Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 27
Prov BurCBCM 27:1  မနက်ဖြန်အတွက် ကြွားဝါခြင်းမပြုလေနှင့်။ အ ကြောင်းမူကား တစ်ရက်အတွင်း မည်သို့ဖြစ် လာမည်ကို သင်မသိနိုင်သော ကြောင့်ဖြစ်၏။-
Prov BurCBCM 27:2  အခြားသူ တစ်ဦးက သင့်ကိုချီးမွမ်းပါစေ။ သင်၏နှုတ်မှ သင့်ကိုယ် သင်မချီးမွမ်းလေနှင့်။ သူစိမ်းတစ်ဦးက သင့်ကိုချီးမွမ်းပါ စေ။ မိမိကိုယ်ကိုမချီးမွမ်းလေနှင့်။-
Prov BurCBCM 27:3  ကျောက်တုံးနှင့်သဲတို့သည် လေးလံကြ၏။ သို့သော် မိုက်မဲသောသူ၏ဒေါသသည် ထိုအရာနှစ်ခုလုံးထက် ပို၍လေးလံ၏။-
Prov BurCBCM 27:4  အမျက်ဒေါသသည် ရက်စက်ကြမ်းကြုတ်၍ မခံမရပ်နိုင်လောက်အောင် ဖိစီးတတ်၏။ သို့သော် မနာလိုစိတ်ကို မည်သူခံ နိုင်ပါမည်နည်း။-
Prov BurCBCM 27:5  ပွင့်လင်းစွာပြောဆိုဆုံးမခြင်းသည် ဖုံးကွယ်ထားသောချစ်ခြင်းထက် ပို၍ကောင်း၏။-
Prov BurCBCM 27:6  မိတ်ဆွေဖြစ်သူက မိမိကိုထိခိုက်နာကျင်သွားသည်အထိ ပြစ်တင်ဆုံးမခြင်းသည် မိမိအပေါ် သစ္စာရှိသောစေတနာဖြင့် ပြုပြင် ပေးခြင်းဖြစ်၏။ ရန်သူက မိမိကိုနမ်းခြင်းသည်ကား လှည့်စားခြင်းဖြစ်၏။-
Prov BurCBCM 27:7  အစာစားပြီး၍ အားရကျေနပ်နေသူသည် ပျားရည်ကို လှည့်မကြည့်လိုတော့ချေ။ ဆာလောင် မွတ်သိပ်နေသူအတွက်မူကား ခါးသီးသောအစားအစာသည်လည်း ချိုမြိန်သည်ဟု ခံစားရ၏။-
Prov BurCBCM 27:8  မိမိ၏အိုးအိမ်နှင့် ဝေးကွာနေသောသူသည် မိမိ၏အသိုက်နှင့်ဝေးရာတွင် လမ်းမှားနေသောငှက်နှင့်တူ၏။-
Prov BurCBCM 27:9  နံ့သာဆီနှင့် လော်ဗန်မွှေးသည် စိတ်နှလုံးကို ရွှင်လန်းစေ၏။ သို့သော် မိတ်ဆွေကောင်းတစ်ဦး၏အကြံဉာဏ်သည် မိမိ၏ကိုယ်ပိုင်စိတ်ကူးထက် ပို၍ချိုမြ၏။-
Prov BurCBCM 27:10  သင့်မိတ်ဆွေနှင့် သင့်ဖခင်၏မိတ် ဆွေကို မစွန့်ခွာလေနှင့်။ ဆင်းရဲဒုက္ခရောက်သောနေ့၌ သင့်ညီအစ်ကို၏အိမ်သို့ မသွား လေနှင့်။ သင့်အနားရှိ အိမ်နီးချင်းသည် ရပ်ဝေး၌ရှိသောညီအစ်ကိုထက် ပို၍အားကိုးထိုက်၏။-
Prov BurCBCM 27:11  ငါ့သား၊ ပညာသတိရှိလော့။ ငါ၏စိတ် နှလုံးကို ဝမ်းမြောက်ရွှင်လန်းစေလော့။ သို့မှသာလျှင် ငါ့ကိုဝေဖန်ပြောဆိုသော သူအား ငါပြန်လည်ချေပနိုင်လိမ့်မည်။-
Prov BurCBCM 27:12  သမ္မာသတိရှိသောသူသည် ဘေးအန္တရာယ်ကို မြင်၍ တိမ်းရှောင်တတ်၏။ ရိုးအသောသူမူကား မတိမ်း ရှောင်တတ်သော ကြောင့် ဘေးဒုက္ခရောက်ရ၏။-
Prov BurCBCM 27:13  ဧည့်သည်သူစိမ်းအတွက် တာဝန်ယူထားသောသူ၏အဝတ် အစားကို အာမခံပစ္စည်းအဖြစ်ယူလော့။ လူမျိုးခြားတို့ အတွက် အာမခံလျှင် ထိုသူ့ကို အာမခံပစ္စည်းအဖြစ် ထိန်းသိမ်းထားလေလော့။-
Prov BurCBCM 27:14  နံနက်စောစောထ၍ မိမိ၏အိမ်နီးချင်းကို ကျယ်လောင်စွာ ကောင်းချီးပေးပါက ကျိန်ဆဲသည်ဟု သတ်မှတ်လိမ့်မည်။-
Prov BurCBCM 27:15  ရန်တွေ့တတ်သောမိန်းမသည် မိုးရွာသောနေ့တွင် အဆက်မပြတ်ကျသောမိုးရေ စက်များနှင့်တူ၏။-
Prov BurCBCM 27:16  သူမကိုထိန်းချုပ်ရခြင်းသည် လေကို ဖမ်းရသည်နှင့်တူ၏။ သို့မဟုတ် ဆီကို မိမိ၏လက်ယာ လက်ဖြင့်ဆုပ်ထားရသည် နှင့်တူ၏။-
Prov BurCBCM 27:17  သံကို သံဖြင့် သွေးရင်း ချွန်ထက်လာစေသကဲ့သို့ လူတစ်ဦးသည်လည်း အခြားသူတစ်ဦး၏အားပေးကူညီမှုဖြင့် ထက်မြက် လာရ၏။-
Prov BurCBCM 27:18  သဖန်းပင်ကို ပြုစုစောင့်ရှောက်သောသူသည် သဖန်းသီးကို စားရလိမ့်မည်။ မိမိ၏ဆရာသခင်ကို ပြုစု သောသူသည်လည်း ဂုဏ်ပြုချီးမြှင့်ခြင်းခံရလိမ့်မည်။-
Prov BurCBCM 27:19  ရေပြင်ကိုကြည့်လျှင် မိမိ၏မျက်နှာကိုပြန်မြင်ရသကဲ့သို့ လူတစ်ဦး၏စိတ်ထားသည် အခြားလူတစ်ဦး၏စိတ်တွင် ထင်ဟပ် တတ်၏။-
Prov BurCBCM 27:20  မရဏနိုင်ငံနှင့် အနိမ့်ဆုံးအရပ်တို့သည် မည်သည့်အခါ မျှအလိုဆန္ဒမပြည့်ကြသကဲ့သို့ လူ၏မျက်စိတို့သည်လည်း အလိုပြည့်လိမ့်မည်မဟုတ်။-
Prov BurCBCM 27:21  ငွေကို လုံတွင်လည်းကောင်း၊ ရွှေကို မီးဖိုတွင်လည်းကောင်း စမ်းသပ်စစ်ဆေးရသကဲ့သို့ လူကိုလည်း ချီး မွမ်းခြင်းဖြင့် စမ်းသပ်စစ်ဆေးနိုင်၏။-
Prov BurCBCM 27:22  လူမိုက်ကို စပါးနှင့်အတူ ဆုံတွင်ထည့်၍ ကြိတ်ခွဲထုထောင်းပါသော်လည်း မိုက်မဲမှုကို သူ့ထံမှ ဖယ်ရှားနိုင်လိမ့်မည်မဟုတ်။
Prov BurCBCM 27:23  သင်၏သိုးအုပ်များအကြောင်းကို ကောင်းစွာသိနိုင်ရန် ကြိုးစားလော့။ ကျွဲ၊ နွားတို့ကိုလည်း ဂရုတစိုက်ကြည့်ရှုလော့။-
Prov BurCBCM 27:24  အကြောင်းမူကား ဥစ္စာကြွယ်၀ချမ်းသာခြင်းသည် အစဉ်တည်မြဲတတ်သည်မဟုတ်။ သရဖူဆောင်း ရခြင်းသည်လည်း အမျိုးအနွယ်အဆက်ဆက်တည်တံ့သည်မဟုတ်။-
Prov BurCBCM 27:25  မြက်ပင်များကုန်သွား၍ အပင်သစ် ပေါက်လာလျက် တောင်ကုန်းပေါ်မှမြက်ပင်များကိုရိတ် သိမ်းသောအခါ၊-
Prov BurCBCM 27:26  သိုးတို့သည် သင့်အတွက် ဝတ်စရာ အဝတ်ကိုလည်းကောင်း၊ ဆိတ်တို့သည် လယ်မြေဝယ် ရန် အဖိုးအခကိုလည်းကောင်း သင့်အား ပေးလိမ့်မည်။-
Prov BurCBCM 27:27  သင်နှင့် သင်၏အိမ်သူအိမ်သားများစားရန်အတွက် လည်းကောင်း၊ သင်၏အစေခံအမျိုးသမီးများကို ကျွေး မွေးရန်အတွက် လည်းကောင်း ဆိတ်နို့အလုံအလောက် ရှိလိမ့်မည်။