PROVERBS
Chapter 21
Prov | BurCBCM | 21:1 | ရှင်ဘုရင်၏စိတ်နှလုံးသည် ထာ၀ရဘုရားသခင်၏လက်တော်တွင်ရှိသော ရေစီးသည့်ချောင်း ကဲ့သို့ဖြစ်၍ ကိုယ်တော်သည် မိမိအလိုရှိသောနေရာသို့ ယင်းကို လှည့်စေတော်မူ၏။- | |
Prov | BurCBCM | 21:2 | လူသည် မိမိပြုလုပ်သမျှ မှန်ကန်သည်ဟုမြင်တတ်၏။ ထာ၀ရဘုရားသခင်သည် ကား စိတ်နှလုံးကို တိုင်းတာတော်မူ၏။- | |
Prov | BurCBCM | 21:3 | ထာ၀ရဘုရား သခင်သည် ယဇ်ပူဇော်ခြင်းထက် ဖြောင့်မတ်မှန်ကန်ခြင်း နှင့် တရားမျှတစွာကျင့်ကြံခြင်းကို ပို၍နှစ်သက် တော်မူ၏။- | |
Prov | BurCBCM | 21:4 | ယုတ်မာသောသူတို့၏အလင်းတည်းဟူသော မောက်မာထောင်လွှားသည့်အကြည့်နှင့် မာနကြီးသော နှလုံးသားတို့သည် အပြစ်ဒုစရိုက်ဖြစ်၏။- | |
Prov | BurCBCM | 21:5 | သတိဝီရိယ ရှိသူ၏အကြံအစည်တို့သည် ကြွယ်၀ချမ်းသာခြင်းသို့ မလွဲမသွေရောက်စေ၍ စိတ်လိုက်မာန်ပါပြုတတ်သူမှန် သမျှသည် ချို့တဲ့နွမ်းပါးနေမည်သာဖြစ်၏။- | |
Prov | BurCBCM | 21:6 | လိမ်လည်၍ ရှာဖွေစုဆောင်းထားသောစီးပွားဥစ္စာသည် တစ်ခဏအတွင်း လွင့်ပြယ်သွားသောရေခိုးရေငွေ့နှင့် သေမင်း၏ ကျော့ကွင်းဖြစ်၏။- | |
Prov | BurCBCM | 21:7 | လူယုတ်မာတို့သည် တရားမျှတသည့်လုပ်ရပ်ကိုပြုမူရန် ငြင်းဆန်သောကြောင့် သူတို့၏ ဆိုးသွမ်းရမ်းကားခြင်းသည် သူတို့ကို ပြန်၍သုတ်သင် ဖယ်ရှားပစ်လိမ့်မည်။- | |
Prov | BurCBCM | 21:9 | ရန်တွေ့တတ်သော မိန်းမတစ်ဦးနှင့် တစ်အိမ် တည်းအတူနေရခြင်းထက် အိမ်အမိုးပေါ်ရှိ ထောင့်တစ် နေရာ၌ နေရသည်က ပို၍ကောင်း၏။- | |
Prov | BurCBCM | 21:10 | လူယုတ်မာတို့၏ စိတ်နှလုံးသည် မကောင်းမှုကို အလိုရှိ၏။ သူ၏အိမ်နီး ချင်းသည် သူ၏မျက်လုံးများထဲတွင် သနားကြင်နာခြင်းကို ရှာမတွေ့ချေ။- | |
Prov | BurCBCM | 21:11 | မထီမဲ့မြင်ပြုသောသူတစ်ဦး အပြစ်ပေးခံရသောအခါ အသိတရားနည်းသောသူသည် ပညာသတိရှိလာ၏။ ပညာရှိသော သူသည် သွန်သင်ခြင်းခံရ သောအခါ သူ၌ အသိပညာတိုးပွားလာ၏။- | |
Prov | BurCBCM | 21:12 | ဖြောင့်မတ် သောသူသည် ဆိုးယုတ်သောသူ၏အိမ်ကိုကြည့်ရှုအကဲ ခတ်ပြီး ထိုဆိုးယုတ်သောသူတို့ကို ပျက်စီးခြင်းသို့ရောက် စေ၏။- | |
Prov | BurCBCM | 21:13 | ဆင်းရဲသားတို့၏အော်ဟစ်သံကို မကြားလို၍ မိမိ၏နားကိုပိတ်ထားသောသူသည် ကိုယ်တိုင်အော် ဟစ်ရလိမ့်မည်။ သို့သော် သူ၏အော်ဟစ်သံကို မည်သူ မျှကြားလိမ့်မည်မဟုတ်ချေ။- | |
Prov | BurCBCM | 21:14 | တိတ်တဆိတ်ပေးသော လက်ဆောင်သည် ဒေါသကိုပြေပျောက်စေ၍ လျှို့ဝှက်စွာ ပေးသောတံစိုးလက်ဆောင်သည်လည်း ပြင်းထန်သော အမျက်ကိုငြိမ်းစေ၏။- | |
Prov | BurCBCM | 21:15 | တရားသဖြင့် စီရင်သောအခါ ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်ကြ၍ မကောင်း မှုကျူးလွန်သူတို့မူကား စိတ်ပျက်ကြ၏။- | |
Prov | BurCBCM | 21:17 | အပျော်အပါးလိုက်စားသောသူသည် ဆင်းရဲချို့တဲ့လိမ့်မည်။ စပျစ်ရည်နှင့်ဆီကို စွဲလမ်းသောသူသည် ကြွယ်၀ချမ်းသာ လိမ့်မည်မဟုတ်။- | |
Prov | BurCBCM | 21:18 | ဆိုးယုတ်သောသူသည် တရားမျှတသူတို့အတွက်လည်းကောင်း၊ သစ္စာမရှိသောသူသည် ဖြောင့်မတ်သူအတွက် လည်းကောင်း ရွေးနုတ်ရန်အဖိုးအခဖြစ်လိမ့်မည်။- | |
Prov | BurCBCM | 21:19 | ရန်လို၍ နားပူနားဆာလုပ်လေ့ရှိသောမိန်းမနှင့် အတူနေရခြင်းထက် လူသူကင်းဝေးရာအရပ်တွင် နေရခြင်းက ပို၍ကောင်း၏။- | |
Prov | BurCBCM | 21:20 | ပညာရှိ၏အိမ်တွင်ရှိသောအဖိုးတန်ပစ္စည်းဥစ္စာသည် တည်မြဲ၏။ မိုက်မဲသူသည်ကား ပစ္စည်းဥစ္စာကို ကုန်ခန်း စေတတ်၏။- | |
Prov | BurCBCM | 21:21 | ဖြောင့်မတ်ခြင်းတရားနှင့် ကရုဏာတရား ကိုရှာဖွေသောသူသည် အသက်နှင့် ဂုဏ်ကျက်သရေ ကိုတွေ့လိမ့်မည်။- | |
Prov | BurCBCM | 21:22 | ပညာရှိသောသူသည် အင်အားကြီး သူတို့၏မြို့ကိုချီတက်တိုက်ခိုက်၍ ထိုသူတို့အားထား သောခံတပ်ကို ဖြိုဖျက်တတ်၏။- | |
Prov | BurCBCM | 21:24 | မောက်မာထောင်လွှားသဖြင့် မထီမဲ့မြင်ပြုသူဟု အမည်တွင်သောသူသည် ခက်ထန်သောမာနဖြင့် ပြုမူဆက်ဆံ၏။- | |
Prov | BurCBCM | 21:25 | ပျင်းရိသောသူ၏အလိုဆန္ဒသည် သူ့ကိုသေစေ၏။ အကြောင်းမူကား သူ၏လက်တို့သည် အလုပ်လုပ်ရန် ငြင်းဆန်ကြ သောကြောင့်တည်း။- | |
Prov | BurCBCM | 21:26 | ဆိုးယုတ်သောသူတို့သည် တစ်နေကုန် သူတစ်ပါး၏ပစ္စည်း ဥစ္စာကို လိုချင်သောလောဘစိတ်ဖြင့် ပြည့်နှက်နေကြ၏။ ဖြောင့်မတ်သောသူသည်ကား နှမြောတွန့်တိုခြင်း ကင်းမဲ့စွာ ပေးကမ်းတတ်၏။- | |
Prov | BurCBCM | 21:27 | ဆိုးယုတ်သောသူတို့၏ ပူဇော်သကာသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ မကောင်းသောရည်ရွယ်ချက်ဖြင့် ပူဇော်သော အခါတွင်မူကား ပို၍ပင်စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။- | |
Prov | BurCBCM | 21:28 | မမှန်ကန်သောသက် သေထွက်ဆိုချက်သည် ကွယ်ပျောက်လိမ့်မည်။ နာခံတတ်သောသူ၏စကားသည်ကား တည်လိမ့် မည်။- | |
Prov | BurCBCM | 21:29 | ဆိုးယုတ်သောသူသည် မျက်နှာကို တင်းထားတတ်၏။ ဖြောင့်မတ်သောသူမူကား မိမိ၏လမ်းစဉ်ကို စဉ်းစာဆင်ခြင်၏။- | |
Prov | BurCBCM | 21:30 | မည်သည့် ဉာဏ်ပညာ၊ အသိတရားနှင့် အကြံအစည်မျှ ထာ၀ရဘုရားသခင်ကို ဆန့်ကျင်အံတုခြင်းမပြုနိုင်ပေ။- | |