Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 7
Prov BurCBCM 7:1  ငါ့သား၊ ငါ့စကားကို မှတ်သားထားပါလော့။ ငါ၏သွန်သင်ချက်တို့ကို အစဉ်ထိန်းသိမ်းလိုက်နာလော့။-
Prov BurCBCM 7:2  ငါ၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်း၍ အသက်ရှင်ပါလော့။ ငါ၏သွန်သင်ချက်များကို သင်၏ မျက်စိထဲမှ မျက်လုံးကဲ့သို့စောင့်ရှောက်ပါလော့။-
Prov BurCBCM 7:3  ပညတ်တော်တို့ကို သင်၏လက်ချောင်းတို့၌ချည်နှောင်ထား၍ သင့်နှလုံးသားပေါ်၌ ရေးမှတ်ထားလော့။-
Prov BurCBCM 7:4  ဉာဏ်ပညာကို သင်၏နှမကဲ့သို့လည်းကောင်း၊ ထိုးထွင်းဉာဏ်ကို သင် ၏မိတ်ဆွေကဲ့သို့လည်းကောင်း သဘောထားလော့။-
Prov BurCBCM 7:5  ယင်းတို့သည် သင့်အား ကိုယ်ကျင့်တရားဖောက်ပြန် သောအမျိုးသမီး၏ဘေးမှလည်းကောင်း၊ ချိုသာသော စကားလုံးများ ဖြင့် သွေးဆောင်ဖြားယောင်းတတ်သည့် အမျိုးသမီး၏အန္တရာယ်မှလည်းကောင်း ကာကွယ်စောင့် ရှောက်လိမ့်မည်။
Prov BurCBCM 7:6  အကြောင်းမူကား ငါ၏အိမ်ပြတင်းပေါက်သံတိုင် များအကြားမှ အပြင်သို့ ငါလှမ်းကြည့်လိုက်ရာ၊-
Prov BurCBCM 7:7  လူငယ် လူရွယ်တို့ အကြားတွင် ရိုးသားပွင့်လင်းပြီး ကိုယ်ပိုင် အသိဉာဏ်ကင်းမဲ့သောလူငယ်တစ်ယောက်ကို ငါတွေ့ မြင်ခဲ့၏။-
Prov BurCBCM 7:8  ထိုလူငယ်သည် အမျိုးသမီးရှိရာ လမ်းထောင့် အနီးမှ သူမ၏အိမ်သို့ရှေးရှုလျှောက်သွားလေ၏။-
Prov BurCBCM 7:9  နေဝင်ချိန်ဖြစ်သောကြောင့် အလင်းရောင်ကွယ်ပျောက်၍ ညအမှောင်လည်း ကျရောက်နေလေပြီ။
Prov BurCBCM 7:10  ထိုအချိန်တွင် ပြည့်တန်ဆာမတစ်ဦးကဲ့သို့ဝတ်စား ဆင်ယင်ထားသောအမျိုးသမီးတစ်ဦးသည် အပြင်သို့ ထွက်လာပြီးလျှင် ဆွဲဆောင်ချော့မြှူလျက် ထိုလူငယ်ကို ကြိုဆိုလေ၏။-
Prov BurCBCM 7:11  သူမသည် ရဲတင်းပြီး အရှက်ကင်းမဲ့သူ ပီပီ သူမ၏ အိမ်ထဲတွင် ဣန္ဒြေရှိစွာနေ၍မရ။-
Prov BurCBCM 7:12  သူမသည် ယခုတွင်ပင် လမ်းပေါ် ၌၊ ယခုတွင်ပင် ဈေးလယ်၌ ရောက် နေတတ်ပြီး လမ်းထောင့်တိုင်း၌ အခါမလပ်စောင့်မျှော် ကြည့်ရှုနေတတ်၏။-
Prov BurCBCM 7:13  သူမသည် လူငယ်ကို ဆွဲကိုင်၍ နမ်းရှုပ်ပြီး ရဲတင်းစွာဆိုသည်ကား၊-
Prov BurCBCM 7:14  ကျွန်မသည် အိမ်တွင် မိတ်သဟာယယဇ်ကိုပူဇော်ခဲ့ပါပြီ။ ယနေ့ ကျွန်မ၏ အဓိဋ္ဌာန်ကိုလည်း ပြုခဲ့ပြီးပါပြီ။-
Prov BurCBCM 7:15  ထို့ကြောင့် ကျွန်မသည် သင့်ကိုတွေ့လိုသောကြောင့် ထွက်၍ သင့်ကိုရှာနေခဲ့ရာ ယခုတွေ့ပါပြီ။-
Prov BurCBCM 7:16  ကျွန်မသည် ကျွန်မ၏အိပ်ရာကို အီဂျစ် ပြည်မှ အကောင်းဆုံးအိပ်ရာခင်းဖြင့် ဖုံးအုပ်ထားပါ၏။-
Prov BurCBCM 7:17  ကျွန်မ၏ အိပ်ရာကို မုရန်၊ အကျော်၊ သစ်ကြပိုးရနံ့တို့ဖြင့် ထုံသင်းမွှေးကြိုင်စေပါ၏။-
Prov BurCBCM 7:18  လာပါလော့၊ ကျွန်မတို့သည် နံနက်မိုးလင်းသည့်အထိ ချစ်တင်းနှော၍ မွေ့လျော်ကြကုန်အံ့။ တစ်ဦးနှင့် တစ်ဦးဖက်ယမ်းလျက် ပျော်ကြကုန်အံ့။-
Prov BurCBCM 7:19  အကြောင်းမူကား ကျွန်မ၏ခင်ပွန်းသည် ယခုအိမ်၌မရှိပါ။ သူသည် ခရီးရှည်ထွက်ခွာသွားပါ၏။-
Prov BurCBCM 7:20  သူသည် ပိုက်ဆံအပြည့်ပါသောငွေအိတ်ကို ယူဆောင်သွားသည် ဖြစ်၍ လပြည့်နေ့အထိ ပြန်လာလိမ့်မည်မဟုတ်ဟုဆို၏။
Prov BurCBCM 7:21  သူမသည် ထိုလူငယ်ကို သာယာမိန်းမောသွားစေမည့်စကားများဖြင့် ဆွဲဆောင်၍ ချိုမြချောမွေ့သောစကားတို့ဖြင့် သွေးဆောင်ဖြားယောင်းလေရာ၊-
Prov BurCBCM 7:22  ထိုသူသည် သားသတ်သမားရှိရာသို့သွားနေသည့် နွားကဲ့သို့လည်းကောင်း၊ မိမိ၏အသည်းနှလုံးများကို မြားဖြင့် ဖောက်ထွင်း ခံရန် ကွင်းလျောထဲသို့ ခုန်ပေါက်ဝင်သွားသည့် သမင် ကဲ့သို့လည်းကောင်း၊-
Prov BurCBCM 7:23  ကျော့ကွင်းထဲသို့ တစ်ဟုန်ထိုး တိုးဝင်သည့်ငှက်ငယ်ကဲ့သို့လည်းကောင်း မိမိ၏အသက် အန္တရာယ်ကိုပင် အမှုမထားနိုင်အား ဘဲ ထိုအမျိုးသမီး နောက်သို့ မဆိုင်းမတွပင် လိုက်သွားလေ၏။
Prov BurCBCM 7:24  သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါပြောမည့်စကားကို အလေးထားကြလော့။-
Prov BurCBCM 7:25  ဤ ကဲ့သို့သောအမျိုးသမီးကို စွဲလမ်းခြင်းမရှိလေနှင့်။ သူမ၏နောက်သို့လည်း မလိုက်ကြလေနှင့်။-
Prov BurCBCM 7:26  သူမသည် လူ ပေါင်းများစွာကို ဖျက်ဆီးခဲ့လေပြီ။ အားကောင်းမောင်း သန်ယောက်ျားပေါင်းများစွာတို့သည် သူမကြောင့် သေ ကြေပျက်စီးခဲ့ကြရလေပြီ။-
Prov BurCBCM 7:27  သူမ၏အိမ်သည် မရဏသို့ သွားရာလမ်းဖြစ်၍ သေခြင်းတံခါး၀ပင်ဖြစ်သတည်း။