Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 2
Prov BurCBCM 2:1  ငါ့သား၊ သင်သည် ငါ၏ဆုံးမစကားများကိုနာခံ၍ ငါ၏ပညတ်ချက်များကို နှလုံးသွင်းကာ၊-
Prov BurCBCM 2:2  ဉာဏ်ပညာနှင့်ယှဉ်သော စကားကိုဂရုတစိုက်နားထောင်ပြီး သင့်နှလုံးသားက နားလည်လက်ခံလာသည်အထိ ကြိုးစားလျှင် သော်လည်းကောင်း၊-
Prov BurCBCM 2:3  အသိဉာဏ်ရရှိရန် အသနားခံလျက် သိမြင်နိုင်စွမ်းရှိရန် တောင်းလျှောက် လျှင်သော်လည်းကောင်း၊-
Prov BurCBCM 2:4  သင်သည် ငွေကိုဖြစ်စေ၊ ဝှက်ထားသည့်ဘဏ္ဍာကိုဖြစ်စေ ရှာဖွေသကဲ့သို့ အသိပညာကို ကြိုးစား၍ ရှာဖွေလျှင်သော် လည်းကောင်း၊-
Prov BurCBCM 2:5  သင်သည် ထာ၀ရဘုရားသခင်အား ကြောက်ရွံ့ရိုသေခြင်း၏ အနက်အဓိပ္ပာယ်ကို နားလည်လာ၍ ဘုရားသခင်၏ အကြောင်းကို သိမြင်နိုင်လိမ့်မည်။-
Prov BurCBCM 2:6  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဉာဏ်ပညာကိုပေးသောအရှင် ဖြစ်တော်မူ၍ အသိပညာနှင့် နားလည်နိုင်သော ဉာဏ်တို့သည် ကိုယ်တော်၏နှုတ်တော်မှ ထွက်ပေါ်လာ၏။-
Prov BurCBCM 2:7  ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့အတွက် စစ်မှန်သောဉာဏ်ပညာကိုစုဆောင်းထား၍ တရားသဖြင့် ကျင့်သော သူတို့အတွက် အကာအကွယ်ဖြစ်တော်မူ၏။-
Prov BurCBCM 2:8  ကိုယ်တော်သည် တရားမျှတခြင်းလမ်းစဉ်များကို စောင့်ထိန်း၍ မိမိအပေါ်သစ္စာရှိသောသူတို့၏လမ်းခရီးကို လုံခြုံစေတော် မူ၏။-
Prov BurCBCM 2:9  ထိုအခါ သင်သည် ဖြောင့်မတ် မှန်ကန်ခြင်း၊ တရားမျှတစွာကျင့်ကြံခြင်း၊ မျှတစွာပေါင်း သင်းဆက်ဆံခြင်းနှင့် ကောင်းသည့် နည်းလမ်းရှိသမျှတို့ကို နားလည်သဘောပေါက်လာလိမ့်မည်။-
Prov BurCBCM 2:10  ဉာဏ်ပညာသည် သင်၏နှလုံးသားထဲသို့ဝင်ရောက်လာ၍ အသိပညာသည် သင်၏စိတ်ဝိညာဉ်ကို အားရကျေနပ် စေလိမ့် မည်။-
Prov BurCBCM 2:11  ထိုအခါ အသိတရားသည် သင့်ကို ကြည့် ရှုစောင့်ရှောက်၍ နားလည်နိုင်စွမ်းရှိသောတရားသည် လည်း သင်၏အုပ်ထိန်းသူ ဖြစ်လာလိမ့်မည်။-
Prov BurCBCM 2:12  သင့်အား မကောင်းသောဒုစရိုက်လမ်းမှလည်းကောင်း၊ လိမ်လည် လှည့်ဖြားသောစကားကိုပြောဆိုသောသူတို့ထံမှလည်း ကောင်း၊-
Prov BurCBCM 2:13  ဖြောင့်မတ်သောတရားလမ်းကို စွန့်လွှတ်၍ ဒုစရိုက်မှောင်မိုက်လမ်း၌ ကျင်လည်သူ၊-
Prov BurCBCM 2:14  မကောင်းမှုကိုပြုရန် နှစ်သက်၍ လိမ်လည်လှည့်စားခြင်း၌ ပျော်မွေ့သူတို့ ထံမှလည်းကောင်း ကင်းဝေးစေလိမ့်မည်။-
Prov BurCBCM 2:15  ထိုသူတို့၏ လမ်းစဉ်များသည် ကွေ့ကောက်၍ သူတို့သည် မိမိတို့၏ ဘ၀အသက်တာ၌ ရိုးသားဖြောင့်မတ်ခြင်းမရှိကြပေ။ ဉာဏ်ပညာသည် သင့်အား စာရိတ္တပျက်ပြားသော မိန်းမနှင့်လည်းကောင်း၊ ဖောက်ပြန်တတ်သောမိန်းမ၏ မြူဆွယ်သည် စကားများနှင့်လည်းကောင်း ကင်းဝေးစေလိမ့်မည်။-
Prov BurCBCM 2:16  သူမသည် ငယ်စဉ်က ပေါင်းခဲ့သော ခင်ပွန်းအား စွန့်လွှတ်၍ မိမိဘုရားသခင်၏ပဋိညာဉ်တရားတော် ကို မေ့လျော့ခဲ့လေပြီ။-
Prov BurCBCM 2:17  အကြောင်းမူကား သူမ၏နေအိမ် သည် သေမင်းဘက်သို့ ယိမ်းယိုင်နေ၍ သူမ၏ဘ၀လမ်းသည်လည်း မရဏနိုင်ငံသို့ ဦးတည်နေ၏။-
Prov BurCBCM 2:18  သူမ၏နေ အိမ်သို့ရောက်သွားသောသူများသည် ဘယ်သောအခါ မျှပြန်မလာကြတော့သဖြင့် အသက်၏လမ်းကြောင်းပေါ် သို့ ပြန်လည်မရောက်ရှိကြတော့ချေ။
Prov BurCBCM 2:19  ထို့ကြောင့်သင်သည် ကောင်းမြတ်သောသူတို့ ၏လမ်းစဉ်ကိုလိုက်၍ ဖြောင့်မတ်သောသူတို့၏လမ်း ကြောင်းအတိုင်း မြဲမြံစွာလျှောက်လှမ်းရမည်။-
Prov BurCBCM 2:20  အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သောသူတို့သည် နိုင်ငံတော်၌ နေထိုင်ကြ၍ အပြစ်ကင်းမဲ့သူတို့သည် ထိုနိုင်ငံတွင် ဆက်လက်တည်ရှိကြလိမ့်မည်။-
Prov BurCBCM 2:21  ဆိုးယုတ်သောသူတို့မူကား နိုင်ငံတော်မှ ဖယ်ရှားခြင်းခံရ၍ သစ္စာမတည်သော သူတို့သည်လည်း နုတ်ပယ်ခြင်းခံကြရ လိမ့်မည်။