PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 80
Psal | BurCBCM | 80:1 | ဂျိုးဇက်၏အမျိုးအနွယ်ကို သိုးစုကဲ့သို့ ဦးဆောင်လမ်းပြခဲ့သောအရှင်၊ အိုအစ္စရာအဲလ်လူမျိုး၏ သိုးထိန်းတော်မြတ်၊ အကျွန်ုပ်တို့ကို နားညောင်းတော်မူပါ။ ခေရုဘိမ်တို့အလယ်ရှိ ပလ္လင်ထက်၌ စံပယ်တော်မူသောအရှင်၊- | |
Psal | BurCBCM | 80:2 | ကိုယ်တော်၏ အလင်းတော်ကို ဧဖရိမ်၊ ဘင်ဂျာမင်နှင့် မာနားဆေတို့၏ရှေ့တွင် ထွန်းတောက်စေတော်မူပါ။ ကိုယ်တော်၏ ခွန်အားတန်ခိုးကို လှုံ့ဆော်၍ အကျွန်ုပ်တို့ကို လာရောက်ကယ်တင်တော်မူပါ။ | |
Psal | BurCBCM | 80:3 | အိုဘုရားသခင်၊ အကျွန်ုပ်တို့အား ပြန်လည်၍ ထူထောင်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်း ခံရအံ့သောငှာ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်တို့အပေါ် ထွန်းတောက်စေတော်မူပါ။ | |
Psal | BurCBCM | 80:4 | ကောင်းကင်ဗိုလ်ခြေတို့၏အရှင် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် လူမျိုးတော်၏ ဆုတောင်းသံကို မနာယူဘဲ မည်မျှကြာအောင် အမျက်ထွက်တော်မူမည်နည်း။- | |
Psal | BurCBCM | 80:5 | ကိုယ်တော်သည် သူတို့အား မျက်ရည်ကို စားစရာအဖြစ် ကျွေးတော်မူခဲ့၏။ ကိုယ်တော်သည် မျက်ရည်ကို သောက်စရာအဖြစ် သူတို့အား အပြည့်အဝပေးတော်မူခဲ့ပြီ။- | |
Psal | BurCBCM | 80:6 | ကိုယ်တော်သည် အကျွန်ုပ်တို့အား အိမ်နီးချင်းတို့၏ အငြင်းပွားရာအကြောင်းရင်းဖြစ်စေပြီး ရန်သူတို့သည်လည်း အကျွန်ုပ်တို့ကို လှောင်ပြောင်ကြပါ၏။ | |
Psal | BurCBCM | 80:7 | ကောင်းကင်ဗိုလ်ခြေတို့၏ဘုရားသခင်၊ အကျွန်ုပ်တို့အား ပြန်လည်ထူထောင်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်း ခံရအံ့သောငှာ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်တို့အပေါ်၌ ထွန်းတောက်စေတော်မူပါ။ | |
Psal | BurCBCM | 80:8 | ကိုယ်တော်သည် စပျစ်နွယ်တစ်ပင်ကို အီဂျစ်ပြည်မှ ဆောင်ယူခဲ့၍ တိုင်းတစ်ပါးသားတို့အား နှင်ထုတ်ပြီးလျှင် ထိုစပျစ်နွယ်ကို စိုက်ပျိုးတော်မူခဲ့၏။- | |
Psal | BurCBCM | 80:9 | ကိုယ်တော်သည် ထိုစပျစ်နွယ်အတွက် မြေနေရာကို ရှင်းလင်းပေးခဲ့၏။ စပျစ်နွယ်သည်လည်း အမြစ်တွယ်၍ မြေတစ်ပြင်လုံး ကို ပြည့်စေခဲ့၏။- | |
Psal | BurCBCM | 80:10 | တောင်တန်းများသည် စပျစ်နွယ်၏အရိပ်ဖြင့် ဖုံးလွှမ်းလျက်ရှိလေ၏။ စပျစ်နွယ်၏ အခက်အလက်တို့သည် ကြီးမားသော ထင်းရှူးပင်များကို ဖုံးလွှမ်းခဲ့ကြ၏။- | |
Psal | BurCBCM | 80:11 | စပျစ်နွယ်၏အကိုင်းအခက်တို့သည် ပင်လယ်သို့တိုင်အောင်လည်းကောင်း၊ ယင်း၏အညွန့်တို့သည် မြစ်ကြီးသို့တိုင်အောင် လည်းကောင်း ဖြာထွက်ကြ၏။- | |
Psal | BurCBCM | 80:12 | ယခုမှာမူ ဖြတ်သန်းသွားလာသူအားလုံးတို့သည် စပျစ်သီးများကို ခူးယူနိုင်ကြစေရန် ကိုယ်တော်သည် အဘယ်ကြောင့် ၎င်း၏နံရံတံတိုင်းတို့ကို ဖြိုဖျက်တော်မူပါသနည်း။- | |
Psal | BurCBCM | 80:13 | တောဝက်တို့သည် စပျစ်နွယ်ကိုဖျက်ဆီးကြ၍ လယ်ကွင်းပြင်ရှိ သတ္တဝါတို့သည်လည်း ယင်းကို မှီဝဲစားသောက်ကြ၏။ | |
Psal | BurCBCM | 80:14 | ကောင်းကင်ဗိုလ်ခြေတို့၏ ဘုရားသခင်၊ အကျွန်ုပ်တို့ထံသို့ ပြန်လည်ကြွလာတော်မူပါ။ အထက်ကောင်းကင်ဘုံမှ အောက်သို့ငုံ့ကြည့်၍ ရှုမြင်တော်မူပါ။ ဤစပျစ်နွယ်ကို စောင့်ရှောက်ထိန်းသိမ်းတော်မူပါ။- | |
Psal | BurCBCM | 80:15 | ညာလက်ရုံးတော်ဖြင့် စိုက်ပျိုးထားသောပျိုးပင်နှင့် မိမိကိုယ်တော်တိုင်အတွက် ကိုယ်တော်ပျိုးထောင်ထားသော အပင်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါ။- | |
Psal | BurCBCM | 80:16 | သူတို့သည် ကိုယ်တော်၏ စပျစ်နွယ်ကိုခုတ်လှဲပြီး မီးရှို့ဖျက်ဆီးခဲ့ကြပါပြီ။ ကိုယ်တော်၏ ဆုံးမခြင်းကြောင့် ကိုယ်တော်၏လူမျိုးတော်သည် ပျက်စီးကြရပါ၏။- | |
Psal | BurCBCM | 80:17 | ကိုယ်တော်၏လက်ယာဘက်၌ ရှိသောလူဖြစ်သည့် ကိုယ်တော်တိုင်ပျိုးထောင်ခဲ့သော လူသားအပေါ်တွင် ကိုယ်တော်၏ လက်တော်ကို တင်တော်မူပါ။- | |
Psal | BurCBCM | 80:18 | ထိုအခါ အကျွန်ုပ်တို့သည် ကိုယ်တော်၏ထံပါးမှ ကျောခိုင်းသွားကြလိမ့်မည်မဟုတ်ပါ။ အကျွန်ုပ်တို့အား အသက်ကို ပေးသနားတော်မူပါ။ အကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏နာမတော်ကို ခေါ်တပါမည်။ | |