Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 6
Prov BurCBCM 6:1  ငါ့သား၊ သင်သည် အိမ်နီးချင်းအတွက်ဖြစ်စေ၊ သူစိမ်းတစ်ယောက်၏ကတိစကားအတွက် ဖြစ်စေ အာမခံခဲ့မိ၍၊-
Prov BurCBCM 6:2  သင်ကိုယ်တိုင်က နှုတ်ကတိထားခဲ့မိပြီး သင်သည် ကိုယ့်စကားနှင့်ကိုယ် ချည်နှောင်မိခဲ့လျှင်၊-
Prov BurCBCM 6:3  ငါ့သား၊ ဤကဲ့သို့လုပ်ဆောင်လော့။ သင့်ကိုယ် သင်ကယ်တင်ပါလော့။ အကြောင်းမူကား သင်သည် အိမ်နီးချင်း၏ လက်တွင်းသို့ ကျရောက်နေလေပြီ။ အိမ်နီးချင်းထံ အမြန်သွား၍ မိမိကိုယ်ကိုနှိမ့်ချလျက် အသနားခံပါလော့။-
Prov BurCBCM 6:4  သင်၏မျက်စိတို့အား အိပ်စက်ခွင့်မပြုနှင့်။ သင်၏မျက်ခွံတို့ကို မှိတ်ခွင့်မပေးနှင့်။-
Prov BurCBCM 6:5  သင့်ကိုယ်သင် ကျော့ကွင်းထဲမှ ဒရယ်ကဲ့သို့လည်းကောင်း၊ ငှက်ပစ်သူ ၏လက်ထဲမှ ငှက်ကဲ့သို့လည်းကောင်း ကယ်တင်ပါ လေလော့။
Prov BurCBCM 6:6  အသင်လူပျင်း၊ ပုရွက်ဆိတ်ထံသို့ သွားလော့။ ၎င်း ၏အပြုအမူတို့ကို ချင့်ချိန်သုံးသပ်၍ ပညာအမြော်အမြင် ရှိပါလော့။-
Prov BurCBCM 6:7  ပုရွက်ဆိတ်ကို အမိန့်ပေးသူမရှိ၊ ကြီးကြပ် သူမရှိ၊ စိုးမိုးသူမရှိချေ။-
Prov BurCBCM 6:8  သို့ပင်သော်လည်း ၎င်းသည် စားနပ်ရိက္ခာကို နွေကာလ၌ ပြင်ဆင်ထား၍ ကောက်ရိတ်ချိန်၌ မိမိ၏အစာကို စုဆောင်း ထား၏။-
Prov BurCBCM 6:9  အသင် လူပျင်း၊ သင်သည် မည်မျှကြာအောင် ထိုနေရာ၌ လဲလျောင်းလျက်နေမည်နည်း။ မည်သည့်အချိန်တွင် သင် အိပ်ရာ ထမည်နည်း။-
Prov BurCBCM 6:10  တစ်ခဏတာအိပ်စက်မည်၊ တစ် ခဏတာငိုက်မျဉ်းမည်၊ တစ်ခဏတာ လက်များကိုပိုက် လျက်နားမည်ဟု သင်ဆိုတတ်၏။-
Prov BurCBCM 6:11  သို့သော် ဆင်းရဲခြင်း သည် ဓားပြကဲ့သို့လည်းကောင်း၊ ချို့တဲ့ခေါင်းပါးခြင်းသည် လက်နက်ကိုင်စစ်သူရဲကဲ့သို့လည်းကောင်း သင့်အပေါ်သို့ရောက်လာလိမ့်မည်။
Prov BurCBCM 6:12  ဆိုးညစ်ယုတ်မာသောသူသည် အရပ်တကာသို့ လှည့်လည်၍ မုသားစကားကိုဆိုကာ၊-
Prov BurCBCM 6:13  မျက်စပစ်လျက် ခြေဖြင့် အချက်ပေးပြီး လက်ချောင်းတို့ဖြင့် အရိပ်အကဲ ပြတတ်၏။-
Prov BurCBCM 6:14  သူသည် ကောက်ကျစ်စဉ်းလဲသောစိတ်နှင့်လျှို့ဝှက်ကြံစည်တတ်၍ စိတ်ဝမ်းကွဲပြားအောင် အမြဲဆွပေးတတ်၏။-
Prov BurCBCM 6:15  ထို့ကြောင့် ဘေးအန္တရာယ်ဆိုးသည် ရုတ်တရက်သူ့အပေါ်သို့ ရောက်ရှိလာလိမ့်မည်။ သူသည် သက်သာရာမရဘဲ ရုတ်တရက်ဖျက်ဆီးခြင်းခံရလိမ့် မည်။
Prov BurCBCM 6:16  ထာ၀ရဘုရားသခင်မုန်းတီးသောအရာခြောက်မျိုးနှင့် စက်ဆုပ်ရွံရှာတော်မူသောအရာခုနစ်မျိုးရှိ၏။-
Prov BurCBCM 6:17  ယင်းတို့မှာ ထောင်လွှားသောမျက်စိများ၊ မုသားပြော တတ်သောလျှာ၊ အပြစ်ကင်းသူကို သတ်ဖြတ်တတ် သောလက်၊-
Prov BurCBCM 6:18  ဆိုးယုတ်သောအကြံအစည်ကို ဖန်တီး တတ်သောနှလုံး၊ မကောင်းမှုထဲသို့ လျင်မြန်စွာတိုးဝင် သောခြေထောက်များ၊-
Prov BurCBCM 6:19  မုသားစကားပြော၍ မမှန်မကန် သက်သေခံသောသူနှင့် မိတ်ဆွေအချင်းချင်းစိတ်ဝမ်းကွဲ စေရန် သွေးထိုးသူတို့ဖြစ်ကြ၏။
Prov BurCBCM 6:20  ငါ့သား၊ သင့်ဖခင်၏ပညတ်တို့ကိုစောင့်ထိန်းလော့။ သင့်မိခင်၏သွန်သင်ချက်ကို မမေ့လျော့နှင့်။-
Prov BurCBCM 6:21  ယင်းတို့ကို သင်၏စိတ်နှလုံးထဲ၌ ထာ၀စဉ်စွဲမှတ်၍ သင်၏လည်ပင်း ၌ ခိုင်မြဲစွာ ဆွဲထားလော့။-
Prov BurCBCM 6:22  သင်ခရီးပြုသောအခါ ယင်းတို့သည် သင့်ကိုလမ်းပြ၍ သင်အိပ်စက်သောအခါ သင့်ကို စောင့်ရှောက်ပြီး သင်နိုးသောအခါ သင့်ကို အကြံပေးကြလိမ့်မည်။-
Prov BurCBCM 6:23  အကြောင်းမူကား ပညတ်တော်သည် မီးအိမ် ဖြစ်၏။ ဤသွန်သင်ချက်သည် အလင်းဖြစ်၏။ စည်းကမ်း နှင့်လျော်ညီစွာပြု ပြင်ဆုံးမပေးခြင်းတို့သည် အသက်၏ လမ်းစဉ်ဖြစ်ကြ၏။-
Prov BurCBCM 6:24  ယင်းတို့သည် သင့်ကို ကိုယ်ကျင့် တရားဖောက်ပြန်သောအမျိုးသမီး၏ရန်မှလည်း ကောင်း၊ အိမ်ထောင်ရေးဖောက်ပြန်သော အမျိုးသမီး၏ချော့မြှူ သွေးဆောင်မှုမှလည်းကောင်း ကာကွယ်နိုင်၏။-
Prov BurCBCM 6:25  သင်သည် သူမ၏လှပသောအဆင်းကို မတပ်မက်လေနှင့်။ သူမ၏မျက်စိကစားခြင်းတို့ဖြင့် သင့်ကို မဖမ်းမိစေနှင့်။-
Prov BurCBCM 6:26  အကြောင်းမူကား ပြည့်တန်ဆာမတစ်ယောက်ကို ပေါင်မုန့်တစ်လုံး၏တန်ဖိုးဖြင့်ရနိုင်၏။ သို့သော် အိမ်ထောင် ရေးဖောက်ပြန်သောအမျိုးသမီးမူကား လူ၏အသက် ကိုပင် ရယူနိုင်လေ၏။-
Prov BurCBCM 6:27  လူတစ်ယောက်သည် အဝတ် များကို မလောင်ကျွမ်းစေဘဲ မီးကို ရင်ခွင်တွင် ပွေ့ပိုက် ထားနိုင်သလော။-
Prov BurCBCM 6:28  ခြေကို မလောင်ကျွမ်းစေဘဲ မီးခဲပေါ်တွင် နင်းလျှောက်နိုင်သလော။-
Prov BurCBCM 6:29  သူတစ်ပါး၏ဇနီးနှင့် အိပ်စက်သောသူသည်လည်း ထိုနည်းတူဖြစ်၏။ သူမကိုတို့ထိသူမည်သူမဆို အပြစ်ဒဏ်မှ ကင်းလွတ်လိမ့်မည်မဟုတ်။-
Prov BurCBCM 6:30  ဆာလောင်မွတ်သိပ်ခြင်းကို ဖြေသိမ့်ရန် အစား အစာကို ခိုးသောသူအား လူတို့စက်ဆုပ်ရွံရှာကြသည် မဟုတ်ပေ။-
Prov BurCBCM 6:31  သို့သော် ထိုသူ့ကိုပင် ဖမ်းမိလျှင် ခုနစ်ဆပေးလျော်စေတတ်ကြ၏။ ထိုသူခိုးသည် မိမိ၏အိမ်၌ရှိ သမျှသောဥစ္စာတို့ကို ပေးလျော်ရလိမ့်မည်။-
Prov BurCBCM 6:32  သူတစ်ပါး ၏သားမယားကို ပြစ်မှားသောသူသည် ချင့်ချိန်သုံးသပ် နိုင်စွမ်းရှိသူမဟုတ်။ သူသည် မိမိကိုယ်ကို ဖျက်ဆီးသူ သာဖြစ်၏။-
Prov BurCBCM 6:33  သူသည် ထိခိုက်ဒဏ်ရာရခြင်းနှင့်ကဲ့ရဲ့ရှုတ်ချခြင်းတို့ကို ခံရလိမ့်မည်။ သူ၏ရှက်ဖွယ်ရာအမှုသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားလိမ့်မည်မဟုတ်။-
Prov BurCBCM 6:34  အကြောင်းမူကား ခင်ပွန်းဖြစ်သူသည် သဝန်တိုမှုကြောင့် ဒေါသမီးတောက်လောင်သဖြင့် လက်စားချေရာတွင် သနားညှာတာခြင်းကို ပြလိမ့်မည်မဟုတ်။-
Prov BurCBCM 6:35  ထိုသူသည် မည်သည့်လျော်ကြေးကိုမျှ လက်ခံလိမ့်မည်မဟုတ်။ မည်မျှများပြားသောလက်ဆောင်ပဏ္ဏာများပင်ဖြစ်စေ သူသည် လက်ခံလိမ့်မည်မဟုတ်။