PROVERBS
Chapter 8
Prov | BurCBCM | 8:1 | ဉာဏ်ပညာသည် ခေါ်သံကိုပြုလျက် နားလည်တတ်ခြင်းသည် မိမိ၏အသံကိုလွှင့်လျက်နေသည်မဟုတ်ပါလော။- | |
Prov | BurCBCM | 8:4 | အိုအသင် လူသားတို့၊ သင်တို့ကို ငါခေါ်၏။ လူသားအားလုံးတို့ထံ သို့ ငါ့အသံကို ငါလွှင့်၏။- | |
Prov | BurCBCM | 8:5 | ဉာဏ်တိမ်သောသင်တို့၊ မြော်မြင်ဆင်ခြင်တတ်ခြင်းကို လေ့လာသင်ယူကြလော့။ မိုက်မဲသောသင်တို့၊ ဆင်ခြင်သတိရှိ ကြလော့။- | |
Prov | BurCBCM | 8:6 | ငါသည် မွန်မြတ်သောစကားကို မြွက်ဆိုမည်။ နားထောင်ကြ လော့။ မှန်သောတရားစကားတို့သည် ငါ၏နှုတ်မှထွက် လာလိမ့်မည်။- | |
Prov | BurCBCM | 8:7 | ငါ၏နှုတ်သည် သစ္စာတရားကိုသာ မြွက် ဆို၏။ အဘယ်ကြောင့်ဆိုသော် ငါ၏နှုတ်ခမ်းတို့သည် ဒုစရိုက်ကိုစက်ဆုပ်ရွံရှာ၏။- | |
Prov | BurCBCM | 8:8 | ငါ၏နှုတ်မှထွက်လာသော စကားအားလုံးတို့သည် ဖြောင့်မတ်မှန်ကန်၍ ကောက်ကျစ်လှည့်ဖြားခြင်းနှင့်ကင်း၏။- | |
Prov | BurCBCM | 8:10 | ငွေစင်အစား ငါ၏သွန်သင်ချက်များ ကိုလည်းကောင်း၊ ရွှေစင်အစား အသိပညာကိုလည်းကောင်း ရွေးချယ်ကြလော့။- | |
Prov | BurCBCM | 8:11 | အကြောင်းမူကား ဉာဏ်ပညာတော်သည် ရတနာများစွာထက် အဖိုးထိုက်တန်၏။ သင်နှစ်သက်သော အရာရှိသမျှ တို့နှင့်လည်း နှိုင်းယှဉ် ၍မရနိုင်။- | |
Prov | BurCBCM | 8:12 | ဉာဏ်ပညာတော်တည်းဟူသော ငါသည် အမြော်အမြင်နှင့်အတူ အသက်ရှင်၏။ ငါသည် အသိပညာနှင့် အပြောအဆို လိမ္မာသိုသိပ်မှုကိုပိုင်ဆိုင်၏။- | |
Prov | BurCBCM | 8:13 | ထာ၀ရဘုရားသခင်ကိုကြောက်ရွံ့ခြင်းကား ဒုစရိုက်ကို မုန်းတီးခြင်းပေတည်း။ မာနထောင်လွှားခြင်းနှင့် မောက်မာသော စိတ်ရှိခြင်း၊ ဆိုးညစ်သောအပြုအမူနှင့် ကောက်ကျစ်သောအပြောအဆိုတို့ကို ငါမုန်း၏။- | |
Prov | BurCBCM | 8:14 | အကြံဉာဏ်နှင့် မှန်ကန်သောစီရင်ချက်တို့သည် ငါ၌တည်၏။ နားလည် တတ်ခြင်းနှင့်ခွန်အားတန်ခိုးကို ငါပိုင်ဆိုင်၏။- | |
Prov | BurCBCM | 8:15 | ငါ့အားဖြင့် ရှင်ဘုရင်တို့သည် အုပ်ချုပ်နန်းစံကြ၍ အစိုးရမင်းတို့သည် တရားမျှတသောဥပဒေများကို အတည်ပြုနိုင်ကြ၏။- | |
Prov | BurCBCM | 8:16 | ငါ့အားဖြင့် မင်းညီမင်းသားတို့သည် အုပ်ချုပ်ခွင့်ရကြ၍ မှူးမတ်အပေါင်းတို့သည်လည်း ဖြောင့်မတ်စွာအုပ်စိုးနိုင်ကြ၏။- | |
Prov | BurCBCM | 8:17 | ငါ့ကိုနှစ်သက်မြတ်နိုးသူတို့ကို ငါနှစ်သက်မြတ်နိုး၏။ ငါ့ကို စိတ်အားထက်သန်စွာရှာသောသူတို့သည် ငါ့ကိုတွေ့ကြ၏။- | |
Prov | BurCBCM | 8:18 | စည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေသည် ငါနှင့်အတူရှိ၏။ တည်မြဲသောကြွယ်၀မှုနှင့် ကြီးပွားချမ်းသာခြင်းသည်လည်း ငါ၌ရှိ၏။- | |
Prov | BurCBCM | 8:20 | ငါသည် ဖြောင့်မတ်သော တရားလမ်းစဉ်၌ လျှောက်လှမ်း၏။ တရားမျှတမှုနှင့်ယှဉ် လျက် ငါလျှောက်လှမ်း၏။- | |
Prov | BurCBCM | 8:21 | ငါသည် ငါ့ကိုနှစ်သက်မြတ်နိုးသူတို့အား စည်းစိမ်ချမ်းသာကို ပိုင်ဆိုင်စေ၏။ သူတို့၏ဘဏ္ဍာတိုက်များကိုလည်း ပြည့်၀ စေ၏။ | |
Prov | BurCBCM | 8:22 | ထာ၀ရဘုရားသခင်သည် မည်သည့်အရာကိုမျှ မဖန်ဆင်းမီ ငါ့အား အစဦးကတည်းက ဖန်ဆင်းတော်မူ၏။ ငါသည် ကိုယ်တော်၏ပထမဦးဆုံးသောလက်ရာတော်ဖြစ်၏။- | |
Prov | BurCBCM | 8:24 | နက်သော ပင်လယ်သမုဒ္ဒရာများမရှိမီ၊ ရေအလွန်ပေါများသော စမ်းရေတွင်းများမဖြစ်ပေါ်မီ ငါ့ကိုရှိနှင့်စေတော်မူခဲ့၏။- | |
Prov | BurCBCM | 8:26 | ကမ္ဘာမြေကြီးနှင့် လယ် ကွင်းများ မဖြစ်ပေါ်မီ၊ ပထမဦးဆုံးသောမြေမှုန့်ကိုပင် ကိုယ်တော်မဖန်ဆင်းမီ ငါ့ကို တည်ရှိစေတော်မူခဲ့၏။- | |
Prov | BurCBCM | 8:27 | မိုးကောင်းကင်ကို ကိုယ်တော်နေရာတကျတည်ရှိစေသော အချိန်၌လည်းကောင်း၊ မိုးကုတ်စက်ဝိုင်းကို မိုးမျက်နှာ ကြက်တွင် မှတ်သားသောအချိန်၌လည်းကောင်း၊- | |
Prov | BurCBCM | 8:28 | ကောင်းကင်ပြင်၌ တိမ်တိုက်များကို နေရာချထားသော အချိန်၌လည်းကောင်း၊ သမုဒ္ဒရာစမ်းရေတွင်းများဖြစ်ပေါ် ချိန်၌လည်းကောင်း၊- | |
Prov | BurCBCM | 8:29 | ပင်လယ်ရေလွှမ်းမိုးခြင်းမရှိစေရန် အမိန့်ပေးတော်မူသောအချိန်၌လည်းကောင်း၊ ကမ္ဘာမြေကြီး၏အောက်ခြေ အုတ်မြစ်များ ကိုချမှတ်သောအချိန်၌ လည်းကောင်း ငါတည်ရှိခဲ့၏။- | |
Prov | BurCBCM | 8:30 | ထိုအခါ ငါသည် အတူပါဝင်တည်ဆောက်သူတစ်ဦးကဲ့သို့ ကိုယ်တော်၏ထံ တော်ပါး၌ ရှိနေခဲ့၏။ ငါသည် နေ့စဉ်နေ့တိုင်း ကိုယ်တော် ၏မျက်မှောက်တော်၌ ဝမ်းမြောက်ပျော်ရွှင်လျက် ကိုယ် တော်နှစ်သက်မြတ်နိုးရာအဖြစ်ရှိနေခဲ့ပြီး၊- | |
Prov | BurCBCM | 8:32 | သို့ဖြစ်၍ ငါ့သားတို့၊ ငါ၏စကားကို နားထောင်ကြ လော့၊ ငါ၏လမ်းစဉ်ကိုလိုက်နာသောသူတို့သည် မင်္ဂလာရှိကြ၏။- | |
Prov | BurCBCM | 8:33 | ငါ၏သွန်သင်ချက်များကို နားထောင်ကြလော့။ ဉာဏ်ပညာအမြော်အမြင်ရှိကြလော့။ ငါ၏သွန် သင်ချက်များကို လျစ်လျူ မရှုကြနှင့်။- | |
Prov | BurCBCM | 8:34 | ငါ၏စကားကို နားထောင်၍ ငါ၏အိမ်တံခါး၌ နေ့စဉ်စောင့်နေတတ်ပြီး တံခါး၀တွင် မျှော်လင့်နေတတ်သောသူသည် မင်္ဂလာရှိ၏။- | |
Prov | BurCBCM | 8:35 | အကြောင်းမူကား ငါ့ကိုရှာ၍တွေ့သောသူသည် အသက်ကိုတွေ့၍ ထာ၀ရဘုရားသခင်၏အထံတော်မှ ကျေးဇူးတော်များကို လည်း ခံစားရ၏။- | |