Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 10
Psal BurCBCM 10:1  အိုထာ၀ရဘုရားသခင်၊ အဘယ်ကြောင့် ကိုယ်တော်သည် အဝေး၌ ရပ်နေတော်မူပါသနည်း။ ဒုက္ခရောက်သော အချိန်၌ ကိုယ်တော်သည် အဘယ်ကြောင့် မျက်နှာတော် လွှဲထားတော်မူပါသနည်း။-
Psal BurCBCM 10:2  ဆိုးယုတ်သော သူတို့သည် ဆင်းရဲသောသူတို့ကို မောက်မာရိုင်းပျစွာဖြင့် လိုက်လံညှဉ်းဆဲကြ၏။ ထိုသူတို့သည် မိမိ တို့ဉာဏ်ဆင်၍ ထောင်ထားသော ပရိယာယ်ကျော့ကွင်း၌ ပြန်မိကြပါစေ။
Psal BurCBCM 10:3  အကြောင်းမူကား ဆိုးယုတ်သောသူသည် မိမိတို့ စိတ်နှလုံး၏ လိုအင်ဆန္ဒများကို ကြွားဝါပြောဆိုတတ်၍ လောဘကြီးသော သူသည် ထာ၀ရဘုရားသခင်ကို ကျိန်ဆဲရှုတ်ချပါ၏။-
Psal BurCBCM 10:4  ဆိုးယုတ်သောသူသည် မောက်မာခက်ထန်သော မျက်နှာထားနှင့် ထာ၀ရဘုရားသခင်ကို ရှာဖွေခြင်းမရှိပေ။ သူသည် ဘုရားသခင် မရှိဟူ၍ အစဉ်တွေးတောလေ၏။
Psal BurCBCM 10:5  သူပြုလုပ်လေသမျှတို့သည် အောင်မြင်တတ်၏။ သူသည် အထက်အရပ်၌ရှိသော ကိုယ်တော်၏ တရားစီရင်ချက်တို့ကို မတွေ့ပေ။ သူသည် မိမိ၏ရန်သူများကို ပြက်ရယ်ပြု၏။-
Psal BurCBCM 10:6  သူ၏စိတ်နှလုံး၌ ငါသည် မည်သည့်အခါမျှ ရှုံးနိမ့်လိမ့်မည်မဟုတ်၊ ငါသည် သားစဉ်မြေးဆက် မည်သည့်အခါမျှ ဒုက္ခရောက်လိမ့်မည် မဟုတ်ဟု တွေးထင်လေ၏။
Psal BurCBCM 10:7  သူ၏နှုတ်သည် ကျိန်ဆိုခြင်း၊ လှည့်ဖြားခြင်းနှင့် အနိုင်အထက်ပြုခြင်းတို့ဖြင့် ပြည့်လျှံနေလေ၏။ သူ၏ လျှာအောက်၌ ဆိုးသွမ်းခြင်းနှင့် မကောင်းမှုဒုစရိုက်တို့ သာရှိကြ၏။-
Psal BurCBCM 10:8  သူသည် ရွာများ၏အနီးတွင် ချုံခို၍ စောင့်နေတတ်ပြီး အပြစ်ကင်းမဲ့သောသူကို ဆိတ်ကွယ်ရာ အရပ်တို့၌ သတ်ဖြတ် တတ်ပါ၏။ သူ၏မျက်လုံးများသည် မိမိ၏လက်တွင်းသို့ကျ ရောက်လာမည့်သားကောင်ကို စောင့်ကြည့်နေတတ် ၏။-
Psal BurCBCM 10:9  သူသည် ပုန်းအောင်းနေသော ခြင်္သေ့ကဲ့သို့ ဆိတ်ကွယ်ရာမှ ချောင်းမြောင်းနေတတ်၏။ သူသည် ဆင်းရဲသားများကို အမိဖမ်းရန် ချောင်းမြောင်းနေ၏။ သူသည် ဆင်းရဲသားများကို မိမိ၏ပိုက်ကွန်တွင် အမိအရဖမ်း၍ ဆွဲခေါ်သွားလေ၏။
Psal BurCBCM 10:10  သူ၏ခွန်အားကြောင့် သားကောင်သည် ချေမှုန်းခြင်းခံရ၍ ပြိုလဲကာ အရှုံးပေးလိုက်ရ၏။-
Psal BurCBCM 10:11  သူက ဘုရားသခင်သည် မေ့လျော့ထားတော်မူပြီ။ ကိုယ်တော်သည် မိမိ၏မျက်နှာတော်ကို ဖုံးကွယ်ထားသဖြင့် ဤအမှုကို မည်သည့်အခါမျှ မြင်တွေ့လိမ့်မည်မဟုတ်ဟု မိမိစိတ်ထဲ ၌ဆိုလေ၏။
Psal BurCBCM 10:12  အိုထာ၀ရဘုရားသခင်၊ ကြွလာတော်မူပါ။ အိုဘုရားသခင်၊ ကိုယ်တော်၏လက်တော်ကို မြှောက်တော်မူပါ။ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသောသူတို့ကို မေ့လျော့တော်မမူပါနှင့်။-
Psal BurCBCM 10:13  ဆိုးယုတ်သောသူသည် ဘုရားသခင်ကို အဘယ်ကြောင့် မထီမဲ့မြင်ပြုရပါမည်နည်း။ ကိုယ်တော်သည် အပြစ်စီရင်တော် မူလိမ့်မည် မဟုတ်ဟု အဘယ်ကြောင့် သူ့စိတ်ထဲ၌ ထင်မှတ်ရပါသနည်း။
Psal BurCBCM 10:14  သို့သော် ကိုယ်တော်သည် အမှန်တကယ်ပင် ြင်တော်မူပြီ။ ကိုယ်တော်သည် ဆင်းရဲဒုက္ခနှင့် ပူပန်သောကတို့ကို ဂရုပြုတော်မူ၏။ ကိုယ်တော်သည် ဤအမှုအရာတို့ကို ကိုယ်တော်တိုင် ကိုင်တွယ်ဖြေရှင်းတော်မူ၏။ ခိုကိုးရာမဲ့သောသူသည် မိမိကိုယ်ကို ကိုယ်တော်၏လက်တော်သို့ အပ်နှံလေ၏။ ကိုယ်တော်သည် မိဘမရှိသူတို့ကို ကူညီစောင့်ရှောက်သောသူ ဖြစ်တော်မူ၏။
Psal BurCBCM 10:15  ဆိုးယုတ်၍ ဒုစရိုက်ကျူးလွန်သောသူ၏လက်ရုံးကို ချိုးတော်မူပါ။ သူ၏မကောင်းမှုများကို တစ်ခုမကျန်ရှာဖွေ စစ်ဆေးတော်မူပါ။-
Psal BurCBCM 10:16  ထာ၀ရဘုရားသခင်သည် ကာလအဆက်ဆက် ဘုရင်ဖြစ်တော်မူပါ၏။ လူမျိုးခြားတို့သည် ကိုယ်တော်၏ နိုင်ငံတော်မှ ကွယ်ပျောက်ကြပါလိမ့်မည်။
Psal BurCBCM 10:17  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် နှိမ့်ချသောသူတို့၏ လိုလားတောင့်တချက်ကို လက်ခံတော်မူ၏။ ကိုယ်တော်သည် သူတို့၏စိတ်နှလုံးကို အားဖြည့်ပေးတော်မူ၏။-
Psal BurCBCM 10:18  ကိုယ်တော်သည် မိဘမရှိသူတို့နှင့် ဖိနှိပ်ခြင်းခံရသော သူတို့အတွက် တရားမျှတမှုရှိစေရန် ကိုယ်တော်၏နားကို စွင့်တော်မူ၏။ ဤသို့ဖြင့် မြေကြီးမှဖြစ်လာသော ထိုသူသည် အကြမ်းဖက်မှုကို နောက်တစ်ဖန်ကျူးလွန် တော့မည်မဟုတ်ပေ။