Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 15
Prov BurCBCM 15:1  နူးညံ့သိမ်မွေ့သောအဖြေတစ်ခုသည် အမျက်ဒေါသကို ဖယ်ရှားပစ်၏။ ကြမ်းတမ်းပြင်းထန် သောစကားတစ်ခွန်းမူကား အမျက်ဒေါသကို လှုံ့ဆော်ပေး၏။-
Prov BurCBCM 15:2  ပညာရှိ၏လျှာသည် အသိပညာကို ချီးကျူး၏။ ရူးမိုက်သူ၏နှုတ်မူကား မိုက်မဲသောအရာများကို ထုတ် ဖော်ပြ၏။-
Prov BurCBCM 15:3  ထာ၀ရဘုရားသခင်၏မျက်စိတော်များသည် နေရာတိုင်းတွင်ရှိပြီး လူဆိုးနှင့် လူကောင်းတို့ကိုအခါ မလပ်စောင့်ကြည့်လျက် နေတော်မူ၏။-
Prov BurCBCM 15:4  နူးညံ့သိမ်မွေ့ စွာပြောဆိုတတ်သောလျှာသည် အသက်၏သစ်ပင် ဖြစ်၏။ လိမ်လည်လှည့်ဖြားတတ်သောလျှာမူကား စိတ် နှလုံးကိုပျက်ပြားစေ၏။-
Prov BurCBCM 15:5  ရူးမိုက်သူတစ်ဦးသည် မိမိဖခင်၏ဆုံးမသွန်သင်မှုကို မထီလေးစားပြု၏။ သို့သော် ဆုံးမ ပဲ့ပြင်မှုကိုနာယူသူဟူသမျှသည် ပညာအမြော်အမြင်ရှိ ခြင်းကိုပြ၏။-
Prov BurCBCM 15:6  ဖြောင့်မတ်သောသူ၏အိမ်တွင် အဖိုးတန်ရတနာများစွာရှိ၏။ ယုတ်မာသောသူတို့၏ဥစ္စာသည်ကား သူတို့ကို ဘေးဒုက္ခ ရောက်စေ၏။-
Prov BurCBCM 15:7  ပညာအမြော်အမြင်ရှိသောသူ၏နှုတ်ခမ်းများသည် အသိပညာကိုပျံ့နှံ့စေ၏။ ရူးမိုက်သောသူတို့၏နှလုံးသားမူကား ထိုသို့ မဟုတ်ပေ။-
Prov BurCBCM 15:8  ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သော သူတို့၏ယဇ်ပူဇော်ခြင်းကို ရွံရှာမုန်းတီးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ဆုတောင်း ပတ္ထနာသည်ကား ကိုယ်တော့်ကိုကျေနပ်နှစ်သက်စေ၏။-
Prov BurCBCM 15:9  ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သောသူ၏လမ်းစဉ်ကို ရွံရှာမုန်းတီးတော်မူ၏။ သို့သော် ကိုယ်တော်သည် ဖြောင့်မတ် မှန်ကန်မှုနောက် သို့လိုက်သောသူကို ချစ်မြတ်နိုးတော်မူ၏။-
Prov BurCBCM 15:10  လမ်းမှန်ကို စွန့်ခွာသူအတွက် တင်းကျပ်သောထိန်းကျောင်းသွန်သင်ခြင်းရှိ၏။ ဆုံးမပဲ့ပြင်မှုကို မုန်းတီးသူသည် သေရလိမ့် မည်။-
Prov BurCBCM 15:11  သေခြင်းနှင့် ပျက်စီးခြင်းတို့သည် ထာ၀ရဘုရား သခင်၏မျက်မှောက်တော်တွင် သိသာထင်ရှားစွာရှိနေ သည်ဖြစ်၍ လူသားတို့၏နှလုံးသားများအတွက် မည်မျှလောက်ပို၍ သိသာထင်ရှားပါမည်နည်း။-
Prov BurCBCM 15:12  မထီလေးစား ပြုသောသူသည် ဆုံးမပဲ့ပြင်မှုကို မခံယူလိုချေ။ သူသည် ပညာရှိတို့ထံ ချဉ်းကပ်လိမ့်မည်မဟုတ်ပေ။-
Prov BurCBCM 15:13  ပျော်ရွှင် သောနှလုံးသားသည် မျက်နှာကို ရွှင်လန်းစေ၏။ သို့သော် စိတ်နှလုံးကြေကွဲမှုကြောင့် စိတ်ဓာတ်ပျက်ပြားရ၏။-
Prov BurCBCM 15:14  အသိဉာဏ်ရှိသောနှလုံးသားသည် အသိတရားကို ရှာ ဖွေ၏။ ရူးမိုက်သောသူ၏နှုတ်မူကား မိုက်မဲမှုကိုသာ မှီ၍ ရှင်သန်၏။-
Prov BurCBCM 15:15  ဆင်းရဲဒုက္ခရောက်သော သူတို့၏နေ့ရက်တိုင်းသည် မကောင်းချေ။ အစဉ်ပျော်ရွှင်တတ်သောသူ ၏စိတ်နှလုံး၌မူကား အမြဲတစေပွဲကျင်းပလျက်ရှိ၏။-
Prov BurCBCM 15:16  ပစ္စည်းဥစ္စာအနည်းငယ်သာရှိပြီး ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ပစ္စည်းဥစ္စာကြွယ်၀ပြီး ပူပင်သောကရောက် နေသည့်ဘ၀ထက် ပို၍ကောင်း၏။-
Prov BurCBCM 15:17  မိမိအပေါ် မေတ္တာထားသူများနှင့်အတူ အသီးအရွက်ဟင်းကိုစား ရခြင်းသည် မိမိအပေါ် ရန်လိုမုန်းထားသူများနှင့်အတူ အမဲဟင်းလျာကိုစားရခြင်းထက် ပို၍ကောင်း၏။-
Prov BurCBCM 15:18  ဒေါသကြီးသူသည် ပြင်းထန်သောသဘောကွဲလွဲမှုများဖြစ် ပေါ်စေရန် နှိုးဆွပေး၏။ စိတ်ရှည်သည်းခံသောသူသည် ကား အငြင်းပွားမှုကို ချုပ်ငြိမ်းစေ၏။
Prov BurCBCM 15:19  ပျင်းရိသောသူ၏ခရီးလမ်းသည် ဆူးညှောင့်ပေါများ လှ၏။ ဖြောင့်မတ်သောသူ၏ခရီးလမ်းမူကား ညီညာပြန့်ပြူးသော လမ်းမကြီးပင်ဖြစ်သတည်း။-
Prov BurCBCM 15:20  ပညာရှိသော သားသည် မိမိဖခင်၏ပျော်ရွှင်ခြင်းဖြစ်၏။ ရူးမိုက်သော သားမူကား မိမိ၏မိခင်ကို ရှုတ်ချပစ်ပယ်၏။-
Prov BurCBCM 15:21  ရူးမိုက်သော အရာသည် အသိဉာဏ်ကင်းမဲ့သူကို အားရနှစ်သက်စေ ၏။ နားလည်သိမြင်တတ်သူမူကား ဖြောင့်မတ်သော လမ်းစဉ်အတိုင်း လျှောက်လှမ်း၏။-
Prov BurCBCM 15:22  အကြံဉာဏ်ပေးမှု မရှိသောစီမံကိန်းများသည် ပျက်ပြားတတ်ပြီး အကြံပေး သူအမြောက်အမြားရှိပါက အောင်မြင်တတ်၏။-
Prov BurCBCM 15:23  ဆီလျော်သောအဖြေကို ပေးနိုင်သူတစ်ဦးသည် ဝမ်းသာကြည်နူးမှုကိုတွေ့ရှိသည်ဖြစ်၍ အချိန်အခါနှင့်ကိုက်ညီ စွာထွက်ဆို သော စကားတစ်ခွန်းသည် ကောင်းမွန်လှပေ၏။-
Prov BurCBCM 15:24  ပညာရှိသည် ဘ၀လမ်းကြောင်းရွေးချယ်ရာ၌ သူ့အား မရဏနိုင်ငံသို့ သက်ဆင်းစေမည့်လမ်းကို ရှောင် ကွင်းနိုင်ခြင်းငှာ အထက်သို့ရောက်စေမည့်လမ်းကိုသာ လိုက်လေ့ရှိ၏။-
Prov BurCBCM 15:25  ထာ၀ရဘုရားသခင်သည် မာနထောင် လွှားသူ၏အိမ်ကို ဖြိုချတော်မူ၏။ သို့သော် ကိုယ်တော် သည် မုဆိုးမ၏အိုးအိမ်ကို ကာကွယ်စောင့်ရှောက်တော်မူ၏။-
Prov BurCBCM 15:26  ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သောသူတို့၏ အကြံအစည်များကို ရွံရှာမုန်းတီးတော်မူ၏။ ဖြူစင်သန့်ရှင်းသော သူတို့၏အကြံအစည်တို့သည်ကား ကိုယ်တော့်ကို နှစ်သက်ကျေနပ်စေ၏။-
Prov BurCBCM 15:27  မတရားသဖြင့်ရသော အကျိုးအမြတ်၌ လောဘကြီးသူများသည် မိမိတို့၏အိမ်ထောင်စုကိုဒုက္ခရောက်စေ၏။ တံစိုး လက်ဆောင်များကို လက်မခံလိုသောသူသည်ကား အသက်ရှင်လိမ့်မည်။-
Prov BurCBCM 15:28  ဖြောင့်မတ်သောသူသည် အဖြေပေးရန် စဉ်းစားချင့်ချိန်၏။ ဆိုးယုတ်သောသူသည်ကား အကျိုးယုတ်စေမည့်စကား များထွက်လာတတ်၏။-
Prov BurCBCM 15:29  ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သောသူတို့နှင့် လွန်စွာပင် ဝေးကွာတော်မူ၏။ သို့သော် ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့၏ဆု တောင်းသံကို နားညောင်းတော်မူ၏။-
Prov BurCBCM 15:30  မျက်စိအလင်းသည် နှလုံးသားကို ရွှင်လန်းဝမ်းမြောက်စေပြီး သတင်းကောင်းသည်လည်း အရိုးများကိုအား ဖြည့်တင်း ပေး၏။-
Prov BurCBCM 15:31  အသက်ရှင်ခြင်းကိုပေးသောပဲ့ပြင်ဆုံးမမှုကို နားထောင်သူသည် ပညာရှိတို့အလယ်၌ နေရတတ်၏။-
Prov BurCBCM 15:32  ဆုံးမသွန် သင်မှုကိုဥပေက္ခာပြုသူသည် မိမိကိုယ်ကို မလေးမစား ပြုရာရောက်၏။ ပဲ့ပြင်ဆုံးမမှုကို နာခံသောသူမူကား သိ နားလည်ခြင်းကိုရ၏။-
Prov BurCBCM 15:33  ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းသည် ဉာဏ်ပညာကို သင်ယူခြင်းပင်ဖြစ်၏။ ဂုဏ်ပြုခြင်းကိုမခံယူမီ နှိမ့်ချခြင်း ရှိရမည်ဖြစ်၏။