PROVERBS
Chapter 16
Prov | BurCBCM | 16:1 | လူသည် စိတ်နှလုံး၏အကြံအစည်များကို ပိုင်ဆိုင်၏။ သို့သော် နှုတ်ဖြင့်တုံ့ပြန်ခြင်းသည်ကား ထာ၀ရဘုရားသခင်အထံတော် မှလာ၏။- | |
Prov | BurCBCM | 16:2 | လူတစ်ဦး သည် မိမိပြုမူလုပ်ဆောင်သောအရာများမှာ အပြစ်ကင်း သည်ဟု ထင်နေလေ့ရှိ၏။ သို့သော် ထာ၀ရဘုရားသခင် သည် အတွင်းစိတ်ကိုစစ်ကြောတော်မူ၏။- | |
Prov | BurCBCM | 16:3 | သင်ပြုလုပ် သမျှသောအမှုတို့ကို ထာ၀ရဘုရားသခင်အထံတော်၌ အပ်နှံလော့။ ဤသို့ပြုလျှင် သင်၏အကြံအစည်တို့သည် ထမြောက်အောင်မြင်လိမ့်မည်။- | |
Prov | BurCBCM | 16:4 | ထာ၀ရဘုရားသခင် သည် ခပ်သိမ်းသောအရာတို့ကို ရည်ရွယ်ချက်အသီးသီး အတွက် ဖန်ဆင်းတော်မူ၏။ ဆိုးသွမ်းသော သူကိုပင်လျှင် ဘေးဒဏ်ခံရသောနေ့ရက်အတွက် ဖန်ဆင်းတော်မူ၏။- | |
Prov | BurCBCM | 16:5 | ထာ၀ရဘုရားသခင်သည် စိတ်နှလုံး၌ မာန်မာနကြီးသောသူအပေါင်းတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် အပြစ်ဒဏ်မခံရဘဲနေရလိမ့်မည်မဟုတ်။ ဤအချက်သည် သေချာ၏။- | |
Prov | BurCBCM | 16:6 | မေတ္တာနှင့် သစ္စာတရားအား ဖြင့် အပြစ်ဖြေလွှတ်ခြင်းကိုခံရ၏။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့် လူသည် ဒုစရိုက်မကောင်းမှုကို ရှောင်ရှားတတ်၏။- | |
Prov | BurCBCM | 16:7 | ထာ၀ရဘုရားသခင်သည် လူ၏ပြု မူကျင့်ကြံချက်များကို နှစ်သက်မြတ်နိုးသောအခါ သူ၏ ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။- | |
Prov | BurCBCM | 16:8 | ဖြောင့်မတ်ခြင်းဖြင့်ရရှိသောငွေကြေးဥစ္စာအနည်းငယ်သည် မတရားသဖြင့်ရရှိသောငွေကြေးဥစ္စာများစွာထက် ပို၍ ကောင်း မြတ်၏။- | |
Prov | BurCBCM | 16:9 | လူသည် မိမိသွားရမည့်ခရီးလမ်းကို သူ၏အတွင်းစိတ်ထဲ၌ ကြံစည်၏။ သို့သော် ဘုရားသခင် သည် သူ၏ခြေလှမ်းများကို သတ်မှတ်ပေးတော်မူ၏။- | |
Prov | BurCBCM | 16:10 | ရှင်ဘုရင်တို့၏နှုတ်မှ ပြောဆိုချက်များသည် ဗျာဒိတ် တော်ကဲ့သို့ဖြစ်၍ သူ၏နှုတ်သည် တရားစီရင်ခြင်း၌ သစ္စာ မဖောက်ပေ။- | |
Prov | BurCBCM | 16:11 | မှန်ကန်သောအလေးနှင့် မှန်ကန်သော ချိန်ခွင်သည် ထာ၀ရဘုရားသခင်ထံတော်မှဖြစ်ကြ၏။ အလေးအိတ်၌ ပါရှိသမျှသော အလေးတို့သည် ကိုယ်တော်စီရင်တော်မူသည့်အရာများဖြစ်ကြ၏။- | |
Prov | BurCBCM | 16:12 | ရှင်ဘုရင် တို့သည် မကောင်းသောအမှုများကို စက်ဆုပ်ရွံရှာကြ၏။ အကြောင်းမူကား ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်း တရားအားဖြင့် တည်ထားသောကြောင့်ဖြစ်၏။- | |
Prov | BurCBCM | 16:13 | ရှင်ဘုရင်သည် ဖြောင့်မတ်သောနှုတ်တို့ကို နှစ်သက်၏။ မှန် ရာကိုပြောဆိုလေ့ရှိသူတို့ကို ရှင်ဘုရင်သည် တန်ဖိုးထား၏။- | |
Prov | BurCBCM | 16:14 | ရှင်ဘုရင်၏အမျက်သည် သေမင်းတမန်ကဲ့သို့ဖြစ်၏။ သို့ရာတွင် ပညာသတိရှိသောသူသည် အမျက်တော်ကို ပြေငြိမ်းစေလိမ့်မည်။- | |
Prov | BurCBCM | 16:15 | ရှင်ဘုရင်၏မျက်နှာရွှင်လန်း တောက်ပခြင်း၌ အသက်ရှင်ခြင်းတည်ရှိ၏။ သူ၏ချီးမြှောက်ခြင်းသည် နွေဦးရာသီတွင် မိုးရွာစေသောတိမ် တိုက်နှင့်တူ၏။ | |
Prov | BurCBCM | 16:16 | ရွှေကိုရရှိခြင်းထက် ဉာဏ်ပညာကိုရရှိခြင်းသည် သာ၍ကောင်းမွန်၏။ ငွေထက် အသိတရားကို ရွေးချယ် ခြင်းသည် သာ၍ကောင်းမွန်၏။- | |
Prov | BurCBCM | 16:17 | ဖြောင့်မတ်သောသူတို့ လျှောက်လှမ်းသောလမ်းမူကား ဒုစရိုက်အမှုကို ရှောင်ရှားခြင်းပင်ဖြစ်လေ၏။ ထိုလမ်းအတိုင်း လျှောက်လှမ်း သောသူသည် မိမိ၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်၏။- | |
Prov | BurCBCM | 16:18 | မာန်မာနသည် ပျက်စီးဆုံးပါးခြင်း၏အကြောင်းတရားဖြစ်၏။ မောက်မာခြင်းသည်လည်း ပြိုလဲပျက်စီး ခြင်း၏အကြောင်း တရားပင်ဖြစ်၏။- | |
Prov | BurCBCM | 16:19 | ဆင်းရဲသားတို့ အလယ် တွင် စိတ်နှလုံးနှိမ့်ချစွာနေရခြင်းသည် လုယက် ၍ရသောဥစ္စာတို့ကို မာန်မာနထောင်လွှားသူတို့နှင့် အတူ ခွဲဝေယူရခြင်းထက် သာ၍ကောင်း၏။- | |
Prov | BurCBCM | 16:20 | သွန်သင်ဆုံးမ ခြင်းကို ဂရုပြုတတ်သောသူတို့သည် တိုးတက်အောင် မြင်လိမ့်မည်။ ထာ၀ရဘုရားသခင်ကို ယုံကြည်ကိုးစား သောသူသည်လည်း မင်္ဂလာရှိ၏။- | |
Prov | BurCBCM | 16:21 | ဉာဏ်ပညာရှိသော သူသည် ပညာသတိရှိသောသူဟူ၍ ထင်ပေါ်ကျော်ကြား လိမ့်မည်။ နားဝင်ချိုစေသောစကား ကိုပြော တတ်ခြင်း သည်လည်း လေ့လာသင်ယူနိုင်စွမ်းကို မြှင့်တင်ပေး၏။- | |
Prov | BurCBCM | 16:22 | ဉာဏ်ပညာကိုရရှိသောသူသည် အသက်၏စမ်းရေတွင်း ကိုပိုင်ဆိုင်၏။ မိုက်မဲခြင်းသည်ကား လူမိုက်များအတွက် အပြစ်ဒဏ်စီရင်ခြင်းကို ယူဆောင်ပေး၏။- | |
Prov | BurCBCM | 16:23 | ပညာဉာဏ် ရှိသူသည် ချင့်ချိန်ပြီးမှ စကားပြောလေ့ရှိ၏။ သူ၏စကား များသည် ပို၍ဆွဲဆောင်နိုင်စွမ်းရှိကြ၏။- | |
Prov | BurCBCM | 16:24 | သာယာနာ ပျော်ဖွယ်စကားလုံးတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍ ကြားရ သူတို့အား ကာယနှင့် ဝိညာဉ်ကိုကျန်းမာချမ်းသာ စေကြ ၏။ | |
Prov | BurCBCM | 16:25 | လူတစ်ယောက်အတွက် မှန်ကန်သည်ဟု ထင်မှတ် ထားသောလမ်းတစ်လမ်းရှိသော်လည်း နောက်ဆုံး၌ ထို လမ်းသည် သေခြင်းသို့ရောက်မည့်လမ်းဖြစ်၏။- | |
Prov | BurCBCM | 16:26 | အလုပ်သမားတစ်ဦး၏အလိုဆန္ဒသည် မိမိအတွက် အလုပ်ကို လုပ်ဆောင်စေ၏။ သူ၏ဆာလောင်ခြင်းသည် သူ့ကို တွန်းအား ပေး၏။- | |
Prov | BurCBCM | 16:27 | ဆိုးယုတ်သောသူသည် မကောင်းသောအမှုကိုကြံစည်တတ်၏။ သူ၏စကားများသည် ခြစ်ခြစ်တောက်ပူလောင်သော မီးကဲ့သို့ဖြစ်၏။- | |
Prov | BurCBCM | 16:28 | စဉ်းလဲဖောက်ပြန်သောသူသည် ရန်မျိုးစေ့ကိုကြဲတတ်၏။ ရန်တိုက်ပေးသောသူသည်လည်း ရင်းနှီးသောမိတ်ဆွေတို့ကို ကွဲပြားစေတတ်၏။- | |
Prov | BurCBCM | 16:29 | ရက်စက်ကြမ်းတမ်းသော သူသည် မိမိ၏အိမ်နီးချင်းကို ချော့မော့၍ မကောင်းသော လမ်းအတွင်းသို့ သွေးဆောင်တတ်၏။- | |
Prov | BurCBCM | 16:30 | မျက်စပစ်သော သူသည် ကောက်ကျစ်သောအကြံအစည်ကို ကြံစည်နေ၏။ နှုတ်ခမ်းများကို စေ့ထားသောသူသည်လည်း မကောင်းမှုပြုလုပ်ပြီးဖြစ်၏။- | |
Prov | BurCBCM | 16:31 | ဆံပင်ဖြူခြင်းသည် ဘုန်းကျက်သရေနှင့်ပြည့်စုံသောသရဖူပင်ဖြစ်၏။ ထိုအရာကို ဖြောင့်မတ်စွာ အသက်မွေးခြင်းဖြင့်သာ ရယူနိုင်ခြင်းဖြစ်၏။- | |
Prov | BurCBCM | 16:32 | စိတ်ရှည်သည်းခံသောသူသည် ခွန်အားကြီးသော သူထက်လည်းကောင်း၊ မိမိ၏စိတ်ကိုချုပ်တည်းသော သူသည် မြို့ကိုသိမ်းယူသောသူထက်လည်းကောင်း ပို၍ကောင်းမြတ်၏။- | |