PROVERBS
Chapter 22
Prov | BurCBCM | 22:1 | စည်းစိမ်ဥစ္စာများစွာတို့ထက် နာမည်ကောင်းရရှိရေးကို ဦးစားပေးသင့်၏။ သူတစ်ပါး၏လေးစား ချစ်ခင်မှုကိုခံရခြင်းသည် ရွှေနှင့် ငွေတို့ထက် ပို၍ကောင်း ၏။- | |
Prov | BurCBCM | 22:2 | ချမ်းသာကြွယ်၀သူနှင့် ဆင်းရဲနွမ်းပါးသူတို့ အတူတကွတွေ့ဆုံကြ၏။ ထာ၀ရဘုရားသခင်သည် သူတို့ အားလုံး၏ ဖန်ဆင်းရှင် ဖြစ်တော်မူ၏။- | |
Prov | BurCBCM | 22:3 | လိမ္မာပါးနပ်သော သူသည် ဘေးအန္တရာယ်ကို ကြိုတင်မြင်တတ်၍ ပုန်း ရှောင်တတ်၏။ ရိုးအသောသူမူကား မတိမ်းရှောင် သောကြောင့် ဘေးဒုက္ခရောက်ရ၏။- | |
Prov | BurCBCM | 22:4 | စိတ်နှိမ့်ချခြင်းနှင့် ထာ၀ရ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းတို့၏ဆုလာဘ်သည်ကား ချမ်းသာကြွယ်၀ခြင်း၊ ဂုဏ်ရှိခြင်းနှင့် အသက်ရှင်ခြင်းတို့ဖြစ်၏။- | |
Prov | BurCBCM | 22:5 | ကောက်ကျစ်သောသူသွားရာလမ်း၌ ဆူးပင်များနှင့် ကျော့ကွင်းများရှိကြ၏။ မိမိကိုယ်ကို ထိန်း သိမ်းစောင့်ရှောက်သော သူသည် ယင်းတို့ကို အဝေးမှ ရှောင်ကွင်းသွားလိမ့်မည်။- | |
Prov | BurCBCM | 22:6 | ကလေးသူငယ်ကို လမ်းမှန် သို့ရောက်အောင် ဆုံးမသွန်သင်ပါလော့။ သို့မှသာ သူသည် ကြီးပြင်းလာသောအခါ လမ်းမှားသို့ မရောက်ဘဲ နေလိမ့်မည်။- | |
Prov | BurCBCM | 22:7 | ချမ်းသာကြွယ်၀သောသူသည် ဆင်းရဲသောသူကို အုပ်စိုး၏။ ချေးငှားသောသူသည် ချေးငှားပေးသောသူ၏ကျွန်ဖြစ်၏။- | |
Prov | BurCBCM | 22:8 | မတရားမှုကို မျိုးကြဲသောသူသည် ဘေးဒုက္ခကို ရိတ်သိမ်းရလိမ့်မည်။ သူ့အမျက် ဒေါသ၏အာဏာစက်သည် ပျောက်ကွယ်လိမ့်မည်။- | |
Prov | BurCBCM | 22:9 | သဒ္ဓါတရားထက်သန်သူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား သူသည် မိမိ၏အစာကို ဆင်းရဲသားတို့အား မျှဝေပေးသော ကြောင့်တည်း။- | |
Prov | BurCBCM | 22:10 | မောက်မာစော်ကားသောသူကို မောင်းထုတ်ကြလော့။ ခိုက်ရန်ဒေါသဖြစ်ပွားခြင်းနှင့် စော်ကားခြင်းများလည်း ရပ်စဲသွား လိမ့်မည်။- | |
Prov | BurCBCM | 22:11 | စိတ်နှလုံး ဖြူစင်ပြီး သင့်တင့်လျောက်ပတ်စွာ ပြောဆိုတတ်သူတို့ သည် ဘုရင်မင်းမြတ်၏မိတ်ဆွေဖြစ်လိမ့်မည်။- | |
Prov | BurCBCM | 22:12 | ထာ၀ရ ဘုရားသခင်သည် အသိပညာကို အမြဲစောင့်ကြည့်တော်မူ၏။ ကိုယ်တော်သည် သစ္စာမဲ့သူတို့၏စကားကိုဖယ် ရှားတော်မူ၏။- | |
Prov | BurCBCM | 22:13 | ပျင်းရိသောသူက အိမ်အပြင်၌ ခြင်္သေ့ရှိ၏၊ ငါသည် လမ်းပေါ်တွင် သတ်ဖြတ်ခြင်းခံရလိမ့်မည်ဟုဆို၏။- | |
Prov | BurCBCM | 22:14 | စာရိတ္တပျက်ပြားသောမိန်းမ၏နှုတ်သည် နက်ရှိုင်းသောတွင်းဖြစ်၏။ ထာ၀ရဘုရားသခင်၏အမျက် တော်သင့်သော သူသည် ထိုတွင်းထဲသို့ ကျလိမ့်မည်။- | |
Prov | BurCBCM | 22:15 | မိုက်မဲခြင်းသည် ကလေးသူငယ်၏စိတ်နှလုံး၌ နှောင်ဖွဲ့လျက်ရှိ၏။ သို့သော် စည်းကမ်းဥပဒေ၏ကြိမ်လုံးသည် ယင်းကို သူ့ထံမှ ဝေးရာသို့ နှင်ထုတ်လိမ့်မည်။- | |
Prov | BurCBCM | 22:16 | မိမိ၏ စည်းစိမ်ဥစ္စာတိုးပွားစေရန် ဆင်းရဲသားတို့ကို ဖိနှိပ်ပြီး ချမ်းသာကြွယ်၀သူများကို တံစိုးလက်ဆောင်ပေးကမ်း သောသူသည် ဆင်းရဲချို့တဲ့ရလိမ့်မည်။ | |
Prov | BurCBCM | 22:17 | သင်၏နားကိုစွင့်၍ ပညာရှိတို့၏ဆိုရိုးစကားများ ကိုနားထောင်ပါလော့။ ငါ၏အသိပညာကိုလည်း သင်၏ စိတ်နှလုံးဖြင့် ချင့်ချိန်၍ ကျင့်ကြံပါလော့။- | |
Prov | BurCBCM | 22:18 | အကြောင်းမူကား သင်သည် ဤအကြောင်းအရာတို့ကို မြဲမြံစွာ မှတ် သား၍ သင်၏နှုတ်၌ အသင့်ရှိသောအခါ စိတ်ချမ်းမြေ့ရ လိမ့်မည်။- | |
Prov | BurCBCM | 22:19 | သင်သည် ထာ၀ရဘုရားသခင်ကို ယုံကြည် အားကိုးမည့်အကြောင်း ငါသည် ယနေ့ပင် သင့်ကို ဤအကြောင်းအရာများနှင့် ပတ်သက်၍ သွန်သင်လေပြီ။ | |
Prov | BurCBCM | 22:20 | သတိပေးဆုံးမခြင်းနှင့် အသိပညာနှင့်ဆိုင်ရာဆိုရိုး စကားအခွန်းသုံးဆယ်တို့ကို သင့်အတွက် ငါရေးထားခဲ့သည် မဟုတ်လော။- | |
Prov | BurCBCM | 22:21 | သို့မှသာ သင်သည် ဖြောင့်မတ်မှန် ကန်ရာကိုသိမြင်နိုင်၍ သင့်ကိုစေလွှတ်သောသူတို့အား မှန်ကန်သောအဖြေကိုပေး နိုင်မည် မဟုတ်လော။ | |
Prov | BurCBCM | 22:22 | ဆင်းရဲသောသူထံမှ လုယူခြင်းမပြုလေနှင့်။ အဘယ်ကြောင့်ဆိုသော် သူသည် ဆင်းရဲချို့တဲ့သောကြောင့်တည်း။ အတိဒုက္ခရောက်လာသူကို တံခါး၀၌ပင် နှိပ်စက်ခြင်းကိုမပြုလေနှင့်။- | |
Prov | BurCBCM | 22:23 | အကြောင်းမူကား ထာ၀ရဘုရားသခင်သည် သူတို့ဘက်တွင် ရပ်တည်တော်မူလိမ့်မည်။ ကိုယ်တော်သည် ထိုသူတို့ထံမှ လုယက်သောသူတို့၏ အသက်ကို လုယူတော်မူလိမ့်မည်။- | |
Prov | BurCBCM | 22:24 | ဒေါသကြီးသော သူတို့နှင့်မိတ်ဆွေမဖွဲ့လေနှင့်။ ဒေါသရှေ့ထားတတ်သူ တို့နှင့်အတူ မပေါင်းသင်းလေနှင့်။- | |
Prov | BurCBCM | 22:25 | ဤသို့ပြုလျှင် သင် တို့သည် သူ၏လမ်းစဉ်အတိုင်းလိုက်မိ၍ သင်ကိုယ်တိုင် ကျော့ကွင်းအတွင်းသို့ ကျရောက်လိမ့်မည်။- | |
Prov | BurCBCM | 22:26 | သူတစ်ပါး ၏ကြွေးမြီများအတွက် အာမခံသူများ၊ ကတိကဝတ်ပြု သူများထဲတွင် သင်မပါဝင်စေနှင့်။- | |