Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 14
Prov BurCBCM 14:1  ဉာဏ်ပညာသည် မိမိအတွက် အိမ်ကိုတည်ဆောက်၏။ မိုက်မဲခြင်းသည်ကား မိမိ၏အိမ်ကို မိမိကိုယ်တိုင်ဖြိုဖျက်၏။-
Prov BurCBCM 14:2  ဖြောင့်မတ်သောလမ်းကို လျှောက်လှမ်းသောသူသည် ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေ၏။ မရိုးသားသော လမ်းစဉ် များကို ကျင့်သုံးသူသည်ကား ကိုယ်တော့်ကို မထီမဲ့မြင်ပြု၏။-
Prov BurCBCM 14:3  လူမိုက်၏မောက်မာထောင်လွှားသောစကားများသည် သူ့ကိုပင် ပြန်၍ဘေးသင့်စေ၏။ ပညာရှိသူ၏စကားများသည်ကား သူ့ကိုကာကွယ်စောင့်ရှောက်၏။-
Prov BurCBCM 14:4  ခိုင်းနွားများ မရှိသည့်လယ်သမား၌ ဝမ်းစာစပါးပင်မရှိချေ။ ခိုင်းနွား၏ ခွန်အားဖြင့် ကောက်ပဲသီးနှံများစွာကို ရိတ်သိမ်းရ၏။-
Prov BurCBCM 14:5  ဖြောင့်မတ်မှန်ကန်သောသက်သေတစ်ဦးသည် လိမ်လည်ပြောဆိုခြင်းမပြုပေ။ မမှန်သောသက်သေတစ်ဦးမူကား မုသား စကားများကို အသက်ရှူသွင်းတိုင်း ထွက်ဆိုတတ်၏။-
Prov BurCBCM 14:6  သူတစ်ပါးကို ပြက်ရယ်ပြုတတ်သောသူ သည် ဉာဏ်ပညာကို ရှာဖွေမတွေ့နိုင်ချေ။ ပညာ၏တန် ဖိုးကို နားလည်သူသည်ကား အသိပညာကို လွယ်ကူစွာ သင်ယူတတ်မြောက်နိုင်၏။-
Prov BurCBCM 14:7  လူမိုက်နှင့်မပေါင်းသင်း လေနှင့်။ အကြောင်းမူကား သူပြောသမျှစကားများထဲ တွင် အသိပညာရစရာတစ်ခွန်းမျှမပါပေ။-
Prov BurCBCM 14:8  အမြော်အမြင် ရှိသူတို့သည် မိမိတို့၏ဉာဏ်ပညာကို အသုံးချခြင်းဖြင့် မိမိတို့၏ဘ၀ခရီးလမ်းကိုနားလည်သဘောပေါက်ကြ ၏။ ပညာမဲ့သူတို့၏မိုက်မဲမှုသည်ကား သူတို့အား လှည့်ဖြားခြင်းပေတည်း။-
Prov BurCBCM 14:9  မိုက်မဲသောသူတို့သည် အပြစ် မကောင်းမှုကို လှောင်ပြောင်ကြ၏။ ဖြောင့်မတ်သော သူတို့မူကား ဘုရားသခင်၏ရှေ့တော်၌ မျက်နှာရ၏။-
Prov BurCBCM 14:10  လူ၏စိတ်နှလုံးသည် မိမိ၏ခါးသီးနာကြည်းမှုကိုသိ၏။ မည်သည့်သူစိမ်းတရံကမျှ ၎င်း၏ပျော်ရွှင်ခြင်းကို ဝေမျှခံစားခြင်း မရှိချေ။-
Prov BurCBCM 14:11  ဆိုးယုတ်သောသူ၏အိမ်သည် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဖြောင့်မတ်သောသူ၏တဲမူကား ကြီးပွားတိုးတက်လိမ့်မည်။-
Prov BurCBCM 14:12  လမ်းစဉ်တစ်ခုသည် လူတစ်ဦးအတွက် မှန်နေဟန်ရှိသော်လည်း အဆုံးတွင်မူ သေမင်းနှင့်ရင်ဆိုင်ရမည့်လမ်းစဉ်ဖြစ်နေ တတ်၏။-
Prov BurCBCM 14:13  ရယ်မောနေစဉ်တွင်ပင် နှလုံးသားသည် ဝမ်းနည်းပူဆွေးလျက် ရှိပြီး ရွှင်လန်းချမ်းမြေ့ခြင်းသည်လည်း ပူဆွေးဝမ်းနည်း ခြင်းနှင့် အဆုံးသတ်ရ၏။-
Prov BurCBCM 14:14  ဖောက်ပြန်သောသူသည် မိမိ၏လမ်းစဉ်များအတွက် အပြည့်အဝပြန်လည်ပေးဆပ်ရလိမ့်မည်။ သူတော်ကောင်း တစ်ဦးသည်လည်း မိမိ၏ကောင်းမှုများအတွက် ထိုက်တန်သောဆုလာဘ်ကို ရရှိလိမ့်မည်။-
Prov BurCBCM 14:15  ရိုးအသောသူသည် မည်သည့်အရာကို မဆို ယုံကြည်၏။ အမြော်အမြင်ရှိသူမူကား မိမိ၏ခြေ လှမ်းများကိုဆင်ခြင်၏။-
Prov BurCBCM 14:16  ပညာရှိသူသည် သတိရှိပြီး မကောင်းမှုကို ရှောင်ကြဉ်၏။ ရူးမိုက်သောသူမူကား မိမိ၏စိတ်အလိုကိုလိုက်လျက် ပေါ့ဆစွာ နေတတ်၏။
Prov BurCBCM 14:17  စိတ်တိုသောသူသည် မိုက်မဲသောအရာများကို လုပ်ဆောင်၏။ ကောက်ကျစ်စဉ်းလဲသောသူသည်လည်း မုန်းတီးခြင်း ခံရ၏။-
Prov BurCBCM 14:18  ရိုးအသောသူတို့သည် မိုက်မဲမှုကိုအမွေခံကြရ၏။ အမြော်အမြင်ရှိသောသူတို့မူကား အသိပညာကို သရဖူဆောင်းကြရ လိမ့်မည်။-
Prov BurCBCM 14:19  ဆိုးသွမ်း သောသူတို့သည် ကောင်းမြတ်သောသူတို့၏ရှေ့မှောက် တွင်လည်းကောင်း၊ ဆိုးယုတ်သောသူတို့သည် ဖြောင့် မတ်သောသူတို့၏တံခါး၀တွင်လည်းကောင်း ဦးညွတ် ကြရလိမ့်မည်။-
Prov BurCBCM 14:20  ဆင်းရဲသောသူတို့ကို မိမိတို့၏အိမ်နီး ချင်းများကပင် မုန်းတီးကြ၏။ ချမ်းသာသောသူတို့တွင်မူကား မိတ်ဆွေများ စွာရှိကြ၏။-
Prov BurCBCM 14:21  မိမိ၏အိမ်နီးချင်းကို ပြက်ရယ်ပြုသောသူသည် အပြစ်ကျူးလွန်သူဖြစ်၏။ ချို့တဲ့သူတို့အပေါ် သနားကြင်နာသူသည်ကား မင်္ဂလာရှိ၏။-
Prov BurCBCM 14:22  မကောင်းမှုကို ကြံစည်သောသူတို့သည် လမ်းလွဲ သွားကြသည်မဟုတ်လော။ ကောင်းရာကို ကြံစည်ကြ သူတို့သည်ကား သနားကရုဏာနှင့် သစ္စာတရားကို တွေ့ရှိကြ၏။-
Prov BurCBCM 14:23  ပင်ပန်းစွာလုပ်ကိုင်ရသောအလုပ်မှန်သမျှသည် အကျိုးအမြတ်ကိုရစေ၏။ အပြောသက်သက်မူကား ဆင်းရဲခြင်းသို့ ပို့ဆောင်၏။-
Prov BurCBCM 14:24  ပညာရှိတို့၏သရဖူသည် သူတို့၏စည်းစိမ်ဥစ္စာဖြစ်၏။ ရူးမိုက်သူတို့၏မိုက်မဲမှုကား ဆင်ခြင်ဉာဏ်ကင်းမဲ့ခြင်းဖြစ်၏။-
Prov BurCBCM 14:25  မှန်ကန်သော သက်သေတစ်ဦးသည် အသက်များစွာကို ကယ်ဆယ် ၏။ မမှန်သောသက်သေမူကား လှည့်ဖြားသောသူဖြစ် ၏။-
Prov BurCBCM 14:26  ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ ၌လုံခြုံသောခိုလှုံရာရှိ၏။ သူသည် မိမိ၏သားသမီးများ အတွက်လည်း ခိုလှုံရာဖြစ်လိမ့်မည်။-
Prov BurCBCM 14:27  ထာ၀ရဘုရား သခင်ကိုကြောက်ရွံ့ရိုသေခြင်းသည် အသက်၏စမ်းအိုင် တစ်ခုဖြစ်၍ လူတစ်ဦးအား သေခြင်း၏ကျော့ကွင်း တို့မှ ရှောင်လွှဲစေနိုင်၏။-
Prov BurCBCM 14:28  လူဦးရေများပြားခြင်းသည် ဘုရင် တစ်ပါး၏ဘုန်းကျက်သရေဖြစ်၏။ လက်အောက်ခံများ မရှိသောမင်းသားတစ်ပါးသည် ပျက်စီးခြင်းသို့ရောက်ရ၏။-
Prov BurCBCM 14:29  စိတ်ရှည်သည်းခံတတ်သောသူသည် လွန်စွာနားလည်တတ်၏။ စိတ်တိုတတ်သောသူမူကား မိုက်မဲမှုကိုပြ၏။-
Prov BurCBCM 14:30  တည်ငြိမ်အေးချမ်းသောစိတ်သည် ကိုယ်ခန္ဓာ၏ အသက်ဖြစ်၏။ သို့သော် အလိုရမ္မက်ကြီးခြင်းသည် အရိုး များကို ပုပ်ဆွေးစေ၏။-
Prov BurCBCM 14:31  ဆင်းရဲသားတို့ကို ဖိနှိပ်သူသည် မိမိ၏ဖန်ဆင်းရှင်အား စော်ကားခြင်းဖြစ်၏။ ချို့တဲ့သူတို့ အပေါ် သနားကြင်နာတတ်သူ သည် ဘုရားသခင်ကို ဂုဏ်ပြုခြင်းဖြစ်၏။-
Prov BurCBCM 14:32  ယုတ်မာသောသူသည် မိမိပြုလုပ်ခဲ့ သည့်မကောင်းမှုကြောင့် ဘေးသင့်ရ၏။ ဖြောင့်မတ်သော သူမူကား သေသောအခါ၌ လည်း ခိုလှုံရာရှိလိမ့်မည်။-
Prov BurCBCM 14:33  ဉာဏ်ပညာသည် စဉ်းစားချင့်ချိန်တတ်သောနှလုံးသားတွင် ကိန်းအောင်း၍ ရူးမိုက်သောသူတို့၏နှလုံးသားတွင် မတွေ့ရချေ။-
Prov BurCBCM 14:34  ဖြောင့်မတ်မှန်ကန်မှုသည် လူမျိုးတစ်မျိုးကို ချီးမြှောက်၏။ အပြစ်ဒုစရိုက်သည်ကား မည်သည့် လူမျိုးအတွက်မဆို ရှက်ဖွယ် ရာဖြစ်၏။-
Prov BurCBCM 14:35  ပညာအမြော် အမြင်ရှိသောအမှုထမ်းသည် ဘုရင်၏ရှေ့တော်၌ မျက်နှာ ရ၏။ ဘုရင်ကို အရှက်ရစေသော အမှုထမ်း အပေါ်၌မူကား အမျက်တော်ကျရောက်လေ၏။