PROVERBS
Chapter 20
Prov | BurCBCM | 20:1 | စပျစ်ရည်သည် မထီမဲ့မြင်ပြုတတ်၏။ သေရည်သေရက်သည် ရုန်းရင်းဆန်ခတ်ဖြစ်စေတတ်၏။ ၎င်းတို့ကြောင့် လမ်းလွဲသောသူသည် အသိပညာမရှိပေ။- | |
Prov | BurCBCM | 20:2 | ရှင်ဘုရင်၏အမျက်ဒေါသသည် ခြင်္သေ့တစ်ကောင်၏ဟိန်းဟောက်သံနှင့်တူ၏။ ရှင်ဘုရင်ကိုအမျက်ထွက်စေသော သူသည် လည်း မိမိ၏အသက်ကိုဆုံးရှုံးရ၏။- | |
Prov | BurCBCM | 20:3 | ခိုက်ရန်ဒေါသကို ရှောင်ရှားနိုင်သောသူသည် ဂုဏ်သရေရှိ၏။ မိုက်မဲသောသူတိုင်းသည် ခိုက်ရန်ဒေါသဖြစ်လွယ်၏။- | |
Prov | BurCBCM | 20:4 | ပျင်းရိသူသည် ဆောင်းရာသီတွင် မထွန်ယက်။ သို့ဖြစ်၍ ကောက်ရိတ်သိမ်းချိန်တွင် သူသည် မည်သည့် အသီးအနှံကို မျှမရချေ။- | |
Prov | BurCBCM | 20:5 | လူ၏အတွင်းစိတ်ထဲရှိ အကြံအစည်တို့သည် နက်ရှိုင်းသောသမုဒ္ဒရာရေနှင့်တူ၏။ သို့သော် အသိဉာဏ်ရှိသောသူသည် ၎င်းတို့ကို ခပ်ယူ၏။- | |
Prov | BurCBCM | 20:6 | များစွာသောလူတို့သည် မိမိကိုယ်မိမိ သစ္စာရှိသည်ဟု ကြွေးကြော်တတ်ကြ၏။ ယုံကြည်ထိုက်သောသူကိုမူကား မည်သူရှာဖွေ တွေ့ရှိနိုင်ပါသနည်း။- | |
Prov | BurCBCM | 20:7 | ဖြောင့်မတ် သောသူသည် အပြစ်ကင်းမဲ့စွာနေထိုင်၏။ သူ၏သားစဉ် မြေးဆက်တို့သည် မင်္ဂလာရှိကြ၏။- | |
Prov | BurCBCM | 20:8 | ရှင်ဘုရင်သည် တရားပလ္လင်ပေါ်တွင်ထိုင်သောအခါ မကောင်းသောအမှု မှန်သမျှတို့ကို မိမိ၏မျက်စိများဖြင့် ဖယ်ရှားတတ် ၏။- | |
Prov | BurCBCM | 20:9 | ငါသည် ငါ၏စိတ်နှလုံးကို စင်ကြယ်စေပြီ။ ငါသည် အပြစ် နှင့်ကင်းလွတ်သောသူဖြစ်၏ဟူ၍ မည်သူဆိုနိုင်မည်နည်း။- | |
Prov | BurCBCM | 20:10 | မမှန်ကန်သောအလေးချိန်ခွင်များနှင့် မမှန်ကန်သောအတိုင်းအတာများကို ထာ၀ရဘုရားသခင်စက် ဆုပ်ရွံရှာတော်မူ၏။- | |
Prov | BurCBCM | 20:11 | ကလေးသူငယ်တစ်ဦးပင်လျှင် မိမိ ၏အကျင့်စာရိတ္တဖြူစင်ခြင်းရှိ၊ မရှိကို မိမိ၏အပြုအမူအား ဖြင့်သိနိုင်၏။- | |
Prov | BurCBCM | 20:13 | အအိပ်မက်သောသူသည် ဆင်းရဲဒုက္ခရောက်လိမ့်မည်။ နိုးကြားစွာနေလော့။ သင့်တွင် ဝမ်းစာအလျှံပယ်ပေါများ လိမ့်မည်။- | |
Prov | BurCBCM | 20:14 | ပစ္စည်းမကောင်းပါ၊ မကောင်းပါဟု ဈေးဝယ် သူက ဆိုတတ်၏။ သို့သော် သူသည် ဈေးဝယ်ပြီး ပြန်သောအခါ မိမိဝယ်ယူ သောပစ္စည်းမည်မျှကောင်းကြောင်း ကို ဝါကြွားပြောဆိုတတ်၏။- | |
Prov | BurCBCM | 20:15 | ရွှေရှိ၏။ အဖိုးတန်ရတနာ များလည်းများစွာရှိ၏။ သို့ရာတွင် ပညာသတိနှင့်ပြည့်စုံ သောနှုတ်သည် ရှားပါးသော အဖိုးတန် ရတနာတစ်ပါးဖြစ်၏။- | |
Prov | BurCBCM | 20:16 | သူစိမ်းအတွက် အာမခံသောသူ၏ဝတ်ရုံကို ယူထားလော့။ လူမျိုးခြားတို့အတွက် အာမခံခြင်းဖြစ်လျှင် ယင်းကို အပေါင် ပစ္စည်းအဖြစ်သိမ်းထားလော့။ | |
Prov | BurCBCM | 20:17 | မသမာသောနည်းဖြင့်ရရှိသောအစားအစာသည် စားသောက်သူအတွက် ချိုမြိန်သော်လည်း အဆုံးတွင် ထိုသူ၏ခံတွင်းသည် ကျောက်စရစ်ခဲများနှင့်ပြည့်နှက် နေလိမ့်မည်။- | |
Prov | BurCBCM | 20:18 | အကြံကောင်းဉာဏ်ကောင်းကို ရှာဖွေခြင်းအားဖြင့် စီမံကိန်းများပြုလုပ်လော့။ ကောင်းသော လမ်းညွှန်ခြင်းကို ရယူပြီးမှ စစ်ခင်းလော့။- | |
Prov | BurCBCM | 20:19 | အတင်းအဖျင်း ပြောဆိုတတ်သူသည် လျှို့ဝှက်သောအရာတို့ကိုဖော်ထုတ်၏။ ထို့ကြောင့် မိုက်မဲစွာစကားပြောဆိုသော သူကို ရှောင်ကြဉ်လော့။- | |
Prov | BurCBCM | 20:20 | လူတစ်ဦးသည် မိမိ၏အမိ၊ သို့မဟုတ် အဖအား ကျိန်ဆဲလျှင် ထိုသူ၏မီးခွက်သည် ထူထပ်သောအမှောင်ထုတွင် ငြိမ်းသွား ရလိမ့်မည်။- | |
Prov | BurCBCM | 20:22 | ငါရန်တုံ့ပြန်မည်ဟူ၍ မဆိုလေနှင့်။ ထာ၀ရဘုရားသခင်ကို စောင့်ငံ့လော့။ ကိုယ်တော်သည် သင့်ကိုကယ်တင်တော် မူလိမ့်မည်။- | |
Prov | BurCBCM | 20:23 | မမှန်ကန်သောအလေးများကို ထာ၀ရဘုရားသခင်စက်ဆုပ် ရွံရှာ၍ မဖြောင့်မတ်သောချိန်ခွင်များကိုလည်း ကိုယ်တော် နှစ်သက်တော်မမူ။- | |
Prov | BurCBCM | 20:24 | လူတစ်ဦးလျှောက်လှမ်းရမည့် လမ်းတို့ကို ထာ၀ရဘုရားသခင်စီရင်တော်မူသည်ဖြစ်၍ လူသည် မိမိလျှောက်လှမ်းရာလမ်းကို မည်သို့နားလည် နိုင်မည်နည်း။- | |
Prov | BurCBCM | 20:25 | တစ်စုံတစ်ခုကို မဆင်ခြင်ဘဲ ဘုရားသခင်အား ဆက်ကပ်ပူဇော်ပြီးမှ မိမိ၏ကတိသစ္စာများကို ထောက်ရှုဆင်ခြင်ခြင်းသည် လူတစ်ဦးအတွက် ကျော့ကွင်းတစ်ခုသဖွယ်ဖြစ်၏။- | |
Prov | BurCBCM | 20:26 | ပညာရှိသောရှင်ဘုရင်သည် လူမိုက်တို့ကိုခွဲခြားနုတ်ပယ်၍ သူတို့အား စပါးလှေ့သော ဘီးနှင့်ဖိနင်းလိမ့်မည်။- | |
Prov | BurCBCM | 20:27 | လူသား၏ဝိညာဉ်သည် ထာ၀ရဘုရားသခင်၏မီးခွက်ဖြစ်၏။ ၎င်းသည် လူ၏အတွင်း စိတ်ထဲ၌ရှိသမျှတို့ကို မတွေ့တွေ့ အောင်ရှာဖွေတတ်၏။- | |
Prov | BurCBCM | 20:28 | မေတ္တာနှင့်သစ္စာတရားသည် ရှင်ဘုရင်ကို စောင့်ရှောက်၏။ သူသည် မိမိ၏ရာဇပလ္လင်ကို ဖြောင့်မတ်မှန်ကန်ခြင်းဖြင့် ပိုမိုခိုင်မြဲစေ၏။- | |
Prov | BurCBCM | 20:29 | လူငယ်တို့၏ဘုန်းသည်ကား သူတို့၏လက်ရုံးရည်ဖြစ်ပြီး လူအိုတို့၏လှပတင့်တယ်ခြင်းကား သူတို့၏ဆံဖြူခြင်း ပေတည်း။- | |