Site uses cookies to provide basic functionality.

OK
MARK
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 3
Mark BurCBCM 3:1  ကိုယ်တော်သည် တရားဇရပ်သို့တစ်ဖန်ကြွဝင်တော်မူ၏။ ထိုနေရာ၌ လက်တစ်ဖက်သေနေသော လူတစ်ယောက်ရှိ၏။-
Mark BurCBCM 3:2  ထိုအခါ သူတို့သည် ကိုယ်တော့်ကိုအပြစ်တင်စွပ်စွဲအံ့သောငှာ ဥပုသ်နေ့၌ ကိုယ်တော်သည် ထိုသူ့ကိုပျောက်ကင်းစေ လိမ့်မည် လောဟု စောင့်ကြည့်နေကြ၏။-
Mark BurCBCM 3:3  ကိုယ်တော်သည်လည်း လက်တစ်ဖက်သေသောသူအား ရှေ့သို့လာလော့ဟု မိန့်တော်မူ၏။-
Mark BurCBCM 3:4  ထို့နောက် ကိုယ်တော်က ဥပုသ်နေ့၌ ကောင်းမှုကို ပြုအပ်သလော၊ သို့မဟုတ် မကောင်းမှုကိုပြုအပ်သလော။ လူ့အသက်ကို ကယ်အပ်သလော၊ သို့မဟုတ် သတ်အပ် သလောဟု သူတို့အား မေးတော်မူ၏။ သူတို့မူကား တိတ် ဆိတ်စွာနေကြ၏။-
Mark BurCBCM 3:5  ထိုအခါ ကိုယ်တော်သည် သူတို့ကို အမျက်ဒေါသဖြင့် လှည့်ကြည့်တော်မူ၏။ ထိုသူတို့၏စိတ် နှလုံးခိုင်မာခြင်းကြောင့် ကိုယ်တော်သည် ဝမ်းနည်းတော်မူ၍ လက်တစ်ဖက်သေနေသောသူအား သင်၏လက်ကို ဆန့်လော့ဟုမိန့်တော်မူ၏။ ထိုသူသည်လည်း လက်ကိုဆန့်လိုက်သောအခါ သူ၏လက်သည် အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားလေ၏။-
Mark BurCBCM 3:6  ဖာရီဇေးဦးတို့သည် ထွက်သွားကြပြီးလျှင် ကိုယ်တော့်ကို မည်ကဲ့သို့လုပ်ကြံရမည့်အကြောင်း ဟေရုဒ်၏လူများနှင့် ချက်ချင်းတိုင်ပင်ကြ၏။
Mark BurCBCM 3:7  ယေဇူးသည်လည်း သူ၏တပည့်တော်တို့နှင့်အတူ ပင်လယ်အနီးသို့ ထွက်ကြွသွားတော်မူလျှင် ဂါလေလေး ယပြည်မှ များစွာ သောလူအစုအဝေးတို့သည် ကိုယ်တော်၏နောက်တော်သို့လိုက်ကြ၏။ ဂျုဒပြည်မှလည်းကောင်း၊-
Mark BurCBCM 3:8  ဂျေရုဆလင်မြို့မှစ၍ အီဒူးမေးယနယ်၊ ဂျော်ဒန် မြစ်တစ်ဖက်ကမ်း၊ တီရာနှင့် စီဒွန်မြို့ပတ်ဝန်းကျင်မှလည်းကောင်း များစွာသောလူတို့သည် ကိုယ်တော်ပြုတော်မူသမျှတို့ကို ကြားကြသဖြင့် အထံတော်သို့လာကြ၏။-
Mark BurCBCM 3:9  လူအစုအဝေးတို့ရှိနေသောကြောင့် လူတို့သည် မိမိကို တွန်းတိုက်ခြင်းမရှိစေရန် ကိုယ်တော်သည် တပည့်တော်တို့အား မိမိအတွက် လှေတစ်စင်းကိုအသင့်ပြင်ထားမည့်အကြောင်း အမိန့်ရှိတော်မူ၏။-
Mark BurCBCM 3:10  အကြောင်းမူကား ကိုယ်တော်သည် လူများစွာကို ရောဂါပျောက်ကင်းစေတော်မူသဖြင့် ရောဂါအမျိုးမျိုးစွဲကပ်နေသော လူတို့သည် ကိုယ်တော့်ကိုတို့ထိနိုင်ရန် အထံတော်သို့ တိုးဝင်ကြသောကြောင့်ဖြစ်၏။-
Mark BurCBCM 3:11  ညစ်ညူးသောနတ်ဆိုးတို့သည်လည်း ကိုယ်တော့်ကို မြင်ကြသည့်အခါတိုင်း ရှေ့တော်၌ပျပ်ဝပ်လျက် ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါ သည်ဟု ဟစ်အော်ကြ၏။-
Mark BurCBCM 3:12  သို့သော် ကိုယ်တော်သည် မိမိအကြောင်းကို ထုတ်ဖော်မပြောစေရန် သူတို့ကို ကြပ် တည်းစွာ တားမြစ်တော်မူ၏။
Mark BurCBCM 3:13  ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ မိမိအလို ရှိသောသူတို့ကို ခေါ်တော်မူလျှင် သူတို့သည် အထံတော် သို့လာကြ၏။-
Mark BurCBCM 3:14  ထို့နောက် ကိုယ်တော်သည် တပည့်တော် တစ်ဆယ့်နှစ်ပါးတို့ကို မိမိနှင့်အတူရှိစေခြင်းငှာလည်းကောင်း၊ တရားတော်ကို ဟောပြောရန် စေလွှတ်ခြင်းငှာလည်းကောင်း ရွေးချယ်ခန့်ထား၍၊-
Mark BurCBCM 3:15  သူတို့အား နတ်ဆိုးများကိုနှင်ထုတ်နိုင်သောအခွင့် အာဏာ ကိုလည်းပေးတော်မူ၏။-
Mark BurCBCM 3:16  ထိုသူတို့သည်ကား ပေတရုဟု ကိုယ်တော် အမည်ပေးထားသော စီမွန်၊-
Mark BurCBCM 3:17  မိုးကြိုး၏သားများဟု အဓိပ္ပာယ်ရသည့် ဘိုနာဂျေအမည်ဖြင့် ကိုယ်တော်မှည့် ခေါ်ထားသော ဇေဘေဒေးဦး၏သား ယာကုပ်နှင့် သူ၏ ညီယောဟန်၊-
Mark BurCBCM 3:18  အန္ဒြေးယ၊ ဖိလိပု၊ ဘာသိုလိုမေးဦး၊ မာတေးဦး၊ သောမ၊ အာလ်ဖေးဦး၏သား ယာကုပ်၊ သာ ဒေးဦး၊ ကာနန်နယ်သား စီမွန်နှင့်၊-
Mark BurCBCM 3:19  ကိုယ်တော့်ကို သစ္စာ ဖောက်သော ဂျုဒ အစ္စကာရီယုဒ်တို့ဖြစ်ကြသတည်း။
Mark BurCBCM 3:20  ကိုယ်တော်သည် အိမ်သို့ပြန်လာတော်မူ၏။- ထိုအခါ လူတို့သည် တစ်ဖန်စုဝေးလာကြသဖြင့် ကိုယ်တော်နှင့် တပည့်တော် တို့သည် အစာကိုပင် မစားနိုင်ကြချေ။-
Mark BurCBCM 3:21  ကိုယ်တော်သည် စိတ်ဖောက်ပြန်လျက်ရှိသည်ဟု လူတို့ကဆိုကြသောကြောင့် ကိုယ်တော်၏ဆွေမျိုးများ သည်လည်း ကိုယ်တော့်ကို ထိန်းရန်သွားကြ၏။-
Mark BurCBCM 3:22  ဂျေရု ဆလင်မြို့မှလာသော ကျမ်းတတ်ဆရာတို့ကလည်း သူသည် ဘဲလ်ဇေဘုလ်ပူးဝင်ခြင်းခံရသဖြင့် ထိုနတ်ဆိုးတို့ ၏အကြီးအကဲကို အမှီပြုလျက် နတ်ဆိုးများကို နှင်ထုတ် ခြင်းဖြစ်သည်ဟု ဆိုကြ၏။-
Mark BurCBCM 3:23  ထိုအခါ ကိုယ်တော်သည် သူတို့ကို အထံတော်သို့ခေါ်၍ ပုံဥပမာများဖြင့်မိန့်တော်မူသည်ကား စာတန်သည် စာတန်ကို မည်သို့နှင်ထုတ်နိုင်မည်နည်း။-
Mark BurCBCM 3:24  တိုင်းနိုင်ငံတစ်ခု၌ အချင်းချင်းဆန့်ကျင်ကွဲပြားလျှင် ထိုနိုင်ငံသည် မတည်တံ့နိုင်ရာ။-
Mark BurCBCM 3:25  ထို့အတူ အိမ်တစ်အိမ်၌ မိမိ အိမ်သားအချင်းချင်း ဆန့်ကျင်ကွဲပြားလျှင် ထိုအိမ်သည် မတည်တံ့နိုင်ရာ။-
Mark BurCBCM 3:26  စာတန်သည်လည်း မိမိကိုယ်ကို ဆန့်ကျင်၍ ကွဲပြားနေလျှင် သူသည် မတည်မြဲနိုင်ဘဲ ဆုံးခန်းသို့ရောက်လိမ့်မည်။-
Mark BurCBCM 3:27  ခွန်အားကြီးသူတစ်ဦးကို အလျင်ဦးစွာချည်နှောင်ထိန်းချုပ်ခြင်းမရှိဘဲ သူ၏ အိမ်အတွင်းသို့ဝင်၍ သူ၏ဥစ္စာပစ္စည်းများကို မည်သူမျှ မလုယူနိုင်။ သူ့ကိုချည်နှောင်ထိန်းချုပ်ပြီးမှသာ သူ၏အိမ် ကိုဝင်ရောက်လုယူနိုင်လိမ့်မည်။
Mark BurCBCM 3:28  သင်တို့အား ငါအမှန်ဆိုသည်ကား လူတို့သည် မိမိ တို့၏အပြစ်များအားလုံးနှင့် ဘုရားသခင်ကို ထိခိုက်ပြစ်မှားမိသမျှသော အပြစ်များအတွက် အပြစ်လွှတ်ခြင်းခံရလိမ့်မည်။-
Mark BurCBCM 3:29  သို့သော် ဝိညာဉ်တော်မြတ်အား ထိခိုက်ပြစ်မှားသောသူမှန်သမျှသည် မည်သည့်အခါမျှ အပြစ်မှချမ်းသာခွင့်ရလိမ့် မည်မဟုတ်။ ထိုသူသည် အစဉ်ထာ၀ရ အပြစ်ရှိသောသူဖြစ်၏ဟု မိန့်တော်မူ၏။-
Mark BurCBCM 3:30  အကြောင်းမူ ကား ထိုသူတို့က ကိုယ်တော်၌ ညစ်ညူးသောနတ်ဆိုးရှိ သည်ဟု ဆိုကြသောကြောင့်ဖြစ်၏။
Mark BurCBCM 3:31  ထိုအခါ ကိုယ်တော်၏မယ်တော်နှင့် ညီအစ်ကိုတို့ သည် လာ၍ အပြင်၌ရပ်နေကြပြီး ကိုယ်တော့်ကိုခေါ်စေခြင်းငှာ လူစေ လွှတ်ကြ၏။-
Mark BurCBCM 3:32  လူအစုအဝေးသည် ကိုယ် တော်၏ထံတော်ပါး၌ ဝိုင်းလျက်ထိုင်နေကြသည်ဖြစ်၍ သူတို့က ကိုယ်တော်၏မယ်တော်နှင့် ညီအစ်ကိုတို့သည် ကိုယ်တော့်ကိုတွေ့လိုသဖြင့် အပြင်၌ရပ်နေကြပါသည် ဟု လျှောက်ကြ၏။-
Mark BurCBCM 3:33  ကိုယ်တော်ကလည်း ငါ၏အမိနှင့် ငါ၏ညီအစ်ကိုတို့ကား မည်သူတို့နည်းဟု မေးတော်မူပြီး နောက်၊-
Mark BurCBCM 3:34  မိမိအနီး၌ ဝိုင်းရံ၍ ထိုင်နေကြသောသူများကို ကြည့်တော်မူကာ ဤသူတို့သည်ကား ငါ၏အမိနှင့် ငါ၏ညီအစ်ကိုများ ပေတည်း။-
Mark BurCBCM 3:35  ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမှန်သမျှသည် ငါ၏ညီအစ်ကို၊ ငါ၏ နှမနှင့် ငါ၏အမိတို့ဖြစ်ကြသတည်းဟု မိန့်တော်မူ၏။