PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 109
Psal | BurCBCM | 109:2 | အကြောင်းမူကား ဆိုးယုတ်သူတို့နှင့် လိမ်လည်ကောက်ကျစ်သူတို့၏နှုတ်ဖျားသည် အကျွန်ုပ်ကိုဆန့်ကျင်ရန် ဖွင့်ဟကြပါ၏။ မုသားစကားပြောသော လျှာများဖြင့် အကျွန်ုပ်ကို ဆန့်ကျင်ပြောဆိုကြပါ၏။- | |
Psal | BurCBCM | 109:3 | သူတို့သည် မုန်းတီးသောစကားများဖြင့် အကျွန်ုပ်ကို ဝိုင်းရံထားကြပြီး အကြောင်းမဲ့တိုက်ခိုက်ကြပါ၏။- | |
Psal | BurCBCM | 109:4 | အကျွန်ုပ်သည် သူတို့အတွက် ဆုတောင်းပေးစဉ်တွင်ပင် သူတို့သည် အကျွန်ုပ်၏ မေတ္တာတရားကို ပြစ်တင်စွပ်စွဲခြင်းဖြင့် တုံ့ပြန်ကြပါ၏။- | |
Psal | BurCBCM | 109:5 | ဤနည်းဖြင့် သူတို့သည် အကောင်းကို မကောင်းဖြင့်လည်းကောင်း၊ အကျွန်ုပ်၏ချစ်ခြင်းကို မုန်းတီးခြင်းဖြင့်လည်းကောင်း ပေးဆပ်ကြပါ၏။ | |
Psal | BurCBCM | 109:6 | သူ့အား ဆန့်ကျင်ဘက်ပြုရန် ဆိုးယုတ်သော သူတစ်ယောက်ကို ခန့်အပ်ထားတော်မူပါ။ သူ၏လက်ယာဘက်တွင် သူ့ကို အပြစ်တင်စွပ်စွဲသူတစ်ယောက် ရှိနေပါစေ။- | |
Psal | BurCBCM | 109:7 | သူသည် ရုံးတင်စစ်ဆေးခြင်းခံရသောအခါ ပြစ်မှုထင်ရှားပါစေ။ သူ၏ဆုတောင်းပတ္ထနာသည်ပင်လျှင် အပြစ်မကောင်းမှု အဖြစ် သတ်မှတ်ခံရပါစေ။- | |
Psal | BurCBCM | 109:10 | သူ၏သားသမီးတို့သည် လှည့်လည်တောင်းစားသူများဖြစ်ကြပြီး ပြိုပျက်နေသော မိမိတို့၏နေထိုင်ရာအရပ်များမှ နှင်ထုတ်ခြင်းခံကြရပါစေ။- | |
Psal | BurCBCM | 109:11 | ကြွေးရှင်သည် သူ၌ရှိသမျှကို သိမ်းယူပြီး သူစိမ်းတို့သည် သူကြိုးစားရှာဖွေထားသည့်ဥစ္စာကို လုယူကြပါစေ။- | |
Psal | BurCBCM | 109:12 | သူ့အား သနားကြင်နာမည့်သူနှင့် သူ၏မိဘမဲ့သော သားသမီးတို့ကိုလည်း သနားကြင်နာမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပါစေနှင့်။- | |
Psal | BurCBCM | 109:13 | သူ၏မျိုးဆက် ပျောက်ကွယ်သွားပါစေ။ သူ၏အမည်နာမသည်လည်း ဒုတိယမျိုးဆက်မှ ပယ်ဖျက်ခြင်းခံရပါစေ။- | |
Psal | BurCBCM | 109:14 | သူ၏ဘိုးဘေးတို့ ပြုလုပ်ခဲ့သော မကောင်းမှုဒုစရိုက်များသည် ထာ၀ရဘုရားသခင်၏ ရှေ့တော်၌ မေ့လျော့ထားခြင်း မခံကြရပါစေနှင့်။ သူ့မိခင်၏အပြစ်သည်လည်း မည်သည့်အခါမျှ ပယ်ဖျက်ခြင်းမခံရပါစေနှင့်။- | |
Psal | BurCBCM | 109:15 | သူတို့၏အပြစ်များသည် ထာ၀ရဘုရားသခင်၏ ရှေ့တော်တွင် ဆက်လက်တည်ရှိလျက် သူ့ကိုအောက်မေ့ သတိရခြင်းသည်လည်း ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားပါစေ။- | |
Psal | BurCBCM | 109:16 | အကြောင်းမူကား သူသည် သနားကြင်နာမှုပြရန် သတိမရခဲ့သည့်အပြင် ဆင်းရဲသူ၊ ချို့တဲ့နွမ်းပါးသူနှင့် စိတ်နှလုံး ကြေကွဲသူတို့အား လိုက်လံသတ်ဖြတ်ခဲ့၏။- | |
Psal | BurCBCM | 109:17 | သူသည် ကျိန်ဆဲခြင်းကို နှစ်သက်ခဲ့၏။ ကျိန်ဆဲခြင်းများသည် သူ့အပေါ်ကျရောက်ပါစေ။ သူသည် ကောင်းချီးမင်္ဂလာကို မနှစ်သက်ခဲ့ပေ။ ၎င်းသည်လည်း သူ့ထံမှဝေးကွာပါစေ။- | |
Psal | BurCBCM | 109:18 | သူသည် ကျိန်ဆဲခြင်းကို အင်္ကျီဝတ်သကဲ့သို့ ဝတ်ဆင်ခဲ့၏။ ယင်းသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ရေကဲ့သို့လည်းကောင်း၊ သူ၏အရိုးများအတွင်းသို့ ဆီကဲ့သို့လည်းကောင်း စိမ့်ဝင်ပါစေ။- | |
Psal | BurCBCM | 109:19 | ထိုကျိန်ဆဲခြင်းသည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် ဝတ်ရုံကဲ့သို့လည်းကောင်း သူနေ့စဉ်ဝတ်ဆင်သည့် ခါးပတ်ကဲ့သို့လည်းကောင်းဖြစ်ပါစေ။ | |
Psal | BurCBCM | 109:20 | အထက်ပါအရာတို့သည် အကျွန်ုပ်ကို စွပ်စွဲအပြစ်တင်သူများနှင့် အကျွန်ုပ်ကို မကောင်းပြောဆိုသူများအတွက် ထာ၀ရဘုရားသခင်ထံတော်မှ လာသောဆုလာဘ်ဖြစ်ပါစေ။- | |
Psal | BurCBCM | 109:21 | အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်မူကား ကိုယ်တော်၏ နာမတော်ကိုထောက်၍ အကျွန်ုပ်အတွက် ဆောင်ရွက်ပေးတော်မူပါ။ ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်သည် ကောင်းမြတ်တော်မူသည်ဖြစ်၍ အကျွန်ုပ်ကို ကယ်ဆယ် တော်မူပါ။- | |
Psal | BurCBCM | 109:22 | အကြောင်းမူကား အကျွန်ုပ်သည် ဆင်းရဲချို့တဲ့ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် နာကျင်လျက်ရှိပါ၏။- | |
Psal | BurCBCM | 109:23 | အကျွန်ုပ်သည် ညနေချိန်အရိပ်ကဲ့သို့ ပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ။ အကျွန်ုပ်သည် ကျိုင်းကောင်ကဲ့သို့ ခါချခြင်း ခံရပါ၏။- | |
Psal | BurCBCM | 109:24 | အစာရှောင်ခြင်းကြောင့် အကျွန်ုပ်၏ဒူးများသည် အင်အားချည့်နဲ့လျက်ရှိ၍ အကျွန်ုပ်၏ခန္ဓာကိုယ်သည် ပိန်ချုံးလျက် လာပါ၏။- | |
Psal | BurCBCM | 109:25 | အကျွန်ုပ်ကို စွပ်စွဲပြစ်တင်သူများအတွက် အကျွန်ုပ်သည် ကဲ့ရဲ့စရာဖြစ်နေပါ၏။ သူတို့သည် အကျွန်ုပ်ကိုမြင်သောအခါ ဦးခေါင်းကို ခါယမ်းကြပါ၏။ | |
Psal | BurCBCM | 109:26 | အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို ကူညီမစတော်မူပါ။ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့်အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။- | |
Psal | BurCBCM | 109:27 | အို ထာ၀ရဘုရားသခင်၊ ဤအမှုအရာကို ကိုယ်တော်၏လက်တော်ဖြင့်ပင် ပြုလုပ်တော်မူခဲ့ကြောင်း သူတို့သိကြပါစေ။- | |
Psal | BurCBCM | 109:28 | ထိုသူတို့သည် ကျိန်ဆဲကြပါစေ။ ကိုယ်တော်မူကား ကောင်းချီးပေးတော်မူပါ။ အကျွန်ုပ်ကို တိုက်ခိုက်ကြသောသူတို့သည် အရှက်ကွဲကြပါစေ။ ကိုယ်တော်၏ အစေခံမူကား ရွှင်လန်းဝမ်းမြောက်ရပါစေ။- | |
Psal | BurCBCM | 109:29 | အကျွန်ုပ်ကို စွပ်စွဲအပြစ်တင်သောသူတို့သည် ဂုဏ်သရေပျက်ကြရပြီး အရှက်ကွဲခြင်းကို ဝတ်ရုံသဖွယ် လွှမ်းခြုံကြရပါစေ။ | |
Psal | BurCBCM | 109:30 | ထာ၀ရဘုရားသခင်အား အကျွန်ုပ်၏နှုတ်ဖြင့် ချီးမြှောက်ပါမည်။ များစွာသော လူပရိသတ်အလယ်တွင် ကိုယ်တော့်ကို အကျွန်ုပ်ချီးမွမ်းထောမနာပြုပါမည်။- | |