PROVERBS
Chapter 1
Prov | BurCBCM | 1:2 | လူတို့အား ဉာဏ်ပညာနှင့် စည်းကမ်းကျင့်ဝတ်များအကြောင်းကို သိရှိစေပြီး လေးနက်သောအဓိပ္ပာယ်ရှိသည့်စကားလုံး များကိုနားလည်စေရန်လည်းကောင်း၊- | |
Prov | BurCBCM | 1:3 | သမ္မာသတိရှိ ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ တရားမျှတခြင်းနှင့် မျှတစွာ ပေါင်းသင်းဆက်ဆံခြင်းများရရှိစေရန်လည်းကောင်း၊- | |
Prov | BurCBCM | 1:4 | အသိပညာနည်းသူတို့အား မှန်ကန်စွာ ဆုံးဖြတ်တတ်စေရန် သင်ကြားပေး၍ လူငယ်များအား အသိပညာနှင့် သမ္မာသတိရှိ စေရန်လည်းကောင်းဖြစ်ကြ၏။- | |
Prov | BurCBCM | 1:6 | ပိုင်းခြားဝေဖန်သိမြင်တတ်သောသူသည် စကားပုံများ၊ အဓိပ္ပာယ်နက်နဲသည့်ဆိုရိုးစကားများ၊ ပညာရှိသုခမိန်တို့၏အဆို အမိန့်များနှင့် ပဟေဠိစကား၊ စကားထာများ၏ အနက်အဓိပ္ပာယ်များကို နားလည် သဘောပေါက်စေသည့်အသိပညာ ကိုရရှိ ပါစေ။ | |
Prov | BurCBCM | 1:7 | ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းသည် အသိပညာ၏အစမူလပင်ဖြစ်၏။ လူမိုက်တို့သည် ဉာဏ်ပညာနှင့် စည်းကမ်းကျင့်ဝတ်များကို မထီမဲ့မြင်ပြုတတ် ကြ၏။ | |
Prov | BurCBCM | 1:8 | ငါ့သား၊ သင့်ဖခင်၏ဆုံးမပြောဆိုချက်များကို နားထောင်၍ သင့်မိခင်၏သွန်သင်ချက်များကိုလည်း မပစ်ပယ်လေနှင့်။- | |
Prov | BurCBCM | 1:9 | ထိုဆုံးမသွန်သင်ချက်တို့သည် သင်၏ဦးခေါင်းအတွက် လှပသောဦးရစ်နှင့်လည်ပင်းအတွက် တင့်တယ်သောလည်ဆွဲ တန်ဆာဖြစ်ကြလိမ့်မည်။- | |
Prov | BurCBCM | 1:10 | ငါ့သား၊ အပြစ်ကျူးလွန်သူတို့သည် သင့်ကိုဖြားယောင်း သွေးဆောင်သောအခါ သူတို့၏အလိုသို့မလိုက်လျော လေနှင့်။- | |
Prov | BurCBCM | 1:11 | အကယ်၍ သူတို့က သင့်အား ငါတို့နှင့်အတူ လိုက်လော့။ လူ့အသက်ကိုသတ်ရန် အခွင့်ကောင်းကို စောင့်ကြစို့။ အပြစ်မဲ့ သူတို့ကို မညှာမတာချောင်းမြောင်း တိုက်ခိုက်ကြစို့။- | |
Prov | BurCBCM | 1:12 | သေတွင်းထဲသို့ ဆွဲချလိုက်သကဲ့သို့လည်းကောင်း၊ သေခြင်းတရားက ရုတ်တရက်အသက် နုတ်ယူလိုက်သကဲ့သို့လည်း ကောင်း သူတို့ကို အသေ သတ်ကြစို့။- | |
Prov | BurCBCM | 1:13 | ငါတို့သည် အဖိုးတန်ဘဏ္ဍာအမျိုးမျိုးကို ရရှိကြ၍ ငါတို့လုယူရရှိသောဥစ္စာဘဏ္ဍာတို့နှင့် ငါတို့၏ အိမ်များကို ပြည့်စေမည်။- | |
Prov | BurCBCM | 1:14 | သင်သည် ငါတို့နှင့်အတူပါ ဝင်ပါလော့။ ငါတို့ရရှိသမျှသောဥစ္စာရွှေငွေများကို ညီတူ ညီမျှဝေခွဲသုံးစွဲမည်ဟု ဆိုခဲ့သော်၊- | |
Prov | BurCBCM | 1:16 | အကြောင်းမူကား သူတို့သည် မကောင်းမှု ကျူးလွန်ရန်လည်း ဝန်မလေးကြ။ လူ့အသက်ကိုသတ်ရန်လည်း လက်မရွံ့ကြ ချေ။- | |
Prov | BurCBCM | 1:18 | အမှန်စင်စစ် ထိုသူတို့သည် မိမိတို့၏ အသက်ကို မိမိတို့ထောင်ချောက်ဆင်ထားကြခြင်းဖြစ်၏။ သူတို့သည် မိမိတို့ကိုယ်ကို ချောင်းမြောင်းတိုက်ခိုက် ခြင်းသာဖြစ်၏။- | |
Prov | BurCBCM | 1:19 | ဤသည်ကား မသမာသောနည်းဖြင့် စီးပွားရှာသူတို့၏လမ်းစဉ်ပင်ဖြစ်၏။ မသမာသောနည်းဖြင့် ကြီးပွားချမ်းသာလိုသူ တို့သည် မိမိတို့၏အသက်ကို စတေးကြရလိမ့်မည်။ | |
Prov | BurCBCM | 1:21 | သူမသည် လမ်းဆုံလမ်းခွများ၌ ကြွေးကြော်၍ မြို့အဝင်တံခါး၀များ၌လည်း မိမိ၏သတင်းကို ကြေညာသည်မှာ၊- | |
Prov | BurCBCM | 1:22 | အို အသိဉာဏ်နည်းပါးသောသူတို့၊ သင်တို့သည် အသိဉာဏ်နည်းပါးခြင်းကို မည်မျှကြာအောင်နှစ်သက်ကြဦး မည်နည်း။ ကဲ့ရဲ့လှောင်ပြောင်တတ်သောသူတို့သည် ကဲ့ရဲ့လှောင်ပြောင်ခြင်းအမှု၌ မည်မျှကြာအောင် ပျော်မွေ့၍ မိုက်မဲသူတို့သည် အသိပညာကို မည်မျှကြာအောင် မထီမဲ့မြင်ပြုနေကြမည်နည်း။- | |
Prov | BurCBCM | 1:23 | ငါ၏သတိပေးဆုံးမစကားကို နားထောင်လော့။ ငါသည် သင်တို့အား ငါ၏စိတ်နှလုံးကိုပေးမည်။ ငါ၏စကားတို့ကို သင်တို့သိစေမည်။- | |
Prov | BurCBCM | 1:24 | သို့သော် သင်တို့ကို ငါခေါ်သောအခါ သင်တို့သည် ငြင်းပယ်ခဲ့ကြ၏။ ငါသည် လက်ကမ်း၍ခေါ်သောအခါ မည်သူမျှ အရေးမစိုက်ကြ။- | |
Prov | BurCBCM | 1:25 | သင်တို့သည် ငါပေးသောအကြံဉာဏ် အားလုံးကိုလျစ်လျူရှု၍ ငါ၏သတိပေးချက်အားလုံးကို ငြင်းပယ်ကြသောကြောင့်၊- | |
Prov | BurCBCM | 1:27 | ကြောက်မက်ဖွယ်ရာများသည် မုန်တိုင်းကျသကဲ့သို့ သင်တို့အပေါ် သက်ရောက်သော အခါ၌လည်းကောင်း၊ ကြောက်ရွံ့ တုန်လှုပ်ဖွယ်ရာဖြစ်ရပ် များသည် လေပွေတိုက်ခတ်သကဲ့သို့ ရောက်လာကြ သောအခါ၌လည်းကောင်း၊ သင်တို့ပူပန်သောက ဖိစီးခံ ရသောအခါ၌လည်းကောင်း ငါပြက်ရယ်ပြုမည်။- | |
Prov | BurCBCM | 1:28 | ထိုအခါ သူတို့သည် ငါ့ကိုခေါ်တကြလိမ့်မည်။ သို့သော် ငါသည် သူတို့အား ပြန်ထူးလိမ့်မည်မဟုတ်။ သူတို့သည် ငါ့ကို ရှာဖွေကြသော်လည်း တွေ့ကြလိမ့်မည်မဟုတ်။- | |
Prov | BurCBCM | 1:29 | သူတို့သည် အသိပညာကို မုန်းတီးခဲ့ကြပြီး ထာ၀ရဘုရား သခင်ကို ကြောက်ရွံ့ရိုသေသောစိတ်မရှိကြချေ။- | |
Prov | BurCBCM | 1:30 | သူတို့သည် ငါ၏အကြံဉာဏ်များကိုအရေးမစိုက်ခဲ့ကြ။ ငါ၏ သတိပေးဆုံးမစကားများကို မထီမဲ့မြင်ပြုခဲ့ကြ၏။- | |
Prov | BurCBCM | 1:31 | ထို့ကြောင့် သူတို့သည် မိမိတို့ဘ၀လမ်းစဉ်၏အကျိုးဆက် ကိုခံစားကြရ၍ မိမိတို့၏အတတ်ဖြင့် မိမိတို့စူးရသည့် အဖြစ်မျိုးနှင့်ကြုံရလိမ့်မည်။- | |
Prov | BurCBCM | 1:32 | အကြောင်းမူကား အသိဉာဏ်ခေါင်းပါးသူတို့၏လွဲမှားမှုသည် သူတို့အား သေတွင်းသို့ပို့ဆောင်လေ၏။ မိုက်မဲသော သူတို့သည် မိမိတို့ ကိုယ်ကိုအားရကျေနပ်သဖြင့် ပျက်စီးခြင်းသို့ရောက်ရ ၏။- | |