Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 31
Prov BurCBCM 31:1  မိမိ၏မိခင်ဖြစ်သူက မိမိအား သွန်သင်ပေးခဲ့သော မာဆာပြည်၏ဘုရင် လေမူအဲလ်၏ဆိုရိုးစကားများသည်ကား ဤသို့ဖြစ် သတည်း။
Prov BurCBCM 31:2  အိုငါ့သား၊ အို ငါ၏ဝမ်းနှင့်လွယ်၍ မွေးထားသောသား၊ ငါပြုထားသောကတိသစ္စာများ၏သား၊-
Prov BurCBCM 31:3  သင်၏ ခွန်အားကို မိန်းမများအတွက် အသုံးမပြုနှင့်။ သင်၏အား မာန်ကို ဘုရင်များကိုဖျက်ဆီးသူတို့အတွက် မသုံးနှင့်။-
Prov BurCBCM 31:4  အိုလေမူအဲလ်၊ စပျစ်ရည်ကိုသောက်ခြင်းသည် ဘုရင် တို့အတွက်မဟုတ်ပါ။ သေရည်သေရက်ကို တောင့်တ ခြင်းသည်လည်း အုပ်ချုပ်သူတို့အတွက်မဟုတ်။-
Prov BurCBCM 31:5  ထိုသို့ပြုလျှင် သူတို့သည် သောက်စားကြ၍ ဥပဒေထုတ်ပြန် ထားသည့်အရာတို့ကို မေ့လျော့တတ်ကြပြီး ဖိနှိပ်ခံရသူ အပေါင်း တို့၏အခွင့်အရေးများကိုလည်း မျက်ကွယ်ပြုလိမ့်မည်။-
Prov BurCBCM 31:6  ပျက်စီးတော့မည့်သူအား သေရည်သေရက်ကိုလည်းကောင်း၊ စိတ်ဒုက္ခရောက်နေသူအား စပျစ်ရည်ကိုလည်းကောင်း ပေးလော့။-
Prov BurCBCM 31:7  ထိုသူတို့ကိုသောက်စေ၍ သူတို့၏ဆင်းရဲခြင်းကို မေ့လျော့သွားပါစေ။ သူတို့၏ ပူပင်သောကကို ထပ်မံသတိမရပါစေနှင့်။-
Prov BurCBCM 31:8  ဆွံ့အသောသူများနှင့် ပစ်ပယ်ထားခြင်းခံရသူတို့၏အခွင့်အရေးအတွက် သင်၏နှုတ်ကိုဖွင့်၍ ပြောဆိုပါလော့။-
Prov BurCBCM 31:9  ဆင်းရဲ သားများနှင့် ချို့တဲ့သူများ၏အခွင့်အရေးများကို ကာကွယ်ပြောဆို၍ ဖြောင့်မှန်စွာတရားစီရင်ပါလော့။
Prov BurCBCM 31:10  မြင့်မြတ်သောအကျင့်စာရိတ္တရှိသည့်ဇနီးမယား ကိုမည်သူရှာတွေ့နိုင်သနည်း။ သူမသည် ကျောက်သံ ပတ္တမြားထက် ပို၍တန်ဖိုးရှိ၏။-
Prov BurCBCM 31:11  သူမ၏ခင်ပွန်းသည် သူမအပေါ်အပြည့်အဝယုံကြည်ထားသည်ဖြစ်၍ သူ့အတွက် အကျိုးအမြတ်မခံစားရသည်ဟူ၍ မရှိချေ။-
Prov BurCBCM 31:12  သူမ၏ဘ၀ တစ်လျှောက်လုံးတွင် ခင်ပွန်းသည်အား ကောင်းကျိုးကို သာပြု၍ ဆိုးကျိုးမပြုတတ်ပေ။-
Prov BurCBCM 31:13  သူမသည် သိုးမွေးနှင့် ဝါ ဂွမ်းကိုရှာဖွေပြီးလျှင် စိတ်ပါကိုယ်ရောက်ရက်လုပ်တတ်၏။-
Prov BurCBCM 31:14  သူမသည် ကုန်သည်တို့၏သင်္ဘောများနှင့်တူ၍ မိမိ၏အစားအစာကို ဝေးလံသောအရပ်မှသယ်ဆောင် လာ၏။-
Prov BurCBCM 31:15  သူမသည် မိုးမလင်းမီ အိပ်ရာမှထ၍ မိမိ၏အိမ် သူအိမ်သားများအတွက် အစားအစာများကိုချက်ပြုတ်၍ အစေခံအမျိုးသမီး တို့အား အလုပ်များကို စီမံခန့်ခွဲပေးတတ်၏။-
Prov BurCBCM 31:16  သူမသည် လယ်တစ်ကွက်ကို ရွေးချယ်၍ ဝယ်ယူ၏။ သူမသည် မိမိ၏ဝင်ငွေနှင့် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၏။-
Prov BurCBCM 31:17  သူမသည် အလုပ်ကို ကြိုးစားလုပ်ကိုင်၍ သူမ၏လက်မောင်းတို့ကိုလည်း သန်မာစေ၏။-
Prov BurCBCM 31:18  သူမ သည် မိမိ၏ကုန်စည်များမှ အမြတ်အစွန်းရမည်ဟုမြင်၍ ညအချိန်၌ သူမ၏မီးခွက်သည် မငြိမ်းဘဲရှိ၏။-
Prov BurCBCM 31:19  သူမသည် မိမိ၏လက်ဖြင့် ဗိုင်းတောင့်ကိုကိုင်၍ မိမိ၏လက်ချောင်း များဖြင့် လွန်းဆံကိုကိုင်တွယ်၏။-
Prov BurCBCM 31:20  သူမသည် ဆင်းရဲနွမ်း ပါးသူများနှင့် ချို့တဲ့သူများအား ပေးကမ်းစွန့်ကြဲ၏။-
Prov BurCBCM 31:21  ဆီးနှင်းကျသောအခါ သူမသည် မိမိ၏မိသားစုအတွက် စိုးရိမ်ခြင်းမရှိပေ။ အကြောင်းမူကား အိမ်သူအိမ်သားအပေါင်းတို့ကို ကတ္တီပါအနီဖြင့် ဆင်မြန်းပေးထားပြီးဖြစ်သောကြောင့်ဖြစ်၏။-
Prov BurCBCM 31:22  သူမသည် အိပ်ရာခင်းများကိုရက်လုပ်၍ မိမိကိုယ်ကို ခရမ်းရောင်ပိတ်ချောများဖြင့် ဆင်ယင်၏။
Prov BurCBCM 31:23  သူမ၏ခင်ပွန်းသည်သည် မြို့တံခါး၀၌ သက်ကြီးဝါကြီးများအလယ်တွင် ထိုင်သောအခါ ရိုသေလေးစားခြင်းခံရ၏။-
Prov BurCBCM 31:24  သူမသည် ချည်ချောထည်များကိုရက်လုပ်၍ ရောင်းချ၏။ သူမသည် ကုန်သည်များအတွက်လည်း ခါးစည်းများ ထုတ်လုပ် ပေး၏။-
Prov BurCBCM 31:25  သူမသည် ခွန်အားနှင့် ဂုဏ်ကျက်သရေတို့ဖြင့်လွှမ်းခြုံ၍ အနာဂတ်ကာလ၌ ရယ်မောနေနိုင်လေ၏။-
Prov BurCBCM 31:26  သူမသည် ပညာစကားကိုမြွက်ဆို၍ ကရုဏာနှင့် သွန်သင်ခြင်းသည် သူမ၏လျှာပေါ်၌ တည်၏။-
Prov BurCBCM 31:27  သူမသည် အိမ်သူအိမ်သားတို့၏ကိစ္စအဝ၀ကိုကြည့်ရှုစောင့်ရှောက်၍ အလုပ်မလုပ်ဘဲရသည့်အစာ ကိုမစားတတ်။-
Prov BurCBCM 31:28  သူမ၏သားသမီးတို့သည် ထကြ၍ သူမကို မင်္ဂလာရှိသူဟုခေါ်ဆိုကြ၏။ သူမ၏ခင်ပွန်းသည်လည်း ထိုနည်းတူပြုလျက် သူမကိုချီးမွမ်းသည်မှာ၊-
Prov BurCBCM 31:29  အမျိုးသမီးများစွာတို့သည် မွန်မြတ်သောအရာတို့ကို ပြုကြပြီ။ သင်မူကား ထိုသူအားလုံးတို့ထက် သာလွန် ပေ၏ဟုဆို လေ၏။-
Prov BurCBCM 31:30  ဆွဲဆောင်မှုရှိခြင်းသည် လှည့်စားတတ်၏။ လှပခြင်းသည်လည်း အချည်းနှီးသာဖြစ်၏။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ သော အမျိုးသမီးမူကား ချီးမွမ်းခံထိုက်ပေ၏။-
Prov BurCBCM 31:31  ထိုသို့သောအမျိုးသမီးအား သူမလုပ်ဆောင်ခဲ့သောအရာတို့၏အကျိုးအမြတ်ကိုပေးလော့။ သူမလုပ်ဆောင်ခဲ့သော အမှု အရာတို့သည် သူမအား မြို့တံခါး၀တို့၌ ချီးမွမ်းကြစေသတည်း။