Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 26
Prov BurCBCM 26:1  ဆီးနှင်းသည် နွေရာသီနှင့်လည်းကောင်း၊ မိုးရေသည် စပါးရိတ်သိမ်းချိန်နှင့်လည်းကောင်း မဆီလျော်သကဲ့သို့ ချီးမွမ်း ဂုဏ်ပြုခံရခြင်းသည်လည်း မိုက်မဲသောသူနှင့်မသက်ဆိုင်ချေ။-
Prov BurCBCM 26:2  စာငှက်သည် နေရာပြောင်း၍ နားသကဲ့သို့လည်းကောင်း၊ ပျံလွှားငှက်သည် လူးလားပျံသန်းသကဲ့သို့လည်းကောင်း အကြောင်း မဲ့ကျိန်ဆဲခြင်းတို့သည် မည်သို့မျှဖြစ်လာမည်မဟုတ်ချေ။-
Prov BurCBCM 26:3  မြင်းအတွက် နှင်တံ၊ မြည်းအတွက် ဇက်ကြိုးနှင့် လူမိုက်၏ ကျောပြင်အတွက် ကြိမ်လုံးလိုအပ်ပေ၏။-
Prov BurCBCM 26:4  လူမိုက်၏ မိုက်မဲမှုကိုလိုက်၍ သူ၏အမေးကို မဖြေကြားနှင့်။ ထိုသို့ ပြုပါလျှင် သင်ကိုယ်တိုင်သည်လည်း လူမိုက်ဖြစ်သွား လိမ့်မည်။-
Prov BurCBCM 26:5  လူမိုက်၏မိုက်မဲမှုနှင့် ထိုက်တန်သည့်အဖြေ ကိုသာပေးလော့။ သို့မဟုတ်ပါက သူသည် မိမိကိုယ်ကို ပညာရှိသူဟု ထင်မြင် လိမ့်မည်။-
Prov BurCBCM 26:6  မိုက်မဲသောသူမှ တစ်ဆင့် သတင်းစကားပါးလိုက်ခြင်းသည် မိမိ၏ခြေကို ဖြတ်၍ ရက်စက်ကြမ်းကြုတ်ခြင်းကို သောက်သုံး ခြင်းဖြစ်၏။-
Prov BurCBCM 26:7  ခြေမသန်သောသူသည် မိမိ၏ခြေထောက်တို့ကို အသုံးမပြုနိုင်သကဲ့သို့ မိုက်မဲသောသူသည်လည်း စကားပုံကို အသုံးမပြု နိုင်ပေ။-
Prov BurCBCM 26:8  မိုက်မဲသောသူကို ချီးမွမ်းစကားပြောကြားခြင်းသည် လောက်လွှဲတွင် ကျောက်ခဲကိုချည်နှောင်ထားခြင်းနှင့်တူ၏။-
Prov BurCBCM 26:9  မိုက်မဲသောသူ၏နှုတ်မှထွက် သောစကားပုံများသည် သေရည်မူးသောသူ၏လက်ထဲ၌ရှိသောဆူးခက်နှင့်တူ၏။-
Prov BurCBCM 26:10  လမ်းတွင်ကြုံရသည့်မိုက်မဲ သောသူ၊ သို့မဟုတ် သောက်စားမူးယစ်သူကို ငှားရမ်းစေခိုင်းသောသူသည် ကြုံရာလူကို မြား ဖြင့် ပစ်နေသောလေးသည်တော်နှင့်တူ၏။-
Prov BurCBCM 26:11  မိုက်မဲမှုကို ထပ်မံပြုလုပ်သောလူမိုက်သည် မိမိ၏အန်ဖတ်ကိုပြန်၍ စားတတ်သောခွေးနှင့်တူ၏။-
Prov BurCBCM 26:12  မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်သောသူကို သင်မြင်ရသလော။ မိုက်မဲသောသူသည် ထိုသူထက်ပို၍ မျှော်လင့်ချက်ရှိ၏။-
Prov BurCBCM 26:13  ပျင်းရိသောသူက လမ်းပေါ်တွင် ခြင်္သေ့ရှိ၏။ လမ်းများပေါ်တွင် ခြင်္သေ့တစ်ကောင်ရှိ၏ဟုဆို၏။-
Prov BurCBCM 26:14  တံခါးသည် ပတ္တာအားဖြင့် လှည်ပတ်သကဲ့သို့ ပျင်းရိသောသူသည် မိမိ၏အိပ်ရာပေါ်တွင် လူးလိမ့်နေတတ်၏။-
Prov BurCBCM 26:15  ပျင်းရိသူသည် မိမိ၏လက်ကို အစားအစာထည့်သည့်ပန်းကန်တွင် ထည့်ထားပြီးမှ မိမိ၏ပါးစပ်ထဲ သို့သွင်းရန်ကိုပင် အလွန်ဝန်လေးနေ၏။-
Prov BurCBCM 26:16  ပျင်းရိသူက မိမိသည် အကျိုးအကြောင်းသင့်လျော်စွာ ပြောဆိုတတ် သူခုနစ်ဦးထက်ပို၍ပညာရှိသည်ဟု ထင်မှတ်နေတတ် ၏။
Prov BurCBCM 26:17  မိမိနှင့်မသက်ဆိုင်သောအငြင်းပွားမှုတွင် ပါဝင်ပတ်သက်သောသူသည် လမ်းပေါ်တွင်ဖြတ်သွားသည့် ခွေး ၏နားရွက်များ ကိုကိုင်ဆွဲထားသောသူနှင့်တူ၏။-
Prov BurCBCM 26:18  မိမိ၏ အိမ်နီးချင်းများကို လှည့်ဖြားပြီးမှ ငါသည် ကျီစားရုံမျှ သာပြုလုပ်ခြင်းဖြစ်သည်ဟု ပြောဆိုသောသူသည် မီး တုတ်၊ မြားနှင့် သေခြင်းတို့ကို ပစ်ခတ်ကစားသည့်အရူး နှင့်တူ၏။-
Prov BurCBCM 26:19  မိမိ၏ အိမ်နီးချင်းများကို လှည့်ဖြားပြီးမှ ငါသည် ကျီစားရုံမျှ သာပြုလုပ်ခြင်းဖြစ်သည်ဟု ပြောဆိုသောသူသည် မီး တုတ်၊ မြားနှင့် သေခြင်းတို့ကို ပစ်ခတ်ကစားသည့်အရူး နှင့်တူ၏။-
Prov BurCBCM 26:20  ထင်းမရှိလျှင် မီးသည် ငြိမ်းသွားသကဲ့သို့ ရန်တိုက်ပေးသော သူမရှိလျှင် ရန်ငြိမ်းသွားတတ်၏။-
Prov BurCBCM 26:21  မီးကျီးခဲအတွက် မီးသွေး၊ မီးတောက်ရန်အတွက် ထင်းလိုအပ် သကဲ့သို့ ခိုက်ရန်ဖြစ်ပွားရန်အတွက် ရန်လိုသူရှိရန် လို အပ်၏။-
Prov BurCBCM 26:22  ရန်တိုက်ပေးသောသူတို့၏စကားများသည် ချိုမြိန်သောစားသောက်ဖွယ်ရာများနှင့်တူ၍ ယင်းတို့သည် ခန္ဓာကိုယ် အတွင်း ပိုင်းအထိဝင်ရောက်တတ်၏။-
Prov BurCBCM 26:23  စိတ်ကောင်းမရှိသူ၏နှုတ်ဖျားမှလာသည့် ချိုသာသော စကားလုံးများသည် မြေအိုးကို ကြွေရည်သုတ်ထားသည်နှင့်တူ၏။-
Prov BurCBCM 26:24  ရန်လိုမုန်းထားသူသည် မိမိ၏နှုတ်ဖြင့် ဟန်ဆောင်စကားဆိုလျက် စိတ်နှလုံးထဲ၌ လှည့်ဖြားခြင်းကို သိမ်းဆည်းထား၏။-
Prov BurCBCM 26:25  သူသည် စကားကို ချိုသာစွာ ပြောဆိုသောအခါ သူ့ကို မယုံကြည်လေနှင့်။ အဘယ်ကြောင့်ဆိုသော် သူ၏စိတ်နှလုံးထဲတွင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအရာခုနစ်ခုရှိ၏။-
Prov BurCBCM 26:26  သူ၏မုန်းတီးရန် လိုခြင်းမှာ ကောက်ကျစ်စွာဖုံးကွယ်ထားခြင်းခံရသော် လည်း သူ၏ယုတ်မာမှုသည် လူပရိသတ်တို့၏ ရှေ့တွင် ထင်ရှားလိမ့်မည်။-
Prov BurCBCM 26:27  တွင်းကိုတူးသောသူသည် ထိုတွင်း ထဲသို့ကျလိမ့်မည်။ ကျောက်တုံးကို လှိမ့်သောသူအပေါ် သို့လည်း ကျောက်တုံးသည် ပြန်ကျလိမ့်မည်။-
Prov BurCBCM 26:28  မုသား ပြောဆိုတတ်သောလျှာသည် မိမိထိခိုက်ပြောဆိုသော သူများကို မုန်းတီး၏။ မြှောက်ပင့်ပြောဆိုတတ်သောနှုတ် သည် ပျက်စီးဆုံးရှုံးခြင်းကိုဖြစ်ပေါ်စေ၏။