PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 107
Psal | BurCBCM | 107:1 | ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် အစဉ်တည်တော်မူ၏။- | |
Psal | BurCBCM | 107:3 | အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်များရှိ တိုင်းပြည်တို့မှ ကိုယ်တော်ခေါ်ယူစုရုံးခဲ့သောသူတို့သည် ဤကဲ့သို့ဆို ကြပါစေ။ | |
Psal | BurCBCM | 107:4 | အချို့သောသူတို့သည် လူသူကင်းမဲ့သောသဲကန္တာရ၌ လှည့်လည်သွားလာကြပြီး မိမိတို့အခြေချနေထိုင်မည့်မြို့သို့ သွားရာလမ်းကို ရှာမတွေ့ကြချေ။- | |
Psal | BurCBCM | 107:6 | ထိုအခါ သူတို့သည် ဒုက္ခရောက်ကြသဖြင့် ထာ၀ရဘုရားသခင်ထံ အော်ဟစ်တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည် သူတို့ကို ဒုက္ခဆင်းရဲခြင်းမှ ကယ်တင်တော်မူ၏။- | |
Psal | BurCBCM | 107:7 | ကိုယ်တော်သည် သူတို့အခြေချနေထိုင်မည့်မြို့သို့ ရောက်သည့်တိုင်အောင် သူတို့ကို ဖြောင့်မတ်သောလမ်းဖြင့် ဦးဆောင်တော်မူ၏။- | |
Psal | BurCBCM | 107:8 | ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် လူသားတို့၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုများအတွက် ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြပါစေ။- | |
Psal | BurCBCM | 107:9 | အကြောင်းမူကား ကိုယ်တော်သည် ရေငတ်သောသူကို အားရကျေနပ်စေ၍ ဆာလောင်မွတ်သိပ်သူတို့အား ကောင်းသောအရာဖြင့် ပြည့်၀စေတော်မူ၏။ | |
Psal | BurCBCM | 107:10 | အချို့တို့သည် အကျဉ်းသားများအဖြစ်သံကြိုးဖြင့် ချည်နှောင်ခြင်းခံရလျက် မှောင်မိုက်တွင် အလွန်ညှိုးငယ်စွာ ဒုက္ခခံစားခဲ့ကြရ၏။- | |
Psal | BurCBCM | 107:11 | အကြောင်းမူကား သူတို့သည် ဘုရားသခင်၏ အမိန့်တော်များကို ဖီဆန်ခဲ့ကြပြီး အမြင့်ဆုံးသော အရှင်သခင်၏ လမ်းညွန်ချက်ကို ပစ်ပယ်ခဲ့ကြသောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 107:12 | သို့ဖြစ်၍ ကိုယ်တော်သည် ဆင်းရဲပင်ပန်းသော အလုပ်အကိုင်တို့ဖြင့် သူတို့၏စိတ်ကို ချိုးနှိမ်တော်မူခဲ့၏။ သူတို့လဲကျသောအခါ ကူညီထူမမည့်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။- | |
Psal | BurCBCM | 107:13 | ထိုအခါ သူတို့သည် ဒုက္ခဆင်းရဲခံနေရာမှ ထာ၀ရဘုရားသခင်ထံသို့ အော်ဟစ်ငိုကြွေးကြရာ ကိုယ်တော်သည် သူတို့ကို ဆင်းရဲဒုက္ခမှ ကယ်ဆယ်တော်မူခဲ့၏။- | |
Psal | BurCBCM | 107:14 | ကိုယ်တော်သည် သူတို့ကို မှောင်မိုက်ခြင်းနှင့် ညှိုးငယ်ခြင်းမှ ခေါ်ထုတ်ခဲ့ပြီး သူတို့အား ချည်နှောင်ထားသည့်သံကြိုးများကို အပိုင်းပိုင်းပြတ် စေတော်မူခဲ့၏။- | |
Psal | BurCBCM | 107:15 | သူတို့သည် ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် လူသားတို့၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုများအတွက် ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြပါစေ။- | |
Psal | BurCBCM | 107:16 | အကြောင်းမူကား ကိုယ်တော်သည် ကြေးဝါတံခါးများကိုချိုးဖျက်၍ သံတိုင်များကို ပိုင်းဖြတ်တော်မူခဲ့၏။ | |
Psal | BurCBCM | 107:17 | အချို့သောသူတို့သည် မိမိတို့၏ အပြစ်လမ်းစဉ်များအားဖြင့် ရူးမိုက်ခဲ့ကြပြီး မိမိတို့၏ အပြစ်ဒုစရိုက်များကြောင့် ဆင်းရဲဒုက္ခခံကြရ၏။- | |
Psal | BurCBCM | 107:18 | သူတို့သည် စားစရာမှန်သမျှကို စက်ဆုပ်ရွံရှာခဲ့ကြ၍ သေမင်း၏တံခါး၀အနီးသို့ ရောက်ခဲ့ကြ၏။- | |
Psal | BurCBCM | 107:19 | ထိုအခါ သူတို့သည် ဒုက္ခဆင်းရဲခံနေရာမှ ထာ၀ရဘုရားသခင်ထံသို့ အော်ဟစ်ငိုကြွေးကြရာ ကိုယ်တော်သည် သူတို့ကို ဆင်းရဲဒုက္ခမှ ကယ်ဆယ်တော်မူခဲ့၏။- | |
Psal | BurCBCM | 107:20 | ကိုယ်တော်သည် အမိန့်ပေး၍ သူတို့ကို ပျောက်ကင်းချမ်းသာစေပြီး သူတို့ကို သခင်္ျိုင်းတွင်းမှ ကယ်တင်တော်မူခဲ့၏။- | |
Psal | BurCBCM | 107:21 | သူတို့သည် ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် လူသားတို့၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုများအတွက် ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြပါစေ။- | |
Psal | BurCBCM | 107:22 | ထို့နောက် သူတို့သည် ကျေးဇူးတော်ချီးမွမ်းရာ ယဇ်များကိုပူဇော်၍ ကိုယ်တော်ပြုလုပ်တော်မူသော အမှုတော်တို့ကို ဝမ်းမြောက်ဖွယ်ရာသီချင်းများဖြင့် သီဆိုဖော်ကျူးကြပါစေ။ | |
Psal | BurCBCM | 107:23 | အချို့သောသူတို့သည် သင်္ဘောဖြင့် ပင်လယ်ကိုကူး၍ ရေပေါ်တွင် လုပ်ကိုင်စားသောက်ကြသော ကုန်သည်များဖြစ်၏။- | |
Psal | BurCBCM | 107:24 | သူတို့သည် ရေနက်ရာအရပ်၌ ထာ၀ရဘုရားသခင်၏ လက်ရာတော်ဖြစ်သည့် ကိုယ်တော်၏အံ့ဖွယ်ရာအမှုတို့ကို မြင်ခဲ့ကြရ၏။- | |
Psal | BurCBCM | 107:25 | အကြောင်းမူကား ကိုယ်တော်အမိန့်ရှိသည်နှင့် လေမုန်တိုင်းတိုက်ပြီး လှိုင်းတံပိုးများလည်း မြင့်တက်လာခဲ့သော ကြောင့်တည်း။- | |
Psal | BurCBCM | 107:26 | သူတို့သည် ကောင်းကင်ယံသို့ တိုင်အောင်တက်ပြီး နက်ရှိုင်းရာသို့ ပြန်ကျခဲ့ရသောကြောင့် ဘေးဒုက္ခရောက်ချိန်တွင် သူတို့၏ ခွန်အားသတ္တိသည်လည်း အရည်ပျော်ခဲ့ရ၏။- | |
Psal | BurCBCM | 107:27 | သူတို့သည် အရက်မူးသူများကဲ့သို့ ယိမ်းယိုင်နေခဲ့ကြပြီး အကြံကုန်ဉာဏ်ကုန်ဖြစ်ခဲ့ကြရ၏။- | |
Psal | BurCBCM | 107:28 | ထိုအခါ သူတို့သည် ဒုက္ခဆင်းရဲခံနေရာမှ ထာ၀ရဘုရားသခင်ထံသို့ အော်ဟစ်ငိုကြွေးခဲ့ကြ၍ ကိုယ်တော်သည် သူတို့ကို ဆင်းရဲဒုက္ခမှ ကယ်တင်တော်မူခဲ့၏။- | |
Psal | BurCBCM | 107:29 | ကိုယ်တော်သည် လေမုန်တိုင်းကို ရပ်စဲစေတော်မူသဖြင့် ပင်လယ်လှိုင်းတံပိုးများသည်လည်း ငြိမ်သက်သွားလေ၏။- | |
Psal | BurCBCM | 107:30 | လေငြိမ်သွားသောအခါ သူတို့သည် ဝမ်းမြောက်ကြ၏။ ကိုယ်တော်သည်လည်း သူတို့အလိုရှိရာဆိပ်ကမ်းသို့ လမ်းညွန်တော် မူခဲ့၏။- | |
Psal | BurCBCM | 107:31 | သူတို့သည် ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် လူသားတို့၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုများအတွက် ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြပါစေ။- | |
Psal | BurCBCM | 107:32 | သူတို့သည် လူထုပရိသတ်၏အလယ်တွင် ထာ၀ရဘုရားသခင်ကို ချီးမြှောက်ကြ၍ သက်ကြီးဝါကြီးများ၏ အစည်းအဝေး၌ ကိုယ်တော်အား ချီးမွမ်းထောမနာပြုကြပါစေ။ | |
Psal | BurCBCM | 107:33 | ကိုယ်တော်သည် မြစ်များကို သဲကန္တာရအဖြစ်သို့လည်းကောင်း၊ စမ်းရေအိုင်များကို ရေငတ်ခြောက်သွေ့သောဒေသ အဖြစ်သို့လည်းကောင်း၊- | |
Psal | BurCBCM | 107:34 | အသီးအနှံဖြစ်ထွန်းသောမြေကို အသုံးမဝင်သည့် ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲတော်မူခဲ့၏။ အဘယ်ကြောင့် ဆိုသော် ထိုပြည်တွင် နေထိုင်သူတို့သည် ဆိုးယုတ်သောကြောင့်ဖြစ်၏။- | |
Psal | BurCBCM | 107:35 | ကိုယ်တော်သည် သဲကန္တာရကို ရေအိုင်များအဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သောမြေကို စမ်းရေအိုင်များအဖြစ်သို့ လည်းကောင်း ပြောင်းလဲတော်မူခဲ့၏။- | |
Psal | BurCBCM | 107:36 | ကိုယ်တော်သည် အစာငတ်မွတ်သူတို့ကို ထိုဒေသတွင် နေထိုင်စေခဲ့သဖြင့် သူတို့သည် အခြေချနေထိုင်ရာမြို့ကို တည်ဆောက်ခဲ့ကြ၏။- | |
Psal | BurCBCM | 107:37 | သူတို့သည် လယ်ယာစိုက်ပျိုး၍ စပျစ်ခြံများကိုလည်း စိုက်ပျိုးကြကာ အသီးအနှံများစွာရရှိခဲ့ကြ၏။- | |
Psal | BurCBCM | 107:38 | ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးတော်မူသောကြောင့် သူတို့၏လူဦးရေသည် များစွာတိုးပွားလာခဲ့၏။ ကိုယ်တော်သည် သူတို့၏သိုးနွားများကိုလည်း လျော့နည်းစေတော်မမူခဲ့ပေ။ | |
Psal | BurCBCM | 107:39 | ထို့နောက် သူတို့သည် လူအင်အားလျော့နည်းလာ၍ ဖိစီးနှိပ်စက်မှု၊ ဆင်းရဲဒုက္ခနှင့် ဝမ်းနည်းပူဆွေးမှုတို့ဖြင့် အနှိမ်ခံခဲ့ကြရ၏။- | |
Psal | BurCBCM | 107:40 | ကိုယ်တော်သည် မင်းညီမင်းသားတို့ကိုစက်ဆုပ်ပြီး သူတို့ကို လမ်းစမရှိသော သဲကန္တာရတွင် လှည့်လည်သွားလာ စေတော်မူခဲ့၏။- | |
Psal | BurCBCM | 107:41 | သို့သော် ကိုယ်တော်သည် ချို့တဲ့သောသူတို့ကို ဆင်းရဲဒုက္ခမှမြှင့်တင်၍ သူတို့၏မိသားစုများကို သိုးအုပ်များသဖွယ် တိုးပွားများပြားစေတော်မူ၏။- | |
Psal | BurCBCM | 107:42 | ဖြောင့်မတ်သောသူတို့သည် ဤအမှုအရာကိုမြင်ရ၍ ဝမ်းမြောက်ကြ၏။ ဆိုးယုတ်သောသူတို့မူကား နှုတ်ပိတ်နေကြ၏။- | |