Site uses cookies to provide basic functionality.

OK
NUMBERS
Prev Up Next Toggle notes
Chapter 32
Numb BurJudso 32:1  ရုဗင်အမျိုးသားနှင့် ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ်၍၊ ယာဇာပြည်၊ ဂိလဒ်ပြည်တို့၌ တိရစ္ဆာန် ကျက်စားစရာကို ကောင်းသည်ကို မြင်ကြလျှင်၊-
Numb BurJudso 32:2  မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိ သော ပရိသတ်တို့တွင် မင်းများတို့ထံသို့ လာ၍၊
Numb BurJudso 32:3  အတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောန တည်းဟူသော၊
Numb BurJudso 32:4  ဣသရေလပရိသတ်ရှေ့မှာ ထာဝရဘုရား လုပ်ကြံတော်မူသော ဤပြည်သည် တိရစ္ဆာန်နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန်တို့၌လည်း တိရစ္ဆာန် များပြားပါ၏။
Numb BurJudso 32:5  သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့တော်၌ မျက်နှာရလျှင်၊ ဤပြည်ကို ကိုယ်တော် ကျွန်တို့အား အပိုင်ပေးတော်မူပါ။ ကျွန်တော်တို့ကို ယော်ဒန်မြစ်တဘက်သို့ ပို့ဆောင်တော်မမူပါနှင့်ဟု လျှောက်ကြ၏။
Numb BurJudso 32:6  မောရှေကလည်း၊ သင်တို့သည် ဤအရပ်၌ နေရစ်၍၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွား ရမည်လော။
Numb BurJudso 32:7  ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မကူးမသွားမည် အကြောင်း၊ သူတို့စိတ်ကို အဘယ်ကြောင့် ဖျက်ကြ သနည်း။
Numb BurJudso 32:8  ပြည်တော်ကို ကြည့်ရှုစေခြင်းငှါ၊ သင်တို့ အဘ တို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။
Numb BurJudso 32:9  ဧရှကောလချောင်းသို့ သွား၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ၊ ထာဝရဘုရားပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကို ဖျက်ကြ၏။
Numb BurJudso 32:10  ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။
Numb BurJudso 32:11  ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။
Numb BurJudso 32:12  ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။
Numb BurJudso 32:13  ထိုသို့ ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှု ကို ပြုသောလူအပေါင်းတို့သည် မပျက်စီးမှီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက် ထွက်၍ အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့်လည်စေ တော်မူ၏။
Numb BurJudso 32:14  ယခုမူကား၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကို သာ၍ ပြင်းစွာအမျက်တော်ထွက်စေ မည်အကြောင်း၊ သာ၍ဆိုးသောသူတည်းဟူသော သင်တို့ သည် သင်တို့အဘများကိုယ်စား ပေါ်ထကြပြီတကား။
Numb BurJudso 32:15  သင်တို့သည် နောက်တော်သို့မလိုက်ဘဲ လွှဲသွား ကြလျှင်၊ တဖန် ဣသရေလအမျိုးသားတို့ကို တော၌ စွန့်ပစ်တော်မူသဖြင့်၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကြလိမ့်မည်ဟု ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသားတို့ အား ပြန်ပြော၏။
Numb BurJudso 32:16  ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ်၍၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဘို့ ဤအရပ်၌ သိုးခြံတို့ကို၎င်း၊ ကျွန်တော်တို့ သူငယ်များ အဘို့ မြို့တို့ကို၎င်း တည်ပါမည်။
Numb BurJudso 32:17  သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူတို့ နေရာအရပ်သို့ မပို့မဆောင်မှီတိုင်အောင်၊ ကျွန်တော် တို့သည် လက်နက်ကိုင်လျက် သူတို့ရှေ့မှာ သွားပါမည်။ ဤပြည်၌ ကျန်ကြွင်းသေးသော လူတို့ကြောင့် ကျွန်တော် တို့သူငယ်များသည် ခိုင်ခံ့သောမြို့၌ နေရပါမည်။
Numb BurJudso 32:18  ဣသရေလအမျိုးသားအပေါင်းတို့သည် အမွေခံ ရသောမြေကို မဝင်စားမှီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့ မပြန်မလာပါ။
Numb BurJudso 32:19  ကျွန်တော်တို့သည် ယော်ဒန်မြစ်တဘက်၌ သူတို့ နှင့်အတူ အမွေကို မတောင်းမခံပါ။ ကျွန်တော်တို့အမွေ ခံရာမြေသည် ယော်ဒန် မြစ်အရှေ့ဘက်၌ ကျပါသည်ဟု လျှောက် ပြန်ကြ၏။
Numb BurJudso 32:20  မောရှေကလည်း၊ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ လက်နက်ကိုင်လျက် စစ်တိုက်သွား လျှင်၎င်း၊
Numb BurJudso 32:21  ထာဝရဘုရားသည် ရန်သူတို့ကို ရှေ့တော်မှ နှင်ထုတ်၍ ထိုပြည်ကို အောင်တော်မမူမှီတိုင်အောင်၊
Numb BurJudso 32:22  သင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ ယော်ဒန်မြစ်တဘက်သို့ ကူးသွားလျှင် ၎င်း၊ ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလအမျိုး သားရှေ့၌ အပြစ်ကင်းလွတ်လျက်၊ ဤပြည်သို့ ပြန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည်။
Numb BurJudso 32:23  ထိုသို့မပြုလျှင်မူကား၊ သင်တို့သည် ထာဝရ ဘုရားကို ပြစ်မှားခြင်းရှိသည်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို လိုက်၍ မှီလိမ့်မည်။
Numb BurJudso 32:24  သူငယ်များအဘို့ မြို့တို့ကို၎င်း၊ သိုးများအဘို့ သိုးခြံတို့ကို၎င်း၊ တည်လုပ်ကြလော့။ ယခုပြောသမျှ အတိုင်း ပြုကြလော့ဟုဆိုလျှင်၊
Numb BurJudso 32:25  ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးတို့က၊ ကိုယ်တော် ကျွန်တို့သည် သခင်မိန့်တော်မူသည်အတိုင်း ပြုပါ မည်။
Numb BurJudso 32:26  ကျွန်တော်တို့ မယားသားသူငယ်များနှင့် သိုးနွား အလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့တို့၌ နေရစ်ရပါမည်။
Numb BurJudso 32:27  ကိုယ်တော် ကျွန်အပေါင်းတို့မူကား၊ သခင် မိန့်တော်မူသည်အတိုင်း၊ လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ စစ်တိုက်ခြင်းငှါ ကူးသွားပါမည်ဟု လျှောက်ထားကြ၏။
Numb BurJudso 32:28  ထိုအမှုကြောင့်၊ မောရှေသည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှု အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီးများတို့ကို ခေါ်၍၊
Numb BurJudso 32:29  ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှါ အသီးအသီးလက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တဘက် သို့ ကူးသွား၍၊ သင်တို့သည် ထိုပြည်ကို အောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည်။
Numb BurJudso 32:30  သို့မဟုတ် သူတို့သည်လက်နက်ကိုင်လျက် သင်တို့နှင့်အတူ မကူးမသွားလျှင်၊ ခါနာန်ပြည်၌ သင်တို့ တွင် ကိုယ်ပိုင်ရာမြေကို ခံယူရကြမည်ဟု မှာထားလေ၏။
Numb BurJudso 32:31  ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် ကိုယ်တော် ကျွန်တို့အား မိန့်တော်မူ သည်အတိုင်း၊ ကျွန်တော်တို့သည် ပြုကြပါမည်။
Numb BurJudso 32:32  ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေခံရပါမည် အကြောင်း၊ ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါ မည်ဟု ပြန်လျှောက်ကြ၏။
Numb BurJudso 32:33  ထိုအခါ မောရှေသည် အာမောရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင် ဩဃ၏ နိုင်ငံဆိုင်သမျှသောနယ်မြေ မြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သား မနာရှေမှ ဆင်းသက် သော မနာရှေအမျိုးသား တဝက်၌ အပ်ပေးလေ၏။
Numb BurJudso 32:34  ဂဒ်အမျိုးသားတို့သည် ဒိဗုန်၊ အတရုတ်၊ အာရော်၊
Numb BurJudso 32:35  အာတရုတ်၊ ရှောဖန်၊ ယာဇာ၊ ယုမ္ဘေဟ၊
Numb BurJudso 32:36  ဗက်နိမရာ၊ ဗေသာရန်မြို့များကို၎င်း၊ သိုးခြံများ ကို၎င်း တည်လုပ်ကြ၏။
Numb BurJudso 32:37  ရုဗင်အမျိုးသားတို့သည် ဟေရှဘုန်၊ ဧလာလေ၊ ကိရယသိမ်၊
Numb BurJudso 32:38  နေဗော၊ ဗာလမောန၊ ရှိဗမမြို့များကို အသစ် သောအမည်ဖြင့် သမုတ်၍ တည်ကြ၏။
Numb BurJudso 32:39  မနာရှေမှ ဆင်းသက်သော မာခိရအမျိုးသား တို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင် မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။
Numb BurJudso 32:40  မောရှေသည် ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရအမျိုးသားတို့အား ပေး၍ သူတို့သည် နေကြ၏။
Numb BurJudso 32:41  မနာရှေအမျိုးသား ယာဣရသည်လည်း သွား၍ ဂိလဒ်ရွာများကို သိမ်းယူပြီးမှ၊ ဟာဝုတ်ယာဣရ အမည် ဖြင့် သမုတ်လေ၏။
Numb BurJudso 32:42  နောဗာသည်လည်း သွား၍ ကေနတ်မြို့ရွာတို့ကို သိမ်းယူပြီးမှ၊ မိမိအမည်ဖြင့် နောဗာမြို့ဟု သမုတ် လေ၏။