PSALMS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
Chapter 88
Psal | BurCBCM | 88:1 | အကျွန်ုပ်၏ဘုရားဖြစ်တော်မူသော အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ နေ့ညမပြတ် အော်ဟစ် တောင်းလျှောက်ပါ၏။- | |
Psal | BurCBCM | 88:2 | အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ အကျွန်ုပ်၏ အော်ဟစ်တောင်းလျှောက်သံကို နားညောင်းတော်မူပါ။ | |
Psal | BurCBCM | 88:3 | အကြောင်းမူကား အကျွန်ုပ်၏ဝိညာဉ်သည် ဒုက္ခဆင်းရဲခြင်းများဖြင့် ပြည့်လျက်ရှိပါ၏။ အကျွန်ုပ်၏ ဘ၀အသက်တာ သည်လည်း မရဏသေခြင်းသို့ ချဉ်းကပ်နေပါပြီ။- | |
Psal | BurCBCM | 88:4 | အကျွန်ုပ်သည် တွင်းနက်ထဲသို့ ဆင်းသောသူများနှင့်အတူ ရေးမှတ်ခံရပြီး ခွန်အားမရှိသောသူကဲ့သို့ ဖြစ်နေပါပြီ။- | |
Psal | BurCBCM | 88:5 | အကျွန်ုပ်သည် သေသူတို့အလယ်တွင် စွန့်ပစ်ခံရသူကဲ့သို့လည်းကောင်း၊ အသတ်ခံရပြီး သခင်္ျိုင်းတွင် လဲလျောင်းနေသူ ကဲ့သို့လည်းကောင်း၊ ကိုယ်တော် လုံး၀မေ့လျော့နေသော သူတို့ကဲ့သို့လည်းကောင်းဖြစ်ပါ၏။ အကြောင်းမူကား သူတို့သည် ကိုယ်တော်၏လက်တော်မှ ဝေးကွာနေကြပါ၏။- | |
Psal | BurCBCM | 88:6 | ကိုယ်တော်သည် အကျွန်ုပ်ကို မှောင်မဲ၍ နက်ရှိုင်းလှသောတွင်းကြီးထဲသို့ ချတော်မူခဲ့လေပြီ။- | |
Psal | BurCBCM | 88:7 | ကိုယ်တော်၏အမျက်တော်သည် အကျွန်ုပ်အပေါ်၌ လေးလံလျက်ရှိပါ၏။ ကိုယ်တော်၏လှိုင်းတံပိုးတော်များဖြင့် အကျွန်ုပ်ကို နစ်မြုပ်စေပါပြီ။ | |
Psal | BurCBCM | 88:8 | ကိုယ်တော်သည် အကျွန်ုပ်၏ အရင်းနှီးဆုံးမိတ်ဆွေများကို အကျွန်ုပ်ထံမှ ခေါ်ယူသွားခဲ့ပြီ။ အကျွန်ုပ်ကို သူတို့အတွက် ရွံရှာဖွယ်ဖြစ်စေတော်မူခဲ့ပြီ။ အကျွန်ုပ်သည် လှောင်ပိတ်ခြင်းခံရ၍ ထွက်မပြေးနိုင်တော့ပါ။- | |
Psal | BurCBCM | 88:9 | အကျွန်ုပ်၏မျက်စိများသည် ပူဆွေးဝမ်းနည်းရခြင်းဖြင့် မှုန်ဝါးနေပါ၏။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း ကိုယ်တော်ထံတောင်းလျှောက်၍ အထံတော်သို့ အကျွန်ုပ်၏လက်များကို ဆန့်တန်းပါ၏။- | |
Psal | BurCBCM | 88:10 | ကိုယ်တော်သည် သေသောသူတို့အတွက် ကိုယ်တော်၏အံ့ဖွယ်အမှုတို့ကို ပြုလုပ်ပါသလော။ သေသောသူတို့သည် ထ၍ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြပါသလော။ | |
Psal | BurCBCM | 88:11 | ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကို သခင်္ျိုင်းတွင်း၌လည်းကောင်း၊ ကိုယ်တော်၏သစ္စာတော် အကြောင်းကို ပျက်စီးရာဌာန၌လည်းကောင်း ထုတ်ဖော်ပြောဆိုကြပါသလော။- | |
Psal | BurCBCM | 88:12 | ကိုယ်တော်၏ အံ့ဖွယ်တန်ခိုးလက္ခဏာများသည် မှောင်မိုက်သောနေရာ၌လည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မတ် မှန်ကန်သော အမှုများသည် မေ့ပျောက်ခံရသော ဒေသ၌လည်းကောင်း အသိအမှတ်ပြုခြင်း ခံရပါသလော။ | |
Psal | BurCBCM | 88:13 | အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်အား ကူညီမစတော်မူပါရန် ကိုယ်တော့်ထံတော်သို့ အကျွန်ုပ်အော်ဟစ် တောင်းလျှောက်ပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသည် ကိုယ်တော်၏ ရှေ့တော်သို့ရောက်ပါ၏။- | |
Psal | BurCBCM | 88:14 | အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်ထားတော်မူသနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူပါသနည်း။- | |
Psal | BurCBCM | 88:15 | အကျွန်ုပ်သည် ငယ်စဉ်ကပင် ဝေဒနာခံရလျက် သေလုနီးပါးဖြစ်ရပါ၏။ ကိုယ်တော်၏ထိတ် လန့်ဖွယ်ရာများကို တွေ့ကြုံခံစားရသဖြင့် အကျွန်ုပ်သည် စိတ်ပျက်အားငယ်လျက်ရှိပါ၏။- | |
Psal | BurCBCM | 88:16 | ကိုယ်တော်၏ အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးခဲ့ပါ၏။ ကိုယ်တော်၏ ကြောက်မက်ဖွယ်ရာများသည် အကျွန်ုပ်ကို ဖျက်ဆီးခဲ့ကြပါ၏။- | |
Psal | BurCBCM | 88:17 | ယင်းတို့သည် မြစ်ရေလျှံသကဲ့သို့ တစ်နေ့လုံး အကျွန်ုပ်ကို ဝိုင်းရံလျက်ရှိပြီးလျှင် အဘက်ဘက်မှနေ၍ အကျွန်ုပ်အနီးသို့ ချဉ်းကပ်လာကြပါ၏။- | |