Toggle notes
Chapter 1
II P | BurCBCM | 1:1 | ယေဇူးခရစ်တော်၏အစေခံနှင့် တမန်တော်ဖြစ်သော စီမွန်ပေတရုထံမှ ငါတို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော် မူသော ယေဇူးခရစ်တော်၏ဖြောင့် မတ်ခြင်းတရားအားဖြင့် ငါတို့ရရှိသည့်ယုံကြည်ခြင်းကိုပင် ခံယူရရှိထားသောသူတို့ထံသို့ စာရေး လိုက်ပါ၏။ | |
II P | BurCBCM | 1:2 | ဘုရားသခင်နှင့် ငါတို့၏သခင် ယေဇူးကိုသိရှိခြင်း ဖြင့် ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းမင်္ဂလာသည် သင်တို့ထံ၌ တိုးပွားပါစေသော်။ | |
II P | BurCBCM | 1:3 | မိမိ၏ဘုန်းဂုဏ်တော်နှင့် ကောင်းမြတ်တော်မူခြင်း တို့ကို ဝေမျှခံစားရန် ငါတို့ကိုခေါ်တော်မူသောကိုယ်တော့် ကို သိရှိလာ ခြင်းကြောင့် ဘုရားသခင်သည် ဘုန်းတန်ခိုး တော်အားဖြင့် အသက်ရှင်ခြင်းနှင့် ဘုရားတရားကြည် ညိုခြင်းတို့နှင့် ဆိုင်သော အရာအားလုံးတို့ကို ငါတို့အား ပေးသနားတော်မူ၏။- | |
II P | BurCBCM | 1:4 | ထိုဘုန်းဂုဏ်တော်နှင့် ကောင်း မြတ်ခြင်းအားဖြင့် ကိုယ်တော်သည် အဖိုးထိုက်ပြီး ကြီး မြတ်လှသည့် မိမိ၏ကတိတော်များကို ငါတို့အား ပေးသနားတော်မူလေပြီ။ ဤကတိတော်များအားဖြင့် သင်တို့သည် လောကီတပ်မက်မှုကြောင့် ဤကမ္ဘာလောက တွင်ရှိနေသောအကျင့်ပျက်စီးခြင်းမှ လွတ်မြောက်ကြလျက် ဘုရားအဖြစ်တော်၌ ပါဝင်ခံစားရသူများဖြစ်လာ ကြလိမ့်မည်။- | |
II P | BurCBCM | 1:5 | ဤအကြောင်းကြောင့် သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကို အကျင့်သီလဖြင့်လည်းကောင်း၊ အကျင့်သီလကို အသိတရား ဖြင့်လည်းကောင်း၊- | |
II P | BurCBCM | 1:6 | အသိ တရားကို မိမိကိုယ်ကိုချုပ်တည်းခြင်းဖြင့်လည်းကောင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းကို တည်ကြည်ခိုင်မာခြင်းဖြင့် လည်းကောင်း၊ တည်ကြည်ခိုင်မာခြင်းကို ဘုရားတရား ကြည်ညိုခြင်းဖြင့်လည်းကောင်း၊- | |
II P | BurCBCM | 1:7 | ဘုရားတရားကြည် ညိုခြင်းကို ညီအစ်ကိုတို့အား သနားကြင်နာခြင်းဖြင့် လည်းကောင်း၊ ညီအစ်ကိုတို့အား သနားကြင်နာ ခြင်းကို ချစ်ခြင်းမေတ္တာဖြင့်လည်းကောင်း ဖြည့်စွက်အကျိုးပြုနိုင်ကြရန် အစွမ်းကုန်ကြိုးစားကြလော့။- | |
II P | BurCBCM | 1:8 | ဤပါရမီများကို ကြွယ်၀စွာ သင်တို့ပိုင်ဆိုင်ကြပါလျှင် ဤအရာတို့သည် သင်တို့အား ငါတို့၏ယေဇူးသခင်ခရစ်တော် ကိုသိရှိရာ၌ အသက်ဝင်ပြီး အကျိုးဖြစ်ထွန်းစေလိမ့်မည်။- | |
II P | BurCBCM | 1:9 | ဤပါရမီ များနှင့်ကင်းသောသူသည် မျက်စိကန်း၍ အမြော်အမြင် နည်းပါးပြီး မိမိသည် ယခင်က ပြုခဲ့သောအပြစ်များမှ ဆေး ကြောသန့်စင်ခြင်းခံခဲ့ရပြီးဖြစ်သည်ကို မေ့လျော့နေလေပြီ။- | |
II P | BurCBCM | 1:10 | ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့၏ခေါ်တော်မူခြင်း နှင့် ရွေးကောက်ခံရခြင်းတို့ကို တည်မြဲစေရန် ပိုမို၍ စိတ်အား ထက်သန်ကြပါလော့။ အကြောင်းမူကား သင်တို့ သည် ဤသို့ပြုလုပ်ကြလျှင် မည်သည့်အခါမျှလဲကျလိမ့် မည်မဟုတ်ပေ။- | |
II P | BurCBCM | 1:11 | ဤသို့ဖြင့် သင်တို့သည် ငါတို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေဇူးခရစ်တော်၏ ထာ၀ရနိုင်ငံတော်သို့ ဝင်ရောက်ခွင့်ကို အပြည့်အဝရရှိ ကြလိမ့်မည်။ | |
II P | BurCBCM | 1:12 | သို့ဖြစ်၍ သင်တို့သည် ဤအကြောင်းအရာများကို သိရှိကြလျက် မိမိတို့ခံယူထားသောသမ္မာတရားတော်၌ အတည်တကျ ရှိပြီးသော်လည်း ငါသည် ဤအရာများကို သင်တို့အား အစဉ်အမြဲသတိပေးနှိုးဆော်မည်ဟု ရည်ရွယ်ထား၏။- | |
II P | BurCBCM | 1:13 | ငါသည် ဤကိုယ်ခန္ဓာ၌ အသက်ရှင်နေသမျှ သင်တို့အား သတိပေးနှိုးဆော်ခြင်းဖြင့် နိုးကြားတက်ကြွစေသင့်သည်ဟု ငါယူဆ၏။- | |
II P | BurCBCM | 1:14 | အဘယ်ကြောင့် ဆိုသော် ငါတို့၏သခင် ယေဇူးခရစ်တော်သည် ငါ့အား ဗျာဒိတ်ပေးတော်မူသည့်အတိုင်း ဤကိုယ်ခန္ဓာအား ငါ စွန့်ခွာရမည့်အချိန်သည် မကြာမီရောက်ရှိတော့မည်ကို ငါသိသောကြောင့်ဖြစ်၏။- | |
II P | BurCBCM | 1:15 | ဤလောကမှ ငါထွက်ခွာ သွားပြီးနောက် ဤအရာများကို သင်တို့အစဉ်သတိရနေ စေရန် ငါသည် ကြိုးစားအားထုတ်မည်။ | |
II P | BurCBCM | 1:16 | အကြောင်းမူကား ငါတို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်၏ဘုန်းတန်ခိုးတော်နှင့် ကြွလာတော်မူခြင်းတို့ ကို သင်တို့အား ဟောပြောခဲ့သောအခါက ပါးနပ်စွာ ဖန်တီးထားသောဒဏ္ဍာရီပုံပြင်များအပေါ် အခြေခံ၍ ဟောပြောခဲ့ခြင်းမဟုတ်ပေ။ ငါတို့ ကိုယ်တိုင်ပင် ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ဖူးမြင်၍ သက်သေခံခဲ့ရသူများ ဖြစ်ကြ၏။- | |
II P | BurCBCM | 1:17 | အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အဖခမည်းတော်ဘုရားထံမှ ဂုဏ်သရေတော်နှင့် ဘုန်းဂုဏ်တော်တို့ကို ခံယူတော် မူသောအခါ အကြီးမြတ်ဆုံး သောဘုန်းဂုဏ်တော်အရှင်ထံမှ အသံထွက်ပေါ်လာသည်ကား ဤသူသည် ငါအလွန်နှစ်သက်မြတ် နိုးသော ငါ၏ချစ်သားဖြစ်သည်ဟူ၍ဖြစ်သတည်း။- | |
II P | BurCBCM | 1:18 | ငါတို့သည် သန့်ရှင်းသောတောင်ပေါ်တွင် ကိုယ်တော်နှင့်အတူရှိနေ ခဲ့ကြသောကြောင့် ကောင်းကင်မှထွက်ပေါ်လာသော ဤအသံကိုကြားခဲ့ကြ၏။- | |
II P | BurCBCM | 1:19 | ထို့ပြင် ငါတို့၌ ယင်းအချက်ကို ပို၍သေချာစေသော ပရောဖက်၏ဟောကြားချက်လည်းရှိ၏။ သင်တို့သည် ဤဟောကြား ချက်ကိုကောင်းစွာသတိပြုဆင်ခြင်ကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤဟောကြားချက်သည် သင်တို့၏စိတ်နှလုံး၌ အရုဏ်ဦးရောက်၍ မိုးသောက်ကြယ်ပေါ်ထွက်သည့် အချိန်တိုင်အောင် အမှောင်ထု၌ ထွန်းလင်းလျက်ရှိသော မီးအိမ်ကဲ့ သို့ဖြစ် ၏။- | |
II P | BurCBCM | 1:20 | ကျမ်းစာတော်မြတ်တွင်ပါရှိသော ပရောဖက်တို့၏ဟောကြားချက်ကို မည်သူမျှ မိမိဆန္ဒ အလျောက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း မပြုနိုင်ကြောင်း ရှေးဦးစွာ သင်တို့နားလည်ကြရမည်။- | |
Chapter 2
II P | BurCBCM | 2:1 | သို့သော် ဤလူမျိုးတော်ထဲမှ ပရောဖက်အတုအယောင်များလည်း ပေါ်ထွက်ခဲ့ကြ၏။ ထိုနည်းတူပင် ဖျက်ဆီးတတ်သော ဒိဋ္ဌိအယူဝါဒများကို တိတ် တဆိတ်ယူဆောင်လာသည်သာမက မိမိတို့အား ရွေး နုတ်ကယ်တင်တော်မူသောအရှင်သခင်ကိုပင် ငြင်းပယ်ကြလျက် ပျက်စီးခြင်းကို မိမိတို့အပေါ်သို့ ရုတ်တရက်ကျ ရောက်စေသော ဆရာအတုအယောင်များလည်း သင်တို့ အလယ်၌ ရှိကြ၏။- | |
II P | BurCBCM | 2:2 | လူများစွာတို့သည် ထိုသူတို့၏ညစ်ညူးသောလမ်းစဉ်ကို လိုက်ကြလိမ့်မည်။ သူတို့အတွက်ကြောင့် သမ္မာတရားလမ်း တော်သည် ကဲ့ရဲ့ရှုတ်ချခြင်းခံရလိမ့်မည်။- | |
II P | BurCBCM | 2:3 | ထိုသူတို့သည် လောဘလွန်ကြူးစိတ်ဖြင့် မမှန်သောစကားများကိုဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ရှေးကာလကပင် စီရင်ထားသော သူတို့၏အပြစ်ဒဏ်သည် မည်သည့်အခါကမျှ အချည်းနှီးမဖြစ်ခဲ့ပေ။ သူတို့ခံရမည့်ဖျက်ဆီးခြင်း သည်လည်း အမြဲ ပင် အသင့်ရှိနေခဲ့၏။ | |
II P | BurCBCM | 2:4 | အကြောင်းမူကား ကောင်းကင်တမန်တော်များ အပြစ်ပြုသောအခါ ဘုရားသခင်သည် သူတို့ကိုညှာတာ ထောက်ထားတော် မူခဲ့သည်မဟုတ်။ ကိုယ်တော်သည် သူတို့ကို ငရဲသို့နှင်ချပြီးလျှင် မှောင်မိုက်သောတွင်းနက် ထဲ၌ ချထားလျက် တရားစီရင်သော နေ့ရက်တိုင်အောင် သူတို့ကိုထိုနေရာ၌ ထားတော်မူ၏။- | |
II P | BurCBCM | 2:5 | ကိုယ်တော်သည် ရှေးကာလက လူများကိုလည်း ချမ်းသာပေးတော်မမူခဲ့ပေ။ ထို့ကြောင့် ကိုယ်တော်သည် ဘုရားတရား မဲ့သော ကမ္ဘာပေါ်တွင် ရေလွှမ်းမိုးစေသောအခါ ဖြောင့်မတ်ခြင်းတရားကိုဟောပြောသူ နောဧနှင့်အခြားသူခုနစ်ဦးတို့ကို စောင့်ရှောက်ထားတော်မူခဲ့၏။- | |
II P | BurCBCM | 2:6 | ကိုယ်တော်သည် ဆောဒိုမာနှင့်ဂေါ်မောရာမြို့တို့ကို မီးလောင်ပြာကျစေခြင်းဖြင့် ပျက်သုဉ်းသွားစေပြီးလျှင် ၎င်းတို့အား နောင်တစ်ချိန်တွင် ဘုရားတရားမဲ့သူတို့အတွက် ပုံစံနမူနာဖြစ်စေတော်မူခဲ့၏။- | |
II P | BurCBCM | 2:7 | ကိုယ်တော်သည် ဆိုးယုတ်သောသူတို့၏ညစ်ညူး သောမကောင်းမှုများကြောင့် စိတ်ပျက်နေသည့် ဖြောင့်မတ်သော လော့တ ကို ကယ်တင်တော်မူခဲ့လေ၏။- | |
II P | BurCBCM | 2:8 | အကြောင်းမူကား ဆိုးယုတ်သူတို့အလယ်တွင် နေထိုင်ခဲ့သော ထိုဖြောင့်မတ်သူသည် မိမိမြင်တွေ့ ကြားသိခဲ့ရသော မကောင်း မှုများကြောင့် နေ့စဉ်ရက်ဆက် မိမိ၏ဖြောင့်မတ်သောစိတ်ဝိညာဉ်၌ အနှောင့်အယှက်ဖြစ်ရလေ၏။- | |
II P | BurCBCM | 2:9 | ထို့ကြောင့် ဘုရားသခင်သည် ဘုရားတရားရှိ သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းများမှ မည်သို့ကယ်တင် ရမည်ကိုလည်းကောင်း၊ ဆိုးယုတ်သောသူတို့ကို တရားစီရင်တော်မူသည့်နေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ခတ် ရမည်ကိုလည်းကောင်း သိတော်မူ၏။- | |
II P | BurCBCM | 2:10 | အထူးသဖြင့် ညစ်ညူးသောကိလေသာတပ်မက်ခြင်း၏အလိုဆန္ဒသို့ လိုက်ပြီးလျှင် ဘုရားသခင်၏ဩဇာအာဏာတော်ကို မထီမဲ့မြင်ပြုသောသူတို့အား အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။ ထိုသူတို့သည် အတင့်ရဲလျက် ထင်ရာစိုင်းတတ်သောသူများ ဖြစ်ကြပြီး ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့စော်ကားရန် မကြောက်ရွံ့ကြချေ။- | |
II P | BurCBCM | 2:11 | ကောင်းကင် တမန်တော်တို့သည် ပို၍ဘုန်းတန်ခိုးစွမ်းအားကြီးသော်လည်း ဘုရားသခင်၏ရှေ့တော်၌ ထိုသူတို့အား ရှုတ်ချ ပြစ်တင်သည့်စီရင်ချက်ကို မချမှတ်ကြချေ။- | |
II P | BurCBCM | 2:12 | ဤသူတို့ သည် ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခံရခြင်းငှာ ပေါက်ဖွားလာကြသည့် အသိဉာဏ်ကင်းမဲ့သောတိရစ္ဆာန်များနှင့် တူ၍ မိမိတို့မသိနားမလည်ကြသော အကြောင်းအရာ တို့ကိုကဲ့ရဲ့ပြောဆိုကြလျက် ထိုတိရစ္ဆာန်များနှင့်အတူ ဖျက်ဆီးခြင်းခံကြရလိမ့် မည်။- | |
II P | BurCBCM | 2:13 | သူတို့သည် မိမိတို့၏ အပြစ်အမှားများအတွက် ဒဏ်ခံကြရလိမ့်မည်။ သူတို့သည် နေ့အချိန်၌ သောက်စားမြူးထူးခြင်းကို ပျော်မွေ့ရာ အဖြစ်မှတ်ယူကြ၏။ သူတို့သည် သင်တို့နှင့်အတူ စားသောက်ပွဲ၌ပါဝင်ကြသောအခါ မိမိတို့ကိုယ်ကိုလှည့်စားကြ လျက် သောက်စားမြူးထူးကာ သင်တို့အလယ်တွင် အရှက်ရပြီး ဂုဏ်သရေညှိုးနွမ်းကြလေ၏။- | |
II P | BurCBCM | 2:14 | သူတို့၏ မျက်စိများသည် သူတစ်ပါး၏မယားကိုပြစ်မှားလိုသော ဆန္ဒနှင့်ပြည့်လျက်ရှိပြီး အပြစ်ပြုရာတွင် တင်းတိမ်ရောင့် ရဲသည်ဟူ၍မရှိပေ။ သူတို့သည် စိတ်မတည်ငြိမ်သော ဝိညာဉ်များကို သွေးဆောင်ဖြားယောင်းတတ်ကြ၏။ သူတို့၏စိတ်နှလုံး များသည် လောဘလွန်ကြူးခြင်း၌ ကျင်လည်ကြ၏။ သူတို့သည်ကား ကျိန်ဆိုခြင်းခံရသောသား သမီးများပေတည်း။- | |
II P | BurCBCM | 2:15 | သူတို့သည် မှန်ကန်သောလမ်းကို စွန့်လွှတ်၍ လမ်းမှားသို့လိုက်ခဲ့ကြလေပြီ။ သူတို့သည် မတရားသောလုပ်ရပ်များမှ ရရှိသည့်အကျိုးအမြတ်ကို တပ်မက်သော ဘော်စော်၏သား ဘာလမ်၏လမ်းစဉ်ကို လိုက်ကြလေပြီ။- | |
II P | BurCBCM | 2:16 | သို့သော် ထိုသူသည် မိမိ၏ မကောင်းမှုဒုစရိုက်ကြောင့် ပြစ်တင်ဆုံးမခြင်းခံရပြီး စကားမပြောသောမြည်းသည် လူတို့ပြော သောစကားကိုပြောလျက် ပရောဖက်၏မိုက်မဲမှုကို တားမြစ်ခဲ့၏။ | |
II P | BurCBCM | 2:17 | ဤသူတို့သည် ရေမရှိသောစမ်းချောင်းများကဲ့သို့လည်းကောင်း၊ လေမုန်တိုင်းကြောင့် လွင့်စဉ်သွားသော မြူခိုးများကဲ့သို့ လည်းကောင်း ဖြစ်ကြ၏။ သူတို့အတွက် အမှောင်အတိပြီးသောနေရာကို သီးသန့်သတ်မှတ် ထားလျက်ရှိ၏။- | |
II P | BurCBCM | 2:18 | အကြောင်းမူကား သူတို့သည် မှားယွင်းခြင်း၌ ကျင်လည်နေသောလူတို့ထံမှ လွတ်မြောက်လုနီးပါးဖြစ်နေသူတို့ကို အနှစ်သာရကင်းမဲ့သည့် ကြွားဝါသော စကားများပြောဆိုလျက် အသွေးအသား၏ကိလေသာ တပ်မက်ခြင်းများဖြင့် သွေးဆောင် ကြ၏။- | |
II P | BurCBCM | 2:19 | သူတို့သည် လူများအား လွတ်လပ်မှုကို ကတိထားကြသော်လည်း မိမိတို့ကိုယ်တိုင်မူကား ဖောက်ပြန်ခြင်း၏ကျေးကျွန် များဖြစ်ကြ၏။ အကြောင်းမူကား လူသည် မိမိကိုလွှမ်းမိုး သောအရာဟူသမျှ၏ကျေးကျွန်ဖြစ်လာရသောကြောင့်တည်း။- | |
II P | BurCBCM | 2:20 | အကယ်၍ လူတို့သည် ငါတို့၏သခင်နှင့် ကယ် တင်ရှင်ဖြစ်သော ယေဇူးခရစ်တော်ကိုသိရှိခြင်းအားဖြင့် လောက၏ညစ်ညူး သောမကောင်းမှုများမှ လွတ်မြောက်ကြပြီးနောက် နောက်တစ်ကြိမ်ထပ်မံ၍ ထိုမကောင်းမှုများနှင့်ငြိတွယ်ကာ ယင်းတို့၏ လွှမ်းမိုးမှုကိုခံရပါလျှင် သူတို့အတွက် နောက်ဆုံးအခြေအနေသည် ပထမအခြေအနေထက် ပို၍ဆိုးရွားလေ၏။- | |
II P | BurCBCM | 2:21 | ဖြောင့်မတ်ခြင်း တရား၏လမ်းစဉ်ကိုသိရှိပြီးမှ မိမိတို့အားပေးအပ်ထားသည့် သန့်ရှင်းသောပညတ်တော်ကို ကျောခိုင်း စွန့်ခွာခဲ့သည်ထက် ဤတရားလမ်းစဉ်ကို မည်သည့်အခါကမျှ မသိရှိဘဲနေခြင်းက သူတို့အတွက် ပို၍ကောင်းပေလိမ့်မည်။- | |
Chapter 3
II P | BurCBCM | 3:1 | ငါ၏ချစ်မိတ်ဆွေတို့၊ ဤစာသည် သင်တို့ထံသို့ ငါရေးသောဒုတိယစာဖြစ်၏။ စာနှစ်စောင်စလုံး၌ ငါသည် ပြန်လည်သတိပေး ခြင်းအားဖြင့် သင်တို့၏ရိုး သားသောစိတ်နှလုံးတွင်၊- | |
II P | BurCBCM | 3:2 | ရှေးကာလက မြင့်မြတ်သော ပရောဖက်တို့၏ဟောကြားချက်များနှင့် သင်တို့၏တမန်တော်ကြီးများမှတစ်ဆင့် သင်တို့ရရှိခဲ့ သော ကယ်တင်ရှင်သခင်ဘုရား၏ပညတ်တော်ကို အောက်မေ့သတိရသင့်ကြောင်း နှိုးဆော်ခဲ့၏။- | |
II P | BurCBCM | 3:3 | ပထမဦးစွာ သင်တို့နားလည်ရ မည့်အချက်သည်ကား နောက်ဆုံးသောနေ့ရက်တို့၌ ပြက်ရယ်ပြုတတ်သောသူတို့သည် ရောက်လာ၍ မိမိတို့၏အလိုဆန္ဒတပ်မက်ခြင်းများနောက်သို့လိုက်ပြီး ပြက်ရယ်ပြုလျက်၊- | |
II P | BurCBCM | 3:4 | သခင်ဘုရားကြွလာတော်မူမည်ဟူသော ကတိတော်ကား အဘယ်မှာနည်း၊ အကြောင်းမူကား ငါတို့၏ဘိုးဘေးများ သေဆုံး ခဲ့ကြသည့်အချိန်မှစ၍ အရာခပ်သိမ်းတို့သည် ဖန်ဆင်းခြင်း၏အစကအတိုင်းဆက် လက်တည်ရှိခဲ့ကြပေသည်တကား ဟုဆိုကြ လိမ့်မည်။- | |
II P | BurCBCM | 3:5 | ထိုသူတို့သည် ထာ၀ရဘုရားသခင်၏နှုတ်တော်ထွက် စကားအားဖြင့် ကောင်းကင်သည် ရှေးကာလကြာမြင့်စွာကပင်တည်ရှိ နေသည်ကိုလည်းကောင်း၊ ကမ္ဘာမြေကြီးသည် ရေထဲမှထွက်ပေါ်လာ၍ ရေဖြင့်ပင် ဖြစ်ပေါ်သည်ကိုလည်းကောင်း၊- | |
II P | BurCBCM | 3:6 | ထိုအချိန်က ဖြစ်ပေါ်ခဲ့သောကမ္ဘာမြေကြီးသည် ရေဖြင့် လွှမ်းမိုးဖျက်ဆီးခြင်းခံခဲ့ရကြောင်းကိုလည်းကောင်း သိလျက်နှင့် လျစ်လျူရှုထားခဲ့ကြ၏။- | |
II P | BurCBCM | 3:7 | ထိုနှုတ်တော်ထွက်စကားကပင်လျှင် ယခုတည်ရှိနေသော ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို မီးဖြင့်သန့်စင်ရန် ဘုရားတရားမဲ့သူတို့ကို တရားစီရင်၍ ဖျက်ဆီးတော်မူ မည့်နေရက်တိုင်အောင် ထိန်းသိမ်းထားလေ၏။ | |
II P | BurCBCM | 3:8 | ချစ်မိတ်ဆွေတို့၊ ထာ၀ရဘုရားသခင်အတွက် နေ့ရက်တစ်ရက်သည် နှစ်ပေါင်းတစ်ထောင်ကဲ့သို့လည်းကောင်း၊ နှစ်ပေါင်း တစ်ထောင်သည် နေ့ရက်တစ်ရက်ကဲ့သို့လည်းကောင်း ဖြစ်သည်ကိုမူ သင်တို့မမေ့လျော့သင့်ပေ။- | |
II P | BurCBCM | 3:9 | အချို့လူများထင်မှတ်သကဲ့သို့ ထာ၀ရဘုရားသခင်သည် မိမိ၏ကတိတော်နှင့်ပတ်သက်၍ နှောင့်နှေးခြင်းရှိတော်မမူပေ။ အမှန်စင်စစ် ကိုယ်တော်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပျက်စီးစေဘဲ လူအားလုံးတို့ကို နောင်တရစေရန်အလိုရှိ သောကြောင့် သင်တို့အပေါ်သည်းခံနေတော်မူခြင်းဖြစ်၏။- | |
II P | BurCBCM | 3:10 | သို့သော် သခင်ဘုရား၏ နေ့ရက်သည် သူခိုးကဲ့သို့ ရောက်လာလိမ့်မည်။ ထိုအခါ ကောင်းကင်သည် ကျယ်လောင်သောအသံ ထွက်ပေါ်လျက် ပျောက်ကွယ်သွားလိမ့်မည်။ သဘာ၀လောကဓာတ်တို့သည်လည်း မီးအားဖြင့်အရည်ပျော်ကြလိမ့်မည်။ ကမ္ဘာမြေကြီးနှင့်တကွ မြေပေါ်၌ရှိသောအရာတို့ သည်လည်း လောင်ကျွမ်းခြင်းခံကြရလိမ့်မည်။ | |
II P | BurCBCM | 3:11 | အရာခပ်သိမ်းတို့သည် ဤကဲ့သို့ပျက်စီးပျောက် ကွယ်သွားကြရမည်ဖြစ်သောကြောင့် သင်တို့သည် သန့်ရှင်းမွန်မြတ် ခြင်းနှင့် ဘုရားတရားကြည်ညိုခြင်းတို့၌ ရှင်သန်ခြင်းငှာ မည်သို့သောသူများဖြစ်သင့်သနည်း။- | |
II P | BurCBCM | 3:12 | သင်တို့သည် ဘုရားသခင်၏နေ့ရက်ရောက်လာမည့်အချိန်ကို စောင့်ငံ့လျက်ရှိကြသည်ဖြစ်၍ မကြာမီပင် ထိုနေ့ရက် ကျရောက်လာစေခြင်းငှာ အစွမ်းကုန်ကြိုးစားကြလော့။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်၌ ကောင်းကင်သည် မီးလောင်၍ ပျက်စီးလိမ့်မည်။ သဘာ၀လောကဓာတ်တို့သည်လည်း မီးအားဖြင့် အရည်ပျော်ကြလိမ့်မည်။- | |
II P | BurCBCM | 3:13 | သို့သော် ငါတို့သည် ကိုယ်တော်၏ကတိတော် အတိုင်း ဖြောင့်မတ်ခြင်းတရားတည်ရှိရာ ကောင်းကင် သစ်နှင့် ကမ္ဘာသစ်ကို စောင့်မျှော်လျက်နေကြ၏။ | |
II P | BurCBCM | 3:14 | ထို့ကြောင့် ချစ်မိတ်ဆွေတို့၊ သင်တို့သည် ဤအရာများကို စောင့်မျှော်လျက်ရှိသည်ဖြစ်၍ ကိုယ်တော်သည် သင်တို့ကို အစွန်းအကွက် အပြစ်အနာအဆာကင်းစင်လျက် ငြိမ်းချမ်းသာယာခြင်း၌တွေ့ရှိနိုင်ရန် အစွမ်းကုန်ကြိုးစားကြလော့။- | |
II P | BurCBCM | 3:15 | ငါတို့သခင်ဘုရား၏စိတ်ရှည်သည်း ခံတော်မူခြင်းကို သင်တို့၏ကယ်တင်ခြင်းအဖြစ် မှတ်ယူကြလော့။ ငါတို့ချစ်သော ညီတော်ပေါလုသည်လည်း မိမိရရှိသောဉာဏ်ပညာအတိုင်း သင်တို့ထံသို့ စာရေးခဲ့သည်ဖြစ်၍၊- | |
II P | BurCBCM | 3:16 | သူသည် ဤအကြောင်းကိုလည်း မိမိရေးသမျှသောစာတို့တွင် ဖော်ပြထားလေ၏။ ထိုစာများတွင် အချို့သောအကြောင်း အရာတို့သည် နားလည်ရန် ခက်ခဲလှသောကြောင့် အသိပညာမဲ့၍ စိတ်မတည်ငြိမ်သော သူတို့သည် အခြားသောကျမ်းချက် များကို လွဲမှားစွာနားလည်ကြသကဲ့သို့ ထိုအကြောင်းအရာတို့ကိုလည်းလွဲမှားစွာ နားလည်ကြသဖြင့် မိမိတို့ကိုယ်ကို ပျက်စီးခြင်း သို့ ရောက်စေကြ၏။ | |
II P | BurCBCM | 3:17 | ထို့ကြောင့် ချစ်မိတ်ဆွေတို့၊ သင်တို့သည်လည်း ဤအကြောင်းအရာများကို ကြိုတင်သိနှင့်ပြီးဖြစ်သောကြောင့် တရားမဲ့ သောသူတို့၏မှားယွင်းခြင်းသို့ လိုက်ပါမသွားစေရန်နှင့် မိမိတို့၏တည်ကြည်ခိုင်မြဲခြင်းကို မဆုံးရှုံးစေရန် သတိပြုကြလော့။- | |