Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 20
Prov BurCBCM 20:1  စပျစ်ရည်သည် မထီမဲ့မြင်ပြုတတ်၏။ သေရည်သေရက်သည် ရုန်းရင်းဆန်ခတ်ဖြစ်စေတတ်၏။ ၎င်းတို့ကြောင့် လမ်းလွဲသောသူသည် အသိပညာမရှိပေ။-
Prov BurCBCM 20:2  ရှင်ဘုရင်၏အမျက်ဒေါသသည် ခြင်္သေ့တစ်ကောင်၏ဟိန်းဟောက်သံနှင့်တူ၏။ ရှင်ဘုရင်ကိုအမျက်ထွက်စေသော သူသည် လည်း မိမိ၏အသက်ကိုဆုံးရှုံးရ၏။-
Prov BurCBCM 20:3  ခိုက်ရန်ဒေါသကို ရှောင်ရှားနိုင်သောသူသည် ဂုဏ်သရေရှိ၏။ မိုက်မဲသောသူတိုင်းသည် ခိုက်ရန်ဒေါသဖြစ်လွယ်၏။-
Prov BurCBCM 20:4  ပျင်းရိသူသည် ဆောင်းရာသီတွင် မထွန်ယက်။ သို့ဖြစ်၍ ကောက်ရိတ်သိမ်းချိန်တွင် သူသည် မည်သည့် အသီးအနှံကို မျှမရချေ။-
Prov BurCBCM 20:5  လူ၏အတွင်းစိတ်ထဲရှိ အကြံအစည်တို့သည် နက်ရှိုင်းသောသမုဒ္ဒရာရေနှင့်တူ၏။ သို့သော် အသိဉာဏ်ရှိသောသူသည် ၎င်းတို့ကို ခပ်ယူ၏။-
Prov BurCBCM 20:6  များစွာသောလူတို့သည် မိမိကိုယ်မိမိ သစ္စာရှိသည်ဟု ကြွေးကြော်တတ်ကြ၏။ ယုံကြည်ထိုက်သောသူကိုမူကား မည်သူရှာဖွေ တွေ့ရှိနိုင်ပါသနည်း။-
Prov BurCBCM 20:7  ဖြောင့်မတ် သောသူသည် အပြစ်ကင်းမဲ့စွာနေထိုင်၏။ သူ၏သားစဉ် မြေးဆက်တို့သည် မင်္ဂလာရှိကြ၏။-
Prov BurCBCM 20:8  ရှင်ဘုရင်သည် တရားပလ္လင်ပေါ်တွင်ထိုင်သောအခါ မကောင်းသောအမှု မှန်သမျှတို့ကို မိမိ၏မျက်စိများဖြင့် ဖယ်ရှားတတ် ၏။-
Prov BurCBCM 20:9  ငါသည် ငါ၏စိတ်နှလုံးကို စင်ကြယ်စေပြီ။ ငါသည် အပြစ် နှင့်ကင်းလွတ်သောသူဖြစ်၏ဟူ၍ မည်သူဆိုနိုင်မည်နည်း။-
Prov BurCBCM 20:10  မမှန်ကန်သောအလေးချိန်ခွင်များနှင့် မမှန်ကန်သောအတိုင်းအတာများကို ထာ၀ရဘုရားသခင်စက် ဆုပ်ရွံရှာတော်မူ၏။-
Prov BurCBCM 20:11  ကလေးသူငယ်တစ်ဦးပင်လျှင် မိမိ ၏အကျင့်စာရိတ္တဖြူစင်ခြင်းရှိ၊ မရှိကို မိမိ၏အပြုအမူအား ဖြင့်သိနိုင်၏။-
Prov BurCBCM 20:12  ကြားတတ်သော နားနှင့် မြင်တတ်သော မျက်စိတို့ကို ထာ၀ရဘုရားသခင်ဖန်ဆင်းတော်မူ၏။-
Prov BurCBCM 20:13  အအိပ်မက်သောသူသည် ဆင်းရဲဒုက္ခရောက်လိမ့်မည်။ နိုးကြားစွာနေလော့။ သင့်တွင် ဝမ်းစာအလျှံပယ်ပေါများ လိမ့်မည်။-
Prov BurCBCM 20:14  ပစ္စည်းမကောင်းပါ၊ မကောင်းပါဟု ဈေးဝယ် သူက ဆိုတတ်၏။ သို့သော် သူသည် ဈေးဝယ်ပြီး ပြန်သောအခါ မိမိဝယ်ယူ သောပစ္စည်းမည်မျှကောင်းကြောင်း ကို ဝါကြွားပြောဆိုတတ်၏။-
Prov BurCBCM 20:15  ရွှေရှိ၏။ အဖိုးတန်ရတနာ များလည်းများစွာရှိ၏။ သို့ရာတွင် ပညာသတိနှင့်ပြည့်စုံ သောနှုတ်သည် ရှားပါးသော အဖိုးတန် ရတနာတစ်ပါးဖြစ်၏။-
Prov BurCBCM 20:16  သူစိမ်းအတွက် အာမခံသောသူ၏ဝတ်ရုံကို ယူထားလော့။ လူမျိုးခြားတို့အတွက် အာမခံခြင်းဖြစ်လျှင် ယင်းကို အပေါင် ပစ္စည်းအဖြစ်သိမ်းထားလော့။
Prov BurCBCM 20:17  မသမာသောနည်းဖြင့်ရရှိသောအစားအစာသည် စားသောက်သူအတွက် ချိုမြိန်သော်လည်း အဆုံးတွင် ထိုသူ၏ခံတွင်းသည် ကျောက်စရစ်ခဲများနှင့်ပြည့်နှက် နေလိမ့်မည်။-
Prov BurCBCM 20:18  အကြံကောင်းဉာဏ်ကောင်းကို ရှာဖွေခြင်းအားဖြင့် စီမံကိန်းများပြုလုပ်လော့။ ကောင်းသော လမ်းညွှန်ခြင်းကို ရယူပြီးမှ စစ်ခင်းလော့။-
Prov BurCBCM 20:19  အတင်းအဖျင်း ပြောဆိုတတ်သူသည် လျှို့ဝှက်သောအရာတို့ကိုဖော်ထုတ်၏။ ထို့ကြောင့် မိုက်မဲစွာစကားပြောဆိုသော သူကို ရှောင်ကြဉ်လော့။-
Prov BurCBCM 20:20  လူတစ်ဦးသည် မိမိ၏အမိ၊ သို့မဟုတ် အဖအား ကျိန်ဆဲလျှင် ထိုသူ၏မီးခွက်သည် ထူထပ်သောအမှောင်ထုတွင် ငြိမ်းသွား ရလိမ့်မည်။-
Prov BurCBCM 20:21  အစဦး၌ လွယ်ကူလျင်မြန်စွာရရှိသောဥစ္စာဓနသည် နောက်ဆုံးတွင် အမင်္ဂလာဖြစ်လိမ့်မည်။-
Prov BurCBCM 20:22  ငါရန်တုံ့ပြန်မည်ဟူ၍ မဆိုလေနှင့်။ ထာ၀ရဘုရားသခင်ကို စောင့်ငံ့လော့။ ကိုယ်တော်သည် သင့်ကိုကယ်တင်တော် မူလိမ့်မည်။-
Prov BurCBCM 20:23  မမှန်ကန်သောအလေးများကို ထာ၀ရဘုရားသခင်စက်ဆုပ် ရွံရှာ၍ မဖြောင့်မတ်သောချိန်ခွင်များကိုလည်း ကိုယ်တော် နှစ်သက်တော်မမူ။-
Prov BurCBCM 20:24  လူတစ်ဦးလျှောက်လှမ်းရမည့် လမ်းတို့ကို ထာ၀ရဘုရားသခင်စီရင်တော်မူသည်ဖြစ်၍ လူသည် မိမိလျှောက်လှမ်းရာလမ်းကို မည်သို့နားလည် နိုင်မည်နည်း။-
Prov BurCBCM 20:25  တစ်စုံတစ်ခုကို မဆင်ခြင်ဘဲ ဘုရားသခင်အား ဆက်ကပ်ပူဇော်ပြီးမှ မိမိ၏ကတိသစ္စာများကို ထောက်ရှုဆင်ခြင်ခြင်းသည် လူတစ်ဦးအတွက် ကျော့ကွင်းတစ်ခုသဖွယ်ဖြစ်၏။-
Prov BurCBCM 20:26  ပညာရှိသောရှင်ဘုရင်သည် လူမိုက်တို့ကိုခွဲခြားနုတ်ပယ်၍ သူတို့အား စပါးလှေ့သော ဘီးနှင့်ဖိနင်းလိမ့်မည်။-
Prov BurCBCM 20:27  လူသား၏ဝိညာဉ်သည် ထာ၀ရဘုရားသခင်၏မီးခွက်ဖြစ်၏။ ၎င်းသည် လူ၏အတွင်း စိတ်ထဲ၌ရှိသမျှတို့ကို မတွေ့တွေ့ အောင်ရှာဖွေတတ်၏။-
Prov BurCBCM 20:28  မေတ္တာနှင့်သစ္စာတရားသည် ရှင်ဘုရင်ကို စောင့်ရှောက်၏။ သူသည် မိမိ၏ရာဇပလ္လင်ကို ဖြောင့်မတ်မှန်ကန်ခြင်းဖြင့် ပိုမိုခိုင်မြဲစေ၏။-
Prov BurCBCM 20:29  လူငယ်တို့၏ဘုန်းသည်ကား သူတို့၏လက်ရုံးရည်ဖြစ်ပြီး လူအိုတို့၏လှပတင့်တယ်ခြင်းကား သူတို့၏ဆံဖြူခြင်း ပေတည်း။-
Prov BurCBCM 20:30  အနာတရဖြစ်စေ သောရိုက်နှက်ခြင်းသည် မကောင်းမှုကို သန့်စင်စေပြီး ကြိမ်ဒဏ်သည် အတွင်းစိတ်ကိုသန့်ရှင်းစေ၏။