်မှန်သော စီရင်ချက်များကို လိုက်နာစောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကျိန်ဆိုခဲ့ကြောင်းကို အကျွန်ုပ် အတည်ပြုပါ၏။- | |
Psal | BurCBCM | 119:107 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ဒုက္ခဆင်းရဲများစွာခံစားနေရပါ၏။ ကိုယ်တော်၏ ကတိတော်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။- | |
Psal | BurCBCM | 119:108 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ဆက်ကပ်သော ကျေးဇူးတင်ချီးမွမ်းရာပူဇော်သကာကို လက်ခံတော်မူပါ။ ကိုယ်တော်၏ စီရင်တော်မူချက်များကိုလည်း အကျွန်ုပ်အား သွန်သင်တော်မူပါ။- | |
Psal | BurCBCM | 119:109 | အကျွန်ုပ်၏အသက်တာသည် အကျွန်ုပ်၏လက်ထဲ၌ အစဉ်ရှိပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားကို မမေ့လျော့ပါ။- | |
Psal | BurCBCM | 119:110 | ဆိုးယုတ်သူတို့သည် အကျွန်ုပ်အတွက် ကျော့ကွင်းထောင်ထားကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်ဥပဒေများမှ သွေဖည်၍မသွားပါ။- | |
Psal | BurCBCM | 119:111 | ကိုယ်တော်၏သွန်သင်ချက်တို့သည် အကျွန်ုပ်အတွက် အစဉ်တည်နေမည့် အမွေအနှစ်များဖြစ်ကြပါ၏။ သွန်သင် တော်မူချက်တို့သည် အကျွန်ုပ်၏စိတ်နှလုံးအတွက် ဝမ်းမြောက်ပျော်ရွှင်ဖွယ်ရာဖြစ်ပါ၏။- | |
Psal | BurCBCM | 119:112 | အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေတို့ကို သက်ဆုံးတိုင်အောင် အဆက်မပြတ်လိုက်နာပါမည်ဟု သန္နိဋ္ဌာန်ပြုပါပြီ။ | |
Psal | BurCBCM | 119:113 | အကျွန်ုပ်သည် စိတ်နှစ်ခွရှိသောလူတို့ကို မုန်းတီးပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားကို နှစ်သက်မြတ်နိုးပါ၏။- | |
Psal | BurCBCM | 119:114 | ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာနှင့် အကာအကွယ်ဖြစ်တော်မူပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်ထွက် စကား၌ မျှော်လင့်အားထားပါ၏။- | |
Psal | BurCBCM | 119:115 | မကောင်းမှုကို ကျူးလွန်သောသူတို့၊ ငါ့ထံမှထွက်ခွာသွားကြလော့။ ငါသည် ငါ့ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ထိန်းမည်။- | |
Psal | BurCBCM | 119:116 | ကိုယ်တော်၏ ကတိတော်အတိုင်း အကျွန်ုပ်ကို အထောက်အကူပြုတော်မူပါ။ သို့မှသာလျှင် အကျွန်ုပ်သည် အသက် ရှင်ရပါလိမ့်မည်။ အကျွန်ုပ်၏မျှော်လင့်ချက်၌ အကျွန်ုပ်ကို အရှက်တကွဲမဖြစ်ပါစေနှင့်။- | |
Psal | BurCBCM | 119:117 | အကျွန်ုပ်ကို ကယ်တင်ရန် ကူညီမစတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို အစဉ်သတိပြုပါမည်။- | |
Psal | BurCBCM | 119:118 | ကိုယ်တော်၏ ပညတ်တော်များမှ လမ်းလွဲသွေဖည်သွားသူများကို ကိုယ်တော်သည် ပစ်ပယ်တော်မူ၏။ ထိုသူတို့၏ ကျွမ်းကျင်ပါးနပ်မှုများသည် အချည်းနှီးဖြစ်ပါ၏။- | |
Psal | BurCBCM | 119:119 | ကိုယ်တော်သည် ကမ္ဘာပေါ်ရှိ ဆိုးမိုက်သောသူရှိသမျှတို့ကို အမှိုက်သရိုက်ကဲ့သို့ သတ်မှတ်တော်မူ၏။ ထို့ကြောင့် အကျွန်ုပ် သည် ကိုယ်တော်၏သွန်သင်တော်မူချက်များကို နှစ်သက်မြတ်နိုးပါ၏။- | |
Psal | BurCBCM | 119:120 | ကိုယ်တော့်ကို ကြောက်ရွံ့သောကြောင့် အကျွန်ုပ်၏အသားများသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏ စီရင်တော်မူချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။ | |
Psal | BurCBCM | 119:121 | အကျွန်ုပ်သည် တရားမျှတမှန်ကန်သောအမှုတို့ကို ဆောင်ရွက်ခဲ့ပါပြီ။ ညှဉ်းပန်းနှိပ်စက်သူတို့၏လက်တွင် အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်။- | |
Psal | BurCBCM | 119:122 | ကိုယ်တော်၏ အစေခံ၊ အကျွန်ုပ်၏ကောင်းကျိူးကို အာမခံပေးတော်မူပါ။ ဘုရားတရားမဲ့သူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြပါစေနှင့်။- | |
Psal | BurCBCM | 119:123 | ကိုယ်တော့်ထံမှ ကယ်တင်ခြင်းကျေးဇူးတော်ကိုလည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မှန်သော ကတိတော်ပြည့်စုံခြင်းကို လည်းကောင်း စောင့်မျှော်ခြင်းဖြင့် အကျွန်ုပ်၏မျက်စိများသည် အားအင်ကုန်ခန်းလုပါပြီ။- | |
Psal | BurCBCM | 119:124 | ကိုယ်တော့်အစေခံကို ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်အတိုင်း ပြုမူဆက်ဆံတော်မူပါ။ ကိုယ်တော်၏ ပညတ်ဥပဒေများကို အကျွန်ုပ်အား သွန်သင်တော်မူပါ။- | |
Psal | BurCBCM | 119:125 | အကျွန်ုပ်သည် ကိုယ်တော်၏အစေခံဖြစ်ပါ၏။ ကိုယ်တော်၏သွန်သင်တော်မူချက်များကို အကျွန်ုပ်သိနိုင်ရန် အကျွန်ုပ်အား တတ်သိနားလည်ခြင်းကို ပေးသနားတော်မူပါ။- | |
Psal | BurCBCM | 119:126 | အိုထာ၀ရဘုရားသခင်၊ လူတို့သည် ကိုယ်တော်၏ ပညတ်တရားကို ဖောက်ဖျက်ကြသောကြောင့် ကိုယ်တော်သည် အပြစ်ဒဏ်ခတ်ရန် ယခုအချိန်ကျရောက်ပါပြီ။- | |
Psal | BurCBCM | 119:127 | အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို သာမန်ရွှေထက်မက ရွှေစင်တို့ထက်ပင် ပို၍နှစ်သက်မြတ်နိုးပါ၏။- | |
Psal | BurCBCM | 119:128 | ထို့ကြောင့် ကိုယ်တော်၏ပညတ်ဥပဒေရှိသမျှတို့သည် မှန်ကန်သည်ဟု အကျွန်ုပ်ခံယူသည်နှင့်အညီ မှားယွင်းသော လမ်းရှိသမျှတို့ကို အကျွန်ုပ်မုန်းတီးပါ၏။ | |
Psal | BurCBCM | 119:129 | ကိုယ်တော်၏သွန်သင်တော်မူချက်များသည် အံ့ဩဖွယ်ကောင်းလှပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ၎င်းတို့ကို စောင့်ထိန်းလိုက်နာပါ၏။- | |
Psal | BurCBCM | 119:130 | ကိုယ်တော်၏ နှုတ်တော်ထွက်စကားကို ဖော်ပြခြင်းသည် အလင်းကိုပေးပါ၏။ ရိုးသားသောသူတို့ကိုလည်း တတ်သိ နားလည်ခြင်းကို ပေးပါ၏။- | |
Psal | BurCBCM | 119:131 | အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို မျှော်လင့်တောင့်တရသောကြောင့် ပါးစပ်ကိုဟလျက် မောပန်းနေပါ၏။- | |
Psal | BurCBCM | 119:132 | ကိုယ်တော်သည် ကိုယ်တော်၏နာမတော်ကို ချစ်မြတ်နိုးသောသူတို့အား သနားတော်မူသည့်အတိုင်း အကျွန်ုပ်ဘက်သို့ လှည့်၍ ကြည့်ရှုစောင်မတော်မူပါ။- | |
Psal | BurCBCM | 119:133 | ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်၏ခြေလှမ်းများကို စွဲမြဲစေတော်မူပါ။ အပြစ်ဒုစရိုက်သည် အကျွန်ုပ်ကို မအုပ်စိုးပါစေနှင့်။- | |
Psal | BurCBCM | 119:134 | အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေတို့ကို လိုက်နာစောင့်ထိန်းနိုင်စေရန် အကျွန်ုပ်ကို လူတို့၏အနိုင်ကျင့်ဖိနှိပ်ခြင်း မှကယ်တော်မူပါ။- | |
Psal | BurCBCM | 119:135 | ကိုယ်တော်၏မျက်နှာတော်ကို ကိုယ်တော်၏အစေခံအပေါ်တွင် ထွန်းလင်းစေ၍ ကိုယ်တော်၏ပညတ်ဥပဒေများကို အကျွန်ုပ်အား သွန်သင်တော်မူပါ။- | |
Psal | BurCBCM | 119:136 | လူတို့သည် ကိုယ်တော်၏ပညတ်တရားကို မလိုက်နာကြသောကြောင့် အကျွန်ုပ်၏မျက်စိများသည် မျက်ရည်ချောင်း စီးလျက်နေပါ၏။ | |
Psal | BurCBCM | 119:137 | အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူပါ၏။ ကိုယ်တော်၏ စီရင်တော်မူချက်များသည်လည်း မှန်ကန်ကြပါ၏။- | |
Psal | BurCBCM | 119:138 | ကိုယ်တော်သည် သွန်သင်တော်မူချက်များကို သစ္စာတော်ဖြင့် ဖြောင့်မှန်စွာပြဋ္ဌာန်းတော်မူ၏။- | |
Psal | BurCBCM | 119:139 | အကျွန်ုပ်၏ရန်သူများသည် ကိုယ်တော်၏နှုတ်တော်ထွက်စကားများကို မေ့လျော့ကြသောကြောင့် အကျွန်ုပ်၏ စိတ်ထက်သန်မှုသည် အကျွန်ုပ်ကိုဖိစီးပါ၏။- | |
Psal | BurCBCM | 119:140 | ကိုယ်တော်၏ကတိတော်သည် အလွန်စင်ကြယ်တော်မူသည်ဖြစ်၍ ကိုယ်တော်၏အစေခံသည် ကတိတော်ကို နှစ်သက်မြတ်နိုးပါ၏။- | |
Psal | BurCBCM | 119:141 | အကျွန်ုပ်သည် သိမ်ငယ်၍ မထီလေးစားပြုခြင်းခံရပါ၏။ သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်ဥပဒေများကို မမေ့လျော့ပါ။- | |
Psal | BurCBCM | 119:142 | ကိုယ်တော်၏ဖြောင့်မတ်တော်မူခြင်းသည် အစဉ်ထာ၀ရဖြောင့်မှန်မျှတပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း မှန်ကန်ပါ၏။- | |
Psal | BurCBCM | 119:143 | ဒုက္ခဆင်းရဲနှင့် ပူပန်ခြင်းတို့သည် အကျွန်ုပ်အပေါ်သို့ ကျရောက်သော်လည်း ကိုယ်တော်၏ပညတ်တော်များကို အကျွန်ုပ်နှစ်သက်မြတ်နိုးပါ၏။- | |
Psal | BurCBCM | 119:144 | ကိုယ်တော်၏သွန်သင်ချက်များသည် အစဉ်ထာ၀ရ ဖြောင့်မှန်ပါ၏။ အကျွန်ုပ်အသက်ရှင်နိုင်ရန် သိနားလည်ခြင်းကို ပေးတော်မူပါ။ | |
Psal | BurCBCM | 119:145 | အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ အော်ဟစ်အသနားခံပါ၏။ အကျွန်ုပ်ကို တုံ့ပြန်တော်မူပါ၊ အိုထာ၀ရ ဘုရားသခင်။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများကို လိုက်နာစောင့်ထိန်းပါမည်။- | |
Psal | BurCBCM | 119:146 | အကျွန်ုပ်သည် ကိုယ်တော့်ကို အော်ဟစ်အသနားခံပါ၏။ အကျွန်ုပ်ကို ကယ်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ သွန်သင်ချက်များကို လိုက်နာစောင့်ထိန်းပါမည်။- | |
Psal | BurCBCM | 119:147 | အကျွန်ုပ်သည် နံနက်အရုဏ်မလာမီထ၍ အကူအညီရရန် အော်ဟစ်အသနားခံပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ နှုတ်တော်ထွက်စကား၌ မျှော်လင့်အားကိုးပါ၏။- | |
Psal | BurCBCM | 119:148 | ကိုယ်တော်၏ ကတိတော်ကိုဆင်ခြင်အောက်မေ့ရန် အကျွန်ုပ်၏မျက်စိတို့သည် တစ်ညလုံးပွင့်လျက် နိုးကြားစွာရှိပါ၏။- | |
Psal | BurCBCM | 119:149 | ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်၌ အကျွန်ုပ်၏တောင်းလျှောက်သံကို နားညောင်းတော်မူပါ။ အိုထာ၀ရဘုရား သခင်၊ ကိုယ်တော်၏စီရင်တော်မူချက်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။- | |
Psal | BurCBCM | 119:150 | အကျွန်ုပ်ကို နှိပ်စက်ညှဉ်းပန်းသူတို့သည် ဆိုးယုတ်သောအကြံအစည်ဖြင့် အနီးသို့ ချဉ်းကပ်လာနေကြပါပြီ။ ထိုသူတို့သည် ကိုယ်တော်၏ပညတ်တရားနှင့် ကင်းကွာနေသူများဖြစ်ကြပါ၏။- | |
Psal | BurCBCM | 119:151 | သို့သော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည်ကား အကျွန်ုပ်၏အနားတွင်ရှိတော်မူပါ၏။ ကိုယ်တော်၏ပညတ်တော် အားလုံးသည် မှန်ကန်ကြပါ၏။- | |
Psal | BurCBCM | 119:152 | ကိုယ်တော်သည် သွန်သင်တော်မူချက်များကို အစဉ်ထာ၀ရတည်စေရန် စီရင်ထားကြောင်း ကာလကြာမြင့်စွာကပင် အကျွန်ုပ်သိခဲ့ပါ၏။ | |
Psal | BurCBCM | 119:153 | အကျွန်ုပ်ခံရသော ဆင်းရဲဒုက္ခကို ကြည့်တော်မူ၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားတော်ကို မမေ့လျော့သောကြောင့်ဖြစ်ပါ၏။- | |
Psal | BurCBCM | 119:154 | အကျွန်ုပ်၏အမှုတွင် အကျွန်ုပ်ဘက်မှရပ်တည်၍ အကျွန်ုပ်ကို ရွေးနုတ်ကယ်တင်တော်မူပါ။ ကိုယ်တော်၏ကတိတော် အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။- | |
Psal | BurCBCM | 119:155 | ကယ်တင်ခြင်းသည် ဆိုးမိုက်သောသူတို့နှင့်ဝေးပါ၏။ အကြောင်းမူကား ဤသူတို့သည် ကိုယ်တော်၏ပညတ်ဥပဒေများကို ရှာဖွေဆည်းပူးခြင်း မရှိကြသောကြောင့်တည်း။- | |
Psal | BurCBCM | 119:156 | အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ကရုဏာသနားခြင်းသည် ကြီးမားတော်မူပါ၏။ ကိုယ်တော်၏စီရင်တော်မူချက် အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။- | |
Psal | BurCBCM | 119:157 | အကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်သူတို့နှင့် ရန်လိုမုန်းတီးသူတို့သည် များပြားလှပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ သွန်သင်ချက်များမှ ရှောင်လွှဲ၍မသွားပါ။- | |
Psal | BurCBCM | 119:158 | အကျွန်ုပ်သည် သစ္စာမဲ့သူတို့ကို စက်ဆုပ်ရွံရှာစွာကြည့်ပါ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကိုယ်တော်၏ ပညတ်တော်များကို မလိုက်နာသောကြောင့်ဖြစ်ပါ၏။- | |
Psal | BurCBCM | 119:159 | အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်ဥပဒေများကို မည်မျှနှစ်သက်မြတ်နိုးကြောင်း သုံးသပ်ဆင်ခြင်တော်မူပါ။ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်အတိုင်း အကျွန်ုပ်၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါ။- | |
Psal | BurCBCM | 119:160 | ကိုယ်တော့် နှုတ်တော်ထွက်စကား၏အချုပ်မှာ သမ္မာတရားပင်ဖြစ်ပါ၏။ ဖြောင့်မတ်သော စီရင်တော်မူချက်အပေါင်း တို့သည် အစဉ်ထာ၀ရတည်ရှိကြပါ၏။ | |
Psal | BurCBCM | 119:161 | မင်းစိုးရာဇာတို့သည် အကျွန်ုပ်ကို အကြောင်းမဲ့နှိပ်စက်ညှဉ်းပန်းကြပါ၏။ သို့သော်လည်း အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏နှုတ်တော်ထွက်စကားကိုသာ ကြောက်ရွံ့ပါ၏။- | |
Psal | BurCBCM | 119:162 | ကြွယ်၀သောဥစ္စာဘဏ္ဍာကို ရှာတွေ့သူကဲ့သို့ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်တော်ထွက်စကားကြောင့် ပျော်ရွှင် ဝမ်းမြောက်ပါ၏။- | |
Psal | BurCBCM | 119:163 | အကျွန်ုပ်သည် လိမ်ညာခြင်းကို ရွံရှာမုန်းတီးပါသော်လည်း ကိုယ်တော်၏ပညတ်တရားကိုမူ နှစ်သက်မြတ်နိုးပါ၏။- | |
Psal | BurCBCM | 119:164 | အကျွန်ုပ်သည် ကိုယ်တော်၏ဖြောင့်မတ်တော်မူသော စီရင်ချက်များအတွက် နေ့စဉ်ခုနစ်ကြိမ် ကိုယ်တော့်ကို ကျေးဇူးတင် ချီးမွမ်းပါ၏။- | |
Psal | BurCBCM | 119:165 | ကိုယ်တော်၏ပညတ်တရားကို နှစ်သက်မြတ်နိုးသောသူတို့သည် ကြီးစွာသောစိတ်နှလုံးငြိမ်းချမ်း သာယာခြင်းကို ရရှိကြပါ၏။ မည်သည့်အရာမျှ သူတို့ကို ပြိုလဲစေနိုင်လိမ့်မည်မဟုတ်ပါ။- | |
Psal | BurCBCM | 119:166 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်တော်မူခြင်းကို မျှော်လင့်၍ ကိုယ်တော်၏ ပညတ်တော်များကို လိုက်နာစောင့်ထိန်းပါ၏။- | |
Psal | BurCBCM | 119:167 | အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၏ သွန်သင်တော်မူချက်များကို လိုက်နာစောင့်ထိန်းပါ၏။ အကျွန်ုပ်သည် ၎င်းတို့ကို အတိုင်းထက်အလွန် နှစ်သက်မြတ်နိုးပါ၏။- | |
Psal | BurCBCM | 119:168 | အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်ဥပဒေများနှင့် သွန်သင်ချက်များကို လိုက်နာစောင့်ထိန်းပါ၏။ အကြောင်းမူကား အကျွန်ုပ်ပြုကျင့်သမျှသော လမ်းစဉ်တို့သည် ကိုယ်တော်၏ရှေ့တော်မှောက်တွင် ရှိကြပါ၏။ | |
Psal | BurCBCM | 119:169 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏အော်ဟစ်သံသည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ ကိုယ်တော်၏ ကတိတော်အတိုင်း အကျွန်ုပ်အား သိမြင်နားလည်တတ်ခြင်းကို ပေးတော်မူပါ။- | |
Psal | BurCBCM | 119:170 | အကျွန်ုပ်၏ အသနားခံတောင်းလျှောက်သံသည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ ကိုယ်တော်၏ ကတိတော်အတိုင်း အကျွန်ုပ်ကို ရွေးနုတ်ကယ်တင်တော်မူပါ။- | |
Psal | BurCBCM | 119:171 | ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ ပညတ်ဥပဒေတို့ကို သွန်သင်တော်မူသောကြောင့် အကျွန်ုပ်၏ နှုတ်ခမ်းများသည် ချီးမွမ်းထောမနာပြုခြင်းကို အစဉ်မပြတ် ကျူးအေးပါမည်။- | |
Psal | BurCBCM | 119:172 | ကိုယ်တော်၏ ပညတ်တော်အားလုံးတို့သည် ဖြောင့်မှန်မျှတကြသည်ဖြစ်၍ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ နှုတ်တော်ထွက်စကားအကြောင်းကို သီဆိုကျူးအေးပါမည်။- | |
Psal | BurCBCM | 119:173 | ကိုယ်တော်၏ လက်တော်သည် အကျွန်ုပ်ကိုကူညီစောင်မခြင်းငှာ အဆင်သင့်ဖြစ်ပါစေ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တရားတော်လမ်းကို ရွေးချယ်ခဲ့သောကြောင့်ဖြစ်ပါ၏။- | |
Psal | BurCBCM | 119:174 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံမှ ကယ်တင်တော်မူခြင်းကျေးဇူးကို တောင့်တပါ၏။ ကိုယ်တော်၏ ပညတ်တရားတော်သည် အကျွန်ုပ်၏ နှစ်သက်မြတ်နိုးဖွယ်ရာ ဖြစ်ပါ၏။- | |
Psal | BurCBCM | 119:175 | ကိုယ်တော်ရှင်အား ချီးမွမ်းထောမနာပြုနိုင်စေရန် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ ကိုယ်တော်၏စီရင်တော်မူချက် များသည် အကျွန်ုပ်ကို ကူညီစောင်မကြပါစေ။- | |