Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 17
Prov BurCBCM 17:1  ခမ်းနားစွာကျင်းပသောစားသောက်ပွဲတွင် ခိုက်ရန်ဖြစ်လျက် စားရခြင်းထက် ပေါင်မုန့်ခြောက် တစ်ခုကို အေးချမ်းငြိမ်သက် စွာ စားရခြင်းက ပို၍ကောင်း၏။-
Prov BurCBCM 17:2  ဉာဏ်ပညာရှိသောအစေခံသည် အရှက်မရှိသော သားကို အုပ်ချုပ်ရလိမ့်မည်။ သူသည် ပစ္စည်းဥစ္စာတို့ကို လည်း အိမ်သား တစ်ဦးနည်းတူ အမွေခံရတတ်၏။-
Prov BurCBCM 17:3  ငွေကို လုံဖြင့်လည်းကောင်း၊ ရွှေကို မီးဖြင့်လည်းကောင်း စမ်းသပ်စစ်ဆေးရ၏။ စိတ်နှလုံးကိုမူကား ထာ၀ရဘုရား သခင်စစ်ဆေးတော်မူ၏။-
Prov BurCBCM 17:4  မကောင်းမှုကိုကျူးလွန်သော သူသည် မုသားစကားကိုယုံကြည်တတ်၏။ မုသားသုံးသောသူသည်လည်း အကျိုးမဲ့ပျက်စီး စေသောစကား တို့ကိုနားထောင်တတ်၏။-
Prov BurCBCM 17:5  ဆင်းရဲသောသူတို့ကို ပြက်ရယ်ပြုသူများသည် မိမိတို့၏ဖန်ဆင်းရှင်ကို စော်ကားခြင်းဖြစ်၏။ သူတစ်ပါးဘေးဒုက္ခ ရောက်သည် ကိုဝမ်းမြောက် သူတို့သည်လည်း အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည် မဟုတ်။-
Prov BurCBCM 17:6  မြေးတို့သည် သက်ကြီးရွယ်အိုတို့၏သရဖူဖြစ်၏။ မိဘတို့သည် သားသမီးတို့အတွက် ဂုဏ်ယူဝင့်ကြွားရာဖြစ်၏။-
Prov BurCBCM 17:7  လူမိုက်တစ်ဦး၏နှုတ်မှကောင်းသောစကား များထွက်လာလေ့မရှိ။ မြင့်မြတ်သူသည်ကား မုသား စကားကို ပြောဆိုခဲ၏။-
Prov BurCBCM 17:8  တံစိုးလက်ဆောင်သည် မျက်လှည့်ပြသကဲ့သို့အောင်မြင်စေနိုင်သည်ဟု ပေးသူတို့ကမြင်ကြ၏။ ထိုသူတို့သည် မိမိတို့ သွားလေရာရာတွင် အောင်မြင်မည်ဟု ထင်မှတ်ကြ၏။-
Prov BurCBCM 17:9  သူတစ်ပါး၏အပြစ်ကို ခွင့်လွှတ်တတ်သူသည် မေတ္တာတရားကို တိုးပွားစေ၏။ ထိုအပြစ်ကို ထပ်တလဲလဲထုတ်ဖော် တတ်သူမူကား ရင်းနှီးသောမိတ်ဆွေတို့ကို ကွဲစေတတ်၏။-
Prov BurCBCM 17:10  အသိဉာဏ် ရှိသူကို အပြစ်တင်ဆုံးမခြင်းသည် လူမိုက်တစ်ယောက် ကို ကြိမ်ဒဏ်အချက်တစ်ရာရိုက်သည်ထက်ပင် ပို၍ ထိရောက်၏။-
Prov BurCBCM 17:11  ဆိုးယုတ်သောသူသည် ပုန်ကန်တော် လှန်ရန်ကိုသာ အာရုံစူးစိုက်တတ်၏။ ထို့ကြောင့် သနား ညှာတာခြင်းကင်းမဲ့သော စေတမန်သည် သူ့ထံသို့ စေလွှတ်ခြင်းခံရလိမ့်မည်။-
Prov BurCBCM 17:12  မိမိ၏သားငယ်များလုယူခြင်းခံ ရသောဝက်ဝံမနှင့် တွေ့ဆုံရခြင်းက ဆိုးမိုက်နေဆဲဖြစ် သောလူမိုက်နှင့် ထိပ်တိုက်တွေ့ ရခြင်းထက်ပို၍ကောင်း၏။-
Prov BurCBCM 17:13  အကယ်၍ လူတစ်ဦးသည် အကောင်းကို အဆိုးဖြင့် တုံ့ပြန်ပါက အဆိုးသည် သူ၏အိမ်မှ မည်သည့်အခါမျှ ထွက်ခွာ လိမ့်မည်မဟုတ်။-
Prov BurCBCM 17:14  ရန်ပွဲကိုစတင်ခြင်းသည် တာတမံတစ်ခုကျိုးပေါက်ခြင်းနှင့်တူသောကြောင့် ရန်ပွဲ မဖြစ်မီကပင် ရှောင်ရှားလော့။-
Prov BurCBCM 17:15  မတရားသောသူတို့ကို အပြစ်ဒဏ်မှလွတ်စေသောသူနှင့် တရားဖြောင့်မတ်သောသူတို့ကို ပြစ်ဒဏ်စီရင်သောသူနှစ်ဦး စလုံးကို ထာ၀ရဘုရားသခင်စက်ဆုပ်ရွံရှာတော်မူ၏။
Prov BurCBCM 17:16  မိုက်မဲသောသူသည် ဉာဏ်ပညာကိုအလိုမရှိသောကြောင့် ထိုသူ၏လက်ထဲ၌ ငွေကြေးရှိခြင်းမှာ အဘယ်အကျိုးရှိသနည်း။-
Prov BurCBCM 17:17  အဆွေခင်ပွန်းသည် အချိန်အခါမရွေးချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခဆင်းရဲကို မျှဝေခံစားရန် မွေးဖွားလာခြင်းဖြစ်၏။-
Prov BurCBCM 17:18  အသိဉာဏ်ကင်းမဲ့သောသူ သည် မိမိ၏အိမ်နီးချင်းအတွက် အလွယ်တကူ အာမခံတတ်၏။-
Prov BurCBCM 17:19  မကောင်းမှုကို နှစ်သက်သော သူသည် ခိုက် ရန်ဖြစ်ပွားခြင်းကိုလည်း နှစ်သက်၏။ မိမိ၏အိမ်အဝင် တံခါးခုံကို မြင့်မားစွာ တည်ဆောက်သောသူသည် ထိခိုက်ပျက်စီးခြင်းကိုရှာခြင်းဖြစ်၏။-
Prov BurCBCM 17:20  ကောက်ကျစ်စဉ်းလဲ သောသူသည် ကြီးပွားချမ်းသာမည်မဟုတ်။ လိမ်ညာလှည့်ဖြားသောသူသည်လည်း ဘေးဥပဒ် အန္တရာယ် တွင်းသို့ သက်ဆင်းရတတ်၏။-
Prov BurCBCM 17:21  ဆိုးမိုက်သောသားသည် ဖခင်ကို ဝမ်းနည်းစေ၏။ ရူးမိုက်သူ၏ဖခင်သည်လည်း ရွှင်လန်းချမ်းမြေ့မှုမရှိနိုင်။-
Prov BurCBCM 17:22  စိတ်နှလုံးရွှင်လန်း ဝမ်းမြောက်ခြင်းသည် ဆေးကောင်းတစ်ခွက်ဖြစ်၏။ စိတ်ဖိစီးနှိပ်စက်ခြင်းခံရသောသူသည် အရိုးများကို သွေ့ ခြောက်စေတတ်၏။-
Prov BurCBCM 17:23  ဆိုးညစ်သောသူသည် တရားမျှတစွာစီရင်ခြင်းလမ်းမှသွေဖည်စေရန်အတွက် တံစိုးလက်ဆောင်များကို လျှို့ဝှက်စွာ လက်ခံ၏။-
Prov BurCBCM 17:24  အသိဉာဏ်ရှိ သောသူသည် ဉာဏ်ပညာကို အစဉ်မျက်မှောက်ပြုတတ်၏။ ရူးမိုက်သောသူ၏မျက်စိတို့သည် ကမ္ဘာမြေကြီး စွန်းတိုင်အောင် ကြည့်ရှု၏။-
Prov BurCBCM 17:25  သားမိုက်သည် သူ၏ဖခင်အား ပူဆွေးသောကရောက်စေသကဲ့သို့ မွေးထုတ်ပေးသော မိခင်အားလည်း ရင်နာစေတတ်၏။-
Prov BurCBCM 17:26  ဖြောင့်မတ်သူတို့အား ဒဏ်ငွေတပ်ခြင်းသည် တရားမျှတမှုမရှိ။ မြင့်မြတ် သောသူတို့အား ကြိမ်ဒဏ်စီရင်ခြင်းသည်လည်း မှန်ကန် မှုမရှိချေ။-
Prov BurCBCM 17:27  မိမိ၏စကားများကို ထိန်းချုပ်ပြောဆိုသော သူသည် ပညာသတိရှိသူဖြစ်၍ တည်ငြိမ်အေးဆေးစွာ နေထိုင်သောသူသည် သိမြင်နားလည်တတ်သောသူ ဖြစ်၏။-
Prov BurCBCM 17:28  မိုက်မဲသူတို့ပင်လျှင် တိတ်ဆိတ်စွာနေပါက ပညာရှိသူဟုထင်မှတ်ခြင်းခံရ၏။ သူသည် ရေငုံနှုတ်ပိတ် နေသောအခါ သူ့အား ဆင်ခြင်တတ်သောသူဟု မှတ်ယူ တတ်ကြ၏။