Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 114
Psal BurCBCM 114:1  ယာကုပ်အမျိုးအနွယ်ဖြစ်သော အစ္စရာအဲလ်လူမျိုးသည် လူမျိုးခြားနိုင်ငံဖြစ်သော အီဂျစ်ပြည်မှ ထွက်ခွာလာသောအခါ၊-
Psal BurCBCM 114:2  ဂျုဒအမျိုးသည် ထာ၀ရဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ဖြစ်လာ၏။ အစ္စရာအဲလ်သည် ကိုယ်တော်၏ နိုင်ငံတော်ဖြစ်လာ၏။
Psal BurCBCM 114:3  ပင်လယ်သည် မြင်သောအခါ ထွက်ပြေးလေ၏။ ဂျော်ဒန်မြစ်သည် မစီးဆင်းဘဲ နောက်သို့ပြန်လှည့်လေ၏။-
Psal BurCBCM 114:4  တောင်တန်းများသည် သိုးကြီးများကဲ့သို့လည်းကောင်း၊ တောင်ငယ်များသည် သိုးငယ်များကဲ့သို့လည်းကောင်း ခုန်ပေါက်ပြေးလွှားကြ၏။
Psal BurCBCM 114:5  အသင်ပင်လယ်၊ မည်သည့်အကြောင်းကြောင့် ထွက်ပြေးရသနည်း။ အသင်ဂျော်ဒန်မြစ်၊ မည်သည့်အကြောင်းကြောင့် နောက်ပြန်လှည့်ရသနည်း။-
Psal BurCBCM 114:6  အသင် တောင်တန်းတို့၊ မည်သည့်အကြောင်းကြောင့် သိုးများကဲ့သို့ ခုန်ပေါက်ပြေးလွှားကြသနည်း။ အသင်တောင်ငယ်တို့၊ မည်သည့်အကြောင်းကြောင့် သိုးငယ်များကဲ့သို့ ခုန်ပေါက်ပြေးလွှားကြသနည်း။
Psal BurCBCM 114:7  အသင်မြေကြီး၊ ယာကုပ်၏ဘုရားသခင်ရှေ့တော်ဖြစ်သော ထာ၀ရဘုရားသခင်၏ရှေ့တော်တွင် တုန်လှုပ်ပါလော့။-
Psal BurCBCM 114:8  ကိုယ်တော်သည် ကျောက်ဆောင်ကို ရေအိုင်ဖြစ်စေ၍ မာကျောသော ကျောက်တုံးများအကြားတွင် စမ်းရေကိုစီးဆင်း စေတော်မူ၏။