I CORINTHIANS
Chapter 11
I Co | BurCBCM | 11:2 | သင်တို့သည်အရာရာတိုင်း၌ ငါ့ကိုအောက်မေ့သတိ ရကြ၍ ဓလေ့ထုံးတမ်းများကို သင်တို့အား ငါသင်ပြပေး ခဲ့သည့်အတိုင်း လိုက်နာကျင့်ကြံကြသောကြောင့် သင်တို့ကို ငါချီးမွမ်းပါ၏။- | |
I Co | BurCBCM | 11:3 | သို့သော် ငါသည် သင်တို့အား ယောက်ျားတိုင်း၏ဦးခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမတစ်ယောက်၏ ဦးခေါင်းကား လင်ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ဦး ခေါင်းကား ဘုရားသခင်ဖြစ်သည်ကိုလည်းကောင်း နား လည်စေလို၏။- | |
I Co | BurCBCM | 11:4 | သို့ဖြစ်၍ ယောက်ျားတစ်ယောက်သည် မိမိ၏ဦးခေါင်းကိုဖုံးအုပ်၍ ဆုတောင်းပတ္ထနာပြုလျှင်၊ သို့မဟုတ် ပရောဖက်ဉာဏ် နှင့် ဟောပြောလျှင် သူသည် မိမိ ဦးခေါင်း၏အသရေကို ရှုတ်ချသူဖြစ်၏။- | |
I Co | BurCBCM | 11:5 | သို့သော် မိန်းမတစ်ဦးသည် ဦးခေါင်းကိုမဖုံးအုပ်ဘဲ ဆုတောင်းလျှင်၊ သို့မဟုတ် ပရောဖက်ဉာဏ်နှင့်ဟောပြောလျှင် သူမသည် မိမိဦးခေါင်း၏အသေရေကိုရှုတ်ချသူဖြစ်၏။ သူမသည် ခေါင်းတုံးရိတ်ထားသကဲ့သို့ပင်ဖြစ်လေ၏။- | |
I Co | BurCBCM | 11:6 | အကယ်၍ မိန်းမတစ်ယောက်သည် မိမိ၏ဦးခေါင်းကို မဖုံးအုပ်ဘဲ ထားလျှင် သူမသည် မိမိ၏ဆံပင်ကိုဖြတ်ထားသင့်၏။ အကယ်၍ ဆံပင်ဖြတ်ခြင်း၊ သို့မဟုတ် ခေါင်းတုံးရိတ်ခြင်းတို့သည် မိန်းမတစ်ယောက်အတွက် ရှက်ဖွယ်ဖြစ်လျှင် သူမသည် မိမိဦးခေါင်းကိုဖုံးအုပ်ထားပါစေ။ | |
I Co | BurCBCM | 11:7 | ယောက်ျားသည် မိမိ၏ဦးခေါင်းကို ဖုံးအုပ်ထားရန်မလို။ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် ဘုန်းဂုဏ်တော်ဖြစ်သောကြောင့်တည်း။ မိန်းမသည်ကား ယောက်ျား၏ဂုဏ်ကျက်သရေဖြစ်၏။- | |
I Co | BurCBCM | 11:8 | အကြောင်းမူကား ယောက်ျားသည် မိန်းမမှ ဖန်ဆင်းခြင်းခံရသည်မဟုတ်။ မိန်းမသာလျှင် ယောက်ျားအားဖြင့် ဖန်ဆင်းခြင်း ခံရ၏။- | |
I Co | BurCBCM | 11:9 | ထို့အတူ ယောက်ျားသည် မိန်းမအတွက် ဖန်ဆင်းခံရသည်မဟုတ်။ မိန်းမသည်သာလျှင် ယောက်ျားအတွက် ဖန်ဆင်းခြင်းခံ ရ၏။- | |
I Co | BurCBCM | 11:10 | သို့ဖြစ်၍ ကောင်းကင်တမန်တော်များကို လေးစားသောအားဖြင့် မိန်းမတစ်ယောက်သည် မိမိ၏ဦးခေါင်းကို ဖုံးအုပ်ထား သင့်၏။- | |
I Co | BurCBCM | 11:11 | မည်သို့ပင်ဖြစ်စေကာမူ သခင်ဘုရား၌ မိန်းမသည် ယောက်ျားကိုမှီခိုရသကဲ့သို့ ယောက်ျားသည်လည်း မိန်းမကိုမှီခိုရ၏။- | |
I Co | BurCBCM | 11:12 | အကြောင်းမူကား မိန်းမသည် ယောက်ျားမှ ဖန်ဆင်းခြင်းခံရသကဲ့သို့ပင် ယောက်ျားသည်လည်း ယခုအခါတွင် မိန်းမမ ှမွေးဖွားလာရ၏။ ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်ထံမှဖြစ်၏။- | |
I Co | BurCBCM | 11:13 | သင်တို့ကိုယ်တိုင် ဆင်ခြင်သုံးသပ်ကြပါလော့။ မိန်းမတစ်ဦးသည် ဦးခေါင်းကိုမဖုံးအုပ်ဘဲ ဘုရားသခင်ထံဆုတောင်း ပတ္ထနာပြုရန် သင့်လျော်ပါသလော။- | |
I Co | BurCBCM | 11:14 | ဆံပင်ရှည်ထားခြင်းသည် ယောက်ျားတစ်ဦးအတွက် ရှက်ဖွယ်ဖြစ်ကြောင်းကို သဘာ၀တရားက သင်တို့အားသွန်သင်ထား သည် မဟုတ်လော။- | |
I Co | BurCBCM | 11:15 | မိန်းမတစ်ဦးအတွက်မူကား ဆံပင်ရှည် ထားခြင်းသည် သူ၏ကျက်သရေပင် မဟုတ်ပါလော။ အကြောင်းမူကား သူမ၏ ဆံပင်ရှည်ကို ဖုံးလွှမ်းရာအဖြစ် သူမအား ပေးထားခြင်းဖြစ်၏။- | |
I Co | BurCBCM | 11:16 | ဤအကြောင်းနှင့်စပ် လျဉ်း၍ တစ်စုံတစ်ယောက်သောသူသည် ငြင်းခုံလိုပါ လျှင် ငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော် များ၌လည်းကောင်း ထိုကဲ့သို့သောထုံးစံမရှိကြောင်း ငါ ပြောကြားလိုပါ၏။ | |
I Co | BurCBCM | 11:17 | သို့ရာတွင် အောက်ပါသွန်သင်ချက်များနှင့်စပ်လျဉ်း၍ ငါသည် သင်တို့အား မချီးမွမ်းပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် အတူတကွစုဝေးကြသောအခါ ယင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကိုပေးလေ၏။- | |
I Co | BurCBCM | 11:18 | ပထမ အကြောင်းမှာ သင်တို့သည် အသင်းတော်၌ စည်းဝေးကြ သောအခါတွင် အချင်းချင်းစိတ်ဝမ်းကွဲမှုများရှိကြောင်း ငါကြားသိရ၏။ ကြားရသည့်အတိုင်း တစ်စိတ်တစ်ဒေသ မှန်ကန်လိမ့်မည်ဟုလည်း ငါယုံကြည်၏။- | |
I Co | BurCBCM | 11:19 | အကြောင်းမူကား သင်တို့တွင် အုပ်စုကွဲပြားမှုများရှိရမည်မှန်၏။ သို့မှ သာလျှင် မှန်ကန်စွာရပ်တည်သောသူများကို ပေါ်လွင်ထင်ရှားစွာ မြင်တွေ့နိုင်မည်ဖြစ်၏။- | |
I Co | BurCBCM | 11:21 | အကြောင်းမူကား သင်တို့အသီး သီးသည် မိမိ၏အစာကိုယူ၍ စားကြသဖြင့် တစ်ယောက်သည် ဆာငတ်လျက်ရှိနေစဉ် အခြားတစ်ယောက်သည် မူးယစ်လျက်ရှိသောကြောင့်တည်း။- | |
I Co | BurCBCM | 11:22 | အဘယ်ကြောင့်နည်း။ သင်တို့တွင် စားသောက်ကြရန် အိမ်များမရှိကြ သလော။ သို့မဟုတ်လျှင် သင်တို့သည် ဘုရားသခင် ၏ အသင်းတော်ကို မလေးမစားပြု၍ မရှိဆင်းရဲသားတို့အား အရှက်ရစေသလော။ သင်တို့အား ငါမည်သို့ပြောရမည်နည်း။ ဤအမှုအတွက် သင်တို့ကို ငါချီးမွမ်းရမည်လော။ ငါချီးမွမ်းလိမ့်မည်မဟုတ်။ | |
I Co | BurCBCM | 11:23 | အကြောင်းမူကား သခင်ဘုရားထံမှ ငါရရှိခဲ့၍ သင်တို့အား ငါပေးခဲ့သောသွန်သင်ချက်သည်ကား ယေဇူးသခင်သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရသည့်ည၌ မုန့်ကိုယူ၍၊- | |
I Co | BurCBCM | 11:24 | ကျေးဇူးတင်ချီးမွမ်းပြီးနောက် မုန့်ကိုဖဲ့၍ ဤအရာသည် သင်တို့အဖို့ဖြစ်သော ငါ၏ခန္ဓာကိုယ်ဖြစ်၏၊ ငါ့ကို အောက်မေ့ သတိရခြင်းငှာ ဤအမှုကို ပြုကြလော့ ဟုမိန့်တော်မူ၏။- | |
I Co | BurCBCM | 11:25 | ထိုနည်းတူ ညစာစားပြီးနောက် ခွက်တော်ကိုလည်း ယူတော်မူလျက် ဤခွက်သည် ငါ၏သွေး၌တည်သော ပဋိညာဉအ သစ်ဖြစ်၏၊ ဤခွက်ကို သင်တို့သောက်ကြသည့်အခါတိုင်း ငါ့ကို အောက်မေ့သတိရခြင်းငှာ ဤအမှုကိုပြုကြလော့ ဟု မိန့်တော်မူ၏။- | |
I Co | BurCBCM | 11:26 | အကြောင်းမူကား သင်တို့သည် ဤမုန့်ကိုစား၍ ဤခွက်ကို သောက်ကြသည့်အခါတိုင်း သခင်ဘုရား၏အသေခံခြင်း ကို ကိုယ်တော်ကြွလာတော်မူသည့်တိုင်အောင် ကြေ ညာဟောပြောလျက်ရှိသောကြောင့်တည်း။ | |
I Co | BurCBCM | 11:27 | သို့ဖြစ်၍ မထိုက်တန်ဘဲ သခင်ဘုရား၏မုန့်ကိုစား၍ ကိုယ်တော်၏ခွက်တော်မှသောက်သောသူဟူသမျှသည် သခင်ဘုရား ၏ကိုယ်ခန္ဓာတော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။- | |
I Co | BurCBCM | 11:28 | ထို့ကြောင့် လူတိုင်းသည် မိမိကိုယ်ကိုစစ်ဆေးပြီးမှ မုန့်တော်ကိုစား၍ ခွက်တော်မှ သောက်ပါစေ။- | |
I Co | BurCBCM | 11:29 | အကြောင်းမူကား သခင်ဘုရား၏ကိုယ် ခန္ဓာအနက်အဓိပ္ပာယ်ကို မဆန်းစစ်ဘဲ မုန့်ကိုစား၍ ခွက် တော်မှသောက်သော သူသည် မိမိအပေါ် အပြစ်ဒဏ်ကျရောက်စေရန် စားသောက်သကဲ့သို့ဖြစ်၏။- | |
I Co | BurCBCM | 11:30 | သို့ဖြစ်၍ သင်တို့ထဲတွင် များစွာသောလူတို့သည် အင်အားချည့်နဲ့ကြ၍ ဖျားနာကြခြင်းဖြစ်၏။ အချို့သည်လည်း သေကြလေပြီ။- | |
I Co | BurCBCM | 11:31 | သို့သော် ငါတို့သည် မိမိတို့ကိုယ်ကို မှန်ကန်စွာ စီရင်ပါက အပြစ်စီရင်ခြင်းခံကြရလိမ့်မည်မဟုတ်။- | |
I Co | BurCBCM | 11:32 | သို့ရာတွင် သခင်ဘုရားသည် ငါတို့အား စီရင်တော်မူသောအခါ ငါတို့သည် လောကသားတို့နှင့်အတူ အပြစ်ဒဏ်မခံရစေ ရန် ဆုံးမတော်မူခြင်းသာဖြစ်၏။ | |
I Co | BurCBCM | 11:33 | ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့သည် စားပွဲတော်အတွက် စုဝေးကြသောအခါ တစ်ဦးကိုတစ်ဦးစောင့်ကြလော့။- | |