Toggle notes
Chapter 1
Titu | BurCBCM | 1:1 | ဘုရားသခင်၏အစေခံနှင့် ယေဇူးခရစ်တော်၏ တမန်တော်ဖြစ်သော ငါပေါလုသည် စာရေးလိုက်ပါ၏။ ငါသည် ဘုရား သခင် ရွေးကောက်ထားတော် မူသောသူတို့၏ယုံကြည်ခြင်းကိုလည်းကောင်း၊ စစ်မှန် သောဘာသာတရားသို့ပို့ဆောင်ပေးသည့် သမ္မာတရား တော်နှင့်ပတ်သက်၍ ထိုသူတို့၏သိနားလည်ခြင်းကို လည်းကောင်း တိုးပွားစေခြင်းငှာ စေလွှတ်ခြင်းခံရ၏။- | |
Titu | BurCBCM | 1:2 | ဤသို့ဖြင့် သူတို့သည် မုသားပြောဆိုခြင်းမရှိသောဘုရား သခင်က ရှေးကာလကြာမြင့်စွာကပင် ကတိထားတော် မူခဲ့သည့် ထာ၀ရအသက်ကို မျှော်လင့်နိုင်ကြပေလိမ့်မည်။- | |
Titu | BurCBCM | 1:3 | ဘုရားသခင်သည် မိမိ၏သတင်းစကားကို သင့် လျော်သောအချိန်တွင် ထင်ရှားစေတော်မူခဲ့၏။ ထိုအမှု တော်ကို ငါ့အား အပ်နှင်းထား၍ ငါတို့၏ကယ်တင်ရှင် ဘုရားသခင်၏အမိန့်တော်အားဖြင့် ငါသည် ယင်းကို ဟောပြောခြင်းဖြစ်၏။ | |
Titu | BurCBCM | 1:5 | အဖခမည်းတော်ဘုရားနှင့် ငါတို့၏ကယ်တင်ရှင် ခရစ်တော်ယေဇူးထံမှကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသက် ရောက်ပါစေသော်။ | |
Titu | BurCBCM | 1:6 | ထို့ကြောင့် သင့်အား ငါမှာထားခဲ့သည့်အတိုင်း သင် သည် ခရိကျွန်းတွင် လုပ်ဆောင်ရန် ကျန်ရှိနေသေးသော အမှုအရာတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ရန်နှင့် မြို့ တိုင်းတွင် ခေါင်းဆောင်များခန့်ထားရန် သင့် ကို ဤကျွန်း၌ ငါချန်ထားခဲ့ခြင်းဖြစ်၏။- | |
Titu | BurCBCM | 1:7 | ထိုသူတစ်ဦးစီသည် အပြစ်တင် စရာမရှိသူဖြစ်၍ ဇနီးတစ်ယောက်တည်းရှိသူဖြစ်ရမည်။ သူ၏သားသမီးတို့သည်လည်း ယုံကြည်သူများဖြစ်ကြ၍ စည်းကမ်းမဲ့နေထိုင်သူများနှင့် နာခံခြင်းမရှိသူများမဖြစ်စေရ။- | |
Titu | BurCBCM | 1:8 | အကြောင်းမူကား သာသနာအကြီးအမှူးဖြစ်သူ သည် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သောသူ ဖြစ်သည့်အတိုင်း အပြစ်တင်ခံစရာမရှိသောသူဖြစ်ရမည်။ သူသည် မောက်မာသူ၊ စိတ်တိုလွယ်သောသူ၊ မူးယစ် သောက်စားသူ၊ ရန်လိုကြမ်းတမ်း သူနှင့် ဥစ္စာပစ္စည်းတပ် မက်သူမဖြစ်စေရ။- | |
Titu | BurCBCM | 1:9 | သူသည် ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းမြတ်ရာကို နှစ်သက်မြတ်နိုးသူ၊ ပညာသတိရှိသူ၊ ဖြောင့်မတ်သူ၊ ဘုရားတရား ကိုင်းရှိုင်းသူနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်သောသူဖြစ်ရမည်။- | |
Titu | BurCBCM | 1:10 | သူသည် မိမိသွန်သင်ခံ ခဲ့ရသည့်အတိုင်း တိကျသောတရားစကားကိုစွဲမြဲစွာခံယူရမည်။ သို့မှသာသူသည် မှန်ကန်သော အယူဝါဒဖြင့် သွန်သင်လမ်းညွှန်နိုင်ပြီး ဤတရားတော်ကိုဆန့်ကျင်သော သူတို့၏အမှားကိုလည်း ထောက်ပြနိုင်ပေလိမ့်မည်။- | |
Titu | BurCBCM | 1:11 | အကြောင်းမူကား မနာခံသောသူများ၊ အဓိပ္ပာယ်မဲ့သည့် စကားများကို ပြောဆိုသောသူများနှင့် လှည့်ဖြားတတ် သောသူများ၊ အထူးသဖြင့် အရေဖျားလှီးခြင်းခံပြီးသူများ အမြောက်အမြားရှိကြသောကြောင့်ဖြစ်၏။- | |
Titu | BurCBCM | 1:12 | ထိုသူတို့ သည် မသမာသောနည်းဖြင့် အကျိုးအမြတ်ရရှိရန် ရည် ရွယ်လျက် မိမိတို့သွန်သင်ပိုင်ခွင့်မရှိသောအရာများကို သွန်သင်ခြင်းအားဖြင့် မိသားစုများအားလုံးကို ဖရိုဖရဲ ဖြစ် စေကြသောကြောင့် ထိုသူတို့၏နှုတ်များကို ပိတ်ထားရ မည်ဖြစ်၏။- | |
Titu | BurCBCM | 1:13 | သူတို့တွင် တစ်ဦးအပါအဝင်ဖြစ်သော သူတို့၏ပရောဖက်တစ်ဦးက ခရိကျွန်းသားတို့သည် အစဉ်အမြဲ လိမ်ညာနေသော သူများ၊ မကောင်းဆိုးဝါးသတ္တဝါများနှင့် ပျင်းရိ၍အစားကြူးသူများဖြစ်ကြသည်ဟု ပြောဆိုခဲ့၏။- | |
Titu | BurCBCM | 1:14 | ဤသက်သေခံချက်သည် မှန်၏။ ထို့ကြောင့် သူတို့သည် ယုံကြည်ခြင်း၌ မှန်ကန်စွာကျင့်ကြံလာကြစေရန် သူတို့ကို ပြင်းထန်စွာ ပြစ်တင်ဆုံးမပါလော့။- | |
Titu | BurCBCM | 1:15 | ဤသို့ဖြင့် သူတို့သည် ဂျူးလူမျိုးတို့၏ဒဏ္ဍာရီပုံပြင်များကိုလည်းကောင်း၊ သမ္မာတရားကိုပစ်ပယ်သောသူတို့၏အမိန့် ပေးချက်များ ကိုလည်းကောင်း လျစ်လျူရှုကြလိမ့်မည်။- စိတ်နှလုံးစင် ကြယ်သောသူတို့အတွက် ခပ်သိမ်းသောအရာတို့သည် သန့်ရှင်းစင်ကြယ်ကြ၏။ ညစ်ညူး၍ မယုံကြည်သောသူ တို့အတွက်မူကား မည်သည့်အရာမျှ စင်ကြယ်သည်မရှိ။ သူတို့၏စိတ်နှလုံးနှင့် အသိတရားတို့သည် ပျက်စီးလျက် ရှိ၏။- | |
Chapter 2
Titu | BurCBCM | 2:2 | အသက်အရွယ်ကြီးရင့်သောသူတို့ကို တည်ကြည်လေးနက်စေ ရန်၊ သိက္ခာသမာဓိရှိစေရန်၊ ဣန္ဒြေစောင့်စည်းနိုင်ကြစေ ရန်လည်းကောင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာတရား နှင့် သည်းခံကြိုးပမ်းခြင်းစသည်တို့၌ ပြည့်စုံနိုင်ကြရန် လည်းကောင်း သွန်သင်လော့။- | |
Titu | BurCBCM | 2:3 | ထိုနည်းတူပင် အသက် ကြီးသောအမျိုးသမီးများကိုလည်း ဘုရားတရားကြည် ညိုသူများပြုမူသကဲ့သို့ နေထိုင်ပြုမူကြရန် သွန်သင်ဆုံးမ ပါလော့။ သူတို့သည် သူတစ်ပါး၏အသရေကိုဖျက်သူများနှင့် သောက်စားခြင်း၏ကျေးကျွန်များမဖြစ်စေရ။ သူ တို့သည် ကောင်းမြတ်သောအရာကို သင်ကြားပေးကြရ မည်။- | |
Titu | BurCBCM | 2:4 | သူတို့သည် ငယ်ရွယ်သူအမျိုးသမီးများအား ၎င်း တို့၏ခင်ပွန်းနှင့် သားသမီးများကိုချစ်မြတ်နိုးကြရန်လည်းကောင်း၊- | |
Titu | BurCBCM | 2:5 | စဉ်းစားချင့်ချိန်တတ်ရန်၊ သန့်ရှင်းဖြူစင်ရန်၊ အိမ်မှုကိစ္စများကို ကောင်းစွာဆောင်ရွက်ရန်၊ သနားကြင်နာခြင်းရှိရန်နှင့် မိမိတို့၏ခင်ပွန်းများကိုနာခံကြစေရန်လည်းကောင်း လေ့ကျင့်သင်ကြားပေးကြရမည်။ ဤသို့ ဖြင့် ဘုရားသခင်၏နှုတ်တော် ထွက်စကား သည် ထိခိုက် စော်ကားခြင်းခံရလိမ့်မည်မဟုတ်ပေ။ | |
Titu | BurCBCM | 2:6 | ထိုနည်းတူပင် ငယ်ရွယ်သောယောက်ျm;တို့ကို လည်း မိမိတို့ကိုယ်ကို ချုပ်တီးကြရန် တိုက်တွန်းနှိုးဆော်လော့။- | |
Titu | BurCBCM | 2:7 | ကောင်းမြတ်သောအမှုအရာတို့၏စံနမူနာအဖြစ် အရာခပ်သိမ်းတို့၌ သင်ကိုယ်တိုင်လမ်းပြဦးဆောင်ပါလော့။ သွန်သင်ဟော ပြောရာတွင်လည်းတည်ကြည်မှုနှင့်လေးနက်မှုတို့ကိုပြသ၍၊- | |
Titu | BurCBCM | 2:8 | ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်ကင်း လွတ်သည့် မှန်ကန်သင့်လျော်သောစကားကိုပြောဆို ပါလော့။ သို့မှသာ အတိုက်အခံပြုသောသ ူတို့သည် ငါတို့ အပေါ် အပြစ်တင်စရာမရှိသဖြင့် အရှက်ရကြလိမ့်မည်။ | |
Titu | BurCBCM | 2:9 | အစေခံကျွန်တို့ကိုလည်း မိမိတို့၏သခင်များကို နာခံစေ၍ အရာရာ၌ သူတို့ကျေနပ်နှစ်သက်စေခြင်းငှာ ပြုမူကြရန် သွန်သင် ဆုံးမလော့။ သူတို့သည် မိမိတို့၏ သခင်များအား တုံ့ပြန်ပြောဆိုခြင်းမပြုရ။- | |
Titu | BurCBCM | 2:10 | ထို့အတူ သူတို့ သည် ခိုးဝှက်ထိမ်ချန်ခြင်းကိုလည်း မပြုဘဲ မိမိတို့သည် အစဉ်သစ္စာရှိကြောင်းကို ပြသရမည်။ သို့မှသာ သူတို့ သည် ငါတို့ကယ်တင်ရှင် ဘုရားသခင်၏တရားတော်ကို အရာရာ၌ တင့်တယ်စေကြလိမ့်မည်။ | |
Titu | BurCBCM | 2:11 | အကြောင်းမူကား ဘုရားသခင်၏ကျေးဇူးတော် သည် လူသားအပေါင်းတို့၏ကယ်တင်ခြင်းအတွက် ထင်ရှားပေါ်ထွန်း လေပြီ။- | |
Titu | BurCBCM | 2:12 | ထိုကျေးဇူးတော်သည် ငါတို့အား ဘုရားတရားမဲ့ခြင်းနှင့် လောကီဆိုင်ရာတပ်မက်ခြင်းတို့ ကိုစွန့်ပစ်ရန်လည်းကောင်း၊ တည်ငြိမ်ခြင်း၊ ဖြောင့်မတ် ခြင်း၊ ဘုရားတရားကြည်ညိုခြင်းစသည်တို့ဖြင့် ဤလော ကတွင် နေထိုင်အသက်ရှင်ရန်လည်းကောင်း သွန်သင် ဆုံးမလျက်ရှိ၏။- | |
Titu | BurCBCM | 2:13 | ဤသို့ဖြင့် ငါတို့သည် ငါတို့၏ကြီးမြတ် တော်မူသောဘုရားသခင်နှင့် ကယ်တင်ရှင်ယေဇူးခရစ် တော်၏ဘုန်းဂုဏ်တော် ထင်ရှားခြင်းကိုစောင့်မျှော်လျက်ရှိကြ၏။ ဤသည်ကား ငါတို့၏မွန်မြတ်သောမျှော်လင့် ချက်ပင်ဖြစ်၏။- | |
Titu | BurCBCM | 2:14 | ကိုယ်တော်သည် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူခဲ့၏။ သို့မှသာ ကိုယ်တော်သည် ငါတို့အားအပြစ်မကောင်းမှု အပေါင်းမှ ကယ်တင်နိုင်မည်ဖြစ်ပြီး ငါတို့ကို သန့်ရှင်းစင်ကြယ်စေနိုင်မည်ဖြစ်၏။ ထိုအခါ ငါတို့သည် ကောင်းသောအရာ တို့ကိုပြုမူလိုသော ကိုယ်တော်၏လူမျိုးတော်ဖြစ်လာပေလိမ့်မည်။ | |
Chapter 3
Titu | BurCBCM | 3:1 | အုပ်ချုပ်သူမင်းများနှင့်အာဏာပိုင်များ၏ဩဇာကိုခံယူကြရန် သူတို့အားသတိပေးလော့။ ထို့ အတူသူတို့အား နာခံခြင်း ရှိရန်၊ ကောင်းမြတ်သောအမှု ကိစ္စဟူသမျှကို လုပ်ဆောင်ခြင်းငှာ အသင့်ရှိကြရန်၊- | |
Titu | BurCBCM | 3:2 | မည်သူ့အကြောင်းကိုမှ မကောင်းမပြောရန်၊ ခိုက်ရန်ဖြစ် ပွားခြင်းကိုရှောင်ကြဉ်ရန်၊ နူးညံ့သိမ်မွေ့ ရန်နှင့် လူအပေါင်း တို့ကို နှိမ့်ချစွာဆက်ဆံရန် သတိပေးနှိုးဆော်လော့။- | |
Titu | BurCBCM | 3:3 | အကြောင်းမူကား ငါတို့သည် တစ်ချိန်က ကိုယ်တိုင်မိုက် မဲခဲ့၍ နာခံခြင်းမရှိဘဲ လမ်းမှားသို့ရောက်ခဲ့ကြ၏။ ငါတို့ သည် တပ်မက်မှုအမျိုးမျိုးနှင့် အပျော်အပါးတို့၏ကျေးကျွန်ဖြစ်ခဲ့ကြပြီး မကောင်းမှုနှင့် မနာလိုဝန်တိုခြင်းတို့ဖြင့် အချိန်ကုန်လွန်စေ ခဲ့ကြသဖြင့် လူတို့၏မုန်းတီးခြင်းကိုခံခဲ့ရပြီး ငါတို့အချင်းချင်းလည်း တစ်ဦးကိုတစ်ဦး မုန်းတီးခဲ့ကြ၏။- | |
Titu | BurCBCM | 3:4 | သို့သော် ငါတို့၏ ကယ်တင်ရှင် ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းနှင့် ကရုဏာမေတ္တာတော်တို့ ပေါ်လွင်ထင်ရှားလာ သောအခါ၊- | |
Titu | BurCBCM | 3:5 | ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤသို့ကယ်တင်ခဲ့ခြင်းမှာ ငါတို့ဖြောင့်မတ်စွာပြုမူခဲ့သည့် ကုသိုလ်ကောင်း မှုများကြောင့် မဟုတ်ဘဲ ကိုယ်တော်၏သနားကရုဏာတော်ကြောင့်သာဖြစ်၏။ ကိုယ်တော်သည် ငါတို့အား ဆေးကြောခြင်း၌ အသစ်တစ်ဖန်မွေးဖွားစေပြီး ဝိညာဉ်တော်မြတ်၌ အသစ်ပြုပြင်ပေးခြင်းအားဖြင့် ကယ်တင်ခဲ့လေ၏။- | |
Titu | BurCBCM | 3:6 | ကိုယ်တော်သည် ထိုဝိညာဉ်တော်ကို ငါတို့၏ကယ်တင်ရှင် ယေဇူး ခရစ်တော်အားဖြင့် ငါတို့အပေါ်သို့ ကြွယ်၀စွာသွန်း လောင်းပေးတော်မူ၏။- | |
Titu | BurCBCM | 3:7 | ဤသို့ဖြင့် ငါတို့သည် ကိုယ် တော်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက် ကြ၍ ထာ၀ရအသက်၏မျှော်လင့်ခြင်း ကို အမွေခံရသူ များဖြစ်လာကြလိမ့်မည်။- | |
Titu | BurCBCM | 3:8 | ဤသွန်သင်ချက်သည် မှန် ကန်သောသွန်သင်ချက်ဖြစ်၏။ ဘုရားသခင်၌ ယုံကြည်သောသူတို့သည်ကောင်း သောအမူအကျင့်တို့ကို မိမိတို့ကိုယ်တိုင်လိုက်နာကျင့်ကြံနိုင်စေ ခြင်းငှာ ဤအရာများကိုပြုလုပ်ကြရန် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုပါ၏။ ဤအရာတို့သည် ကောင်းမြတ်၍ လူတို့ကို အကျိုးဖြစ်ထွန်းစေကြ၏။- | |
Titu | BurCBCM | 3:9 | သို့ ရာတွင် မိုက်မဲသောအငြင်းပွားမှုများ၊ ဆွေစဉ်မျိုးဆက် စာရင်းများ၊ သဘောထားကွဲလွဲမှုများ၊ ပညတ်တရားကြောင့် အငြင်းအခုံဖြစ်ခြင်းများကို ရှောင်ကြလော့။ အ ကြောင်းမူကား ဤအရာတို့သည် အကျိုးမဖြစ်ထွန်းစေဘဲ အချည်းနှီးသက်သက် သာဖြစ်ကြ၏။- | |
Titu | BurCBCM | 3:10 | စိတ်ဝမ်းကွဲ ပြားမှုကိုဖြစ်ပေါ်စေသောသူအား တစ်ကြိမ်၊ နှစ်ကြိမ်ဆုံးမ သတိပေးပြီးနောက် သူနှင့်လုံး၀မပတ်သက်လေနှင့်။- | |
Titu | BurCBCM | 3:11 | ထိုကဲ့သို့သောသူသည် ဖောက်ပြန်တတ်သောသူဖြစ်၍ အပြစ်ရှိကြောင်းကို သင်သိ၏။ သူ၏အပြစ်များကပင် သူ့ကိုစီရင် လေပြီ။ | |
Titu | BurCBCM | 3:12 | ငါသည် အာတီမကိုဖြစ်စေ၊ တိခိကုကိုဖြစ်စေသင့် ထံသို့စေလွှတ်လိုက်သောအခါ ငါရှိရာ နီကိုပိုလစ်မြို့သို့ လာနိုင်ရန် အစွမ်း ကုန်ကြိုးစားပါလော့။ အကြောင်းမူကား ငါသည် ဆောင်းရာသီ၌ ထိုမြို့တွင်နေထိုင်ရန် ဆုံးဖြတ်ပြီး ဖြစ်၏။- | |
Titu | BurCBCM | 3:13 | ပညတ်ဥပဒေတတ်ကျွမ်းသူ ဇေနတ်နှင့် အာပိုလိုတို့ အလျင်အမြန်ခရီးဆက်နိုင်ရန် အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးလော့။ သူတို့အတွက် မည်သည့်အရာမျှ မချို့တဲ့စေရန် ကူညီပါလော့။- | |
Titu | BurCBCM | 3:14 | ငါတို့၏လူများသည် မိမိတို့၏ဘ၀ကို အချည်းနှီးမဖြစ်စေဘဲ မိမိတို့၏အကူအညီကို အမှန်တကယ်လိုအပ်နေသော သူများ အား ကူညီ ထောက်ပံ့ကြရန် သင်ယူလေ့လာကြရမည်။ | |