Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 88
Psal BurCBCM 88:1  အကျွန်ုပ်၏ဘုရားဖြစ်တော်မူသော အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ နေ့ညမပြတ် အော်ဟစ် တောင်းလျှောက်ပါ၏။-
Psal BurCBCM 88:2  အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ အကျွန်ုပ်၏ အော်ဟစ်တောင်းလျှောက်သံကို နားညောင်းတော်မူပါ။
Psal BurCBCM 88:3  အကြောင်းမူကား အကျွန်ုပ်၏ဝိညာဉ်သည် ဒုက္ခဆင်းရဲခြင်းများဖြင့် ပြည့်လျက်ရှိပါ၏။ အကျွန်ုပ်၏ ဘ၀အသက်တာ သည်လည်း မရဏသေခြင်းသို့ ချဉ်းကပ်နေပါပြီ။-
Psal BurCBCM 88:4  အကျွန်ုပ်သည် တွင်းနက်ထဲသို့ ဆင်းသောသူများနှင့်အတူ ရေးမှတ်ခံရပြီး ခွန်အားမရှိသောသူကဲ့သို့ ဖြစ်နေပါပြီ။-
Psal BurCBCM 88:5  အကျွန်ုပ်သည် သေသူတို့အလယ်တွင် စွန့်ပစ်ခံရသူကဲ့သို့လည်းကောင်း၊ အသတ်ခံရပြီး သခင်္ျိုင်းတွင် လဲလျောင်းနေသူ ကဲ့သို့လည်းကောင်း၊ ကိုယ်တော် လုံး၀မေ့လျော့နေသော သူတို့ကဲ့သို့လည်းကောင်းဖြစ်ပါ၏။ အကြောင်းမူကား သူတို့သည် ကိုယ်တော်၏လက်တော်မှ ဝေးကွာနေကြပါ၏။-
Psal BurCBCM 88:6  ကိုယ်တော်သည် အကျွန်ုပ်ကို မှောင်မဲ၍ နက်ရှိုင်းလှသောတွင်းကြီးထဲသို့ ချတော်မူခဲ့လေပြီ။-
Psal BurCBCM 88:7  ကိုယ်တော်၏အမျက်တော်သည် အကျွန်ုပ်အပေါ်၌ လေးလံလျက်ရှိပါ၏။ ကိုယ်တော်၏လှိုင်းတံပိုးတော်များဖြင့် အကျွန်ုပ်ကို နစ်မြုပ်စေပါပြီ။
Psal BurCBCM 88:8  ကိုယ်တော်သည် အကျွန်ုပ်၏ အရင်းနှီးဆုံးမိတ်ဆွေများကို အကျွန်ုပ်ထံမှ ခေါ်ယူသွားခဲ့ပြီ။ အကျွန်ုပ်ကို သူတို့အတွက် ရွံရှာဖွယ်ဖြစ်စေတော်မူခဲ့ပြီ။ အကျွန်ုပ်သည် လှောင်ပိတ်ခြင်းခံရ၍ ထွက်မပြေးနိုင်တော့ပါ။-
Psal BurCBCM 88:9  အကျွန်ုပ်၏မျက်စိများသည် ပူဆွေးဝမ်းနည်းရခြင်းဖြင့် မှုန်ဝါးနေပါ၏။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း ကိုယ်တော်ထံတောင်းလျှောက်၍ အထံတော်သို့ အကျွန်ုပ်၏လက်များကို ဆန့်တန်းပါ၏။-
Psal BurCBCM 88:10  ကိုယ်တော်သည် သေသောသူတို့အတွက် ကိုယ်တော်၏အံ့ဖွယ်အမှုတို့ကို ပြုလုပ်ပါသလော။ သေသောသူတို့သည် ထ၍ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြပါသလော။
Psal BurCBCM 88:11  ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကို သခင်္ျိုင်းတွင်း၌လည်းကောင်း၊ ကိုယ်တော်၏သစ္စာတော် အကြောင်းကို ပျက်စီးရာဌာန၌လည်းကောင်း ထုတ်ဖော်ပြောဆိုကြပါသလော။-
Psal BurCBCM 88:12  ကိုယ်တော်၏ အံ့ဖွယ်တန်ခိုးလက္ခဏာများသည် မှောင်မိုက်သောနေရာ၌လည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မတ် မှန်ကန်သော အမှုများသည် မေ့ပျောက်ခံရသော ဒေသ၌လည်းကောင်း အသိအမှတ်ပြုခြင်း ခံရပါသလော။
Psal BurCBCM 88:13  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်အား ကူညီမစတော်မူပါရန် ကိုယ်တော့်ထံတော်သို့ အကျွန်ုပ်အော်ဟစ် တောင်းလျှောက်ပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသည် ကိုယ်တော်၏ ရှေ့တော်သို့ရောက်ပါ၏။-
Psal BurCBCM 88:14  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်ထားတော်မူသနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူပါသနည်း။-
Psal BurCBCM 88:15  အကျွန်ုပ်သည် ငယ်စဉ်ကပင် ဝေဒနာခံရလျက် သေလုနီးပါးဖြစ်ရပါ၏။ ကိုယ်တော်၏ထိတ် လန့်ဖွယ်ရာများကို တွေ့ကြုံခံစားရသဖြင့် အကျွန်ုပ်သည် စိတ်ပျက်အားငယ်လျက်ရှိပါ၏။-
Psal BurCBCM 88:16  ကိုယ်တော်၏ အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးခဲ့ပါ၏။ ကိုယ်တော်၏ ကြောက်မက်ဖွယ်ရာများသည် အကျွန်ုပ်ကို ဖျက်ဆီးခဲ့ကြပါ၏။-
Psal BurCBCM 88:17  ယင်းတို့သည် မြစ်ရေလျှံသကဲ့သို့ တစ်နေ့လုံး အကျွန်ုပ်ကို ဝိုင်းရံလျက်ရှိပြီးလျှင် အဘက်ဘက်မှနေ၍ အကျွန်ုပ်အနီးသို့ ချဉ်းကပ်လာကြပါ၏။-
Psal BurCBCM 88:18  ကိုယ်တော်သည် အကျွန်ုပ်၏မိတ်ဆွေများနှင့် အိမ်နီးချင်းများအား အကျွန်ုပ်ကို ရှောင်ရှားစေခဲ့ပါပြီ။ မှောင်မိုက်ခြင်းသာလျှင် အကျွန်ုပ်၏အရင်းနှီးဆုံးသော မိတ်ဆွေဖြစ်ပါ၏။