Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 15
Luke BurCBCM 15:1  ထိုအချိန်တွင် အခွန်ခံသူတို့နှင့် အပြစ်ရှိသူတို့သည် ကိုယ်တော်၏တရားတော်ကို ကြားနာရန် အထံတော်သို့ ချဉ်းကပ် လာကြ၏။-
Luke BurCBCM 15:2  ထိုအခါ ဖာရီဇေးဦးတို့နှင့် ကျမ်းတတ်ဆရာတို့က ဤသူသည် အပြစ်ရှိသောသူတို့ကို လက်ခံ၍ သူတို့နှင့်အတူ စားသောက် ပါသည် တကားဟု ပြစ်တင်ပြောဆိုကြ၏။
Luke BurCBCM 15:3  ကိုယ်တော်ကလည်း သူတို့အား ဤပုံဥပမာကို မိန့်တော်မူ၏။-
Luke BurCBCM 15:4  သင်တို့တွင် မည်သူသည် သိုးအကောင်တစ်ရာရှိ၍ ၎င်းတို့ထဲမှ သိုးတစ်ကောင်ပျောက်ဆုံးသွားလျှင် ကိုးဆယ့်ကိုးကောင်ကို တော၌ထားခဲ့ပြီးမှ ပျောက်သောသိုးတစ်ကောင်ကို တွေ့သည့်တိုင်အောင် သွား၍မရှာဘဲ နေမည်နည်း။-
Luke BurCBCM 15:5  သူသည် ထိုသိုးကိုတွေ့သောအခါ ဝမ်းမြောက်ဝမ်းသာဖြင့် ၎င်းကိုပခုံးထက်တွင် တင်လေ၏။-
Luke BurCBCM 15:6  ထို့နောက် သူသည် အိမ်သို့ပြန်ရောက်လျှင် မိတ်ဆွေများနှင့် အိမ်နီးချင်းများကိုခေါ်၍ ငါနှင့်အတူ ဝမ်းမြောက်ကြလော့။ အကြောင်းမူကား ပျောက်သောသိုးကို ငါပြန်တွေ့ပြီဟု သူတို့အား ဆိုလိမ့်မည်။-
Luke BurCBCM 15:7  ထိုနည်းတူ သင်တို့အား ငါဆိုသည်ကား နောင်တရရန် မလိုအပ်သောဖြောင့်မတ် သူကိုးဆယ့်ကိုးယောက်တို့ထက် နောင်တရလာသော အပြစ်သားတစ်ယောက်အတွက်ကြောင့် ကောင်းကင်ဘုံ၌ ပို၍ဝမ်းမြောက်ခြင်းရှိလိမ့်မည်။
Luke BurCBCM 15:8  တစ်နည်းဆိုရသော် မည်သည့်အမျိုးသမီးသည် ငွေဒင်္ဂါးပြားဆယ်ပြားရှိ၍ တစ်ပြားပျောက်သွားလျှင် ဆီမီးခွက်ကိုထွန်းပြီး အိမ်ကိုလှည်းကျင်းလျက် ထိုဒင်္ဂါးကို ပြန်မတွေ့မချင်း လုံ့လဝီရိယဖြင့်လိုက်မရှာဘဲနေမည်နည်း။-
Luke BurCBCM 15:9  သူမသည် ထိုငွေဒင်္ဂါးကိုတွေ့သောအခါ သူမ၏မိတ်ဆွေများနှင့် အိမ်နီးချင်းများကိုခေါ် ပြီးမှ ငါနှင့်အတူဝမ်းမြောက်ကြလော့။ အကြောင်းမူကား ပျောက်သွားသောငွေဒင်္ဂါးကို ငါပြန်တွေ့ ပြီဟုဆိုလိမ့်မည်။-
Luke BurCBCM 15:10  ထိုနည်းတူ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်၏ ကောင်းကင်တမန်တော်တို့သည် နောင်တရသော အပြစ်သား တစ်ယောက်အတွက် ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
Luke BurCBCM 15:11  တစ်ဖန် ကိုယ်တော်က မိန့်တော်မူသည်မှာ လူတစ်ဦး၌ သားနှစ်ယောက်ရှိ၏။-
Luke BurCBCM 15:12  သူတို့နှစ်ယောက်တွင် သားငယ်က အဖ၊ အကျွန်ုပ်နှင့်ဆိုင်သောအမွေကို အကျွန်ုပ်အား ပေးပါဟုဆိုလျှင် ဖခင်သည် မိမိ၏ဥစ္စာပစ္စည်းများကို သူတို့အား ခွဲဝေပေးလေ၏။-
Luke BurCBCM 15:13  ရက်များမကြာမီ သားငယ်သည် မိမိရရှိသမျှဥစ္စာတို့ကို စုသိမ်းပြီးလျှင် ဝေးလံသော တိုင်းတစ်ပါးသို့ထွက်သွား၍ ထိုအရပ်တွင် အပျော်အပါးလိုက်စားလျက် မိမိဥစ္စာပစ္စည်းတို့ကို ဖြုန်းတီးလေ၏။-
Luke BurCBCM 15:14  သူ၌ရှိသမျှဥစ္စာတို့ကို သုံးဖြုန်း၍ကုန်သောအခါ ထိုတိုင်းပြည်၌ ဆိုးရွားသော ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုက်ရောက် သဖြင့် သူသည်လည်း ဆင်းရဲချွတ်ခြုံကျလေ၏။-
Luke BurCBCM 15:15  ထို့ကြောင့် သူသည် ထိုပြည်သားတစ်ဦးထံ သွားရောက်လုပ်ကိုင်ရာ ထိုသူက သူ့အား မိမိ၏ဝက်များကို ထိန်းကျောင်း အစာကျွေးရန် မိမိ၏လယ်တောသို့ စေလွှတ်လေ၏။-
Luke BurCBCM 15:16  သူသည် ဝက်များစားနေသော ပဲတောင့်များကိုပင် စားလိုသော ဆန္ဒရှိသော်လည်း မည်သူကမျှ သူ့အား စားစရာ မပေးကြချေ။-
Luke BurCBCM 15:17  ထိုအခါ သူသည် အမြင်မှန်ရ၍ ရေ ရွတ်သည်မှာ ငါ့အဖ၏အစေခံများသည် ၀လင်စွာစားရ လျက် ပိုလျှံနေကြ၏။ ငါမူကား ဤအရပ်တွင် အစာငတ်၍ သေရတော့မည်။-
Luke BurCBCM 15:18  ငါသည် ထ၍ ငါ၏အဖထံသို့သွားပြီးလျှင် အဖ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖကိုလည်းကောင်း ပြစ်မှားမိပါပြီ။-
Luke BurCBCM 15:19  အကျွန်ုပ်သည် အဖ၏သားဟူ၍ အခေါ်ခံရန် မထိုက်တန်ပါ။ အဖ၏ အစေခံတစ်ဦးကဲ့သို့ အကျွန်ုပ်ကိုထားပါဟူ၍ သူ့အား ပြောမည်ဟု ဆိုလေ၏။-
Luke BurCBCM 15:20  ထို့နောက် သူသည်ထ၍ သူ၏အဖထံသို့ ပြန်သွားလေ၏။ သို့သော် သူသည် အဝေး၌ရှိစဉ်ပင် သူ၏အဖသည် သူ့ကိုတွေ့သဖြင့် သနားခြင်းစိတ်ရှိ၍ ပြေးသွားပြီးလျှင် သူ့ကိုပွေ့ဖက်၍ နမ်းရှုပ်လေ၏။-
Luke BurCBCM 15:21  သားဖြစ်သူကလည်း အဖ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖကိုလည်းကောင်း ပြစ်မှားမိပါပြီ။ အကျွန်ုပ်သည် အဖ၏သားဟူ၍ပင် အခေါ်ခံရန်မထိုက် တန်တော့ပါဟု ပြောလေ၏။-
Luke BurCBCM 15:22  သို့ရာတွင် အဖက မိမိ၏ အစေခံတို့အား ဆိုသည်ကား အကောင်းဆုံးသောဝတ်ရုံကို အလျင်အမြန်ယူလာ၍ သူ့ကို ဝတ်ဆင်ပေးကြလော့။ သူ၏လက်၌ လက်စွပ်ကိုလည်းကောင်း၊ သူ၏ခြေတို့၌ ဖိနပ်ကိုလည်းကောင်း ဆင်မြန်းပေးကြလော့။-
Luke BurCBCM 15:23  ဆူဖြိုးသော နွားငယ်ကိုယူခဲ့၍ သတ်ကြလော့။ ငါတို့သည် စားသောက်ပွဲကျင်းပ၍ ပျော်ရွှင်ဝမ်းမြောက်ကြကုန်အံ့။-
Luke BurCBCM 15:24  အကြောင်းမူကား ငါ၏သား၊ ဤသူသည် သေပြီးမှ ယခု အသက်ပြန်ရှင်လေပြီ။ သူသည် ပျောက်ဆုံးပြီးမှ ယခု သူ့ကို ပြန်တွေ့ရလေပြီဟုဆို၏။ ထို့နောက် သူတို့သည် ပျော်ပွဲရွှင်ပွဲကို စတင်ကျင်းပကြလေ၏။
Luke BurCBCM 15:25  ထိုအချိန်၌ သားကြီးဖြစ်သူသည် လယ်တောတွင်ရှိနေ၏။ သူသည် ပြန်လာ၍ အိမ်အနီးသို့ရောက်သောအခါ တီးမှုတ်သံနှင့် ကခုန်သံတို့ကို ကြားရလေ၏။-
Luke BurCBCM 15:26  ထို့ကြောင့် သူသည် အစေခံတစ်ဦးကိုခေါ်ပြီးလျှင် မည်သည့်အကြောင်းအရာဖြစ်သည်ကို မေးလေ၏။-
Luke BurCBCM 15:27  ထိုအစေခံကလည်း သင်၏ညီပြန်ရောက်လေပြီ။ သူ့ကို ဘေးကင်းစွာ ပြန်တွေ့ရသောကြောင့် သင်၏အဖသည် ဆူဖြိုးသော နွားငယ်ကို သတ်လေပြီဟုဆိုလေ၏။-
Luke BurCBCM 15:28  သားကြီးဖြစ်သူသည်ကား အမျက်ထွက်သောကြောင့် အိမ်တွင်းသို့ဝင်ရန် ငြင်းဆန်လေ၏။ ထိုအခါ သူ၏အဖသည် အပြင်သို့ ထွက်လာပြီးလျှင် သူ့ကိုဖျောင်းဖျပြောဆိုလေ၏။-
Luke BurCBCM 15:29  သို့ရာတွင် သူက မိမိ၏အဖအား ပြန်ပြောသည်မှာ အကျွန်ုပ် သည် အဖကို နှစ်ပေါင်းများစွာလုပ်ကျွေးခဲ့ပါပြီ။ အကျွန်ုပ် သည် အဖ၏ဩဇာကိုတစ်ခါမျှမလွန်ဆန်ခဲ့ဖူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အကျွန်ုပ်၏ မိတ်ဆွေများနှင့်အတူ ပျော်ရွှင်စွာ စားသောက်ခြင်းငှာ အဖသည် အကျွန်ုပ်အား ဆိတ်ကလေးတစ်ကောင်ကိုမျှ မပေးဖူးပါ။-
Luke BurCBCM 15:30  အဖ၏ ဥစ္စာပစ္စည်းများကို ပြည့်တန်ဆာများနှင့် ပျော်ပါးဖြုန်းတီးပစ်ခဲ့သည့် ဤသား ပြန်လာသောအခါ အဖသည် သူ့အတွက် ဆူဖြိုးသောနွားငယ်ကိုသတ်လေပြီဟု ဆိုလေ၏။-
Luke BurCBCM 15:31  အဖကလည်း ငါ့သား၊ သင်သည် ငါနှင့်အတူ အစဉ်နေထိုင်၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။-
Luke BurCBCM 15:32  သင်၏ညီ ဤသူသည်ကား သေပြီးမှ ပြန်ရှင်၏။ ပျောက်ဆုံးပြီးမှ သူ့ကို ပြန်တွေ့ရသောကြောင့် ငါတို့သည် ဝမ်းမြောက်ကြ လျက် ပျော်ပွဲရွှင်ပွဲကို ကျင်းပသင့်ပေသည်ဟူ၍ သူ့အား ပြန်ပြောလေသည်ဟု မိန့်တော်မူ၏။