Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 19
Prov BurCBCM 19:1  ဖြောင့်မတ်သောဆင်းရဲသား၏ဘ၀သည် လိမ်ညာလှည့်ဖြားတတ်သောလူမိုက်၏ဘ၀ထက် သာ၏။-
Prov BurCBCM 19:2  အသိပညာမရှိသော စိတ်အားထက်သန်မှုသည် မည်သို့မျှအကျိုးမပေးတတ်။ အလျင်စလိုပြုမူသော သူသည်လည်း လမ်းမှားတတ်၏။-
Prov BurCBCM 19:3  လူတစ်ဦးသည် မိမိ၏မိုက်မဲမှုကြောင့် လမ်းမှားသို့ရောက်သောအခါ၌ သူသည် စိတ်ထဲတွင် ထာ၀ရဘုရားသခင်ကို ပြစ်မှား မိ၏။-
Prov BurCBCM 19:4  ချမ်းသာကြွယ်၀ခြင်းသည် မိတ်ဆွေများစွာကိုရရှိစေ၏။ သို့သော် ဆင်းရဲသောသူသည် မိတ်ဆွေများ၏စွန့်ခွာ ခြင်းကိုခံရ၏။-
Prov BurCBCM 19:5  မုသားသက်သေခံသူသည် အပြစ်ဒဏ် မခံရဘဲ နေလိမ့်မည်မဟုတ်။ လိမ်ညာပြောဆိုသောသူ သည်လည်း လွတ်မြောက်လိမ့် မည်မဟုတ်။-
Prov BurCBCM 19:6  များစွာ သောသူတို့သည် အုပ်ချုပ်သောမင်းထံမှ အခွင့်အရေး ရရန်ကြိုးစားကြ၏။ လက်ဆောင်ပေးသောသူကိုလည်း လူတိုင်းက မိတ်ဆွေဖွဲ့တတ်ကြ၏။-
Prov BurCBCM 19:7  ဆင်းရဲနွမ်းပါးသူကို သူ၏ညီအစ်ကိုများကပင် ရှောင်ကြဉ်ကြပါလျှင် သူ၏ မိတ်ဆွေများသည် သူ့ကိုမည်မျှပို၍ ရှောင်ဖယ် ကြလိမ့် မည်နည်း။ သူသည် မည်မျှပင်ကြိုးစား၍မိတ်ဖွဲ့ပါသော်လည်း မိတ်ဆွေတစ်ဦးတစ်လေမျှပင်ရလိမ့်မည်မဟုတ်။-
Prov BurCBCM 19:8  ပညာကိုဆည်းပူးသူသည် မိမိကိုယ်ကို ချစ်ရာရောက်၏။ အသိတရားရှိသူသည်လည်း ကောင်းစားလိမ့်မည်။-
Prov BurCBCM 19:9  မုသားသက်သေခံသောသူသည် အပြစ်ဒဏ်မခံရဘဲ နေလိမ့်မည်မဟုတ်။ လိမ်လည်ပြောဆိုသူသည်လည်း ပျက်စီးဆုံးရှုံး ရလိမ့်မည်။-
Prov BurCBCM 19:10  မိုက်မဲသောသူသည် စည်းစိမ် ချမ်းသာကို ခံစားရန် မသင့်ချေ။ ကျေးကျွန်သည် မင်း အမတ်တို့အပေါ် စီမံအုပ်ချုပ်ရန်ကား ပို၍ပင်မသင့်ချေ။-
Prov BurCBCM 19:11  အသိဉာဏ်ရှိသူသည် အမျက်ဒေါသကိုချုပ်တီးနိုင်၏။ မိမိအား စော်ကားသည့်အပြုအမူတစ်ခုကို မသိကျိုးကျွံ ပြုခြင်းသည် သူ့အတွက် ဂုဏ်ရှိစေ၏။-
Prov BurCBCM 19:12  ရှင်ဘုရင်၏ အမျက်ဒေါသသည် ခြင်္သေ့ဟောက်သကဲ့သို့ဖြစ်၏။ သို့ သော် သူ၏ကျေးဇူးပြုခြင်းသည်ကား မြက်ခင်းပေါ်တွင် ကျသောနှင်းရည်စက်ကဲ့သို့ဖြစ်၏။-
Prov BurCBCM 19:13  သားမိုက်တစ်ဦးသည် သူ့ဖခင်၏ပျက်စီးရာအကြောင်းဖြစ်၏။ ရန်တွေ့တတ်သောမယားသည်လည်း အဆက်မပြတ် ယိုကျနေ သောမိုးပေါက်များနှင့်တူ၏။-
Prov BurCBCM 19:14  နေအိမ်နှင့် ဥစ္စာပစ္စည်းတို့ သည် မိဘများထံမှရသောအမွေခံပစ္စည်းများဖြစ်ကြ၏။ သို့သော် အသိပညာရှိသောဇနီးကိုမူကား ထာ၀ရဘုရား သခင်ထံတော်မှသာရရှိ၏။
Prov BurCBCM 19:15  ပျင်းရိခြင်းသည် နှစ်ခြိုက်စွာ အိပ်မောကျစေ၍ ပျင်းရိသူသည် ဆာလောင်ငတ်မွတ်ရလိမ့်မည်။-
Prov BurCBCM 19:16  ပညတ်တော်တို့ကို စောင့်ထိန်းသူသည် မိမိ၏အသက်ကို စောင့်ထိန်း၏။ သွန်သင်မှုကို ဂရုမစိုက်တတ်သူမူကား သေရ လိမ့်မည်။-
Prov BurCBCM 19:17  ဆင်းရဲသားတို့ကို ကြင်နာသနားသောသူသည် ထာ၀ရဘုရားသခင်ကို ကျေးဇူးပြုသောသူဖြစ်ပြီး ကိုယ်တော်သည် သူပြုသောအမှု၏အကျိုးကို ပြန်လည် ၍ ပေးဆပ်တော်မူလိမ့်မည်။-
Prov BurCBCM 19:18  မျှော်လင့်ချက်ရှိစဉ်အခိုက် သင်၏သားကို ဆုံးမပဲ့ပြင်လော့။ ပျက်စီးဆုံးရှုံးရသည် အထိ သူ့ကို အလိုမလိုက်မိပါစေနှင့်။-
Prov BurCBCM 19:19  ဒေါသအမျက်ကြီး သောသူသည် အပြစ်ဒဏ်ကိုခံရလိမ့်မည်။ အကြောင်းမူကား သင်သည် သူ့ကိုကယ်နုတ်လျှင် နောက်တစ်ဖန် ကယ်နုတ်ရလိမ့်ဦးမည်။-
Prov BurCBCM 19:20  အကြံဉာဏ်ပေးသည်ကို နားထောင်၍ သွန်သင်ချက်တို့ကိုလက်ခံလော့။ နောက်ဆုံး၌ သင်သည် ပညာရှိသော သူဖြစ်လာ လိမ့်မည်။-
Prov BurCBCM 19:21  လူ၏စိတ် နှလုံးအတွင်း၌ အကြံအစည်များစွာရှိသော်လည်း ထာ၀ရ ဘုရားသခင်၏အလိုတော်သာလျှင် တည်မြဲလိမ့်မည်။-
Prov BurCBCM 19:22  လူတစ်ဦးတောင့်တတတ်သောအရာမှာ သစ္စာစောင့်သိမှုဖြစ်၏။ ဆင်းရဲသောသူဖြစ်ရခြင်းသည် လိမ်ညာသော သူဖြစ်ရ ခြင်းထက် သာ၍ကောင်း၏။-
Prov BurCBCM 19:23  ထာ၀ရဘုရား သခင်ကိုကြောက်ရွံ့ ရိုသေခြင်းသည် အသက်ရှင်ခြင်းသို့ ပို့ဆောင်၏။ ထိုစိတ်သဘောရှိသူ၏ဘ၀သည် အားရ ကျေနပ်စွာဖြင့် နေထိုင်ရပြီး ဘေးအန္တရာယ်နှင့် ကင်းဝေး လိမ့်မည်။-
Prov BurCBCM 19:24  ပျင်းရိသူသည် ပန်းကန်ထဲရောက်နေသော မိမိ၏လက်ကိုပင် မိမိပါးစပ်ထဲသို့ထည့်ရန် ဝန်လေး၏။-
Prov BurCBCM 19:25  မထီမဲ့မြင်ပြုသောသူကို ရိုက်နှက်လော့။ ဤသို့ဖြင့် ရိုးအသောသူသည် အသိတရားရလိမ့်မည်။ သိနားလည် တတ်သောသူကို ဆုံးမလျှင် သူသည် အသိပညာကို ရလိမ့်မည်။-
Prov BurCBCM 19:26  မိမိ၏ဖခင်ကို ရိုင်းပျစော်ကား၍ မိမိ၏မိခင်ကို နှင်ထုတ်သောသားသည် အရှက်ကွဲခြင်းနှင့် အသရေ ပျက်ခြင်းကို ယူဆောင် လာသောသားဖြစ်၏။-
Prov BurCBCM 19:27  ငါ့သား၊ သင်သည် ပညာသင်ယူမှုကို ရပ်တန့်လိုက်ပါက မိမိ၌ ရှိ ထားပြီးသောအသိပညာတို့ကိုပင် မေ့ပျောက်သွားလိမ့် မည်။-
Prov BurCBCM 19:28  တရားမဲ့သောသက်သေသည် ဖြောင့်မတ်သော တရားကို ပြက်ရယ်ပြုတတ်၏။ မတရားသောသူ၏နှုတ် သည်လည်း ဒုစရိုက်ကို ဝါးမျိုတတ်၏။-
Prov BurCBCM 19:29  မထီမဲ့မြင်ပြုသော သူတို့အတွက် အပြစ်ဒဏ်များကိုလည်းကောင်း၊ မိုက် သောသူတို့၏ကျောကုန်းများအတွက် ကြိမ်ဒဏ် များ ကိုလည်းကောင်း ပြင်ဆင်ထားပြီးဖြစ်၏။