PROVERBS
Chapter 10
Prov | BurCBCM | 10:1 | ပညာရှိသောသားသည် မိမိ၏ဖခင်အား ကြည်နူးဝမ်းမြောက်ဖွယ်ရာအကြောင်းဖြစ်စေတတ်၏။ သို့သော် မိုက်မဲသော သားသည် မိမိ၏မိခင်အား ပူဆွေးသောကရောက်စေတတ်၏။- | |
Prov | BurCBCM | 10:2 | မတရားသောနည်းလမ်းဖြင့်ရရှိသည့် ဥစ္စာဘဏ္ဍာသည် တန်ဖိုးမရှိ။ သို့သော် ဖြောင့်မတ်ခြင်းသည် သေခြင်းမှ ကယ်ဆယ် တတ်၏။- | |
Prov | BurCBCM | 10:3 | ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်မှန်ကန်သူတို့ကို ငတ်မွတ်သည့်အခြေအနေသို့ ရောက်စေတော်မမူချေ။ သို့ရာတွင် ကိုယ်တော်သည် ဆိုးယုတ်သောသူတို့၏လို အင်ဆန္ဒများကို တားဆီးတော်မူ၏။- | |
Prov | BurCBCM | 10:4 | ပျင်းရိသောလက်များသည် လူတစ်ယောက်ကို ဆင်းရဲမွဲတေစေ၏။ လုံ့လဝီရိယရှိသောလက်များသည်ကား ကြွယ်၀ခြင်းကို ဖြစ်စေ၏။- | |
Prov | BurCBCM | 10:5 | နွေရာသီ၌ သီးနှံများကို စုသိမ်းသောသားသည် ပညာသတိရှိသူဖြစ်၏။ ကောက်ရိတ်ချိန်၌ အိပ်စက်နေ တတ်သောသားမူကား ရှက်ဖွယ်ကောင်းသောသူဖြစ်၏။- | |
Prov | BurCBCM | 10:6 | ကောင်းချီးမင်္ဂလာသည် ဖြောင့်မတ်သောသူတို့၏ ဦးခေါင်းပေါ် ၌ တည်လျက်ရှိ၏။ ဆိုးယုတ်သောသူတို့ ၏နှုတ်ကိုမူကား အကြမ်းဖက်မှု ဖုံးလွှမ်းလိမ့်မည်။- | |
Prov | BurCBCM | 10:7 | ဖြောင့်မတ်သောသူတို့ကို အောက်မေ့သတိရခြင်းကား ကောင်းချီးမင်္ဂလာတစ်ပါးပေတည်း။ သို့ရာတွင် ဆိုးယုတ် သောသူ၏ အမည်ကား မေ့ပျောက်ခြင်းခံရလိမ့်မည်။- | |
Prov | BurCBCM | 10:8 | စိတ်နှလုံး၌ ပညာရှိသူသည် ပညတ်တရားကို လက်ခံတတ်၏။ သို့ရာတွင် စကားမဆင်မခြင်ပြောတတ်သည့် မိုက်မဲသော သူသည် ဆုံးပါးပျက်စီးရလိမ့်မည်။- | |
Prov | BurCBCM | 10:9 | ဖြောင့် မတ်သောသူသည် ဘေးကင်းလုံခြုံစွာလျှောက်လှမ်းရ ၏။ ကောက်ကျစ်သောလမ်းကိုလိုက်သောသူ၏လမ်း စဉ်သည် ပေါ်လွင်ထင်ရှားလာလိမ့်မည်။- | |
Prov | BurCBCM | 10:10 | မလိုတမာစိတ် နှင့် မျက်စိမှိတ်ပြသောသူသည် ပူဆွေးသောကရောက်ရ ၏။ ပွင့်လင်းစွာဝေဖန်ပြောဆိုတတ်သောသူမူကား ငြိမ်း ချမ်းမှုကိုပြုစုပေးသောသူဖြစ်၏။- | |
Prov | BurCBCM | 10:11 | ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရှင်ခြင်း၏စမ်းရေတွင်းသဖွယ်ဖြစ်၏။ သို့ရာတွင် အကြမ်းဖက်မှုသည် ဆိုးယုတ်သော သူ၏နှုတ်ကို လွှမ်းမိုးထားတတ်၏။ | |
Prov | BurCBCM | 10:12 | မုန်းတီးခြင်းသည် ပဋိပက္ခကို လှုံ့ဆော်ပေးတတ်၏။ မေတ္တာတရားမူကား အပြစ်တို့ကို ဖုံးအုပ်တတ်၏။- | |
Prov | BurCBCM | 10:13 | သိမြင်နားလည်တတ်သူ၏နှုတ်ခမ်းတွင် ဉာဏ်ပညာကိုတွေ့ရှိရ၏။ သို့ရာတွင် စဉ်းစားဉာဏ်ကင်းမဲ့သောသူ၏ ကျောကုန်း အတွက် ကြိမ်လုံးသာရှိ၏။- | |
Prov | BurCBCM | 10:14 | ဉာဏ်ပညာရှိ သူသည် အသိပညာကို ဆည်းပူးတတ်၏။ မိုက်မဲသော သူတို့၏နှုတ်မူကား ပျက်စီးခြင်းနှင့်နီးကပ်၏။- | |
Prov | BurCBCM | 10:15 | ကြွယ်၀ သူတို့၏စည်းစိမ်ကား သူတို့၏ခိုင်ခံ့သောမြို့တော်ဖြစ်၏။ ဆင်းရဲသားတို့၏မွဲတေခြင်းကား သူတို့၏ပျက်စီးခြင်းပင် ဖြစ်၏။- | |
Prov | BurCBCM | 10:16 | ဖြောင့်မတ်သောသူတို့၏လုပ်ခသည် သူတို့အား အသက်ရှင်ခြင်းသို့ပို့ဆောင်၏။ ဆိုးယုတ်သောသူတို့၏ အကျိုးအမြတ် မူကား အပြစ်ဒဏ်ဖြစ်၏။- | |
Prov | BurCBCM | 10:17 | ပဲ့ပြင်သွန်သင်မှုကို ခံယူတတ်သူတို့သည် အသက်ရှင်ခြင်းလမ်းပေါ်၌ ရှိကြ၏။ ဆုံးမပဲ့ပြင်မှုကို ငြင်းပယ်သူတို့သည် လမ်းလွဲသွား တတ်ကြ၏။- | |
Prov | BurCBCM | 10:18 | မုန်းတီးခြင်းကို ဖုံးကွယ်ထားသောသူ၌ မုသားစကားပြောတတ်သောနှုတ်ခမ်းများရှိ၏။ အသရေပျက်အောင် ပြောတတ် သော သူသည် မိုက်မဲသောသူဖြစ်၏။- | |
Prov | BurCBCM | 10:19 | စကားများများပြောသောအခါ အပြစ်ပါလာတတ်၏။ သို့ရာတွင် မိမိ၏နှုတ်ကိုချုပ်တည်းသော သူသည် ပညာရှိဖြစ်၏။- | |
Prov | BurCBCM | 10:20 | ဖြောင့်မတ်သောသူ၏လျှာသည် ငွေစင်နှင့်တူ၏။ ဆိုးယုတ်သောသူ၏စိတ်အကြံအစည်မူကား တန်ဖိုးမရှိပေ။- | |
Prov | BurCBCM | 10:21 | ဖြောင့်မတ်သောသူ၏နှုတ်ခမ်းတို့သည် လူအမြောက်အမြားတို့အား ကျွေးမွေးတတ်၏။ သို့ရာ တွင် ဆိုးယုတ်သော သူတို့သည် စဉ်းစားဉာဏ်ကင်းမဲ့ သောကြောင့် သေကြလိမ့်မည်။- | |
Prov | BurCBCM | 10:22 | ထာ၀ရဘုရားသခင်၏ ကောင်းချီးတော်သည် ချမ်းသာကြွယ်၀ခြင်းကို ဖြစ်စေ၏။ ကိုယ်တော်သည် ထိုချမ်းသာကြွယ်၀ခြင်း ကို ဝမ်းနည်းပူ ဆွေးခြင်းနှင့် ရောနှောတော်မမူ။- | |
Prov | BurCBCM | 10:23 | မိုက်မဲသောသူသည် အပြစ်ပြုခြင်း၌ ပျော်မွေ့တတ်၏။ သို့ရာတွင် နားလည် တတ်သောသူသည် ဉာဏ်ပညာတော်၌ ကြည်နူးဝမ်းမြောက်တတ်၏။- | |
Prov | BurCBCM | 10:24 | ကြောက်မက်ဖွယ်ကောင်းသောအမှုသည် ဆိုးယုတ်သောသူတို့အပေါ်သို့ ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် မိမိတို့၏အလိုဆန္ဒများ ပြည့်၀ကြလိမ့်မည်။- | |
Prov | BurCBCM | 10:25 | မုန်တိုင်းကျပြီးသောအခါ ယုတ်မာသောသူတို့သည် မရှိကြတော့ချေ။ ဖြောင့်မတ်သောသူ တို့မူကား ထာ၀စဉ်ခိုင်မြဲစွာ ရပ်တည်ကြလိမ့်မည်။- | |
Prov | BurCBCM | 10:26 | ပုန်းရည်သည် သွားကိုလည်းကောင်း၊ မီးခိုးသည် မျက်စိကိုလည်းကောင်း ကျိန်းစပ်စေသကဲ့သို့ လူပျင်းသည် မိမိ ၏ အလုပ်ရှင်အား အနှောင့်အယှက်ဖြစ်စေ၏။- | |
Prov | BurCBCM | 10:27 | ထာ၀ရ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် အသက်ကိုရှည်စေ၏။ သူယုတ်မာတို့၏နှစ်ကာလမူကား တိုတောင်း လိမ့်မည်။- | |
Prov | BurCBCM | 10:28 | ဖြောင့်မတ်သောသူ၏မျှော်လင့်ချက်သည် ဝမ်းမြောက်ခြင်းဖြစ်၏။ သူယုတ်မာတို့၏မျှော်မှန်းချက် မူကား ကွယ်ပျောက်ရ လိမ့်မည်။- | |
Prov | BurCBCM | 10:29 | ထာ၀ရဘုရားသခင်၏ လမ်းစဉ်သည် ဖြောင့်မတ်သောသူတို့အတွက် အကာ အကွယ်ဖြစ်၍ ဒုစရိုက်သားများအတွက်မူကား ပျက်စီးခြင်းသာဖြစ်၏။- | |
Prov | BurCBCM | 10:30 | ဖြောင့်မတ်သောသူသည် မည်သည့်အခါမျှ ဖယ်ရှားပစ်ခြင်းခံရလိမ့်မည်မဟုတ်။ ဆိုးယုတ်သောသူတို့မူကား နိုင်ငံတော်တွင် အစဉ်နေကြရလိမ့် မည်မဟုတ်။- | |
Prov | BurCBCM | 10:31 | ဖြောင့်မတ်သောသူတို့၏နှုတ်သည် ဉာဏ် ပညာတော်ကို မြွက်ဆိုတတ်၏။ ကောက်ကျစ်သော သူတို့၏လျှာများမူကား ဖြတ်တောက်ပစ်ခြင်းခံရလိမ့် မည်။- | |