Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 30
Prov BurCBCM 30:1  အောက်ပါတို့သည် မာဆာပြည်မှ ဂျာကဲ၏သားအာဂူး၏စကားပုံများဖြစ်ကြ၏။ ဤသူသည် အီသီအဲလ်အား ပြောဆိုခြင်းဖြစ် ၏။ သူသည် အီသီအဲလ်နှင့် အူကာလ်တို့အား ပြောဆိုခြင်းဖြစ်၏။-
Prov BurCBCM 30:2  ငါသည် လူဟုအခေါ်ခံနိုင်ရန် ဉာဏ်နည်းပါးလှပါ၏။ လူ၏အသိ ဉာဏ်လည်း ငါ၌မရှိပါ။-
Prov BurCBCM 30:3  ငါသည် သန့်ရှင်းတော်မူသော သခင်၏ဉာဏ်ပညာနှင့် အသိတရားကိုလည်း မသင်ယူခဲ့ပါ။-
Prov BurCBCM 30:4  မည်သူသည် ကောင်းကင်သို့ တက်၍ ကောင်းကင်မှ ပြန်ဆင်းလာပါသနည်း။ မည်သူသည် လေကို မိမိ၏လက်ဖြင့် ဆုပ်ယူထားသနည်း။ မည်သူသည် ရေကို မိမိ၏အဝတ်ဖြင့်ထုပ်ထားသနည်း။ မည်သူသည် ကမ္ဘာမြေကြီး၏နယ်နိမိတ်ကို သတ်မှတ်ပေးထားပါသနည်း။ သူ၏အမည်ကား မည်သူနည်း။ သူ၏သားအမည်ကား မည်သူနည်း။ သင်သိလျှင် ပြောပါလော့။
Prov BurCBCM 30:5  ဘုရားသခင်၏နှုတ်တော်ထွက်စကားမှန်သမျှသည် မှန်ကန်တော်မူပါ၏။ ကိုယ်တော်သည် မိမိ၌ ခိုလှုံအားကိုးသော သူတို့ အတွက် အကာအကွယ်ဒိုင်းလွှား သဖွယ်ဖြစ်တော်မူ၏။-
Prov BurCBCM 30:6  ကိုယ်တော်၏နှုတ်တော်ထွက် စကားကို ထပ်လောင်းဖြည့်စွက်ခြင်းမပြုလေနှင့်။ ဤသို့ ပြုလျှင် သင်သည် ပြစ်တင်ဆုံးမခံရ၍ လူလိမ်ဟု သတ် မှတ်ခြင်းခံရလိမ့်မည်။
Prov BurCBCM 30:7  အကျွန်ုပ်သည် ဤအရာနှစ်ခုကို တောင်းလျှောက်ပါ၏။ အကျွန်ုပ်မသေမီ ဤအရာများကို ငြင်းပယ်တော်မမူပါနှင့်။-
Prov BurCBCM 30:8  မှားယွင်းခြင်းနှင့် မုသားပြောခြင်းကို အကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ အကျွန်ုပ်အား ဆင်းရဲနွမ်းပါးခြင်းကိုလည်းကောင်း၊ ချမ်းသာကြွယ်၀ခြင်းကိုလည်းကောင်း ပေးတော်မမူပါနှင့်။ အကျွန်ုပ်အတွက် လိုအပ်သောအစားအစာကိုသာ ပေးသနားတော် မူပါ။-
Prov BurCBCM 30:9  သို့မဟုတ် ပါလျှင် အကျွန်ုပ်သည် ပြည့်စုံကြွယ်၀လာ၍ ကိုယ်တော့်ကို ငြင်းပယ်ရုံသာမက ထာ၀ရဘုရားသခင်သည် အဘယ်သူနည်းဟု မေးလာပါလိမ့်မည်။ သို့မဟုတ်လျှင် လည်း အကျွန်ုပ်သည် ဆင်းရဲနွမ်းပါးသောကြောင့် ခိုးဝှက် ခြင်းဖြင့် ဘုရားသခင်၏နာမတော်ကို ထိခိုက်စော်ကား မိပါလိမ့်မည်။
Prov BurCBCM 30:10  အစေခံ၏မကောင်းကြောင်းကို သူ၏သခင်ဖြစ်သူအား မပြောလေနှင့်။ ထိုသို့ပြုလျှင် အစေခံသည် သင့်ကို ကျိန်ဆဲ၍ သင်၏ အပြစ်ဖြစ်လိမ့်မည်။
Prov BurCBCM 30:11  မိမိတို့၏ဖခင်တို့ကို ကျိန်ဆဲ၍ မိမိတို့၏မိခင်တို့ကိုလည်းကောင်းချီးမပေးသောသူများရှိကြ၏။-
Prov BurCBCM 30:12  မိမိတို့ကိုယ်ကို စင်ကြယ်သည်ဟုမြင်ကြသော်လည်း မကောင်းသော အညစ်အကြေးနှင့်မကင်းစင်သေးသောသူများလည်း ရှိကြ၏။-
Prov BurCBCM 30:13  အလွန်မောက်မာသောမျက်လုံးများနှင့် အထင်အမြင်သေးသောအကြည့်များကိုပိုင်ဆိုင်သူများလည်းရှိကြ၏။-
Prov BurCBCM 30:14  ဆင်းရဲသောသူတို့ကို ကမ္ဘာမြေကြီးမှလည်းကောင်း၊ ချို့တဲ့သောသူတို့ကို လူသားတို့အလယ်မှလည်းကောင်း ဝါးမျိုဖယ်ရှား ပစ်ရန်အတွက် ဓားပါသော ခံတွင်းနှင့် သန်လျက်နှင့်တူသောသွားများပါရှိသည့်သူ များလည်းရှိကြ၏။
Prov BurCBCM 30:15  မျှော့၌ သမီးနှစ်ယောက်ရှိ၏။ ပေးပါ၊ ပေးပါဟု သူတို့ ဟစ်အော်ကြ၏။ မည်သည့်အခါမျှ ဆန္ဒမပြည့်နိုင်သော အရာသုံးမျိုး ရှိ၍တော်ပြီဟု မည်သည့်အခါမျှမဆိုနိုင် သောအရာလေးမျိုးမူကား၊-
Prov BurCBCM 30:16  သချုင်း၊ မြုံသောမိန်းမ၏ ဝမ်း၊ ရေငတ်သည့်မြေ၊ တော်ပြီဟု မဆိုတတ်သောမီးတို့ ပင်ဖြစ်သတည်း။
Prov BurCBCM 30:17  ဖခင်ကို ပြက်ရယ်ပြုသောမျက်စိ၊ မိခင်ကိုမနာခံဘဲ မထီမဲ့မြင်ပြုသောမျက်စိကို ချိုင့်ဝှမ်းအတွင်းရှိ ကျီးကန်း တို့ထိုးဆိတ်ကြ ၍ လင်းတတို့က စားကြလိမ့်မည်။
Prov BurCBCM 30:18  ငါဉာဏ်မမီနိုင်သောအရာသုံးမျိုးရှိ၏။ ငါမသိနား မလည်နိုင်သောအရာလေးမျိုးမူကား၊-
Prov BurCBCM 30:19  ကောင်းကင်ယံ တွင် သိန်းငှက်သွားရာလမ်း၊ ကျောက်ဆောင်ပေါ်တွင် မြွေသွားရာလမ်း၊ ပင်လယ်ရေနက်တွင် သင်္ဘောသွား ရာလမ်း၊ ယောက်ျားတစ်ဦးနှင့် မိန်းမပျိုတို့သွားရာလမ်းတို့ ပင်ဖြစ်သတည်း။
Prov BurCBCM 30:20  အိမ်ထောင်ရေးဖောက်ပြန်သောအမျိုးသမီး၏ လမ်းစဉ်သည်ဤသို့ဖြစ်၏။ သူမသည် အစာစားပြီးနောက် မိမိ၏ပါးစပ်ကို သုတ်လျက် ငါသည် မည်သည့် အမှားကိုမျှမပြုဟုဆို၏။
Prov BurCBCM 30:21  ကမ္ဘာမြေကြီးကို တုန်လှုပ်စေသောအကြောင်းသုံးမျိုးနှင့် ကမ္ဘာမြေကြီးကလက်မခံနိုင်သောအရာလေးမျိုးမူကား၊-
Prov BurCBCM 30:22  ဘုရင်ဖြစ်လာသောအစေခံ၊ ၀လင်စွာစားရ သောလူမိုက်၊-
Prov BurCBCM 30:23  လင်ယောက်ျား၏ချစ်ခင်ကြင်နာမှုကို မရရှိသောအမျိုးသမီး၊ မိမိသခင်မ၏အရိုက်အရာကို ဆက်ခံရသည့်အစေခံမတို့ပင် ဖြစ်သတည်း။
Prov BurCBCM 30:24  သေးငယ်ပါသော်လည်း အလွန်အသိအလိမ္မာရှိသည့် မြေကြီးပေါ်မှအရာလေးမျိုးမူကား၊-
Prov BurCBCM 30:25  ခွန်အားနည်းသောသတ္တဝါများဖြစ်သော်လည်း နွေရာသီတွင် မိမိတို့၏အစာကို သိုလှောင်လေ့ရှိသောပုရွက်ဆိတ်များ၊-
Prov BurCBCM 30:26  စွမ်းအားမကြီးသော်လည်း မိမိတို့နေထိုင်ရန်တွင်းများကို ကျောက်ဆောင်များတွင် တူးတတ်သောယုန်များ၊-
Prov BurCBCM 30:27  ခေါင်းဆောင်ဘုရင်မရှိသော်လည်း တပ်ဖွဲ့၍ သွားလာတတ်ကြသည့်ကျိုင်းကောင်များ၊-
Prov BurCBCM 30:28  လက်တစ်ဆုပ်စာမျှသာ ရှိသော်လည်း ဘုရင့်နန်းတော်များတွင် တွေ့ရှိရသည့် အိမ်မြှောင်တို့ပင်ဖြစ်သတည်း။
Prov BurCBCM 30:29  လမ်းလျှောက်ရာတွင် မဟာဆန်သည့်အရာသုံး မျိုးနှင့်ရွေ့လျားရာတွင် ကျက်သရေရှိသောအရာလေးမျိုးကား၊-
Prov BurCBCM 30:30  တိရစ္ဆာန်တို့တွင် ခွန်အားအကြီးဆုံးဖြစ်၍ မည်သည့်အရာ၏ရှေ့တွင်မျှ မတွန့်ဆုတ်သည့်ခြင်္သေ့၊-
Prov BurCBCM 30:31  ဝင့်ဝါသောကြက်ဖ၊ ဆိတ်ထီးနှင့် စစ်တပ်ခြံရံထားသော ဘုရင်တို့ပေတည်း။
Prov BurCBCM 30:32  သင်သည် သူရူးကဲ့သို့ပြုကျင့်၍ မိမိကိုယ်ကိုချီးမြှောက်ခဲ့လျှင်သော်လည်းကောင်း၊ မကောင်းကြံစည်ခဲ့လျှင်သော် လည်းကောင်း သင်၏နှုတ်ကိုလက်ဖြင့် ပိတ်ထားလော့။-
Prov BurCBCM 30:33  အကြောင်းမူကား နို့ကိုမွှေလျှင် ထောပတ်ကိုရရှိ၏။ နှာခေါင်းကိုဖိညှစ်မိလျှင် သွေးထွက်တတ်၏။ ဒေါသကိုလှုံ့ဆော်လျှင် ခိုက်ရန်ဖြစ်ပွားတတ်၏။