PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 91
Psal | BurCBCM | 91:1 | အမြင့်မြတ်ဆုံးသောအရှင်၏ အကွယ်အကာအောက်တွင် နေထိုင်ရသောသူသည် အနန္တတန်ခိုးတော်ရှင်၏ အရိပ်တော်တွင် နားနေရလိမ့်မည်။- | |
Psal | BurCBCM | 91:2 | ထာ၀ရဘုရားသခင်သည် ငါ၏ခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါယုံကြည်ကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါဆိုမည်။- | |
Psal | BurCBCM | 91:3 | အကြောင်းမူကား ကိုယ်တော်သည် သင့်ကို မုဆိုး၏ကျော့ကွင်းမှလည်းကောင်း၊ ကပ်ရောဂါဘေးမှလည်းကောင်း လွတ်မြောက်စေတော်မူလိမ့်မည်။- | |
Psal | BurCBCM | 91:4 | ကိုယ်တော်သည် သင့်ကို မိမိ၏အမွေးအတောင်တော်များဖြင့် ဖုံးအုပ်တော်မူလိမ့်မည်။ သင်သည်လည်း ကိုယ်တော်၏ အတောင်တော်များအောက်တွင် ခိုလှုံရာကိုတွေ့ရှိလိမ့်မည်။ ကိုယ်တော်၏ သစ္စာတည်ကြည်ခြင်းသည် သင်၏ အကာအကွယ် ဒိုင်းလွှားဖြစ်တော်မူ၏။- | |
Psal | BurCBCM | 91:5 | သင်သည် ညအခါ၌ ဖြစ်တတ်သော ကြောက်လန့်ဖွယ်ရာကိုလည်းကောင်း၊ နေ့အချိန်၌ ပျံဝဲသောမြားကိုလည်းကောင်း၊- | |
Psal | BurCBCM | 91:6 | အမှောင်တွင် ကျရောက်တတ်သော ကပ်ရောဂါဘေးကိုလည်းကောင်း၊ နေ့အချိန်တွင် ဆုံးပါးစေတတ်သော ဖျက်ဆီးခြင်းကို လည်းကောင်း ကြောက်ရလိမ့်မည်မဟုတ်။ | |
Psal | BurCBCM | 91:7 | သင်၏အနီးတွင် လူတစ်ထောင်၊ သင်၏လက်ယာဘက်တွင် လူတစ်သောင်းကျဆုံးကြသော်လည်း ထိုအန္တရာယ်သည် သင့်အနီးသို့ ချဉ်းကပ်လိမ့်မည်မဟုတ်ပေ။- | |
Psal | BurCBCM | 91:8 | သင်သည် ဆိုးယုတ်သောသူတို့အပေါ် ကျရောက်သည့်ဘေးဒဏ်ကို မြင်နိုင်ရန် မိမိ၏မျက်စိဖြင့် ကြည့်ရုံမျှသာ ကြည့်ရမည်။ | |
Psal | BurCBCM | 91:9 | သင်သည် ထာ၀ရဘုရားသခင်ကို သင်၏ခိုလှုံရာအဖြစ်လည်းကောင်း၊ အမြင့်ဆုံးသောအရှင်ကို သင်၏မှီခိုရာဌာနအဖြစ် လည်းကောင်း ထားရှိစေသောကြောင့်၊- | |
Psal | BurCBCM | 91:10 | သင့်အပေါ်သို့ မည်သည့်ဒုက္ခမျှမကျရောက်ပေ။ မည်သည့်အပြစ်ဒဏ်မျှလည်း သင်၏တဲအနီးသို့ ချဉ်းကပ်လိမ့် မည်မဟုတ်ပေ။ | |
Psal | BurCBCM | 91:11 | အကြောင်းမူကား သင်သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေရန် ကိုယ်တော်သည် မိမိ၏ကောင်းကင် တမန်တော်များအား အမိန့်ပေးတော်မူလိမ့်မည်။- | |
Psal | BurCBCM | 91:12 | သူတို့သည် သင်၏ခြေကို ကျောက်နှင့်မထိခိုက်စေခြင်းငှာ သင့်ကို မိမိတို့၏ လက်များဖြင့် ချီပင့်ထားကြလိမ့်မည်။- | |
Psal | BurCBCM | 91:13 | သင်သည် ခြင်္သေ့နှင့် မြွေဟောက်တို့အပေါ် လျှောက်လှမ်းသွား၍ ခြင်္သေ့ပျိုနှင့် မြွေနဂါးတို့ကို နင်းချေလိမ့်မည်။ | |
Psal | BurCBCM | 91:14 | သူသည် ငါ့ကိုချစ်မြတ်နိုးသောကြောင့် ငါသည် သူ့ကိုကယ်တင်မည်။ ငါ၏နာမတော်ကို အသိအမှတ်ပြုသောကြောင့် ငါသည် သူ့ကိုစောင့်ရှောက်မည်။- | |
Psal | BurCBCM | 91:15 | သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ သူဒုက္ခရောက်သောအခါ သူ့ဘက်၌ ငါရပ်တည်မည်။ ငါသည် သူ့အား ကယ်တင်၍ ဂုဏ်ပြုချီးမြှင့်မည်။- | |