PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 143
Psal | BurCBCM | 143:1 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ အသနားခံ တောင်းလျှောက်သံကို ကြားနာတော်မူပါ။ ကိုယ်တော်၏သစ္စာရှိခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ဖြင့် အကျွန်ုပ်ကို တုံ့ပြန်တော်မူပါ။- | |
Psal | BurCBCM | 143:2 | ကိုယ်တော်၏အစေခံဖြစ်သော အကျွန်ုပ်ကို တရားစီရင်တော်မမူပါနှင့်။ အကြောင်းမူကား အသက်ရှင်သူတစ်ဦးမျှ ကိုယ်တော်၏ရှေ့မျက်မှောက်တော်တွင် အပြစ်ကင်းစင်သူမဟုတ်ပါ။ | |
Psal | BurCBCM | 143:3 | ရန်သူသည် အကျွန်ုပ်နောက်မှ လိုက်လံညှဉ်းဆဲပါပြီ။ သူသည် အကျွန်ုပ်ကို မြေပေါ်သို့လဲကျသည်အထိ အရေးနိမ့်စေပါပြီ။ သူသည် အကျွန်ုပ်ကို ကာလကြာမြင့်စွာက သေဆုံးနေသောသူကဲ့သို့ မှောင်မိုက်ထဲတွင် ပစ်ထားပါ၏။- | |
Psal | BurCBCM | 143:4 | သို့ဖြစ်၍ အကျွန်ုပ်သည် အားအင်ကုန်ခန်းပြီး ယိုင်လဲလုမတတ်ဖြစ်နေပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် စိတ်ပျက်အားလျော့ လျက်ရှိပါ၏။ | |
Psal | BurCBCM | 143:5 | အကျွန်ုပ်သည် ရှေးလွန်ခဲ့ပြီးသောနေ့ရက်များကို အောက်မေ့သတိရပါ၏။ အကျွန်ုပ်သည် ကိုယ်တော်ပြု လုပ်တော်မူသမျှ တို့ကို ဆင်ခြင်နှလုံးသွင်းပါ၏။ ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်တော်မူသော အရာများကို အကျွန်ုပ်ပြန်လည်သတိရပါ၏။- | |
Psal | BurCBCM | 143:6 | အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ အကျွန်ုပ်၏လက်များကို ဆန့်တန်းထားပါ၏။ ခြောက်သွေ့သောမြေသည် ရေကိုလိုအပ်နေသကဲ့သို့ အကျွန်ုပ်သည် ကိုယ်တော့်ကိုတမ်းတပါ၏။ | |
Psal | BurCBCM | 143:7 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို အလျင်အမြန် တုံ့ပြန်တော်မူပါ။ အကျွန်ုပ်သည် စိတ်ပျက်အားလျော့နေပါပြီ။ အကျွန်ုပ်သည် တွင်းထဲသို့ကျသောသူတို့ကဲ့သို့ မဖြစ်ရမည့်အကြောင်း ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်ထံမှ လွှဲဖယ်တော်မမူပါနှင့်။- | |
Psal | BurCBCM | 143:8 | အကျွန်ုပ်သည် ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကို နံနက်ချိန်၌ ကြားနာပါရစေ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၌ ယုံကြည်ကိုးစားသောကြောင့် ဖြစ်ပါ၏။ အကျွန်ုပ် လျှောက်လှမ်းသင့်သောလမ်းကို အကျွန်ုပ်အား ပြတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ကိုအာရုံပြုလျက် ရှိသောကြောင့်ဖြစ်ပါ၏။ | |
Psal | BurCBCM | 143:9 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို ရန်သူများ၏လက်မှ ကယ်တင်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော့်ကို ခိုလှုံအားကိုးပါ၏။- | |
Psal | BurCBCM | 143:10 | ကိုယ်တော်၏အလိုတော်ကို လိုက်နာဆောင်ရွက်ရန် အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်၏ ကောင်းမြတ်သော ဝိညာဉ်တော်သည် အကျွန်ုပ်ကို ညီညာပြေပြစ်သောလမ်းသို့ ပို့ဆောင်တော်မူပါစေ။ | |
Psal | BurCBCM | 143:11 | ကိုယ်တော်၏ နာမတော်ကိုထောက်၍ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် အကျွန်ုပ်ကို ဒုက္ခအခက်အခဲမှ ရွေးနုတ်တော်မူပါ။- | |