Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 11
Prov BurCBCM 11:1  မမှန်ကန်သောချိန်ခွင်သည် ထာ၀ရဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ တရားမျှတ သောအလေးချိန်သည်ကား ကိုယ်တော်ကျေနပ်နှစ် သက်ဖွယ်ရာဖြစ်၏။-
Prov BurCBCM 11:2  မာနထောင်လွှားခြင်းရောက်လာ သောအခါ အသရေပျက်ခြင်းသည်လည်း လိုက်ပါလာ၏။ ဉာဏ်ပညာမူကား နှိမ့်ချသော သူတို့နှင့်အတူလာ ၏။-
Prov BurCBCM 11:3  ဖြောင့်မတ်သူတို့၏အပြစ်ကင်းစင်မှုသည် သူတို့ကို ဦးဆောင်လမ်းညွှန်၏။ သစ္စာဖောက်သူတို့၏ကောက် ကျစ်မှုသည်ကား သူတို့ကိုဖျက်ဆီးလေ၏။-
Prov BurCBCM 11:4  အမျက်တော်သင့်သည့်နေ့တွင် ချမ်းသာကြွယ်၀မှုသည် အကျိုးပြုမည်မဟုတ်။ သို့သော် ဖြောင့်မတ်မှန်ကန်ခြင်းသည် သေခြင်းမှလွတ်မြောက်စေ၏။-
Prov BurCBCM 11:5  အပြစ်တင်ခွင့်ကင်းသူ တို့၏ဖြောင့်မတ်မှန်ကန်မှုသည် သူတို့၏လမ်းစဉ်ကို ဖြောင့်တန်းစေ၏။ ဆိုးယုတ်သောသူတို့မူကား မိမိတို့ ၏ဆိုးယုတ်မှုကြောင့်ပင် ပြိုလဲရ၏။-
Prov BurCBCM 11:6  ဘဖြောင့်မတ်သူတို့၏ ဖြောင့်မတ်မှန်ကန်မှုသည် သူတို့ကို ကယ်တင်၏။ သစ္စာ ဖောက်သောသူတို့မူကား မိမိတို့မကောင်းစိတ် ၏ကျောကွင်း၌ ဖမ်းဆီးခြင်းခံကြရ၏။
Prov BurCBCM 11:7  ဆိုးယုတ်သောသူတစ်ဦးသေသောအခါ သူ၏မျှော်လင့်ခြင်းသည် ပျောက်ကွယ်သွား၏။ ဘုရားတရား မဲ့သူ၏မျှော်လင့် ချက်သည် အချည်းနှီးသာဖြစ်လာရ၏။-
Prov BurCBCM 11:8  ဖြောင့်မတ်သောသူသည် ဒုက္ခဆင်းရဲမှလွတ်မြောက်ပြီး သူ့နေရာ၌ ဆိုးယုတ်သောသူသည် အစားထိုးဝင်ရောက်ရ၏။-
Prov BurCBCM 11:9  ဘုရားမဲ့သူသည် မိမိ၏နှုတ်ဖြင့် အိမ်နီးချင်းတို့ကို ဖျက်ဆီး၏။ သို့သော် ဖြောင့်မတ်သူတို့သည် အသိပညာအားဖြင့် လွတ်မြောက်ကြ၏။-
Prov BurCBCM 11:10  ဖြောင့်မတ်သောသူတို့ ကောင်းစားသောအခါ တစ်မြို့လုံးရွှင်လန်းဝမ်းမြောက်ကြ၏။ ဆိုးယုတ်သော သူတို့ပျက်စီးသော အခါ၌လည်း မြူးထူးအော်ဟစ်ကြ၏။-
Prov BurCBCM 11:11  ဖြောင့်မတ်သောသူ၏ကောင်း ချီးမင်္ဂလာအားဖြင့် မြို့တစ်မြို့သည် ချီးမြှင့်ခြင်းခံရ၏။ သို့သော် ဆိုးယုတ်သော သူ၏ နှုတ်အားဖြင့်မြို့သည် ဖျက်ဆီး ခြင်းခံရ၏။-
Prov BurCBCM 11:12  စဉ်းစားဆင်ခြင်ဉာဏ်ကင်းမဲ့သူသည် မိမိ နှင့်နီးစပ်သောသူကို လှောင်ပြောင်ကဲ့ရဲ့တတ်၏။ ဉာဏ် အမြော်အမြင်ရှိသူမူကား မိမိ၏နှုတ်လျှာကိုထိန်း၏။-
Prov BurCBCM 11:13  အတင်းအဖျင်းပြောတတ်သူသည် ယုံကြည်စိတ်ချစွာ အသိပေးထားသည့်အမှုကို သစ္စာဖောက်တတ်၏။ ယုံကြည်ထိုက် သော သူမူကား လျှို့ဝှက်ချက်ကို စောင့်ထိန်းတတ်၏။-
Prov BurCBCM 11:14  လမ်းညွှန်မှုကင်းမဲ့ခြင်းကြောင့် လူမျိုးတစ်မျိုးသည် ကျဆုံးရ၏။ အကြံဉာဏ်ပေးနိုင်သူအမြောက် အမြားရှိခြင်းသည်ကား ဘေးကင်းလုံခြုံမှုကို ဆောင်ကြဉ်းပေး၏။-
Prov BurCBCM 11:15  သူစိမ်းတစ်ဦးအတွက် အာမခံပေးသူသည် ဒုက္ခခံစားရမည်မှာ သေချာ၏။ အာမခံပေးရန် ငြင်းဆိုသောသူမူကား ဘေးကင်း လုံခြုံ၏။-
Prov BurCBCM 11:16  ဂုဏ်ကျက်သရေ ရှိသောအမျိုးသမီးတစ်ဦးသည် ရိုသေလေးစားခြင်းခံရ၏။-
Prov BurCBCM 11:17  ရက်စက်ကြမ်းကြုတ်သောသူတို့သည် ကြွယ်၀ချမ်းသာကြ၏။ သနားကြင်နာတတ်သောသူတို့သည် မိမိတို့ကိုယ်ကို အကျိုးပြု၏။ ရက်စက်ကြမ်းကြုတ်သော သူမူကား မိမိကိုယ်ကို အန္တရာယ်ပြုတတ်၏။-
Prov BurCBCM 11:18  ဆိုးယုတ် သောသူသည် မတည်မြဲသောဥစ္စာဓနကို ခံစားရ၏။ ရိုးသားဖြောင့်မတ်သူမူကား သေချာသောကောင်းကျိုး ချမ်းသာကို ဧကန်မုချခံစားရ၏။-
Prov BurCBCM 11:19  ရိုးသားဖြောင့်မတ်စွာ နေထိုင်သောသူသည် အသက်ရှင်ရလိမ့်မည်။ သို့သော် ဒုစရိုက်လမ်းအတိုင်းလိုက်သောသူမူကား သေဘေးနှင့် ကြုံရမည်။-
Prov BurCBCM 11:20  ထာ၀ရဘုရားသခင်သည် စိတ်ထားယုတ် ညံ့သူများကို မုန်းတီးစက်ဆုပ်တော်မူ၏။ သို့သော် ကိုယ် တော်သည် ရိုးသား ဖြောင့်မတ်စွာ နေထိုင်သူတို့ကို နှစ်သက်အားရတော်မူ၏။-
Prov BurCBCM 11:21  ဆိုးယုတ်သောသူတို့သည် အပြစ်ဒဏ်မခံရဘဲ နေမည်မဟုတ်သော်လည်း ဖြောင့် မတ်သောသူတို့မူကား ကယ်တင်ခြင်းခံရ မည်မှာ ဧကန် အမှန်ပင်ဖြစ်၏။-
Prov BurCBCM 11:22  ဆင်ခြင်တုံတရားကင်းမဲ့သည့် လှပ သောအမျိုးသမီးသည် ဝက်နှုတ်သီးတွင် တပ်ထားသည့် ရွှေလက်စွပ်နှင့်တူ၏။-
Prov BurCBCM 11:23  ဖြောင့်မတ်သောသူတို့သည် ကုသိုလ်ကောင်းမှုပြုရန်သာ အလိုရှိကြ၏။ သူယုတ်မာ တို့၏လိုလားတောင့်တမှုသည်ကား အမျက်ဒေါသဖြစ်၏။-
Prov BurCBCM 11:24  လူတစ်ဦးသည် ရက်ရောစွာပေးကမ်းသော်လည်း ဥစ္စာတိုးပွား၏။ အခြားတစ်ဦးမှာ ပေးကမ်းရမည်ကို လွန်စွာနှမြော တွန့်တိုသောကြောင့် ဆင်းရဲခြင်းသို့သာရောက်ရ၏။-
Prov BurCBCM 11:25  ရက်ရောစွာ ပေးကမ်းသောသူသည် ကြီးပွားတိုးတက်လိမ့်မည်။ သူတစ်ပါးတို့အား စိတ်ရွှင်လန်းစေသော သူသည် မိမိကိုယ်တိုင်စိတ်ရွှင်လန်းလိမ့်မည်။-
Prov BurCBCM 11:26  လူတို့သည် ကောက်ပဲသီးနှံသိုလှောင်ထားသောသူကိုကျိန်ဆဲကြ၏။ လိုလိုလားလားရောင်းချပေးသူကိုမူကား ဘုရား သခင်သည် ကောင်းချီးမင်္ဂလာဖြင့် ပြည့်စုံစေ၏။-
Prov BurCBCM 11:27  ကောင်း မှုပြုရန် ကြိုးစားသောသူသည် ကောင်းကျိုးကို ခံစားရ၏။ မကောင်းမှုပြုရန် အားသန်သူသည်ကား ထိုမကောင်းမှု ၏အကျိုးဆက်ကို ခံရတတ်၏။-
Prov BurCBCM 11:28  မိမိ၏ဥစ္စာကြွယ်၀မှုကို အားကိုးအားထားပြုသူသည် ကျရှုံးရလိမ့်မည်။ ဖြောင့်မတ်သောသူမူကား ရွက်သစ်များ ဖြာထွက် သကဲ့သို့ ကြီး ပွားလိမ့်မည်။-
Prov BurCBCM 11:29  မိမိ၏မိသားစုကို ဒုက္ခပေးသောသူသည် လေကိုသာလျှင် အမွေခံရလိမ့်မည်။ ပညာမဲ့သူသည်လည်း ပညာရှိသူ၏အစေခံ ဖြစ်လိမ့်မည်။-
Prov BurCBCM 11:30  ဖြောင့်မတ်သူ ရရှိသည့်အကျိုးမှာ အသက်၏သစ်ပင်ဖြစ်၏။ ဆိုးယုတ် သူတို့မှာမူ အသက်ကို ဖယ်ရှားပစ်ကြ၏။-
Prov BurCBCM 11:31  အကယ်၍ ဖြောင့်မတ်သူတို့သည် မိမိတို့နှင့်ထိုက်သင့်သည့်အပြစ် ဒဏ်ကို ဤလောက၌ ခံယူကြရလျှင် ဘုရားတရားမဲ့သူ တို့နှင့် အပြစ်ကျူးလွန်သူတို့သည် မည်မျှပိုမိုပေးဆပ်ကြ ရမည်နည်း။