Site uses cookies to provide basic functionality.

OK
I CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 14
I Co BurCBCM 14:1  သင်တို့သည် ချစ်ခြင်းမေတ္တာကိုလက်ကိုင်ပြုရန် ကြိုးပမ်းအားထုတ်ကြလော့။ ဝိညာဉ်တော်၏ ဆုကျေးဇူးတော်များကို စိတ်အားထက်သန်စွာ တောင့်တကြလော့။ အထူးသဖြင့် ပရောဖက်ဉာဏ်နှင့်ဟောပြောနိုင်သောကျေးဇူးတော်ကို တောင့်တကြ လော့။-
I Co BurCBCM 14:2  အကြောင်းမူကား ဘာသာစကားအမျိုးမျိုးကိုပြောဆိုကြ သောသူတို့သည် လူတို့အား ပြောဆိုခြင်းမဟုတ်ဘဲ ဘုရားသခင် အား ပြောဆိုခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ၏စကားကို မည်သူမျှနားမလည်ကြ။ သူသည် ဝိညာဉ်တော်၏တန်ခိုး အားဖြင့် နက်နဲဖွယ်ရာများကို ပြောဆိုလေ၏။-
I Co BurCBCM 14:3  ပရောဖက်ဉာဏ်နှင့်ဟောပြောသောသူတို့သည်ကား လူတို့အား တည်ကြည်ခိုင်မာစေခြင်းငှာ ပြုလုပ်ပေးရန်၊ အားပေးရန်နှင့် နှစ်သိမ့်မှုပေးရန်အတွက် ပြောဆိုခြင်းဖြစ်၏။-
I Co BurCBCM 14:4  ဘာသာစကားအမျိုးမျိုးကိုပြောဆို သောသူသည် မိမိကိုယ်ကိုသာ အကျိုးပြု၏။ ပရောဖက် ဉာဏ်နှင့်ဟောပြောသော သူသည်ကား အသင်းတော်ကို အကျိုးပြု၏။-
I Co BurCBCM 14:5  ငါသည် သင်တို့အားလုံးကို ဘာသာ စကားအမျိုးမျိုးပြောစေလိုသော်လည်း ပရောဖက်ဉာဏ် နှင့်ဟောပြောသောဆုကျေးဇူး ကို ပို၍ရစေလို၏။ ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုသူသည် မိမိစကား၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းဖော်ပြနိုင်သော သူရှိမှသာလျှင် အသင်းတော်ကိုအကျိုးပြုနိုင်၏။ သို့မဟုတ်ပါက ပရောဖက်ဉာဏ်နှင့်ဟောပြောသူသည် ထိုသူထက် ပို၍ ကြီးမြတ်၏။
I Co BurCBCM 14:6  ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့လာ၍ ဘာသာ စကားအမျိုးမျိုးဖြင့် ပြောဆိုသော်လည်း သင်တို့အား ဗျာဒိတ်တော် စကား၊ အသိပညာ၊ ကြိုတင်ဟောထားချက်နှင့်ဆုံးမသွန်သင်ခြင်းအကြောင်းတို့ကို မပြောဆိုလျှင် သင်တို့အတွက် မည်သို့ အကျိုးရှိ မည်နည်း။-
I Co BurCBCM 14:7  ပလွေ၊ သို့မဟုတ် စောင်းကဲ့သို့သော အသက်မဲ့သည့်တူရိယာပင် လျှင် ထင်ရှားပြတ်သားသောတေးသံများမထွက်ပေါ်စေ လျှင် တီးမှုတ်နေသည့်တေးသွားကို မည်သူသည်သိနိုင်မည်နည်း။-
I Co BurCBCM 14:8  စစ်ခရာတို့သည် မပြတ်သားသောအသံကို ထွက်ပေါ်စေလျှင် မည်သူသည် စစ်ပွဲဝင်ရန် ပြင်ဆင်မည်နည်း။-
I Co BurCBCM 14:9  ထိုနည်းတူစွာ ဘာသာစကားအမျိုးမျိုးဖြင့် သင်တို့ပြောဆိုသည့်စကားသည် နားမလည်နိုင်သည့်အရာ ဖြစ်လျှင် အဘယ်အရာ အားပြောဆိုကြောင်း မည်သူသိရှိမည်နည်း။ သင်သည် လေထဲ၌ စကားပြောနေရလိမ့်မည်။-
I Co BurCBCM 14:10  ကမ္ဘာပေါ် တွင် ဘာသာစကားအမျိုးပေါင်းများစွာ ရှိသော်လည်း မည်သည့်ဘာသာစကားမျှအဓိပ္ပာယ်ကင်း မဲ့သည်ဟူ၍မရှိ။-
I Co BurCBCM 14:11  သို့ရာတွင် ငါသည် ဘာသာစကား တစ်ခုကို နားမလည်ပါလျှင် ပြောဆိုသူအတွက် ငါသည် တိုင်းတစ်ပါးသားဖြစ်၏။ ထိုသူသည်လည်း ငါ့အတွက် တိုင်းတစ်ပါးသားဖြစ်၏။-
I Co BurCBCM 14:12  သင်တို့သည်လည်း ထိုနည်း တူဖြစ်ကြ၏။ သင်တို့သည် ဝိညာဉ်တော်၏ဆုကျေးဇူးများကို လိုလားတောင့်တကြသည့် အလျောက် အသင်းတော်၏ကြီးပွားတိုးတက်မှုကို အထောက်အကူပြုမည့် ဆုကျေးဇူးတို့ဖြင့် ကြွယ်၀စေရန် ကြိုးပမ်းအားထုတ် ကြလော့။
I Co BurCBCM 14:13  ထို့ကြောင့် ဘာသာစကားတစ်မျိုးကိုပြောဆိုနိုင် သောသူသည် အဓိပ္ပာယ်ပြန်ဆိုနိုင်သောဆုကျေးဇူးကို ရရှိရန် ဆုတောင်း သင့်၏။-
I Co BurCBCM 14:14  အကြောင်းမူကား ငါသည် ဘာသာစကားတစ်မျိုးဖြင့် ဆုတောင်းပတ္ထနာပြုသောအခါ ငါ၏စိတ်ဝိညာဉ်သည် ဆုတောင်း ပတ္ထနာပြုသော်လည်း ငါ၏အသိစိတ်၌ အကျိုးမခံစားရချေ။-
I Co BurCBCM 14:15  ငါသည် မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။ ငါသည် စိတ်ဝိညာဉ်နှင့်သာမက အသိစိတ်နှင့်လည်း ဆုတောင်းပတ္ထနာပြုမည်။ ငါ သည် စိတ်ဝိညာဉ်နှင့်သာမက အသိစိတ်နှင့်လည်း သီဆိုကျူးအေးမည်။-
I Co BurCBCM 14:16  ထိုသို့မဟုတ်လျှင် သင်တို့သည် စိတ်ဝိညာဉ်ဖြင့်သာ ကျေးဇူးတော်ကိုချီးမွမ်းပါက ဆုကျေးဇူးမရရှိသောအပြင် လူတစ်ဦး သည် သင်တို့ပြောဆိုသော စကားများကို နားမလည်သောကြောင့် သင်တို့၏ကျေးဇူးတော်ချီးမွမ်းခြင်းကို အာမင်ဟု မည်ကဲ့သို့ ပြောဆိုနိုင်မည်နည်း။-
I Co BurCBCM 14:17  အကြောင်းမူကား သင်သည် ဘုရားသခင်အား ကောင်းမွန်စွာ ချီးမွမ်းနိုင်မည်ဖြစ်သော်လည်း အခြားသူ တစ်ဦးအတွက် အကျိုးမရှိချေ။-
I Co BurCBCM 14:18  ငါသည် သင်တို့ထက် ပို၍ ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သောကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
I Co BurCBCM 14:19  သို့သော် ငါသည် စုဝေးဝတ်ပြု ခြင်းများတွင် မသိနားမလည်သော ဘာသာစကားဖြင့် စကားအခွန်းတစ်သောင်းကိုပြောဆို ခြင်းထက် တစ်ပါးသူတို့အား သွန်သင်ခြင်းငှာ ထိုသူတို့ နားလည်နိုင်သောစကားငါးခွန်းကိုသာ ပြောဆိုရန် အလိုရှိ၏။
I Co BurCBCM 14:20  ညီအစ်ကိုတို့၊ သင်တို့သည် စဉ်းစားဆင်ခြင်ကြရာ၌ ကလေးသူငယ်ကဲ့သို့မဖြစ်စေကြနှင့်။ မကောင်းမှုနှင့် သက်ဆိုင်သော အရာများတွင် ကလေးသူငယ်များကဲ့ သို့ဖြစ်ကြလော့။ စဉ်းစားဆင်ခြင်ကြရာတွင်မူကား ရင့်ကျက်ကြလော့။-
I Co BurCBCM 14:21  ပညတ်တရားကျမ်း၌ ရေးထားသည် ကား ငါသည် ဤလူမျိုးအား အခြားသောဘာသာစကား ပြောသူတို့အားဖြင့် လည်းကောင်း၊ လူမျိုးခြားတို့၏နှုတ် ဖြင့်လည်းကောင်းပြောဆိုမည်။ သို့ပင်သော်လည်း သူတို့သည် ငါ့ကိုနားထောင်ကြ လိမ့်မည်မဟုတ်ဟု ထာ၀ရ ဘုရားသခင်မိန့်တော်မူ၏ဟူ၍ဖြစ်၏။-
I Co BurCBCM 14:22  ထို့ကြောင့် ဘာ သာစကားအမျိုးမျိုးပြောဆိုနိုင်သောဆုကျေးဇူးသည် ယုံကြည်သူတို့အတွက်မဟုတ်ဘဲ မယုံကြည်သောသူ တို့အတွက် နိမိတ်လက္ခဏာဖြစ်၏။ ပရောဖက်ဉာဏ်ဖြင့် ဟောသောဆုကျေးဇူးသည်ကား မယုံကြည်သောသူတို့အတွက် မဟုတ်ဘဲ ယုံကြည်သူတို့အတွက် နိမိတ်လက္ခ ဏာဖြစ်၏။-
I Co BurCBCM 14:23  ထို့ကြောင့် အသင်းတော်တစ်ခုလုံးသည် စုဝေး၍ လူအားလုံးတို့သည် ဘာသာစကားအမျိုးမျိုးကို ပြောဆိုကြလျှင် ပြင်ပလူများ၊ သို့မဟုတ် မယုံကြည်သူတို့ဝင်ရောက်လာခဲ့သည်ရှိသော် သူတို့က သင်တို့သည် ရူးသွပ်နေကြသည်ဟု ဆိုကြ လိမ့်မည်မဟုတ်လော။-
I Co BurCBCM 14:24  သို့သော်လည်း အားလုံးသောလူတို့သည် ပရောဖက်ဉာဏ်နှင့်ဟောပြောနေကြလျှင် မယုံကြည်သူ၊ သို့မဟုတ် ပြင်ပ လူတစ်ယောက် ဝင်ရောက်လာခဲ့သည်ရှိသော် သင်တို့အားလုံးကြောင့် သူသည် အပြစ်ရှိကြောင်းကိုသိရှိ၍ သင်တို့အားလုံး ၏ စီရင်ခြင်းကိုလည်း ခံရလိမ့်မည်။-
I Co BurCBCM 14:25  သူ၏ စိတ်နှလုံးအတွင်းမှလျှို့ဝှက်ထားသောအရာများသည် ပေါ်လွင်ထင်ရှားလာသဖြင့် သူသည်ပျပ်ဝပ်လျက် ဘုရား သခင်ကိုရှိခိုးကိုးကွယ်ပြီး သင်တို့၏အလယ်တွင် ဘုရား သခင်တည်ရှိတော်မူကြောင်းကို ဝန်ခံလိမ့်မည်။
I Co BurCBCM 14:26  ညီအစ်ကိုတို့၊ သို့ဖြစ်လျှင် ငါမည်သို့ပြုလုပ်ရမည် နည်း။ သင်တို့သည် ဝတ်ပြုကိုးကွယ်ရန် စုဝေးကြသော အခါ တစ်ဦးစီက ဓမ္မသီချင်းသီဆိုချီးမွမ်းခြင်း၊ သွန်သင်ခြင်း၊ ဗျာဒိတ်တော်ကိုပြန်ကြားပေးခြင်း၊ ဘာသာစကား အသစ်ဖြင့်ပြောဆိုခြင်း၊ အနက်အဓိပ္ပာယ်ပြန်ဆိုခြင်း စသည်တို့ကိုပြုလုပ်ကြ၏။ ဤအရာအားလုံးတို့ကို ယုံ ကြည်သူအစုအဝေးအား အကျိုးပြုစေရန် ရည်ရွယ်၍ ပြု လုပ်ကြပါလော့။-
I Co BurCBCM 14:27  ဘာသာစကားအသစ်ဖြင့်ပြောဆိုမည့် သူရှိလျှင် နှစ်ယောက်၊ သို့မဟုတ် အများဆုံးသုံးယောက် သာဖြစ်ပါစေ။ သူတို့သည်လည်း တစ်ယောက်စီအလှည့် ကျပြောကြပါစေ။ ထို့နောက် တစ်ယောက်က အနက် အဓိပ္ပာယ်ကို ရှင်းပြပါစေ။-
I Co BurCBCM 14:28  အကယ်၍ အနက်အဓိပ္ပာယ် ကို ရှင်းပြမည့်သူမရှိပါလျှင် ထိုသူအယောက်စီတိုင်းသည် တိတ်ဆိတ်စွာနေ၍ မိမိကိုယ်မိမိ အား လည်းကောင်း၊ ဘုရားသခင်အားလည်းကောင်း ပြောဆိုကြပါစေ။-
I Co BurCBCM 14:29  ပရောဖက်ဉာဏ်ရှိသူနှစ်ယောက်၊ သို့မဟုတ် သုံးယောက်က ဟောပြောနေစဉ် အခြားသူတို့သည် ဟောပြောချက်ကို ဆင်ခြင်သုံးသပ်ကြပါစေ။-
I Co BurCBCM 14:30  သို့ရာတွင် ထိုင်နေသောသူ တစ်ယောက်သည် ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံရလျှင် ပထမပြောနေသောသူသည် တိတ်ဆိတ်စွာနေပါစေ။-
I Co BurCBCM 14:31  အကြောင်းမူကား လူတိုင်းသည် သွန်သင်မှုကိုခံယူ ပြီး အားတက်စေခြင်းငှာ သင်တို့အားလုံးတစ်ယော က်စီ အလှည့်ကျ ပရောဖက်ဉာဏ်နှင့်ဟောပြောနိုင်လေ၏။-
I Co BurCBCM 14:32  ပရောဖက်တို့၏စိတ်ဝိညာဉ်များသည် ပရောဖက်တို့ကို နာခံရမည်။-
I Co BurCBCM 14:33  အကြောင်းမူကား ဘုရားသခင်သည် စိတ်ရှုပ်ထွေးစေသောဘုရားမဟုတ်ဘဲ ငြိမ်းချမ်းသာယာခြင်း ကိုပေးသော ဘုရားဖြစ် တော်မူသောကြောင့်တည်း။ သန့်ရှင်းသူတို့၏အသင်းတော်များအားလုံးတွင် ပြုကျင့်ကြသည့်အတိုင်း၊-
I Co BurCBCM 14:34  အမျိုးသမီးများသည် ဝတ်ပြုစုဝေးခြင်းများတွင် တိတ်ဆိတ်စွာနေကြရမည်။ အကြောင်းမူကား သူတို့သည် စကားပြော ပိုင်ခွင့်မရှိကြချေ။ပညတ်တရားကျမ်းကပင် ပြဋ္ဌာန်းထားသည့်အတိုင်း အမျိုးသမီးတို့သည် နာခံကြရမည်။-
I Co BurCBCM 14:35  သူတို့သည် တစ်စုံတစ်ရာကို သိ ရှိလိုပါလျှင် မိမိတို့၏ခင်ပွန်းကို အိမ်၌မေးမြန်းကြပါစေ။ အကြောင်းမူကား အသင်းတော် ထဲ၌ စကားပြောဆိုခြင်းသည် အမျိုးသမီးများအတွက် ရှက်ဖွယ်ဖြစ်၏။-
I Co BurCBCM 14:36  ဘုရား သခင်၏နှုတ်တော်ထွက်စကားသည် သင်တို့ထံမှလာ သလော။ သို့တည်းမဟုတ် ၎င်းသည် သင်တို့ထံသို့သာ လျှင် ရောက်ရှိလာသလော။
I Co BurCBCM 14:37  သင်တို့ထဲတွင် မိမိကိုယ်ကိုပရောဖက်ဖြစ်သည်ဟူ၍လည်းကောင်း၊ ဝိညာဉ်တော်၏ဆုကျေးဇူးများရရှိသည် ဟူ၍လည်း ကောင်း ထင်မြင်ယူဆသောသူသည် ယခုငါရေးလိုက်သောစကားတို့မှာ ဘုရားသခင်၏ပညတ်ချက် များဖြစ်ကြောင်း သိမှတ်ဝန်ခံရမည်။-
I Co BurCBCM 14:38  ဤအချက်ကို အသိအမှတ်မပြုသောသူသည် အသိအမှတ်ပြုခြင်းကိုလည်း ခံရမည်မဟုတ်။-
I Co BurCBCM 14:39  သို့ဖြစ်၍ ငါ၏ညီအစ်ကိုတို့၊ သင် တို့သည် ပရောဖက်ဉာဏ်နှင့်ဟောပြောရန် စိတ်အားထက်သန်စွာ တောင့်တကြလော့။ အမျိုးမျိုးသောဘာ သာစကားဖြင့်ပြောဆိုခြင်းကိုလည်း မတားမြစ်ကြနှင့်။-
I Co BurCBCM 14:40  သို့သော်လည်း ခပ်သိမ်းသောအရာအလုံးစုံကို သင့်တင့် လျောက်ပတ်စွာဖြင့် စနစ်တကျလုပ်ဆောင်ကြပါလော့။